Latest News
Friday, 12 August 2022 04:35
ပို့ကုန်သွင်းကုန်လုပ်ငန်းစဉ်များတွင်အသုံးပြုသည့် Tradenet 2.0 စနစ်တွင် ပူးပေါင်းဆောင်ရွက်ရန်မှုများလိုအပ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် Tradenet 2.0 စနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကုန်သည်/ စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများအနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်ဆိုင်ရာ ထောက်ခံချက်ပေးသည့် လုပ်ငန်းစဉ်များကို ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဇူလိုင်လအထိ သက်ဆိုင်ရာ OGA ဌာနများမှ ပို့ကုန်သွင်းကုန်လိုင်စင်ဆိုင်ရာ ထောက်ခံချက် ထုတ်ပေးလျက်ရှိပြီး ကျန်ဌာနများအနေဖြင့်လည်း Tradenet 2.0 မှတစ်ဆင့် ထောက်ခံချက်ပေးနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထားသည်။ လုပ်ငန်းရှင်များအနေဖြင့်မိမိတို့နှင့် သက်ဆိုင်သည့်ဌာနများ သို့မဟုတ် အသင်းများထံသို့ ချိတ်ဆက်၍ ပို့ကုန်သွင်းကုန်လိုင်စင်အတွက် ထောက်ခံချက်များကိုရယူရမည်ဖြစ်သည်။
Tradenet 2.0 စနစ်အသုံးပြုမှုနှင့်ပတ်သက်၍လိုအပ်သည့်နည်းပညာဆိုင်ရာ အခက်အခဲများရှိပါက ဖုန်းနံပါတ် ၀၆၇-၄၀၈၆၇၀၊ ၀၆၇-၄၀၈၆၇၁၊ Email:
[email protected] တို့တွင် စုံစမ်းအကူအညီရယူနိုင်ကြောင်း သိရသည်။
Source: Myanma Alinn