Export & Import

ကုန်ပစ္စည်းရောင်းချသူ/တင်ပို့သူများ

ကုန်ပစ္စည်းရောင်းချသူ/တင်ပို့သူများ

           ဝယ်ယူခြင်းသည် ထုတ်လုပ်ခြင်း၊ ထားသိုခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းတို့နှင့် ဆက်စပ်လျက်ရှိပြီး၊ သုံးစွဲသူများ၏လိုအပ်ချက်နှင့်ကိုက်ညီသည့် ကုန်ချောပစ္စည်းများကို ကုန်ကြမ်းပစ္စည်းများမှ ပြောင်းလဲထုတ်လုပ်သည့်ဖြစ်စဉ်နှင့် ဆက်နွယ်နေပါသည်။ရောင်းသူများသည် ကုန်ပစ္စည်းထုတ်လုပ်သူများ၊ လက္ကားရောင်းသူများ သို့မဟုတ် မူရင်းဒေသမှ ကုန်တင်ပို့သူများဖြစ်ကြပါသည်။ပို့ကုန်ကိုအဓိကထားသည့် ကုမ္ပဏီကြီးများတွင် ပုံမှန်အားဖြင့် ပို့ကုန်အရောင်းဝန်ထမ်းနှင့် ပို့ကုန်သင်္ဘောတင်အဖွဲ့များခန့်အပ်ထားလေ့ရှိသည်။ အဖွဲ့တစ်ခုချင်းစီသည် သတ်မှတ်ထားသော တာဝန်ဝတ္တရားများရှိကြသည်။

 

           ပို့ကုန်အရောင်းအဖွဲ့၏လုပ်ငန်းဆောင်တာများတွင်အောက်အဆင့်များပါဝင်သည်-


• မေးမြန်းစုံစမ်းချက်ကိုလက်ခံရယူ၍ အဆိုပြုဈေးနှုန်းများကို ပြုစုခြင်း

• သယ်ယူပို့ဆောင်မှုနည်းလမ်းများကို သတ်မှတ်ခြင်း

• အဆိုပြုဈေးနှုန်းများအတိုင်းဆက်လက်ဆောင်ရွက်ခြင်း

• ဖောက်သည်များ၏ အမှာစာများကို လက်ခံခြင်း

• လိုအပ်ပါက ပစ္စည်းထပ်မံထုတ်လုပ်ရန်စီစဉ်ဆောင်ရွက်ခြင်း

• ဝယ်သူများ၊ ကိုယ်စားလှယ်များနှင့် ကုန်ဖြန့်ဖြူးသူများကို ဆက်သွယ်၍ ပစ္စည်းပို့ရမည့်ရက်ကို အတည်ပြုခြင်းနှင့် မရှောင်မလွှဲသာသောကိစ္စများရှိပါက အသိပေးခြင်း

• ပို့ကုန်ပစ္စည်းပို့ဆောင်မှုအခြေအနေကိုမပြတ်ခြေရာခံစုံစမ်းခြင်း ( tracking and tracing)

 

           ပို့ကုန်ပစ္စည်းသင်္ဘောတင်အဖွဲ့၏လုပ်ငန်းဆောင်တာများမှာ


• အမှာစာနှင့်ကိုက်ညီမှုရှိစေရန်အတွက် ပို့ကုန်အရောင်းအဖွဲ့နှင့် ချိတ်ဆက်၍ စစ်ဆေးဆောင်ရွက်ခြင်း

• ဘဏ်ငွေလွှဲစာတမ်း (letters of credit) တွင်ဖော်ပြထားသည့်အတိုင်း ကုန်ပစ္စည်းနှင့်ပါတ်သက်သည့် အသေးစိတ်အချက်အလက်များကို တင်ပို့မည့်အစီအစဉ်နှင့်ကိုက်ညီအောင်ချိန်ညှိခြင်း

• သယ်ယူပို့ဆောင်မည့်နည်းလမ်းကို ဆုံးဖြတ်ခြင်း

• သင်္ဘောတင်ရန်ကြိုတင်စာရင်းသွင်းခြင်း

• စာရွက်စာတမ်းဆောင်ရွက်ခြင်းနှင့် အာမခံထားရှိခြင်း

• ပစ္စည်းထုပ်ပိုးခြင်း

• ပို့ကုန်လိုင်စင်ရယူခြင်းနှင့် အကောက်ခွန်ရှင်းလင်းရေးစီစဉ်ဆောင်ရွက်ခြင်း

• သင်္ဘောတင်ပြီးသည့်အခါစာရွက်စာတမ်းများကို ထပ်မံစစ်ဆေးခြင်း

• ပေးချေသည့်ငွေကိုလက်ခံရယူနိုင်ရန် စာရွက်စာတမ်းများကို စာရင်းဌာနသို့ပေးပို့ခြင်း

 

           ကုန်တင်ပို့သူတစ်ဦးသည် တင်ပို့သည့်ကုန်ပစ္စည်းနှင့်ဆက်နွယ်သည့် သတင်းအချက်အလက်များကို ကုန်သေတ္တာသယ်ယူပို့ဆောင်မှုကွန်ယက်တွင် အသုံးပြုရန်အတွက် ထုတ်ပြန်ပေးရသည်။ ကုန်တင်ပို့သည့်နိုင်ငံနှင့် ကုန်တင်သွင်းသည့်နိုင်ငံများရှိ သွင်းကုန်/ပို့ကုန်ကို ထိန်းချုပ်သည့် အာဏာပိုင်အဖွဲ့အစည်းများအတွက် လိုအပ်သော သတင်းအချက်အလက်များ ရရှိစေနိုင်ရေးသေချာမှုရှိစေရန် ကုန်တင်ပို့သူက ဆောင်ရွက်ပေးရသည်။

 

Source : Shipping and Logistics

 

 

 
Read 164 times
Rate this item
(0 votes)