ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာ၌ လုပ်ကိုင်ခွင့်ရရှိမည့်လုပ်ငန်းပုံစံများနှင့် စံသတ်မှတ်ချက်များကို နိုဝင်ဘာလကုန်တွင် ထုတ်ပြန်ပေးမည် - Logistics Guide
Monday, 30 October 2017 07:01

ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာ၌ လုပ်ကိုင်ခွင့်ရရှိမည့်လုပ်ငန်းပုံစံများနှင့် စံသတ်မှတ်ချက်များကို နိုဝင်ဘာလကုန်တွင် ထုတ်ပြန်ပေးမည်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အတည်ပြုမိန့်ဖြင့် လုပ်ကိုင်ခွင့်ရရှိမည့်လုပ်ငန်းပုံစံများနှင့် စံသတ်မှတ်ချက်များကို စုပေါင်း၍ နိုဝင်ဘာလကုန်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။

ယင်းလုပ်ငန်းများမှာ မြန်မာနိုင်ငံသားများမှလွဲ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လုပ်ကိုင်ခွင့်မရှိသည့်လုပ်ငန်းများ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ်လုပ်ကိုင်ခွင့်ရှိသည့်လုပ်ငန်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသည့် လုပ်ငန်းများဟူ၍ သတ်မှတ်ထုတ်ပြန်မည်ဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ ကုမဏီများ အက်ဥပဒေကို လက်ရှိအချိန်တွင် ပြန်ပြင်ရေးဆွဲလျက်ရှိကာ ယင်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါကနိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်းမည်မျှပါဝင်သည်ဖြစ်စေ မြန်မာနိုင်ငံသားကုမဏီအဖြစ် သတ်မှတ်သွားမည်ဖြစ်ခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ကြောင်း သိရပါတယ်။

Source: Myawaddy

Read 2570 times
Rate this item
(1 Vote)