Thursday, 11 October 2018 10:09
TEU (Twenty-foot Equivalent Unit) နှင့် လိုင်းအပိုင် သင်္ဘောအရေအတွက်ကို အခြေခံတွက်ယူထားသော 2018 Top Ten စာရင်းဖြစ်ပါတယ်။
1. A.P. Moller–Maersk Group=================
Maersk / Maersk Line ပိုင်ရှင် A.P. Moller–Maersk Group ကတော့ ဒိန်းမတ်နိုင်ငံသားပိုင် ကမ္ဘာ့အကြီးမားဆုံး ကုန်တင်သင်္ဘော လုပ်ငန်းပေါင်းစုပါ။ ကမ္ဘာအနှံ့ Registered အလုပ်သမားပေါင်း 35,600 နဲ့နိင်ငံပေါင်း ( ၁၃၅ ) မှာ ရုံးခွဲပေါင်း ၅၇၄ ခု ဖွင့်လှစ်ထားပါတယ်။ ကမ္ဘာအနှံ့ ဆိပ်ကမ်း ၃၄၀ ကျော်ကျော် ဆိုင်ကပ်တဲ့ သင်္ဘောစီးရေ 773 စီး ပြေးဆွဲနေပါတယ်။ 1904 မှာ စတင်ခဲ့ရာမှ TEU 4.1 million (18.7% market share) ဖြင့် ကမ္ဘာ့နံပတ် ၁ နေရာကို ပိုင်ဆိုင်ထားသူပါ။
2. Mediterranean Shipping Company (MSC)
================================
MSC ဟာ Geneva အခြေစိုက် Italian သင်္ဘောလုပ်ငန်းပါ။ နာမည်ကြီး ဧရာမ သင်္ဘောများ နဲ့Cruise liner operator (MSC Cruises) များကြောင့် ကမ္ဘာ့စီးပွားရေးမှာ နာမည်ကြီးခဲ့သည့် အဖွဲ့အစည်း။ 1970 မှာ တည်ထောင်ခဲ့ပြီး Patricia Vessel မှ စတင်ခဲ့ရာ သင်္ဘောစီးရေ 517 စီး 3.3 million TEU နဲ့ ဈေးကွက်ကို 14.8% အထိ ပိုင်ဆိုင်ခဲ့ပါပြီ။
3. CMA CGM Group==============
ပြင်သစ် သင်္ဘောလိုင်း CMA CGM ဟာ 1996 မှာ Compagnie Générale Maritime (CGM) နှင့် Compagnie Maritime d'Affrètement (CMA) ပူးပေါင်းခဲ့ရာမှ စတင်ခဲ့ပါတယ်။ မပူးပေါင်းခင်ကာလ 1851 ကတည်းက သင်္ဘောလောက သမိုင်းမှာ ကျင်လည်ခဲ့သူများပီပီ ယခု ကမ္ဘာ့တတိယမြောက် အကြီးဆုံးလိုင်း အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ CMA CGM မှာ သင်္ဘောစီးရေ 493 စီးနှင့် TEU 2.5 million ဖြင့် 11.5% ဈေးကွက်ကို ဝေစုရထားပါတယ်။
4. COSCO======
China Ocean Shipping (Group) Company, COSCO ကတော့ တရုတ်သင်္ဘောလိုင်း။ Beijing မှာ ရုံးချုပ်ထားရှိပါတယ်။ February 2016 မှာ China Shipping Group အဖြစ်စုစည်းခဲ့ပါတယ်။ စတုတ္ထမြောက် အကြီးဆုံးလိုင်းဖြစ်ရာ Market share 8.9% ပိုင်ဆိုင်ထားပါတယ်။COSCO ဟာ သင်္ဘောစီးရေ354 စီး နဲ့ TEU 2 million အထိ ပြေးဆွဲ လည်ပတ်နေသူပါ။
5. Hapag-Lloyd=========
1970 မှာ တည်ထောင်ခဲ့တဲ့ Hapag-Lloyd ကို အစပိုင်းက Amerikanische Packetfahrt-Actien-Gesellschaft (HAPAG) နဲ့ Norddeutscher Lloyd (NDL) တို့က ပူးပေါင်းတည်ထောင်ခဲ့တာပါ။ 2014 မှာ Compañía Sud Americana de Vapores (CSAV) ကပါ ပူးပေါင်းခဲ့ရာမှ ဂျာမန်ပိုင် ကမ္ဘာ့ ပဉ္စမမြောက် အကြီးဆုံး လုပ်ငန်းစု ဖြစ်လာခဲ့ပါတယ်။ခုချိန်မှာတော့ သင်္ဘောစီးရေ ၂၂၇ စီး TEU 1.6 million အင်အားနဲ့ ဈေးကွက်ဝေစု 7.3% ကို ချုပ်ကိုင်နိုင်ခဲ့ပါတယ်။
6. Ocean Network Express (ONE)=================
Singapore Headquarters နဲ့ ဂျပန်ကုမ္ပဏီ ONE ကို ၇ ရက် ၇ လ ၂၀၁၇ မှာ Nippon Yusen Kaisha (38% stake), K Line (31% stake) and Mitsui O.S.K. Lines (31% stake) တို့နဲ့ ပေါင်းစည်းခဲ့တာပါ။ သင်္ဘောစီးရေ ၂၃၂ စီး TEU 1.5 million ကျော် ပိုင်ဆိုင်ထားရာ ဈေးကွက်ဝေစု 7.1% ရရှိခဲ့ပါတယ်။
7. Evergreen Marine Corp=================
Evergreen ကတော့ နံပတ် ၇ မှာ ရပ်တည်နေတာပါ။ သင်္ဘောစီးရေ ၁၉၇ စီး TEU 1.1 million ကျော်နဲ့ ကမ္ဘာ့ဈေးကွက်မှာ ဝေစု 5% ယူထားပါတယ်။ ရုံးချုပ်က Taoyuan City, Taiwan ဖြစ်ပြီး ၁၉၆၈ မှာ စတင်လည်ပတ်ခဲ့သူပါ။
8. Orient Overseas Container Line (OOCL)==========================
1947 မှာ Hong-Kong အခြေစိုက် OOCL ကို စတင်ခဲ့ပါတယ်။ Orient Overseas Line လို့ အစပိုင်းမှာ လူသိများခဲ့ပြီး 1969 မှာတော့ Orient Overseas Container Line လို့ အမည်ပြန်ပြောင်းခဲ့တဲ့ ကမ္ဘာ့ နံပတ် ၈ သဘောင်္လိုင်းပါ။နာမည်ကြီး ဧရာမ သင်္ဘော OOCL Hong Kong အပါအဝင် သင်္ဘောစီးရေ ၁၀၀ ကျော် 694,597 TEU နဲ့ 3.1% ဈေးကွက်ဝေစု ချုပ်ကိုင်ထားသူပါ။
9. Yang Ming Marine Transport Corporation===========================
Keelung, Taiwan အခြေစိုက် Yang Ming ကတော့ 1972 မှာ စတင်တည်ထောင်ခဲ့တာပါ။ နံပတ် ၉ နေရာနဲ့ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်း။ သင်္ဘောစီးရေ ၁၀၆ စီးနဲ့ 646,393 TEU အင်အားရှိပါတယ်။ ဈေးကွက်ဝေစု 2.9% ကို ရရှိထားသည့် အဖွဲ့အစည်းပါ။
10.Pacific International Line (PIL)======================
Singapore တွင် တည်ထောင်ခဲ့သော PILဟာ သင်္ဘောစီးရေ ၁၃၅ စီးနဲ့ TEU 427,624 နဲ့ အဆင့် ၁၀ နေရာမှာ လည်ပတ်နေပါတယ်။ ကမ္ဘာ့ဈေးကွက် ဝေစုရဲ့ 1.9% ရှိပြီး 1967 မှာ တရုတ်လူမျိုး စွန့်ဦးလုပ်ငန်းရှင် Chang Yun Chung တည်ထောင်ခဲ့တဲ့ Private Company တစ်ခုဖြစ်ပါတယ်။တစ်ကမ္ဘာလုံး စုစုပေါင်း TEU capacity မှာ 22 million ဝန်းကျင်အဖြစ် ယူဆထားကြပါတယ်။