Port News

Monday, 03 December 2018 05:03

ကုန်လုပ်ငန်းဌာနလုပ်ငန်းဆောင်ရွက်မှုများ

ကုန်လုပ်ငန်းဌာန အဓိကတာဝန်မှာ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ဆိုက်ရောက်လာသော သင်္ဘောများ၏ သွင်းကုန်/ပို့ကုန်နှင့် တစ်ဆင့်လွှဲပြောင်းကုန်များကို တင်/ချ ရှင်းလင်းခြင်း ဖြစ်သည်။ မြန်မာ့ဆိပ်ကမ်း အတွင်းသို့ ၀င်ရောက်လာသော င်္ဘောများနှင့် ကမ်းရိုးတန်းသွား သင်္ဘောများအား သင့်လျော်သော ဆိပ်ကမ်းတံတားများ၌ စီစဉ်နေရာချထားခြင်း၊ သွင်းကုန်များကို သင်္ဘောပေါ်မှ ချပေးခြင်း၊ ခေတ္တထိန်းသိမ်းပေးခြင်းနှင့် ကုန်ပိုင်ရှင် များထံသို့ ထုတ်ပေးခြင်း၊ ဆိပ်ကမ်းသုံးစွဲသူများထံမှ ဆိပ်ကမ်းအခွန်အခများ ကောက်ခံခြင်း၊ ပို့ကုန်များအား သင်္ဘော၏ သိုလှောင်ရေး စိမံချက်နှင့်အညီ တင်ဆောင်ပေးခြင်းနှင့် ခွင့်ပြုချက်ကာလ ကျော်လွန်သော သွင်းကုန်များကို လေလံစာရင်းသွင်း၍ လေလံတင်ရောင်းချခြင်းများ ဆောင်ရွက်ပါသည်။

Thursday, 15 November 2018 10:31

ကုန်းတွင်းဆိပ် (သို့မဟုတ်) ပင်လယ်ရေကြောင်း ကုန်စည်များအတွက် ဘူတာရုံ

ဆိပ်ကမ်း (Port) ဟူသည့် စကားရပ်ကို မြင်လိုက်လျှင် ရေကြောင်း သယ်ယူ ပို့ဆောင်ရေး နှင့် ကုန်းလမ်း သယ်ယူပို့ဆောင်မှုတို့ကို ဆက်စပ်ပေးသည့် နေရာ တစ်ခုအဖြစ် မြင်ယောင်မိမည်ပင် ဖြစ်ပါသည်။ ကိုင်တွယ်မည့် ကုန်စည်နှင့် အသုံးပြုမည့် ရေကြောင်းလမ်း အရ မြစ်တွင်းဆိပ်ကမ်း၊ ကမ်းရိုးတမ်း ဆိပ်ကမ်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း စသဖြင့် အမျိုးမျိုးကွဲပြားခြားနားစွာ တည်ရှိလုပ်ငန်း ဆောင်ရွက်လျှက် ရှိကြပါသည်။ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းများ အနေဖြင့် ပင်လယ်ရေကြောင်း ကုန်စည်များကို တင်/ချခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ ရေကြောင်း ကုန်သွယ်မှု ကို အထောက်အပံ့ ပေးလျှက် ရှိပါသည်။ ရန်ကုန်ဆိပ်ကမ်းသည် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး နိုင်ငံ၏ ရေကြောင်းကုန်စည် ပို့ကုန်/သွင်းကုန် များကို လက်ခံဆောင်ရွက်ပေးရာ နိုင်ငံ၏ အဓိက ဆိပ်ကမ်းကြီး တစ်ခုဖြစ်ပါသည်။ ရေကြောင်းကုန်စည် ပို့ဆောင်ရေး လုပ်ငန်းစဉ်များတွင် ကုန်စည်များကို တူညီကုန်သေတ္တာများဖြင့် ထည့်သွင်း သယ်ဆောင်သည့် စနစ်ကို တွင်ကျယ်စွာ အသုံးပြုနိုင်လာသည်နှင့် အမျှ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည် ပို့ဆောင်မှု လုပ်ငန်းစဉ်များ ပိုမို တိုးတက်ကောင်းမွန်လာပြီး ပင်လယ် ရေကြောင်း ကုန်စည် ပို့ဆောင်မှုသာမက အခြား ပို့ဆောင်ရေး နည်းလမ်းများ ဖြစ်သည့် ရထားနှင့် ပို့ဆောင်ခြင်း၊ ကားလမ်းဖြင့် ပို့ဆောင်ခြင်း၊ မြစ်တွင်းသွား တွဲရေယာဉ်များဖြင့် ပို့ဆောင်ခြင်း စသည့် နည်းလမ်းများတွင်လည်း ကုန်သေတ္တာ ကုန်စည် ပို့ဆောင်ခြင်း စနစ်ကို ကျယ်ပြန့်စွာ အသုံးပြုဆောင်ရွက်လာသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာ ပို့ဆောင်ရေး လုပ်ငန်းစဉ်များနှင့်အညီ၊ ဘက်စုံ ပို့ဆောင်ရေး (Multimodal Transport) နည်းလမ်းများကို အသုံးပြုပြီး ထောက်ပံ့ ဖြည့်ဆည်း စီမံဆောင်ရွက်မှု ကုန်ကျစရိတ် (Logistics Cost) များ လျှော့ချ နိုင်ရန်အတွက် ရန်ကုန် (ရွာသာကြီး) နှင့် မန္တလေး (မြစ်ငယ်) တို့တွင် ကုန်းတွင်းဆိပ် ဟု ခေါ်သည့် Dry Port များကို တည်ဆောက်အကောင်အထည်ဖော်ခဲ့ရာ၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် စတင်ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်၍ နိုင်ငံတကာ ပင်လယ်ရေကြောင်း ကုန်စည်များအား ရန်ကုန် ဆိပ်ကမ်း အထိသာမက ကုန်းတွင်းပိုင်း ဖြစ်သည့် ရွာသာကြီး နှင့် မြစ်ငယ် နေရာများအထိ မီးရထားလမ်းဖြင့် အရောက် ပို့ဆောင်နိုင်တော့မည် ဖြစ်ပါသည်။ ကုန်းတွင်းဆိပ် ဆိုသည်မှာ================= ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (UNESCAP) မှ Dry Port ၏ အဓိပ္ပါယ်အား ဖွင့်ဆိုရာတွင် “An inland location as a logistics centre connected to one or more modes of transport for the handling, storage and regulatory inspection of goods moving in international trade and the execution of applicable customs control and formalities” ဟု ဖော်ပြထားပါသည်။ အဓိကအားဖြင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးတွင် သယ်ယူ ပို့ဆောင်သည့် ကုန်စည်များ တင်/ချခြင်း၊ သိုလှောင်ခြင်း၊ ပုံမှန်စစ်ဆေးခြင်းနှင့် အကောက်ခွန် ဆိုင်ရာ ထိန်းချုပ်သည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေခြင်း အတွက် သယ်ယူ ပို့ဆောင်ရေး နည်းလမ်းတစ်ခု (သို့မဟုတ်) ပိုမိုသော နည်းလမ်းများ အသုံးပြုရာတွင် ထောက်ပံ့ ဖြည့်ဆည်း စီမံ ဆောင်ရွက်ရေး နှင့် ပို့ဆောင်ရေး ဝန်ဆောင်မှု အဖွဲ့အစည်း၏ အချက်အချာ ကျသော ဒေသနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သော ကုန်းတွင်း နေရာ ဒေသကို ကုန်းတွင်းဆိပ်ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။ အာရှနှင့် ပစိဖိတ်ဒေသတွင်းနိုင်ငံများ ကုန်သေတ္တာ သယ်ယူပို့ဆောင်ရေး နှင့် ပတ်သက်၍ UNESCAP မှ ကျွမ်းကျင်သူအတိုင်ပင်ခံများ၏ လေ့လာတွေ့ရှိချက်များ အရ ကုန်းတွင်းဆိပ်များ တည်ဆောက် လုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် ပင်လယ်ဆိပ်ကမ်းနှင့် ဝေးလံသော ဒေသများနှင့် ကုန်းတွင်းပိတ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ပင်လယ်ဆိပ်ကမ်း အထိ ကုန်ပစ္စည်းများကို တင်ပို့ရန်မလိုဘဲ နီးစပ်ရာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် ကုန်သွယ်မှုပြုနိုင်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တစ်ခုကဲ့သို့ လုပ်ငန်း ဆောင်ရွက်နိုင်ပြီး ကား/ရထား အသုံးပြုသယ်ယူပို့ဆောင်ရေးစနစ်သာ ကွာခြားခြင်း၊ ရထားကို အသုံးပြုခြင်းဖြင့် လောင်စာဆီအသုံးပြုမှု သက်သာခြင်း၊ လေထုညစ်ညမ်းမှု သက်သာခြင်း၊ ဆိပ်ကမ်းအနီး ကုန်သေတ္တာတင် မော်တော်ယာဉ် ရှုပ်ထွေးမှုကို လျော့နည်းစေခြင်း၊ မြို့တွင်းယာဉ်ကြော ပိတ်ဆို့မှုများ လျှော့ချနိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ကုန်းတွင်းဆိပ်=================== မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ် ပါဝင်လျှက်ရှိသော UNESCAP မှ အဖွဲ့ဝင် နိုင်ငံများ အကြား အာရှ အဝေးပြေးလမ်းမ (Asian Highway Road) နှင့် အာရှ ဖြတ်သန်း ရထားလမ်း ကွန်ရက် (Tran-Asia Rail Network) တစ်လျှောက် ပို့ဆောင်ရေး လျှင်မြန် ချောမွေ့စေရေးအတွက် ရည်ရွယ်၍ အဖွဲ့ဝင်နိုင်ငံများအတွင်း ကုန်းတွင်းဆိပ်များ တည်ဆောက် အကောင်အထည်ဖော်ရေးကို ၂၀၁၀ ခုနှစ်မှ စတင်ကာ ဆွေးနွေးခဲ့ကြပြီး၊ ကုန်းတွင်းဆိပ်များဆိုင်ရာ အစိုးရများအကြား သဘောတူညီချက် (Intergovernmental Agreement on Dry Ports) အား ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ ကြပါသည်။ ရန်ကုန်တိုင်းဒေသကြီး (ရွာသာကြီး) နှင့် မန္တလေးတိုင်း ဒေသကြီး (မြစ်ငယ်) တို့ရှိ မြန်မာ့မီးရထားပိုင် မြေနေရာများတွင် ကုန်းတွင်းဆိပ် စီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ်မှ စတင်ကာ စီမံဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ စီမံကိန်းများတွင် ပူးပေါင်း ဆောင်ရွက် ရင်းနှီး မြှုပ်နှံမည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို ဖိတ်ခေါ်၍ တင်ဒါစနစ်ဖြင့် အဆင့်ဆင့် စိစစ် ရွေးချယ် ခဲ့ပြီး နိုင်ငံသား ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှု ပါဝင်သည့် Resources Group Logistics Co., Ltd. နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖက်စပ် ပါဝင်သည့် KM Terminal and Logistics Co., Ltd. တို့အား Dry Port တည်ဆောက် အကောင်အထည်ဖော် လုပ်ကိုင်ခွင့်ပြုခဲ့ပါသည်။ ယခုအခါ ကုန်းတွင်းဆိပ်များကို တည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သဖြင့် မဝေးတော့သည့် အနာဂတ်တွင် ပင်လယ်ရေကြောင်း ပို့ကုန်/ သွင်းကုန် ကုန်စည်များကို ကုန်းတွင်းပိုင်းဒေသများအရောက် ကုန်ကျစရိတ် နည်းပါးစွာ နှင့် ချောမွေ့ သော ဘက်စုံပို့ဆောင်ရေး ပုံစံအသုံးပြုကာ ပို့ဆောင်နိုင်တော့မည် ဖြစ်ပါသည်။ ကုန်းတွင်းဆိပ်၏ အခန်းကဏ္ဍ==================== ကုန်းတွင်းဆိပ်များကို ထိရောက်စွာ အသုံးပြုနိုင်ပါက နိုင်ငံ၏ ထောက်ပံ့ ဖြည့်ဆည်း စီမံမှုဆိုင်ရာလုပ်ငန်းများ နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် အောက်ပါ ကဏ္ဍ/ လုပ်ငန်းစဉ် များတွင် အပြန်အလှန် အကျိုးပြုမှုကို ရရှိစေနိုင်မည် ဖြစ်ပါသည် - • ကုန်းတွင်းဆိပ်များသည် ကုန်စည်သယ်ယူပို့ဆောင်ရာတွင် ကုန်သေတ္တာဖြင့်သယ်ယူမှု လိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးခြင်း • အရောက်ပို့စနစ် (Door to Door Service) အတွက် ကုန်ပစ္စည်းပို့သူများ၏ တောင်းဆိုမှု အပေါ် ကျေနပ်အောင်ဆောင်ရွက်ပေးနိုင်ခြင်း • ပင်လယ်ဆိပ်ကမ်းများ၏ လုပ်ငန်းဆိုင်ရာပိတ်ဆို့နေမှုများကို ကူညီပေးခြင်းနှင့် သယ်ယူ ပို့ဆောင်မှုအတွက် အကောင်းဆုံးဆောင်ရွက်ပေးနိုင်ခြင်း • ဆိပ်ကမ်းတွင် ဆောင်ရွက်ရသည့်လုပ်ငန်းအဆင့်ဆင့်ကို ကုန်းတွင်းဆိပ်များတွင် ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခြင်း • ကုန်းတွင်းဒေသများကို အဓိကထားဆောင်ရွက်ပေးခြင်း • ကုန်းတွင်းပိတ်အိမ်နီးချင်းနိုင်ငံများ၏ ကုန်ပစ္စည်း ရွှေ့ပြောင်းသယ်ယူမှု ကုန်ကျစရိတ် များကို လျော့ချနိုင်ခြင်း • အပြည်ပြည်ဆိုင်ရာ ကုန်စည် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်ပြီး မှန်ကန်မြန်ဆန်ခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း၊ အခွင့်အရေး ရယူနိုင်ခြင်း စသည့် ဝန်ဆောင်မှုများပေးနိုင်ခြင်း • လူနည်းစုဖြင့် ကြပ်မတ်ကွပ်ကဲနိုင်ခြင်း • ကုန်ပစ္စည်းပို့မည့်အစီအစဉ်အား ကောင်းမွန်စွာညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်း • ကုန်ကျစရိတ် သက်သာမှုနှင့်အတူ ပြည်ပ တင်ပို့သူများ၊ ပြည်တွင်း တင်သွင်းသူများ ယုံကြည်မှု ရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်း • သင်္ဘောဖြင့် ကုန်ပစ္စည်းတင်ပို့သူများအနေဖြင့် တင်ပို့လိုသောသင်္ဘောလိုင်းများကို အကဲဖြတ်ရွေးချယ်တင်ပို့နိုင်ခြင်း • အပြန်အလှန်သယ်ယူပို့ဆောင်ပေးနိုင်ခြင်း • ပင်လယ်ဆိပ်ကမ်းနှင့် ကုန်းတွင်း ကုန်ရုံ ကွန်ရက်များအကြား အပြန်အလှန် အကျိုးပြုသော စနစ်ဖြစ်ခြင်း • သင်္ဘောဖြင့် ကုန်ပစ္စည်းတင်ပို့သူများအနေဖြင့် ချိတ်ဆက် ထောက်ပံ့မှု မဟာဗျူဟာ အတွင်း Terminal ၏ အဆင့်အတန်းကို တိုးမြင့်အောင် ဆောင်ရွက်နိုင်ခြင်း • အချိန်မှန်ကန်မှုနှင့် ကုန်သွယ်မှုအထောက်အကူစွမ်းအား အကျိုးအမြတ်များစွာ ရရှိခြင်း သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ပင်လယ်ရေကြောင်း ကုန်စည်များအား ကုန်းတွင်း ဒေသများအရောက် မီးရထားဖြင့် သယ်ယူပို့ဆောင်ပေးနိုင်ရန် အတွက် လိုအပ်သည့် ကိစ္စအဝဝကို ပံ့ပိုးပေးနိုင်မည့် ကုန်းတွင်းဆိပ်များ ပေါ်ပေါက်လာပြီး ဒေသတွင်း ပို့ဆောင်ရေး ဆိုင်ရာ ထောက်ပံ့ ဖြည့်ဆည်းမှု ကွင်းဆက် (Transport Supply Chain) လုပ်ငန်းများတွင် ပါဝင်လာခြင်းမှာ နိုင်ငံ၏ အနာဂတ် ထောက်ပံ့ ဖြည့်ဆည်း စီမံဆောင်ရွက်မှု (Logistics) နှင့် ပို့ဆောင်ရေး (Transport) ကဏ္ဍတို့အတွက် တိုးတက် ကောင်းမွန်သည့် လက္ခဏာများ ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။ Source : Dr.Myo

Tuesday, 13 November 2018 10:13

ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း ဖွင့်လှစ်လိုက်ပြီ

သီလဝါဆိပ်ကမ်းအပါအဝင်ရန်ကုန်မြို့ရှိဆိပ်ကမ်းများအတွက်ယာဉ်ကြောသွားလာရေးပိတ်ဆို့မှုလျော့ကျကာကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် လျှော့ချနိုင်ရန် ရည်ရွယ်တည်ဆောက်သော ရွာသာကြီးကုန်တွင်းဆိပ်ကမ်းစီမံကိန်း Yangon Dry Port ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ကုန်ပစ္စည်းများ သယ်ယူပို့ ဆောင်ရေးဝန်ဆောင်မှုအတွက် ကုန်းတွင်းဆိပ်ကမ်းများ ဖွင့်လှစ် ဆောင်ရွက်ရန် ပြည်ပကုမ္ပဏီတစ် ခုဖြစ်သော Kerry Logistics ကု မ္ပဏီက ရာခိုင်နှုန်း ၇ဝ၊ ပြည်တွင်း ကုမ္ပဏီဖြစ်သည့် Mother Logistics ကုမ္ပဏီကရာခိုင်နှုန်း ၃ဝ ထည့် ဝင်ကာ ပူးပေါင်းရင်းနှီးမြှုပ်နှံကြ ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းကုမ္ပဏီနှစ်ခု ပူးပေါင်း ထားသော KM Terminal and Logistics Limited သည်နှစ် ၅၀ BOT လုပ်ကိုင်ခွင့်ရရှိထားကာ အစိုးရခွင့်ပြုလျှင် ၁၀ နှစ်စီနှစ်ကြိမ် သက်တမ်းတိုးခွင့် ရရှိမည်ဖြစ်သည်။ ကနဦးရင်းနှီးမြှုပ်နှံမှုပမာ ဏအဖြစ်အစိုးရကို အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၇ သန်းပေး သွင်းထားပြီးဖြစ်ကြောင်းသိရသည်။ရန်ကုန်နှင့် မန္တလေးတို့တွင် ကုန်းတွင်းဆိပ်ကမ်းများ တည်ဆောက်ရန်၂၀၁၇ ခုနှစ်ဧပြီ၃ရက် ကမြန်မာ့မီးရထားနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း KM Terminal and Logistics Limited ၏ အထွေထွေမန်နေဂျာ ဦးညီထွဋ် ကရွာသာကြီးကုန်းတွင်းဆိပ်ကမ်း ဖွင့်ပွဲအခမ်းအနားအပြီး မီဒီယာ များကိုပြောသည်။ "ငွေကြေးတစ်ခု ရင်းနှီးမြှုပ်နှံရင်ငွေပြန်ရနှုန်းနဲ့ ပြန်တွက်ရတယ်။ နှစ် ၅၀ ကုန်းတွင်းဆိပ်ကမ်း လုပ်ကိုင်ခွင့်ရှိတယ်။ ပထမပိုင်းမှာ ရင်းနှီးမြှုပ်နှံတာတွေလုပ်ရတယ်။ဒေါ်လာ ၅၅ သန်းပေါ့နော်။ ပထမ နှစ်တွေမှာဆိုရင် ဖောက်သည်တွေကလည်းမရသေးဘူး။ တဖြည်း ဖြည်းဒီဂိုဒေါင်တွေ အားလုံးပြည့်မှ ရထားကလည်းနေ့တိုင်း ပြေးနိုင် မှ အကျိုးအမြတ်ရလာမှာ။ အဲဒါ ကြောင့် ဘဏ်တွေရဲ့အကူအညီနဲ့ တွက်လိုက်တဲ့အခါမှာ ခြောက်နှစ် ပြည့်မှသာလျှင် စအရင်းကျေပြီး အမြတ်စရမှာပေါ့။ ဝင်ငွေရနှုန်း နဲ့တွက်ပြီးပြောတာဖြစ်ပါတယ် "ဟု ၎င်းင်းကပြောသည်။ရွာသာကြီးကုန်းတွင်း ဆိပ် ကမ်းအတွက်ကန်ဒေါ်လာ သန်း ၄၀ နှင့်မန္တလေးမြစ်ငယ်ကုန်းတွင်း ဆိပ်ကမ်းအတွက် ကန်ဒေါ်လာ ၁၅ သန်းမြှုပ်နှံထားကြောင်းသိရ သည်။ မြစ်ငယ်ကုန်းတွင်းဆိပ် ကမ်းကို ၂၀၁၈ ခုနှစ်မေတွင် တည် ဆောက်ပြီးစီးပြီး လုပ်ငန်းများစမ်း သပ်လည်ပတ်နေပြီဖြစ်ကြောင်း ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်းကို နိုဝင်ဘာ ၁၁ ရက် တရားဝင်စတင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ရရှိလာမည့်အကျိုးအမြတ်၏ရာခိုင်နှုန်းအချို့ကို မြန်မာ့မီး ရထားသို့ ပေးသွင်းရမည်ဖြစ်ပြီး ဂိုထောင်များတွင် ကုန်ပစ္စည်း ထားသိုမှုအတွက်လည်း အစိုး ရကို ရာခိုင်နှုန်းအချို့ပေးရမည် ဖြစ်ကြောင်းသိရသည်။ရန်ကုန်ရှိ ဆိပ်ကမ်းများနှင့် သီလဝါ ဆိပ်ကမ်းများတွင်ယာဉ် ကြောကျပ်တည်းမှုကို လျှော့ချပြီး ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရာ တွင်ကုန်ကျစရိတ်လျှော့ချနိုင်ရန်ရည်ရွယ်ကာကုန်းတွင်း ဆိပ်ကမ်း များ တည်ဆောက်ခြင်းဖြစ်ပြီးရွာသာကြီးနှင့် မြစ်ငယ်ဆိပ်ကမ်းတို့ ကို ကွန်တိန်နာရထားတွဲများဖြင့် ချိတ်ဆက်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ရွာသာကြီးမှ မြစ်ငယ်ဆိပ် ကမ်းသို့ အပတ်စဉ်စနေ,တနင်္ဂနွေ တွင် အနည်းဆုံးကွန်တိန်နာရထား ကုန်တွဲ ၁၅ တွဲမှအများဆုံး ၂၇ တွဲပြေးဆွဲမည်ဖြစ်ကြောင်း သိရ သည်။ မြန်မာ့မီးရထားက ရန်ကုန်မှ မန္တလေးသို့ ပို့ဆောင်မည့်ကုန်တစ် တန်အတွက် တစ်မိုင်လျှင်ကျပ် ၃၀ မန္တလေးမှရန်ကုန်သို့ပို့ဆောင် ပေးမည့် ကုန်တစ်တန်အတွက် တစ်မိုင် လျှင်ကျပ် ၂၀ နှင့် အခွန် ၁၀ ရာခိုင်နှုန်းကောက်ယူမည် ဖြစ်ကြောင်းသိရသည်။ မြန်မာ့မီးရထားက ကုန်တန် ချိန်ကို မိုင်နှုန်းဖြင့်တွက်ချက်ရယူ မည်ဖြစ်ပြီး ကုမ္ပဏီအနေဖြင့် Door To Door စနစ်ဖြင့်သယ်ယူစရိတ် တို့ပေါင်းကာ သယ်ယူစရိတ်ကျ သင့်မည်ဖြစ်သော်လည်း ကားဖြင့် သယ်ဆောင်သည်ထက် စရိတ်သက် သာမည်ဖြစ်ကြောင်း သိရသည်။ Source: Yangon Media Group

Monday, 12 November 2018 04:44

မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း ဒီဇင်ဘာတွင် စမည်

မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းကို ဂျပန်အကူအညီဖြင့်လာမည့် ဒီဇင်ဘာလတွင် စတင်အကောင်အထည်ဖော်မည်ဟု တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောပြချက်အရ သိရပါတယ်။အဆိုပါစီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ဂျပန် ယန်း ၆ ဘီလျံကျော် ထောက်ပံ့မည်ဖြစ်ကာ ပြည်ထောင်စုအဆင့် စီမံကိန်းလည်း ဖြစ်ပါတယ်။ ဆိပ်ကမ်းကနေ ကုန်စည်ပို့ဆောင်ရေးစနစ် ပိုကောင်းလာအောင် အခြေခံအဆောက်အအုံပိုင်းတွေ အဓိကလုပ်သွားမယ်လို့ အကြမ်းဖျင်းသိရတယ်။ဒါက ပြည်ထောင်စုအစိုးရ အစီအမံနဲ့ လုပ်တာဖြစ်လို့ တိုင်းအစိုးရက ကြီးကြပ်ပေးရုံ အဆင့်ပါပဲဟု ပြောခဲ့ပါတယ်။ဆိပ်ကမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းတွင် ရေလမ်းကြောင်းမှ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန်၊ အခြေခံ အဆောက်အအုံကဏ္ဍ မြှင့်တင်ရန် နှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရန်တို့ကို အဓိကထား ဆောင်ရွက်သွားမည်ဟု သိရပါတယ်။ မန္တလေးဆိပ်ကမ်းမှာ အရှည်ပေ ၁ သောင်းခွဲခန့် ရှိပြီး စီမံကိန်းအတွက် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် JICA မှ စစ်တမ်း ကောက်ယူကာ ရရှိသည့် အချက်အလက်များအပေါ် အခြေခံ၍ ဆောင်ရွက်သွားမည်ဟုလည်း တိုင်းအစိုးရ အဖွဲ့ ကဆိုသည်။ကုန်တင်ရေယာဉ်ပိုင် အသင်းမှ ဦးမြအောင်က“ဧရာဝတီမြစ်ရေ တက်ရင် မန္တလေးမှာ ဆိပ်ကမ်း သိပ်ရှားတယ်။ ဒီဆိပ်ကမ်း ဖွံ့ဖြိုးဖို့ဆိုရင် ဂိုဒေါင်တွေ လိုအပ်သလို တာဝန်ရှိသူဌာနတွေရဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေ လိုအပ်ပါတယ်။ လက်တွေ့အလုပ် လုပ်နေတဲ့ ဆိပ်ကမ်းကို တိုးတက်ဖို့ သေချာ အကောင်အထည် ဖော်နိုင်မယ် ဆိုရင် ဒါနဲ့ဆက်စပ်နေတဲ့ လုပ်ငန်းတွေအားလုံး အကျိုးရှိကြမှာပါ”ဟု ဧရာဝတီကို ပြောခဲ့ပါတယ်။ လက်ရှိ မန္တလေးဆိပ်ကမ်း အခြေအနေ နှင့်ပတ်သက်၍ မန္တလေး မရမ်းခြံဆိပ်ကမ်း မြောက်ဘက်တွင် ကျူးကျော်တဲများ ရှိနေကာ ဆိပ်ကမ်း ကုန်တင်ကုန်ချ သတ်မှတ်သည့် နေရာများတွင် လမ်းများ ပျက်စီးနေကြောင်း၊ ရွှေကြက်ယက် ဆိပ်ကမ်းတွင် လောင်စာဆီ အတင်အချပြုလုပ်ရန် ခွင့်ပြုထားသဖြင့် ဆီတင်သင်္ဘောများ နှင့် ဆီတင် ဘောက်ဆာကား များ ပုံမှန်ဝင်ထွက်နေသည့် အတွက် မီးဘေးအန္တရာယ် စိုးရိမ်နေရကြောင်းလည်း ၎င်းက ပြောဆိုခဲ့ပါတယ်။မန္တလေးဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ ပြုလုပ်သည့် နေရာများ၊ သင်္ဘောရပ်နားရန် နေရာများ၊ ကုန်လှောင်ရုံများတွင် စီမံခန့်ခွဲမှု အားနည်းနေသေးပြီး ၎င်းတို့အား ရေရှည်စီမံကိန်းအဖြစ် အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်သွားမည်ဟုလည်း မန္တလေးတိုင်း အစိုးရအဖွဲ့က ပြောပြခဲ့ပါတယ်။ ဝန်ကြီး ဦးဇာနည်အောင်က “မြစ်ထဲကနေ ကြည့်လိုက်ရင် မန္တလေးဆိပ်ကမ်းဟာ ဗြုတ်စဗျင်းတောင်းတွေ ချည်းပဲ။ နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်မှာ ဆိပ်ကမ်းဟာလည်း ဟိုအရင်ခေတ်တုန်းက ပုံစံအတိုင်း ရှိနေသေးတယ်။ အဲဒီထက်မကတော့ တိုးတက်သင့်နေပြီလေ။ ဒါကြောင့်လည်း ဒီလိုစီမံကိန်းမျိုးကို ဆောင်ရွက်တာပါ”ဟု ပြောပြခဲ့ပါတယ်။ Source : ဧရာဝတီ

Thursday, 08 November 2018 09:57

ဆိပ်ကမ်းသုံး တွန်းဆွဲရေယာဉ် မာန်အောင် ၄ လွှဲပြောင်းပေး

ရန်ကုန်ဆိပ်ကမ်းတွင် အသုံးပြုမည့် ဆိပ်ကမ်းသုံးတွန်း/ဆွဲရေယာဉ် မာန်အောင် ၄ ကို အစိုးရနှင့်ရေယာဉ်တည်ဆောက်ရေး ပူးပေါင်းလုပ်ကိုင်နေသည့် Myanma Shipyards – AMECC JV Co., Ltd. က မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ နိုဝင်ဘာလ ၆ ရက်က လွှဲပြောင်းပေးခဲ့ပါတယ်။ အလျား ၃၂ မီတာ၊ မြင်းကောင်ရေ ၃၀၀၀ ကျော်ရှိ ဆိပ်ကမ်းသုံး တွန်း/ဆွဲ ရေယာဉ်မာန်အောင် ၄ ကို အဆိုပါကုမ္ပဏီ က ဆင်မလိုက်သင်္ဘောကျင်းတွင် ၂ နှစ် ကျော်ကြာတည်ဆောက်ခဲ့ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သိမ်ဖြူသင်္ဘောကျင်းဝင်း၌ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ “ယနေ့လွှဲပြောင်းပေးခဲ့တဲ့ မြစ်တွင်းသွား တွန်း/ဆွဲရေယာဉ်က လက်ရှိ ရန်ကုန်ဆိပ်ကမ်းမှာ အသုံးပြုနေတဲ့ တွန်းဆွဲရေယာဉ်တွေမှာ စွမ်းအားအကြီးဆုံးတွန်းဆွဲ ရေယာဉ်အနေနဲ့ ပါဝင်ပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောခဲ့ပါတယ်။ အဆိုပါရေယာဉ်သည် အလျား ၃၂ မီတာ၊ အနံ ၁၁ မီတာ၊ စောက် ၅ မီတာရှိ ပြီး တစ်နာရီ ရေမိုင်နှုန်း ၁၂ မိုင် မောင်းနှင်နိုင်သောကြောင့် စွမ်းအားကြီးမားသည့် တွန်းဆွဲရေယာဉ်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရပါတယ်။ ယခုလက်ရှိ ရန်ကုန်အတွင်းဆိပ်ကမ်းတွင် နိုင်ငံတကာသင်္ဘောကြီးများ ရပ်နားနိုင်သည့် ဆိပ်ခံတံတား ၂၆ စင်းရှိပြီးသီလဝါဆိပ်ကမ်းဒေသတွင် ၁၂ စင်း ရှိပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် လက်ရှိ တွန်း/ဆွဲရေယာဉ်များ ဖြစ်သည့်၁၀၀၀ 1000 BHP Tug ၃ စီး၊ ၁၅၀၀ 1500 BHP Tug ၁ စီး၊ 3000 BHP Tug ၁ စီးဖြင့် လှည့်ပတ်သုံးစွဲခဲ့ရကြောင်းမြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံမှ သိခဲ့ရခြင်း ဖြစ်ပါတယ်။ Source : the voice

Thursday, 08 November 2018 09:51

ပြည်တွင်းထုတ်အဆင့်မီသင်္ဘောများ စင်ကာပူ နှင့် ဂျပန်တို့ ဝယ်ယူရန်ကမ်းလှမ်းထား

ပြည်တွင်းထုတ်သင်္ဘောများကို စင်ကာပူ နှင့် ဂျပန်နိုင်ငံတို့ကဝယ်ယူရန် အဓိကကမ်းလှမ်းထားပြီး သင်္ဘောငယ်များ၊ ပင်လယ်ငါးဖမ်းသင်္ဘောများဝယ်ယူရန် ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ရေယာဉ်တည်ဆောက်ရေးဌာန အထွေထွေမန်နေဂျာဦးကျော်ကျော်က မြန်မာတိုင်းမ်နေ့စဉ်သို့ နိုဝင်ဘာ ၆ ရက် က ပြောဆိုချက်အရ သိရပါတယ်။ "လောလောဆယ်မှာတော့ ပြည်ပကနေလာရောက်အပ်နှံထားတဲ့ အခြေအနေပါ။ တည်ဆောက်ပေးဖို့ကတော့ စကားပြောနေတုန်းပဲရှိပါသေးတယ်။ အဆင်ပြေတယ်ဆိုရင် လုပ်ဆောင်ဖို့ကမ်းလှမ်းထား တာလေးတွေရှိပါတယ်။မကြာမီ ဖြစ်ဖို့များပါတယ်"ဟု ၎င်းက ပြောဆိုခဲ့ပါတယ်။ နိုင်ငံတကာအဆင့်မီတည်ဆောက် ********************************* "မြန်မာ့သင်္ဘောကျင်းလုပ်ငန်းစတင်တဲ့ ၁၉၉၆ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံအတွက် သင်္ဘောကြီးတစ်စင်းကို ပထမဆုံးတည်ဆောက်ခဲ့ပါတယ်။ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းအနေနဲ့ လွန်ခဲ့တဲ့ နှစ် ၄၀ တောက်လျှောက်မှာ နိုင်ငံတကာကမှာယူတဲ့ သင်္ဘောခုနစ်စင်းကို နိုင်ငံတကာအဆင့်တန်းမီအောင် တည်ဆောက်ပေးခဲ့ပါတယ်"ဟု ၎င်းက ပြောဆိုခဲ့ပါတယ်။ ၂၀ဝ၅ ခုနှစ်မှစတင်၍ မြန်မာ့သင်္ဘော ကျင်းလုပ်ငန်း နှင့် AMECC JV ကုမ္ပဏီတို့ပူးပေါင်း၍ ပြည်တွင်းသုံးအတွက် သင်္ဘော ၂၄ စင်းတည်ဆောက်ခဲ့ပြီး တည်ဆောက်ဆဲ သင်္ဘော ၁၄ စင်းရှိကြောင်း၊ အဆိုပါသင်္ဘော များအား ပင်လယ်ကမ်းရိုးတန်းငါးဖမ်းသင်္ဘော၊ တွန်းဆွဲသင်္ဘော နှင့် ဧရာဝတီဘက်စုံသုံးသင်္ဘော များအဖြစ် အသုံးပြုနေကြကြောင်း သိရပါတယ်။ ပြည်တွင်း၌တည်ဆောက် ****************** ထို့ပြင် သီလဝါဆိပ်ကမ်းရှိ နိုင်ငံခြားကုမ္ပဏီအချို့က နိုင်ငံခြားမှ သင်္ဘောများယူမလာတော့ဘဲ ပြည်တွင်း၌သာ သင်္ဘောတည်ဆောက် အသုံးပြုရန်လည်းစီစဉ်နေကြကြောင်းလည်း သိရပါတယ်။ Source : Myanmar Time

Friday, 02 November 2018 08:03

ထိုင်းမှ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ နှစ်လမ်းသွားကားလမ်းအဆင့်မြှင့်တင်ရေး

ထိုင်းနိုင်ငံမှ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ဆက်သွယ်ထားသည့် နှစ်လမ်းသွားကားလမ်းကို နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ရေး နှစ်ဖက်ဆွေးနွေးချက်မှတ်တမ်း (ROT)ကို လမ်းဦးစီးဌာနနှင့် ထိုင်းနိုင်ငံအစိုးရကိုယ်စားပြု (NEDA)အဖွဲ့တို့ နိုဝင်ဘာ ၁ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဆိုပါ ဆွေးနွေးချက်မှတ် တမ်းအရ NEDA (Neighbouring Countries Economic Development Cooperation Agency) ၏ ချေးငွေဖြင့် ဆောင်ရွက်မည့်လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ကုန်ကျ စရိတ်အတိအကျ ရရှိနိုင်ရန် သက်ဆိုင်ရာ ပညာရှင်များပါဝင် သောအဖွဲ့က ရှစ်လကြာလေ့လာရမည်ဖြစ်တယ်။ ‘‘ချေးငွေမတိုင်ခင် အသေး စိတ် ဖြစ်နိုင်စွမ်းလေ့လာရေးအတွက် ကျန်ကျစရိတ်ကို သူတို့က အကူအညီပေးမှာမို့ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်အတွက် လက်မှတ်ထိုးတာပါ’’ ဟု လမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောခဲ့ပါတယ်။ ထိုသို့ အသေးစိတ်ကုန်ကျ စရိတ်ရရှိမှသာ လမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းစီမံကိန်းကို စတင်အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။ ထိုင်းနိုင်ငံ နှင့် ထားဝယ်အထူးစီးပွားရေးဇုန်အကြား ဆက်သွယ်ထားသည့် အဆိုပါလမ်းကို အဆင့်မြှင့်တင်ရန် ထိုင်းအစိုးရ ကိုယ်စားပြု NEDA အဖွဲ့ထံမှ ဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံ ချေးယူမည်ဖြစ်ပြီး မတ်လ ၂၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့ပါတယ်။ ထိုင်းနိုင်ငံနယ်စပ်မှ ထီးခီး− မေတ္တာ - ထားဝယ်ရေနက်ဆိပ်ကမ်းအထိဖောက်လုပ်ထားသည့် အဆိုပါကားလမ်းကို အဆင့်မြှင့်တင်ခြင်းဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ကုန်ကြမ်းများ အလွယ်တကူ ပို့ဆောင်နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လွှတ်တော်၌ ရှင်းပြထားခဲ့ပါတယ်။ Source ; 7 day

Friday, 02 November 2018 03:28

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမူဘောင်သဘောတူညီချက် နိုဝင်ဘာ ၈ ရက်တွင် ရေးထိုးမည်

ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံရှိမည်ဟု ခန့်မှန်းထားသော ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတည်ဆောက်ရန် မြန်မာအစိုးရနှင့် တရုတ်နိုင်ငံ CITIC Group တို့အကြား မူဘောင်သဘောတူညီချက်ကို လာမည့်နိုဝင်ဘာ ၈ ရက်တွင် လက်မှတ်ရေးထိုးသွားမည်ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောခဲ့ပါတယ်။ ''ပထမအဆင့်မှာ ရေနက်ဆိပ်ကမ်းကို ၁ ဒသမ ၃ ဘီလျံလောက် (ကန်ဒေါ်လာ)နဲ့ စပြီးတော့ အကောင်အထည်ဖော်မယ်ဆိုပြီး သဘောတူညီချက်ရခဲ့ပါတယ်။ ရလို့ နိုဝင်ဘာ ၈ ရက်မှာ CITIC နဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီတို့အကြား မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးသွားဖို့ ရှိပါတယ်''ဟု နေပြည်တော်တွင် အောက်တိုဘာ ၃ဝ ရက်က ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ CITIC Group သည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ခုနစ်ဘီလျံခန့်ရှိသော ကျောက်ဖြူအထူးစီးပွားရေးဇုန်တစ်ခုလုံးကို တည်ဆောက်ရန်အတွက် ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလကတည်းက တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းများ စတင်အကောင်အထည်ဖော်ရန်အတွက် မူဘောင်သဘောတူညီချက် တစ်ရပ်လက်မှတ်ရေးထိုးရန် ညှိနှိုင်းရာတွင် မြန်မာဘက်က ပြင်ဆင်ချက်နှစ်ခုကို ထည့်သွင်းညှိနှိုင်းခဲ့ရာ အချိန်တစ်ခုကြာပြီးနောက် ယခုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်ပါတယ်။ CITIC Group နှင့် မြန်မာအစိုးရတို့အကြား ပြန်လည်ညှိနှိုင်းပြီး သဘောတူညီမှုရရှိခဲ့သည့် အချက်နှစ်ချက်မှာ မူလသဘောတူညီထားသော ပိုင်ဆိုင်မှုအချိုး ၁၅း၈၅ အစား၊ ၃ဝး၇ဝ အချိုးသို့ တိုးမြှင့်ရန်နှင့် စီမံကိန်းကို အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော်သွားရန်ဖြစ်ပါတယ်။အဆင့်လေးဆင့်တွင် ပထမအဆင့်ဖြစ်သော ရေနက်ဆိပ်ကမ်းကို အကောင်အထည်ဖော်ရန်အတွက် မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးတော့မည်ဖြစ်ပါတယ်။ ''၁ ဒသမ ၃ ဘီလျံနဲ့ စလုပ်ပါမယ်။ လုပ်တဲ့အခါမှာ မြန်မာဘက်ကလည်း အချိုးကျထည့်ဝင်ရမှာ ဖြစ်ပါတယ်''ဟု ဝန်ကြီးဦးအောင်ထူးက ပြောခဲ့ပါတယ်။စီမံကိန်းပိုင်ဆိုင်မှုအချိုး နှင့် ပတ်သက်ပြီးညှိနှိုင်းသဘောညီချက်အရ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းသို့ တိုးမြင့်ရရှိမည်ဖြစ်သော်လည်း လုပ်ငန်းကုန်ကျစရိတ်များကိုပါ မြန်မာဘက်ကအချိုးကျထည့်ဝင်ရတော့မည်လဲ ဖြစ်ပါတယ်။ ''မူလက ၁၅ ရာခိုင်နှုန်းမှာ မြန်မာဘက်က ငွေကြေးထည့်ဝင်ဖို့ မရှိပါဘူး။ တရုတ်ဘက်ကနေ အလွတ်ပေးတယ်ဆိုတဲ့ သဘောမျိုးပေါ့။ အခု ၃ဝ ရာခိုင်နှုန်းဆိုတော့ မြန်မာဘက်ကအချိုးကျထည့်ဝင်သွားရမယ့်သဘောဖြစ်ပါတယ်''ဟု မြန်မာတိုင်း(မ်)သို့ ပြောပြချက်အရ သိခဲ့ရပါတယ်။ ထိုကဲ့သို့ အချိုးကျ ထည့်ဝင်ရမည်ဖြစ်သောကြောင့်လည်း ရင်းနှီးမြှုပ်နှံမှုကြီးမားလွန်းသော ထိုစီမံကိန်းကို အဆင့်လေးဆင့်ဖြင့်ခွဲပြီး အကောင်အထည် ဖော်သွားမည်ဖြစ်ပါတယ်။''အဲဒီလိုထည့်ဝင်ရမှာမို့လို့ မြန်မာဘက်က ရင်းနှီးမြှုပ်နှံမှုကလည်း ကြီးမားပါတယ်။ ဒါကြောင့် ခွဲပြီးလုပ်ဖို့ပေါ့။ အောင်မြင်တဲ့ အခါကျမှ ဆက်ပြီးလုပ်မယ်''ဟု ပြောကြားချက်အရ သိခဲ့ရပါတယ်။ Source : myanmar time

Tuesday, 30 October 2018 11:02

ဒဂုံအရှေ့ပိုင်းရှိ ရွာသာကြီးဘူတာအနီး ကုန်းတွင်းဆိပ်ကမ်းတည်ဆောက်မှု ပြီးစီးပြီဖြစ်၍ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဖွင့်လှစ်မည်

ဒဂုံအရှေ့ပိုင်းရှိ ရွာသာကြီးဘူတာအနီး တည်ဆောက်ထားသည့် ကုန်းတွင်းဆိပ်ကမ်းတည်ဆောက်မှု ပြီးစီးပြီဖြစ်၍ နိုဝင်ဘာ ၁၁ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။အဆိုပါကုန်းတွင်း ဆိပ်ကမ်းတည်ဆောက်မှုပြီးစီးပါက ရန်ကုန်ဆိပ်ကမ်းများမှ ကုန်သေတ္တာများအား မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့ ကုန်သေတ္တာရထားဖြင့် တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သတင်းရရှိသည်။ ရန်ကုန်ဆိပ်ကမ်းများမှ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ကုန်သေတ္တာများအားရထားဖြင့်တင်ပို့နိုင်ရန် ဒဂုံအရှေ့ပိုင်းရှိ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်းမှ မြစ်ငယ်သို့ ကုန်သေတ္တာတင်ရထား စမ်းသပ်ခုတ်မောင်းခဲ့ကြောင်း သိရသည်။မြန်မာ့မီးရထားလုပ်ငန်းသည် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းမှ ကုန်သေတ္တာရထားများ ပြေးဆွဲနိုင်ရန် ဆောင်ရွက်နေရာအောက်တိုဘာ ၁၂ ရက်က ရွာသာကြီး-မြစ်ငယ်အမှတ် ၉၂၃ အဆန် ကုန်သေတ္တာရထားအား စမ်းသပ်ခုတ်မောင်းနိုင်ခဲ့ကြောင်း သိရသည်။ ဒဂုံအရှေ့ပိုင်းရှိ ရွာသာကြီးရှိ မြန်မာ့မီးရထားပိုင်မြေပေါ်တွင် ကုန်းတွင်းဆိပ်ကမ်း ( Dry Ports) နှစ်ခုအား တည်ဆောက်ထားခြင်းဖြစ်သည်။အဆိုပါ ကုန်းတွင်းဆိပ်ကမ်းနှစ်ခုသည် မြန်မာ့မီးရထားပိုင်မြေပေါ်တွင် BOT စနစ် GS KM Terminal & Logistics LimitedResource Group Logistics Co, Ltd ကုမ္ပဏီနှစ်ခုတို့က တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုကုန်းတွင်းဆိပ်( Dry Ports) နှစ်ခုသည် ဧက ၄ဝ စီရှိပြီး၊ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာက စတင်တည်ဆောက်ခဲ့ကာ ယခုနှစ်အောက်တိုဘာတွင် တည်ဆောက်မှုပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ရွာသာကြီး ကုန်းတွင်းဆိပ်နှစ်ခုကို ပုဂွလိကကုမ္ပဏီနှစ်ခုက အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ကုန်ကျခံ တည်ဆောက်နေခြင်းဖြစ်ပြီး၊ လက်ရှိတွင်ကုန်းတွင်းဆိပ်ကမ်းများတည်ဆောက်မှုမှာ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ “ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းကနေ မြစ်ငယ်အထိ ကုန်သေတ္တာတင်ရထား စမ်းသပ်ခုတ်မောင်းခဲ့ပါတယ်။ ဒီစမ်းသပ်ခုတ်မောင်းမှု အဆင်ပြေတယ်ဆိုရင် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းကနေကုန်သေတ္တာ တွေကို ရထားနဲ့တင်ပို့နိုင်တော့မှာဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ ကုန်းတွင်းဆိပ်ကမ်း ( Dry Ports) နှစ်ခု တည်ဆောက်မှုအားလုံးပြီးစီးပါကသီလဝါရွာသာကြီး-မြစ်ငယ်တို့အကြား ကုန်သေတ္တာရထားတွဲများ ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။လက်ရှိတည်ဆောက်နေသည့် (Dry Ports) နှစ်ခုတွင် ကုန်သေတ္တာအလုံးရေနှစ် သိန်းကျော်သိုလှောင်နိုင်မည်ဖြစ်ပြီး ရန်ကုန်မြို့တွင်း နှင့် သီလဝါဆိပ်ကမ်းအကြား ယာဉ်ကြောကျပ်တည်းမှုလျှော့ချနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ မြေ ၅၉ ဧကကျော်တွင် ပို့ကုန်အရည်အသွေး ထိန်းသိမ်းရန် နှင့် ကုန်ကျစရိတ်လျှော့ချနိုင်ရန် အဓိကလိုအပ်သည့် နိုင်ငံတကာအဆင့်မီ ကုန်စည်ထောက်ပံ့ဖို့ဆောင်ရေးဗဟိုစခန်း ( Logistics Hub) တည်ဆောက်မည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ Source : Daily Eleven