Local Industry

နိုင်ငံခြားအာမခံလုပ်ငန်းငါးခုကို အသက်အာမခံလုပ်ငန်း ခွင့်ပြု

နိုင်ငံခြားအာမခံလုပ်ငန်းငါးခုကို အသက်အာမခံလုပ်ငန်း ခွင့်ပြု google

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့် ပိုင်ဆိုင်သည့် နိုင်ငံခြားအာမခံလုပ်ငန်းငါးခုကို နိုင်ငံအတွင်းအသက်အာမခံ လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဧပြီ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ဝန်ကြီးဌာနက ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့်ပိုင်ဆိုင်သည့် နိုင်ငံခြားအာမခံလုပ်ငန်းငါးခုမှာ AIA ၊ Chubb Tempest Reinsurance ၊ Dai-ichi Life Insurance ၊ Manufacturers Life Insurance နှင့် Prudential Hong Kong တို့ ဖြစ်သည်။

 

ပြည်တွင်းအာမခံဈေးကွက်အတွင်း နိုင်ငံခြား အာမခံကုမ္ပဏီများကို ဝင်ရောက်လုပ်ကိုင်ခွင့်ပြုသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယခုနှစ်ဆန်းပိုင်းတွင် ကြေညာခဲ့ပြီး အသက်အာမခံလုပ်ငန်းကို နိုင်ငံခြားရာနှုန်းပြည့် ရင်းနှီး မြှုပ်နှံရန်နှင့် အထွေထွေအာမခံလုပ်ငန်းကို ဖက်စပ်ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုခဲ့သည်။

 

"အခုခွင့်ပြုလိုက်တဲ့ ကုမ္ပဏီတွေက ကမ္ဘာ့အဆင့် အသက်အာမခံ ကုမ္ပဏီကြီးတွေချည်းပါပဲ။ ဒါကြောင့် ပြည်တွင်း အသက်အာမခံ ဈေးကွက်ဝေစု အများစုကိုတော့ နိုင်ငံခြားအသက်အာမခံကုမ္ပဏီတွေပဲ ရသွားဖို့ ရှိပါတယ်။ ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ကတော့ နိုင်ငံခြားအာမခံ ကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ပြီး ပြိုင်ဆိုင်ဖို့ လုပ်ရမှာပေါ့"ဟု မြန်မာနိုင်ငံအာမခံအသင်း တွဲဖက်အတွင်းရေးမ·း ဦးစိုးဝင်းသန့်က မှတ်ချက်ပြုသည်။

 

အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်ရမည့် နိုင်ငံခြားအသက်အာမခံကုမ္ပဏီများသည် လိုင်စင် အကြိုလုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးပါက အဆိုပါ ကုမ္ပဏီများကို လုပ်ငန်းလိုင်စင် ထုတ်ပေးမည်ဟု ဝန်ကြီးဌာနက ကြေညာသည်။

 

အသက်အာမခံလုပ်ငန်းအတွက် ရာနှုန်းပြည့် နိုင်ငံခြားအသက်အာမခံကုမ္ပဏီ ငါးခုကို ခွင့်ပြုပြီးနောက်တွင် ပြည်တွင်းနှင့် ပြည်ပ ဖက်စပ်အာမခံကုမ္ပဏီများ ပေါ်ပေါက်လာဦးမည် ဖြစ်သည်။

 

၂၀၁၃ တွင် အာမခံလုပ်ငန်းလုပ်ကိုင်ရန် ပြည်တွင်း ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၁ ခုကို အစိုးရက ခွင့်ပြုပေးခဲ့ပြီး ၂၀၁၉ တွင် နိုင်ငံခြား အာမခံကုမ္ပဏီများကို ပြည်တွင်း ဈေးကွက်သို့ ဝင်ရောက်ရန် ခွင့်ပြုပေးခဲ့သည်။

 

Source : Myanmar Time

 

Myanmar Logistics Guide

Read 119 times
Rate this item
(0 votes)