Containers

Monday, 07 November 2022 11:27

ကုန်စည်ကွန်တိန်နာ ရရှိမှု ရုတ်တရက် ကျဆင်းခဲ့သော်လည်း ONE အမြတ်ငွေ မြင့်တက်ခဲ့

ကုန်စည်ကွန်တိန်နာ ရရှိမှု ရုတ်တရက် ကျဆင်းခဲ့သော်လည်း ONE အမြတ်ငွေ မြင့်တက်ခဲ့

Sunday, 06 November 2022 13:29

ကွန်တိန်နာသင်္ဘောလိုင်းများ အကျဘက်သို့ ရောက်နေကြောင်း Maersk သတိပေး

ကွန်တိန်နာသင်္ဘောလိုင်းများ အကျဘက်သို့ ရောက်နေကြောင်း Maersk သတိပေး

Sunday, 06 November 2022 13:14

MSC တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘော ၃ စီး ဆက်တိုက်ဝယ်ယူ

MSC တစ်ပတ်ရစ် ကွန်တိန်နာသင်္ဘော ၃ စီး ဆက်တိုက်ဝယ်ယူ

Tuesday, 01 November 2022 09:01

အရွယ်အစား မကြီးမားသည့် ကွန်တိန်နာသင်္ဘောများ အဖျက်ခံရဖွယ်ရှိ

အရွယ်အစား မကြီးမားသည့် ကွန်တိန်နာသင်္ဘောများ အဖျက်ခံရဖွယ်ရှိ

Monday, 31 October 2022 07:31

၂၀၂၂ နိုဝင်ဘာလ ရန်ကုန်ဆိပ်ကမ်း လာရောက်မည့် ကွန်တိန်နာသင်္ဘောလိုင်း ၁၆ ခု၏ ခရီးစဉ် ၅၁ ခု

၂၀၂၂ နိုဝင်ဘာလ ရန်ကုန်ဆိပ်ကမ်း လာရောက်မည့် ကွန်တိန်နာသင်္ဘောလိုင်း ၁၆ ခု၏ ခရီးစဉ် ၅၁ ခု

Sunday, 30 October 2022 10:06

Cosco က မက်သနောသုံး အကြီးစား ကွန်တိန်နာသင်္ဘောအသစ်များ ဒေါ်လာ ၂.၉ ဘီလီယံဖိုး မှာကြား

Cosco က မက်သနောသုံး အကြီးစား ကွန်တိန်နာသင်္ဘောအသစ်များ ဒေါ်လာ ၂.၉ ဘီလီယံဖိုး မှာကြား

Friday, 21 October 2022 14:57

တတိယ ၃လပတ်တွင် ကန်ဒေါ်လာ ၅ ဘီလီယံကျော် OOCL ရရှိခဲ့

တတိယ ၃လပတ်တွင် ကန်ဒေါ်လာ ၅ ဘီလီယံကျော် OOCL ရရှိခဲ့

Sunday, 16 October 2022 08:44

MSC ကွန်တိန်နာ သင်္ဘောလိုင်း သင်္ဘောသစ် မှာယူမှု စံချိန်တင်များပြား

MSC ကွန်တိန်နာ သင်္ဘောလိုင်း သင်္ဘောသစ် မှာယူမှု စံချိန်တင်များပြား

Friday, 30 September 2022 17:33

၂၀၂၂ အောက်တိုဘာလ ကွန်တိန်နာသင်္ဘောာလိုင်း ၁၃ ခု၏ ခရီးစဉ် ၅၅ ခု စာရင်း

၂၀၂၂ အောက်တိုဘာလအတွက် လျာထားသည့် ကွန်တိန်နာသင်္ဘောလိုင်း ၁၃ ခု၏ ခရီးစဉ် ၅၅ ခု အစီအစဉ် စာရင်းကို ဖော်ပြအပ်ပါသည်။

Thursday, 29 September 2022 07:06

ဈေးလျှော့ပေးရန် shippers များနှင့် Yang Ming ဆွေးနွေးညှိနှိုင်းမည်ဟု ပြောကြား

ဈေးလျှော့ပေးရန် shippers များနှင့် Yang Ming ဆွေးနွေးညှိနှိုင်းမည်ဟု ပြောကြား

Saturday, 17 September 2022 08:35

COSCO က ထိပ်ဆုံးရောက်ဖို့ ဒေါ်လာ ၅ ဘီလီယံ လောင်းကြေးထပ်

COSCO က ထိပ်ဆုံးရောက်ဖို့ ဒေါ်လာ ၅ ဘီလီယံ လောင်းကြေးထပ်

Friday, 16 September 2022 02:28

Cosco Shipping Holdings ပထမနှစ်ဝက် ဝင်ငွေ စံချိန် ထုတ်ပြန်ကြေညာ

Cosco Shipping Holdings ပထမနှစ်ဝက် ဝင်ငွေ စံချိန် ထုတ်ပြန်ကြေညာ

Wednesday, 14 September 2022 07:00

ကွန်တိန်နာသင်္ဘော လုပ်ငန်းကဏ္ဍ နိမ့်တုံမြင့်တုံ

ကွန်တိန်နာသင်္ဘော လုပ်ငန်းကဏ္ဍ နိမ့်တုံမြင့်တုံ

Saturday, 10 September 2022 10:52

ကွန်တိန်နာသင်္ဘောကဏ္ဍ ၃လပတ် ၇ ခုဆက်တိုက် စံချိန်တင် အမြတ်များ ရရှိခဲ့

ကွန်တိန်နာသင်္ဘောကဏ္ဍ ၃လပတ် ၇ ခုဆက်တိုက် စံချိန်တင် အမြတ်များ ရရှိခဲ့

Wednesday, 07 September 2022 04:23

ကမ္ဘာ့ထိပ်တန်းအကြီးဆုံး ကုန်သေတ္တာတင်သင်္ဘော (၁၀) စီး

ကမ္ဘာ့ကုန်စည်ကူးသန်းရောင်းဝယ်ရေး၏ (၉၀)ရာခိုင်နှုန်းခန့်မှာ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးဖြင့် အသုံးပြုနေကြပြီး လက်ရှိကမ္ဘာ့ရေပြင်တစ်လွှားတွင် ကုန်သွယ်သင်္ဘော (၅၀၀၀၀)ကျော် သွားလာပြေးဆွဲနေလျက်ရှိသည်။ ၎င်းတို့အနက် ကုန်သေတ္တာတင်သင်္ဘော (Container ship) များမှာလည်း အရေးပါသည့်အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်နေသည်။ ကုန်သေတ္တာတင်သင်္ဘောဆိုသည်မှာ ကုန်တင်သင်္ဘောများပင်ဖြစ်ပြီး Intermodal container (or) ISO onshore container များအတွင်းထည့်သွင်းထားသည့် ကုန်စည်ပစ္စည်းများကို သယ်ဆောင်ကြခြင်းဖြစ်သည်။ ကုန်သေတ္တာတင်သင်္ဘောများကို ၎င်းတို့၏ ကုန်ပစ္စည်းတင်ဆောင်နိုင်မှု ပမာဏအပေါ်မူတည်၍ အတန်းအစား(၇)မျိုးခွဲခြားထားပြီး ငယ်စဉ်ကြီးလိုက်အစဉ်အရ - (၁) OOCL Hong Kong ----------------------------- လက်ရှိအချိန်ထိ တည်ဆောက်ခဲ့ပြီးသည့် ကုန်သေတ္တာတင်သင်္ဘောများအနက် အကြီးဆုံးသင်္ဘောဖြစ်သည်။ ဆမ်ဆောင်းအကြီးစားစက်မှုလုပ်ငန်း၏ Geoje သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မေလတွင် စတင်ပြေးဆွဲခဲ့သည်။ သင်္ဘောအလျား ၃၉၉ ဒသမ ၈၇ မီတာ၊ ဗြက် ၅၈ ဒသမ ၈ မီတာနှင့် အနက် ၃၂ ဒသမ ၅ မီတာရှိပြီး ကုန်သယ်ဆောင်နိုင်မှုပမာဏမှာ ၂၁၄၁၃ TEU ဖြစ်သည်။ Orient Overseas Container Line မှ အရှေ့အာရှနှင့် ဥရောပမြောက်ပိုင်းသို့ ပြေးဆွဲနေသော ဟောင်ကောင်အလံတင်သင်္ဘောဖြစ်သည်။ (၂) COSCO Shipping Universe ---------------------------------------- ဒုတိယအကြီးဆုံး ကုန်သေတ္တာတင်သင်္ဘောကြီးဖြစ်ပြီး အလျားမီတာ ၄၀၀၊ ဗြက် ၅၈ ဒသမ ၆ မီတာရှိသည်။ကုန်သယ်ဆောင်နိုင်မှုပမာဏမှာ ၂၁၂၃၇ TEU ဖြစ်ပြီး တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်တင်သင်္ဘောဖြစ်သည်။၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံပိုင် သင်္ဘောတည်ဆောက်ရေးကော်ပိုရေးရှင်းမှ တည်ဆောက်ကာ COSCO (China Ocean Shipping Company Limited) သို့လွှဲပြောင်းပေးခဲ့သည်။ဟောင်ကောင်အလံတင်သင်္ဘောဖြစ်ကာ တရုတ်နိုင်ငံကမ်းရိုးတန်းမှ ဥရောပနှင့်အာဖရိကသို့ တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းပြေးဆွဲလျက်ရှိသည်။ (၃) CMACGM Antoine De Saint Exupery ------------------------------------------------- ပြင်သစ်စာရေးဆရာ၊ ကဗျာဆရာနှင့်လေသူရဲ Antoine De Saint Exupery ၏အမည်ကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်သည်။ပြင်သစ်အလံတင် ကုန်သေတ္တာတင်သင်္ဘောများအနက် အကြီးဆုံး သင်္ဘောဖြစ်သည်။သင်္ဘောအလျားမီတာ ၄၀၀၊ ဗြက် ၅၉ မီတာရှိပြီး ကုန်သယ်နိုင်မှုပမာဏမှာ ၂၀၉၅၄ TEU ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ Hanjin Heavy Industries and Construction ကတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင်ရေချကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ပြေးှဆွဲခဲ့သည်။အာရှနှင့် ဥရောပမြောက်ပိုင်းသို့ပြေးဆွဲသော အရှည်ဆုံးရေကြောင်းလမ်းဖြစ်သည့် French Asia Line-1 တွင်ပြေးဆွဲလျက်ရှိသည်။ (၄) Madrid Maersk --------------------------- သင်္ဘောမှာ Maersk Triple E-Class ကုန်သေတ္တာတင်သင်္ဘော ဒုတိယမျိုးဆက် (၁၁)စင်းအနက် ပထမဆုံးသင်္ဘောဖြစ်သည်။ Daewoo Shipbuilding and Marine Engineering မှတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သင်္ဘောအလျား ၃၉၉ မီတာ၊ ဗြက် ၅၈ ဒသမ ၈ မီတာရှိပြီး ကုန်သယ်ယူနိုင်မှုပမာဏ ၂၀၅၆၈ TEU ရှိသည်။ ဒိန်းမတ်ကုန်သေတ္တာတင်သင်္ဘောလိုင်း Maresk Line မှပိုင်ဆိုင်ပြီး A P Moller-Maersk Group တွင်ပြေးဆွဲလျက်ရှိသည်။ (၅) Ever Golden -------------------- ဂျပန်နိုင်ငံ၊ Saijo သင်္ဘောကျင်းတွင် Imabari Shipbuilding Co.,Ltd မှ ၂၀၁၈ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အလျားမီတာ ၄၀၀ ရှည်လျားပြီး ဗြက် ၅၈ ဒသမ ၈ မီတာကျယ်ဝန်းသည်။ ကုန်သယ်ယူနိုင်မှုပမာဏမှာ ၂၀၂၅၀ TEU ဖြစ်သည်။ထိုင်ဝမ်ကုန်တင်သင်္ဘောလိုင်း Evergreen တွင်ပြေးဆွဲလျက်ရှိသည်။ ပနားမားအလံတင် သင်္ဘောဖြစ်သည်။ (၆) MOL Truth ----------------- ဂျပန်နိုင်ငံ၊ Imabari Shipbuilding Co.,Ltd မှ Saijo သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့သည့် နောက်ထပ်ဧရာမကုန်သေတ္တာတင်သင်္ဘောကြီး ဖြစ်သည်။ဂျပန်နိုင်ငံ၊ Ocean Network Express (ONE) Group မှပြေးဆွဲနေသည့် ပနားမားအလံတင်သင်္ဘောဖြစ်သည်။ အလျားမီတာ ၄၀၀ ရှည်လျားပြီး ဗြက် ၅၈ ဒသမ ၅ မီတာကျယ်ကာ ကုန်သယ်ယူနိုင်မှုပမာဏ ၂၀၁၈၂ TEU ရှိသည်။ (၇) MOL Triump ------------------------- ဂျပန်သင်္ဘောလုပ်ငန်း Mitsui O.S.K Lines အတွက် တောင်ကိုရီးယားနိုင်ငံ၊ Geoje သင်္ဘောကျင်းတွင် Samsung Heavy Industries မှ တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ် မတ်လတွင် ရေချခဲ့သည့် အဆိုပါသင်္ဘောကြီးမှာ အလျားမီတာ ၄၀၀ ရှည်လျားပြီး ဗြက် ၅၉ မီတာကျယ်သည်။ ကုန်သယ်ယူနိုင်မှုပမာဏမှာ ၂၀၁၇၀ TEU ရှိသည်။ မာရှယ်ကွျှန်းစု အလံတင်သင်္ဘောဖြစ်သည်။ (၈) COSCO Shipping Taurus ----------------------------------------- China Ocean Shipping Company Limited ပိုင်သင်္ဘောကြီးဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် Waigaogiao Shipbuilding မှတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သင်္ဘောအလျားမှာ ၃၉၉ ဒသမ ၈ မီတာရှည်လျားပြီး ဗြက် ၅၈ ဒသမ ၇ မီတာကျယ်သည်။ ကုန်သယ်ယူနိုင်မှုပမာဏမှာ ၂၀၁၁၉ TEU ဖြစ်သည်။ ဟောင်ကောင်အလံတင် သင်္ဘောဖြစ်သည်။ (၉) MV Barzan ----------------------- ၂၀၁၅ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၊ Mopko သင်္ဘောကျင်းတွင် Hyundai Heavy Industries မှတည်ဆောက်ခဲ့သည့် သင်္ဘောဖြစ်သည်။ United Arab Shipping Company (UACC) မှပိုင်ဆိုင်ပြီး ဂျာမန်အခြေစိုက် Hapag-Lloyd မှငှားရမ်းပြေးဆွဲလျက်ရှိသည်။ သင်္ဘောအလျား မီတာ ၄၀၀ ရှည်လျားပြီး ဗြက် ၅၈ ဒသမ ၆ မီတာ ကျယ်ပြန့်သည်။ ကုန်သယ်ဆောင်နိုင်မှုပမာဏမှာ ၁၉၈၀၀ TEU ရှိသည်။ မော်တ်တာအလံတင်သင်္ဘောဖြစ်သည်။ (၁၀) MSC Diana ------------------------- Mediterranean Shipping Company မှပိုင်ဆိုင်ပြီး သင်္ဘောမှာ အလျား ၃၉၉ ဒသမ ၉ မီတာနှင့် ဗြက် ၅၈ ဒသမ ၈ မီတာရှိသည်။ ကုန်သယ်ယူနိုင်မှုပမာဏမှာ ၁၉၄၆၂ TEU ဖြစ်သည်။၂၀၁၆ ခုနှစ်တွင် Samsung Shipbuilding and Heavy Industries မှတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လိုက်ဘေးရီးယားအလံတင်သင်္ဘောဖြစ်သည်။ Source : Marine Insight Myanmar Logistics Guide

Thursday, 01 September 2022 06:25

HMM က ဈေးကွက်မရေရာခြင်း မြင့်မားနေဟု သုံးသပ်

HMM က ဈေးကွက်မရေရာခြင်း မြင့်မားနေဟု သုံးသပ်

Monday, 29 August 2022 10:01

စက်တင်ဘာလ ကွန်တိန်နာသင်္ဘောခရီးစဉ် ၅၅ ခု စာရင်း

၂၀၂၂ စက်တင်ဘာလအတွက် လျာထားသည့် ကွန်တိန်နာသင်္ဘောခရီးစဉ် ၅၅ ခု အစီအစဉ် စာရင်းကို ဖော်ပြအပ်ပါသည်။

Saturday, 27 August 2022 03:47

Maersk နှင့် CIMC ဒေါ်လာ ၉၈၇ သန်းတန် ကွန်တိန်နာလုပ်ငန်း အရောင်းအဝယ် ဖျက်သိမ်း

Maersk နှင့် CIMC ဒေါ်လာ ၉၈၇ သန်းတန် ကွန်တိန်နာလုပ်ငန်း အရောင်းအဝယ် ဖျက်သိမ်း

Monday, 15 August 2022 10:03

၂၀၂၂ ရဲ့ ထိပ်တန်းကွန်တိန်နာသယ်ယူပို့ဆောင်ရေးလုပ်ငန်း (၅) ခု

ကွန်တိန်နာသင်္ဘောများသည် ပင်လယ်ရေကြောင်းလမ်းဖြင့် ကုန်စည်ပို့ဆောင်ရာတွင် အရေးကြီးဆုံးနှင့် လိုအပ်ဆုံးသော သယ်ယူပို့ဆောင်ရေးတစ်ခုဖြစ်သည်။ ကုန်စည်တင်ဆောင်နိုင်မှုအပေါ် အခြေခံ၍ ထိပ်တန်း ကွန်တိန်နာ သင်္ဘောကုမ္ပဏီ ငါးခုကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။ TEU (Twenty-foot Equivalent Unit) နှင့် လိုင်းအပိုင် သင်္ဘောအရေအတွက်ကို အခြေခံတွက်ယူထားသော ၂၀၂၂ ခုနှစ်ရဲ့ Top Five စာရင်းဖြစ်ပါတယ်။ 1. APM-Maersk ================= Maersk / Maersk Line ပိုင်ရှင် A.P. Moller–Maersk Group ကတော့ ဒိန်းမတ်နိုင်ငံသားပိုင် ကမ္ဘာ့အကြီးမားဆုံး ကုန်တင်သင်္ဘော လုပ်ငန်းပေါင်းစုပါ။ ကမ္ဘာအနှံ့ Registered အလုပ်သမားပေါင်း (၃၅,၆၀၀) နဲ့ နိင်ငံပေါင်း ( ၁၃၅ ) မှာ ရုံးခွဲပေါင်း (၅၇၄) ခု ဖွင့်လှစ်ထားပါတယ်။ ကမ္ဘာအနှံ့ ဆိပ်ကမ်း (၃၄၀) ကျော်ကျော် ဆိုင်ကပ်တဲ့ သင်္ဘောစီးရေ (၇၇၃) စီး ပြေးဆွဲနေပါတယ်။ ၁၉၄၀၇ မှာ စတင်ခဲ့ရာမှ TEU 4.1 million နဲ့ ဈေးကွက်ကို ၁၈.၇% ဖြင့် ကမ္ဘာ့နံပတ် ၁ နေရာကို ပိုင်ဆိုင်ထားသူပါ။ 1. Mediterranean Shipping Company (MSC) =============================== MSC ဟာ Geneva အခြေစိုက် Italian သင်္ဘောလုပ်ငန်းပါ။ နာမည်ကြီး ဧရာမ သင်္ဘောများ နဲ့ Cruise Liner Operator (MSC Cruises) များကြောင့် ကမ္ဘာ့စီးပွားရေးမှာ နာမည်ကြီးခဲ့သည့် အဖွဲ့အစည်း။ ၁၉၇၀ မှာ တည်ထောင်ခဲ့ပြီး Patricia Vessel မှ စတင်ခဲ့ရာ သင်္ဘောစီးရေ (၅၁၇) စီး၊ 3.3 million TEU နဲ့ ဈေးကွက်ကို ၁၄.၈% အထိ ပိုင်ဆိုင်ခဲ့ပါပြီ။ 3. CMA CGM Group ================= ပြင်သစ် သင်္ဘောလိုင်း CMA CGM ဟာ ၁၉၉၆ မှာ Compagnie Générale Maritime (CGM) နှင့် Compagnie Maritime d'Affrètement (CMA) ပူးပေါင်းခဲ့ရာမှ စတင်ခဲ့ပါတယ်။ မပူးပေါင်းခင်ကာလ ၁၈၅၁ ကတည်းက သင်္ဘောလောက သမိုင်းမှာ ကျင်လည်ခဲ့သူများပီပီ ယခု ကမ္ဘာ့တတိယမြောက် အကြီးဆုံးလိုင်း အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ CMA CGM မှာ သင်္ဘောစီးရေ (၄၉၃) စီးနှင့် TEU 2.5 million ဖြင့် ၁၁.၅% ဈေးကွက်ကို ဝေစုရထားပါတယ်။ 4. COSCO ========== China Ocean Shipping (Group) Company, COSCO ကတော့ တရုတ်သင်္ဘောလိုင်း။ Beijing မှာ ရုံးချုပ်ထားရှိပါတယ်။ ၂၀၁၆ ဖေဖော်ဝါရီ မှာ China Shipping Group အဖြစ်စုစည်းခဲ့ပါတယ်။ စတုတ္ထမြောက် အကြီးဆုံးလိုင်းဖြစ်ရာ ၈.၉% ဈေးကွက်ကို ပိုင်ဆိုင်ထားပါတယ် ။COSCO ဟာ သင်္ဘောစီးရေ (၃၅၄) စီး နဲ့ TEU 2 million အထိ ပြေးဆွဲ လည်ပတ်နေသူပါ။ 5. Hapag-Lloyd ========= ၁၉၇၀ မှာ တည်ထောင်ခဲ့တဲ့ Hapag-Lloyd ကို အစပိုင်းက Amerikanische Packetfahrt-Actien-Gesellschaft (HAPAG) နဲ့ Norddeutscher Lloyd (NDL) တို့က ပူးပေါင်းတည်ထောင်ခဲ့တာပါ။ ၂၀၁၄ မှာ Compañía Sud Americana de Vapores (CSAV) ကပါ ပူးပေါင်းခဲ့ရာမှ ဂျာမန်ပိုင် ကမ္ဘာ့ ပဉ္စမမြောက် အကြီးဆုံး လုပ်ငန်းစု ဖြစ်လာခဲ့ပါတယ်။ ခုချိန်မှာတော့ သင်္ဘောစီးရေ (၂၂၇) စီး TEU 1.6 million အင်အားနဲ့ ဈေးကွက်ဝေစု ၇.၃% ကို ချုပ်ကိုင်နိုင်ခဲ့ပါတယ်။ Source: Marine Insight

Saturday, 13 August 2022 05:00

သင်္ဘောကုမ္ပဏီ Maersk က ဝယ်လိုအား ကျဆင်းပြီး ဂိုဒေါင်များတွင် ပစ္စည်းပြည့်နေကြောင်း ပြောကြား

သင်္ဘောကုမ္ပဏီ Maersk က ဝယ်လိုအား ကျဆင်းပြီး ဂိုဒေါင်များတွင် ပစ္စည်းပြည့်နေကြောင်း ပြောကြား

Thursday, 11 August 2022 07:27

ကုန်သေတ္တာအသုံးပြုခြင်း၏ အားနည်းချက်များ

ကုန်သေတ္တာများကို အသုံးပြုခြင်းအားဖြင့် ကုန်စည်ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးအပိုင်းတွင် အကျိုးကျေးဇူးများ များစွာဖြစ်ထွန်းလာခဲ့ပါတယ်။ သို့ရာတွင် ကုန်သေတ္တာအသုံးပြုသည့်အတွက် အားနည်းချက်များလည်း ရှိနေခဲ့ပါတယ်။ (၁) နေရာယူခြင်း ကုန်သေတ္တာများသည် အရွယ်အစားကြီးမားသဖြင့် တံတားအတွင်း အထူးသဖြင့် ထားသိုရာလွင်ပြင်တွင် နေရာယူ ကြပါတယ်။ ကုန်သေတ္တာအရေအတွက်များပြားလာသည့်အခါ ဆိပ်ကမ်းတံတားအတွင်းမှ ကုန်သေတ္တာအခွံများကို ကုန်သေတ္တာစခန်းများသို့ ရွှေ့ပြောင်းကြရပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်ရန်ရန်အတွက် အရွယ်အစားကြီးမားသော ကုန်သေတ္တာတင် သင်္ဘောကြီးများကို အသုံးပြုကြလာသည့်အခါ ဆိပ်ကမ်းဝင်/ထွက်ရာ ရေလမ်းကြောင်းရှိ ရေအနက်သည် ဆိပ်ကမ်းများအတွက် ပြဿနာတစ်ရပ်အဖြစ် ပေါ်ပေါက်လာပါတယ်။ ဥပမာအားဖြင့် ကုန်သေတ္တာ ၁၀၀၀၀ ကျော်တင်ဆောင်နိုင်သည့် သင်္ဘောတစ်စီး၏ ရေစူးမှာ ၁၃ မီတာခန့်ရှိပါတယ်။ (၂) ငွေကြေးရင်းနှီးမြှုုပ်နှံမှုများပြားခြင်း ကုန်သေတ္တာကိုင်တွယ်သည့် စက်ကိရိယာများနှင့် အခြေခံအဆောက်အဦများ စသည်တို့သည် ရင်းနှီးမြှုုပ်နှံမှု ပမာဏများပြားသည့် မရှိမဖြစ် အစိတ်အပိုင်းများ ဖြစ်ကြပါတယ်။ ထို့အပြင် ကုန်သေတ္တာဆိပ်ကမ်းများ၊ ဘက်စုံပို့ဆောင်ရေးစနစ်တွင်ပါဝင်သည့် ကုန်းတွင်းဆိပ်ကမ်များကို အလိုအလျောက်စနစ်သို့ အဆင့်မြှင့်တင်ပါကလည်း ရင်းနှီးမြှုုပ်နှံမှုပမာဏ အမြောက်အများလိုအပ်ပါတယ်။ (၃) စီထပ်ခြင်း ကုန်သေတ္တာများကို သင်္ဘောသို့ တင်ပို့ရာတွင် တင်ဆောင်ရသည့် အစီအစဉ်များမှာ ရှုပ်ထွေးမှုရှိပါတယ်။ အထပ်မြင့် စီထပ်ထားသော ကုန်သေတ္တာများအနက်မှ ကုန်သေတ္တာတစ်လုံးကို ထုတ်ယူသည့်အခါ ကျန်ကုန်သေတ္တာများကို ပြန်လည်၍ စီထပ်ရသည့်အတွက် ဆိပ်ကမ်းတံတားလုပ်ငန်း ဆောင်ရွက်သူများအတွက် ကုန်ကျစရိတ်ကို ပိုမိုကျစေပါတယ်။ ကုန်သေတ္တာလွင်ပြင် ပိုမိုကျယ်ဝန်းသည်နှင့်အမျှ ကုန်သေတ္တာတည်နေရာအတွက် စီမံခန့်ခွဲမှုမှာ ပိုမို ရှုပ်ထွေးလာပါနိုင်ပါတယ်။ (၄) ကုန်သေတ္တာအခွံများကို ပြန်လည်ရွှေ့ပြောင်းရခြင်း ကုန်သေတ္တာအတွင်းမှ သွင်းကုန်ပစ္စည်းများကို ထုတ်ယူပြီးသည့်အခါ ကုန်သေတ္တာအခွံများကို ကုန်သေတ္တာစခန်းသို့ ပို့ဆောင်ရပါတယ်။ ကုန်သေတ္တာသည် အခွံဖြစ်စေ ကုန်ပစ္စည်းထည့်သွင်းထားသည်ဖြစ်စေ -နေရာယူမှုမှာ အတူတူပင်ဖြစ်ပါတယ်။ သွင်းကုန်နှင့် ပို့ကုန် ပမာဏ ကွာခြားသည့်အခါ ကုန်သေတ္တာအခွံများကို လိုအပ်ချက်ရှိသည့်နေရာဒေသများသို့ ပြန်လည် ပို့ဆောင်ကြရပါတယ်။ (၅) ပျောက်ဆုံးမှု ဖြစ်ပွားနိုင်ခြင်း ကုန်သေတ္တာဆိပ်ကမ်းတံတားနှင့် နောက်ဆုံးပို့ဆောင်ရမည့်နေရာ ဝေးကွာသည့်အခါတွင် ကုန်သေတ္တာကို ဖွင့်လှစ်၍ ကုန်ပစ္စည်းခိုးယူမှုများ ဖြစ်နိုင်ခြေရှိပါတယ်။ တစ်နှစ်လျှင် ကုန်သေတ္တာ အလုံးရေ ၁၅၀၀ ခန့်မှာ သင်္ဘောပေါ်မှ ပင်လယ်အတွင်းသို့ ပြုတ်ကျ၍ ပျောက်ဆုံးမှုများ ဖြစ်ပေါ်လေ့ရှိခဲ့ပါတယ်။ (၆) တရားမဝင်ကုန်သွယ်မှု ကုန်သေတ္တာများကို တရားမဝင်ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ပစ္စည်းများ မှောင်ခိုတင်သွင်းရန် အသုံးပြုသကဲ့သို့ လူများခိုးဝင်ရန်အတွက်လည်း အသုံးပြုကြပါတယ်။ ထိုသို့ ကုန်သေတ္တာကို တရားမဝင်ပစ္စည်းများ တင်သွင်းတင်ပို့ရန် အသုံးပြုနိုင်သည့်အတွက် အကြမ်းဖက်သမားများက အသုံးချနိုင်သည့်အနေအထားကိုလည်း နိုင်ငံများက အလေးအနက်ထား စောင့်ကြည့်စစ်ဆေးလေ့ရှိကြပါတယ်။ ကုန်သေတ္တာကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ Source : Shipping and Logistics

Thursday, 11 August 2022 07:17

ကုန်သေတ္တာကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ

ကုန်သေတ္တာများကို အသုံးပြုခြင်းအားဖြင့် ကုန်စည်ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးအပိုင်းတွင် အကျိုးကျေးဇူးများ များစွာဖြစ်ထွန်းလာခဲ့ပါတယ်။ကုန်သေတ္တာကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများမှာ- (၁) စံသတ်မှတ်နိုင်ခြင်း စံအဖြစ်သတ်မှတ်ထားသော (ISO standard) ကုန်သေတ္တာကို ကမ္ဘာတစ်ဝှမ်းလုံးရှိ မည်သည့်နေရာတွင်မဆို မည်သည့်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွင်မဆို (ပင်လယ်ရေကြောင်း၊ ကား၊ ရထား) ကုန်သေတ္တာကိုင်တွယ်ကိရိယာများဖြင့် ကိုင်တွယ် တင်/ချ ဆောင်ရွက်နိုင်ပါတယ်။။ ကုန်သေတ္တာတစ်လုံးချင်းစီသည် တိကျ၍ ထပ်တူမရှိသော နံပါတ်၊ အရွယ်အစားနှင့် အမျိုးအစားကို ဖော်ပြသော ကုဒ်နံပါတ်များ ရှိပါတယ်။ (၂) ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်း ကုန်သေတ္တာများကို ထုထည်ကြီးမားလွန်းသော ပစ္စည်းများမှ လွဲ၍ ကုန်ပစ္စည်း အမျိုးအစား အားလုံးနီးပါးကိုထည့်သွင်း သယ်ဆောင်နိုင်ပါတယ်။ ကုန်ပစ္စည်း၏ အနေအထားပေါ် မူတည်၍ အရည်ထည့်သွင်းရန်၊ အအေးခံကုန်ပစ္စည်းထည့်သွင်းရန်၊ ပုံမှန်ကုန်ပစ္စည်းထည့်သွင်းရန် စသည်ဖြင့် ကုန်သေတ္တာများကို အမျိုးမျိုးပုံစံပြု ထုတ်လုပ်ထားသည့်အတွက် အသုံးပြုရာတွင် အဆင်ပြေနိုင်ပါတယ်။ သယ်ယူပို့ဆောင်ရေးတွင် အသုံးမပြုတော့သည့် ကုန်သေတ္တာများကို အခြားလုပ်ငန်းများတွင် ပြန်လည်အသုံးပြုနိုင်ပါတယ်။ (၃) ကုန်ကျစရိတ်သက်သာခြင်း ကုန်သေတ္တာကို စံနူန်းနှင့်အညီ ထုတ်လုပ်ထားသည့်အတွက် ပို့ဆောင်ရေးလမ်းကြောင်း တစ်ခုမှအခြားတစ်ခုသို့ လွှဲပြောင်းရာတွင် အတွင်းပါကုန်ပစ္စည်းများကို ထုတ်ယူကိုင်တွယ်ရန် မလိုအပ်သဖြင့် ကုန်ကျစရိတ်ကို လျော့နည်းစေသည်။ ကုန်သေတ္တာအတွင်းပါရှိသည့် ကုန်ပစ္စည်းများကို သမရိုးကျနည်းလမ်းဖြင့် ပို့ဆောင်ပါက ကုန်သေတ္တာဖြင့် ပို့ဆောင်ခြင်းထက် အဆ ၂၀ ခန့် ကုန်ကျစရိတ် ပိုမိုများစေနိုင်ပါတယ်။ ကုန်သေတ္တာကို အသုံးပြုသည့်အတွက် အရေအတွက်များပြားပါက ကုန်သေတ္တာတစ်လုံးချင်းစီ၏ ကုန်ကျစရိတ်မှာ လျော့နည်းလာခဲ့ပါတယ်။ (၄) လျင်မြန်မှု တစ်ဆင့်လွှဲပြောင်းတင်ပို့ရသည့် အရေအတွက်မှာ အနည်းဆုံးဖြစ်ပြီး ကုန်သေတ္တာ ဆိပ်ကမ်းကြီးများတွင် သင်္ဘောပေါ်မှချခြင်း/ သင်္ဘောပေါ်သို့ တင်ခြင်း လုပ်ငန်းမှာ ၂၄ နာရီအတွင်း ဆောင်ရွက်နိုင်ပါတယ်။ ကုန်သေတ္တာတင်သင်္ဘောကြီးများသည် အထွေထွေကုန်ပစ္စည်းတင် သင်္ဘောများထက် ပိုမိုမြန်ဆန်စွာ မောင်းနှင်နိုင်ပါတယ်။ (၅) ကုန်ပစ္စည်းသိုလှောင်ထားသိုနိုင်ခြင်း ကုန်သေတ္တာအတွင်း ကုန်ပစ္စည်းထည့်သွင်းပြီးပါက အကာအကွယ်ရရှိပြီးဖြစ်သည့်အပြင် လုံခြုံမှုရှိသည့်အတွက် ကုန်သေတ္တာတစ်လုံးကို ကိုယ်ပိုင်သိုလှောင်ရုံအဖြစ် အသုံးပြုနိုင်ပါတယ်။ သင်္ဘောပေါ်တွင်လည်းကောင်း၊ ကုန်သေတ္တာဆိပ်ကမ်းရှိ လွင်ပြင်တွင်လည်းကောင်း ကုန်သေတ္တာများကို ထပ်ဆင့်ထားသိုနိုင်ခြင်းသည် ကုန်သေတ္တာအသုံးပြုခြင်း၏ အဓိကအားသာချက်တခုလဲ ဖြစ်ပါတယ်။ (၆) လုံခြုံခြင်းနှင့် ဘေးကင်းခြင်း ကုန်သေတ္တာအတွင်းပါ ကုန်ပစ္စည်းများကို ထည့်သွင်းသည့်အချိန်နှင့် ကုန်ချဆိပ်ကမ်းတွင် အကောက်ခွန်မှ စစ်ဆေးသည့်အချိန်တို့တွင်သာ ကုန်သေတ္တာကို ဖွင့်လှစ်သည့်အတွက် လမ်းခရီးတွင် ပျက်စီးပျောက်ဆုံးရန် ဖြစ်နိုင်ခြေ အလွန်ပင်နည်းပါးပါတယ်။ ကုန်သေတ္တာအသုံးပြုခြင်း၏ အားနည်းချက်များ Source: Shipping & Logistics

Wednesday, 10 August 2022 07:11

Wan Hai က စမတ်သင်္ဘော ၃ စီး အမည်ပေးအခမ်းအနားကျင်းပ

Wan Hai က စမတ်သင်္ဘော ၃ စီး အမည်ပေးအခမ်းအနားကျင်းပ

Wednesday, 03 August 2022 13:39

တရုတ်သင်္ဘောကျင်းမှာ MSC ကွန်တိန်နာလိုင်းအတွက် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘော ရေချ

တရုတ်သင်္ဘောကျင်းမှာ MSC ကွန်တိန်နာလိုင်းအတွက် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘော ရေချ

Monday, 01 August 2022 00:56

ဩဂုတ်လ ကွန်တိန်နာသင်္ဘောခရီးစဉ် ၅၅ ခု စာရင်း

၂၀၂၂ ဩဂုတ်လအတွက် လျာထားသည့် ကွန်တိန်နာသင်္ဘောခရီးစဉ် ၅၅ ခု အစီအစဉ် စာရင်းကို ဖော်ပြအပ်ပါသည်။

Friday, 22 July 2022 09:44

အအေးခန်းကုန်သေတ္တာများနှင့်သက်ဆိုင်သည့်ကုန်ပျက်စီးမှုများ

အအေးခန်းကုန်သေတ္တာအတွင်း ကုန်ပျက်စီးမှုသည် အဖြစ်များသော ဖြစ်စဉ်တစ်ရပ် ဖြစ်ပါသည်။ ထိုသို့ ပျက်စီးမှုများတွင် ပုပ်သိုးခြင်း၊ အရည်ပျော်သွားခြင်း၊ အေးခဲသွားခြင်း၊ အမှည့်လွန်ခြင်း၊ ပွန်းပဲ့ခြင်းနှင့် အရောင်ပြောင်းသွားခြင်း စသည်တို့ပါဝင်သည်။ အအေးခန်းကုန်သေတ္တာအတွင်း ကုန်ပျက်စီးရခြင်း အကြောင်းရင်းများ အအေးခန်း ကုန်သေတ္တာဖြင့် သားငါးနှင့် သစ်သီးဝလံများ အများဆုံး ထည့်သွင်းတင်ပို့လေ့ရှိပြီး ကုန်ပစ္စည်းပျက်စီးမှုမှာ အအေးပေးစက် ချို့ယွင်းခြင်း၊ လျှပ်စစ်ဓါတ်အား ပြတ်တောက်ခြင်းစသည့် အကြောင်းများအပြင် အခြားအကြောင်းအရာ များလည်းရှိပါသေးသည်။ ၎င်းတို့မှာ- • အသီးအနှံများကို အချိန်မတိုင်မီ ရိတ်သိမ်း၍ ပို့ကုန်အဖြစ်တင်ပို့ခြင်း • အပူချိန်သတ်မှတ်ချက် မှားယွင်းခြင်း (Improper setting of temperature) • လူ၏အမှားအယွင်းကြောင့် ဖြစ်ပေါ်ခြင်း (ဥပမာ- အနှုတ်လက္ခဏာ မေ့ကျန်သွားသဖြင့် -5˚C အစား 5˚C ဟု မှားယွင်းသတ်မှတ်ခြင်း) • ကုန်သေတ္တာအတွင်း ကုန်ပစ္စည်း ထည့်သွင်းထားသိုပုံ မကောင်းသဖြင့် လေဝင်လေထွက်နှင့် လေလှည့်ပတ်မှု မကောင်းသည့်အတွက် ပျက်စီးခြင်း • အောက်ခံကြမ်းခင်းကို စနစ်တကျဆောင်ရွက်ခြင်း မပြုသဖြင့် ကုန်သေတ္တာအတွင်း ကုန်ပစ္စည်းများ ရွေ့လျားကာ ပျက်စီးရခြင်း • အရည်အသွေးညံ့ဖျင်းသည့် ထုပ်ပိုးပစ္စည်းကို အသုံ:ပြုခြင်း • ကုန်ကိုင်တွယ်ရာတွင် အသုံးပြုသည့် စက်ကိရိယာမှ ဆီယိုစိမ့်သဖြင့် ကုန်ပစ္စည်းတွင် ညစ်ညမ်းမှုဖြစ်ခြင်း • ကုန်ပစ္စည်းကို ကုန်သေတ္တာ အတွင်းသို့ မထည့်သွင်းမီ ကြိုတင် အအေးခံထားရန်ပျက်ကွက်ခြင်း Source : Shipping and Logistics Myanmar Logistics Guide

Monday, 11 July 2022 07:56

၂၀၂၂ ဒုတိယ ၃ လပတ်တွင် OOCL ပို့ဆောင်သည့် ပမာဏ လျော့ကျသော်လည်း ဝင်ငွေပိုများခဲ့

၂၀၂၂ ဒုတိယ ၃ လပတ်တွင် OOCL ပို့ဆောင်သည့် ပမာဏ လျော့ကျသော်လည်း ဝင်ငွေပိုများခဲ့

Saturday, 09 July 2022 04:00

ကွန်တိန်နာသင်္ဘော ချာတာအငှား ဈေးခိုင်နေဆဲ

ကွန်တိန်နာသင်္ဘော ချာတာအငှား ဈေးခိုင်နေဆဲ

Thursday, 07 July 2022 05:20

ကုန်ဝယ်သူ/ ကုန်လက်ခံမည့်သူက လာမရွေး/ လာမထုတ်ယူတော့သောကုန်စည်

ဆိပ်ကမ်းမှာ ကုန်ချ ပြီးပေမဲ့ ကုန်လက်ခံရမယ့်သူက လာမရွေးယူတဲ့ ပြဿ နာဟာ NVOCC တွေအတွက် အမြဲပေါ်ပေါက်နေတဲ့ ပြဿ နာပါ။ NVOCC ဆိုတာ Non Vessel Operating Common Carrier ကိုခေါ်ပါတယ်။ သင်္ဘောကိုကိုယ်တိုင် မဆွဲတော့ဘဲ l Shipper ဆီက ကုန်ကိုပို့ပေးဖို့ ကုန်လက်ခံပြီး အမှန်သယ်ပေးမယ့် သင်္ဘောလိုင်း (actual carrier) ကိုပြန်အပ်ပြီး သင်္ဘောခခြားနားချက်ကို စားတဲ့သူပါ။ အချို့ NVOCC တွေက သင်္ဘောလိုင်းမှာ နေရာ Slot ကိုငှားယူထားပြီး သူလက်ခံထားတဲ့ ကုန်သေတ္တာတွေကို တင်ပေးလိုက်တာပါ။ Freight Forwarder နဲ့မတူတာက NVOCC တွေကသူကိုယ်တိုင် ကုန်သယ်ဆောင်သူ contracting Carrier အနေနဲ့ Shipper ကို House bills of lading ထုတ်ပေးပါတယ်။Carrier ရဲ့ တာဝန်ကိုယူပါတယ်။ သင်္ဘောလိုင်းမှာ ကုန်သေတ္တာပြန်တင်တဲ့ အခါကြတော့ NVOCC က shipper အနေနဲ့ ပြန်တင်တာပါ။သင်္ဘောလိုင်းက ထုတ်ပေးတဲ့ Master B/L ရဲ့ Shipper name နေရာမှာ NVOCC ရဲ့အမည်ကိုဖေါ်ပြပါတယ်။ Freight Forwarder ကတော့ Shipper ရဲ့ Agent အနေနဲ့ဘဲ သင်္ဘောလိုင်းကို ကုန်သေတ္တာတင်ပါတယ်။သူရဲ့ B/L ထုတ်မပေးတော့ပါဘူး။ Carrier တာဝန်မယူပါဘူး။ကုန်ဝယ်သူလာမရွေးတဲ့ အတွက်နောက်ဆက်တွဲ အကျ ို းဆက်နဲ့ ကုန်ကျ စရိတ်တွေလျော့ပါးစေဖို့ ဒီလို ပြဿ နာ ဖြစ်နိုင်တဲ့ ကုန်စည်တင်ပို့မှုကိုစောစော ရွေးချယ်ဖေါ်ထုတ်နိုင်ဖို့လိုပါတယ်။ ဥပမာ B/L ကိုပြန်အပ်တာမျ ိုး (Surrendered B/L ) ဆိုရင်သတိထားဖို့လိုပါတယ်။ ဒါ့အပြင် ကုန်စည်ကိုမရွေးယူတော့ဘဲ စွန့်ပစ်လေ့ရှိတတ်တဲ့ ကုန်စည်မျိုး တို့ကိုမှတ်တမ်းထားပြီး အလားတူကုန်စည်မျ ိုး တင်ပို့ပါက သတိထားစောင့်ကြည့် စစ်ဆေးဖို့လိုပါတယ်။ အရောင်းအဝယ်အတက်အကျမြန်ပြီး ဆိပ်ကမ်းကို ကုန်စည်ရောက်လာတဲ့အချိန်မှာ အရောင်းထိုင်းပြီး ဈေးကျနေတဲ့ ကုန်စည်မျိုးကိုလာရောက်ထုတ်ယူ ခြင်းမရှိတတ်သလို ကုန်တင်သွင်းသူအနေနဲ့ ငွေကြေးအခက်အခဲတွေ့နေရင်လည်း ကုန်ထုတ်ယူဘို့ ကြန့်ကြာတတ်ပါတယ်။ အဲဒီကုန်မျိုးကို uncleared cargo လို့ခေါ်ပါတယ်။ ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှု သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/specialist-logistics/logistics-services.html တစ်ခါတစ်ရံ သင်္ဘောလိုင်းနဲ့ ကုန်တင်ပို့သူ အငြင်းပွားမူဖြစ်ပြီး ကုန်ထုတ်ယူဖို့ အချိန် ကြန့်ကြာသွားပြီး စားရိတ်တွေ တက်ကုန်ကာ ကုန်ပစ္စည်းတန်ဖိုးထက် charges တွေပိုများလို့ မထုတ်ယူတာလည်းရှိပါတယ်။ ရောင်းသူဘက်က sale contract ချိုးဖေါက်လို့ဖြစ်စေI ကုန်စည်တွေ ပျက်စီးနေလို့ဖြစ်စေ ဝယ်သူဘက်က လာမထုတ်တာ လည်းရှိပါတယ်။ ကုန်တင်သွင်းမှုကိုကန့်သတ် ပိတ်ပင်ထားတဲ့ ကုန်စည်မျိုး (contraband)I ကုန်သွယ်မှု ပိတ်ဆို့ အရေးယူထားတဲ့ နိုင်ငံကတင်သွင်းလာတဲ့ ကုန်စည်မျိုး ( sanction)I စွန့်ပစ်ပစ္စည်း နဲ့ အတိုအစတွေ (waste/ scrap)I ကုန်ပစ္စည်းအတုတွေ (counterfeit)I အကောက်ခွန်က သတိထား စောင့်ကြည့်ခံနေရတဲ့ ကုန်တင်သွင်းမှုI အကောက်ခွန်ရဲ့ risk profiles ထဲမှာပါနေတဲ့ ကုန်တင်သွင်းသူရဲ့ သွင်းကုန်တွေဟာ လာရောက်ရွေးယူခြင်းမပြု ကြတော့ ဘဲစွန့်လွတ်လိုက်ကြပါတယ်။ အဲ့ဒီလို ကုန်စည်မျုးကို unclaimed cargo လို့ခေါ်ပါတယ်။ ဘယ်လိုကုန်စည်မျိုးကို ဘယ်လိုဆိပ်ကမ်းမှာ လာရောက်မထုတ်ယူဘဲစွန့်လွတ်တတ်တယ်ဆိုတာ သင်္ဘောလိုင်းတွေI NVOCC တွေအနေနဲ့မှတ်တမ်း ထားပြီး management system တစ်ခု ထူထောင်ထားဖို့လိုပါတယ်။ အဲ့ဒီလို ကုန်စည်မျိုးတွေဆိုရင်booking တင်ကတည်းက ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ဖို့လိုပါတယ်။ "ယဉ်ယဉ်ကျေးကျေး" လို့သုံးလိုက်ရတာက သင်္ဘောလိုင်းတွေI NVOCC တွေဟာ လိုင်းဆွဲတဲ့ common carrier တွေဖြစ်လို့ သင်္ဘောမှာ နေရာရှိသေးရင်Iကုန်တင်ပို့လိုသူက ကြော်ငြာထားတဲ့ tariff freight ခကိုပေးဖို့သဘောတူရင်I ဥပဒေအရတားမြစ်ထားတဲ့ ကုန်စည်မဟုတ်ရင် ငြင်းပယ်ပိုင်ခွင့်မရှိပါဘူး။ tramp shippingမှာသာ စင်းလုံးဌားတဲ့ private carrier က မတင်ချင်ရင် ငြင်းပိုင်ခွင့်ရှိပါတယ်။ ကုန်ချဆိပ်ကမ်းမှာ ကုန်လာရွေးယူဘို့ အချိန်တန်သော်လည်း လာမထုတ်ယူသေးတဲ့ ကုန်တွေI ကုန်လက်ခံမယ့် consignee က လာရွေးဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာပေါ်လွင်ရင် အဲဒီကုန်သေတ္တာကို unclaimed cargo လို့ သတ်မှတ်နိုင်ပါတယ်။ ဆိပ်ကမ်းမှာ ထားခွင့်ပေးထားတဲ့ free period ကာလ ကျော်တာနဲ့ ဆိပ်ကမ်းရက်လွန်ကြေး demurage နဲ့ အခြားကုန်ကျစားရိတ်တွေကို သက်ဆိုင်သူတွေက ကျခံပေးဆောင်ရပါတော့မယ်။ ရန်ကုန်ဆိပ်ကမ်းမှာ free period တစ်ပါတ်ပေးထားပါတယ်။ သင်္ဘောလိုင်းတွေကတော့ လိုင်းပေါ်မူတည်၍ လည်းကောင်းI ကုန်တင်ပို့တဲ့ပမာဏ ပေါ်မူတည်ပြီး ကုန်သေတ္တာအသုံးပြုခွင့် free period ၁ပါတ်မှ ၂ပါတ်ပေးလေ့ရှိကြပါတယ်။ Free period ကျော်သွားပါက ကုန်သေတ္တာရက်လွန်ကြေး detention ကောက်ပါတယ်။ သင်္ဘောလိုင်းအနေနဲ့ Shipper ကိုဆက်သွယ်ရပါမယ်။ ဘာကြောင့်လည်းဆိုတော့ Shipper ဟာ B/L ကို Cnsignee (သို့) Endorsee ကိုလွဲပေးလိုက်ပြီးသော်လည်း ကုန်စည်သယ်ယူပို့ဆောင်ရေး ပဋိညာဉ် ( contract of carriage of goods )ကို Carrier နဲ့ မူလပြု လုပ်ခဲ့တဲ့ party တစ်ဦးဖြစ်လို့ contract အရ တာဝန်တွေဆက်ရှိနေပါသေးတယ်။ ဥပမာ သင်္ဘောခ, freight, demurrage နဲ့ deadfreight ကိုပေးဖို့တာဝန်ရှိသလို carrier သင်္ဘောလိုင်းကို ဆုံးရှုံ းနစ်နာမှုအတွက် လျော်ကြေး (indemnity) ပေးရန် တာဝန်ရှိပါတယ်။ အဲ့ဒါကြောင့် ကုန်လက်ခံမယ်သူအပြင် ကုန်တင်ပို့သူကိုပါ ဘယ်လိုဆက်လက်လုပ်ဆောင်ရ မယ်ဆိုတာအဖြေရဖို့ (သို့) နစ်နာမှုအတွက် လျော်ကြေးတောင်းဖို့ အမြဲဆက်သွယ်နေရပါတယ်။သင်္ဘောလိုင်းအနေနဲ့ အရေးယူဆောင်ရွက်ရမယ့် လုပ်ငန်းတွေက free period မကုန်မီ Shipper ရော Consignee ကိုရော ဆက်သွယ်ပြီး ကုန် သေတ္တာကိုရှင်းလင်းထုတ်ယူဖို့နဲ့ ပေးရန်ရှိသည့် ကုန်ကျ စရိတ်များပေးရန်နိုးဆော် ဖို့လိုပါတယ်။ ဆိပ်ကမ်းလိပ်စာများ သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/ports.html Shipper နဲ့ Consignee တို့က အရေးတယူဆောင်ရွက်ခြင်းမရှိပါက ထပ်မံဆက်သွယ်ပြီး - အခြား Consignee ပြောင်းမလား (သို့) အခြားကုန်ချ ဆိပ်ကမ်းတစ်ခုကို ကုန်သေတ္တာ ကိုပို့ပေးရမလား (သို့) မူလကုန်တင် ဆိပ်ကမ်း ကိုပြန်ပို့ရမလားညွှန်ကြားချက် တောင်းပါ။ (ဒါမှမဟုတ်) ကုန်သေတ္တာကိုစွန်လွတ်မလားမေးပါ။ -- ကုန်ချ ပြီး ၄၅ ရက် ထက်နောက်မကျ ဘဲတရားဝင် notice စာထုတ်ပါ။ -- ကုန်ချ ပြီးရက်ပေါင်း ၉၀ အတွင်း (အချ ို့ ဆိပ်ကမ်းတွေမှာ ရက်ပေါင်း ၁၈၀ အတွင်း) နောက်ဆုံးသတိပေးစာ final notice ထုတ်ပါ။ -- နောက်ဆုံးအနေဖြင့် သင်္ဘောလိုင်း/ NVOCC အနေဖြင့် သက်ဆိုင်ရာဆိပ်ကမ်းအာဏာပိုင်ကို လိုအပ် သလိုဆက်လက် အရေးယူဆောင်ရွက်နိုင်ပါ ရန် အကြောင်းကြားပေးပါ။ ဆိပ်ကမ်းအာဏာပိုင် အနေဖြင့် ကုန်သေတ္တာကို ထုခွဲရောင်းချပါလိမ့်မည်။ (ရန်ကုန်ဆိပ်ကမ်းမှာတော့ ၂လ ကျော် ကြာအောင်လာမရွေးသည့် ကုန်သေတ္တာများကို လေလံတင်ထုခွဲရောင်းချမည်ဖြစ်ကြောင်း ဆိပ်ကမ်းအာဏာပိုင် ဥပဒေ ပုဒ်မ၂၄( င)မှာ ပြဌာန်းထားပါတယ်။ ) Standard B/L အများစုတွင် ကုန်ပစ္စည်းပိုင်ရှင်က ကုန်ချဆိပ်ကမ်းမှာ ကုန်စည်ကိုလာရောက်လက်ခံ ထုတ်ယူဖို့ ပျက်ကွက်ခဲ့လျင် သင်္ဘောပိုင်ရှင်အနေဖြင့် ကုန်စည်ကို ဆိပ်ကမ်းမှချပြီး ကုန်လှောင်ရုံ၌ အပ်နှံလိုက်ပါက သယ်ယူပို့ဆောင်ရေးပဋိညာဉ်အရ တာဝန်ကျေပြီလို့ မှတ်ယူမည်ဖြစ်ငေ်းကြာင်း နှင့် သတ်မှတ်အချိန်ကျော် ပါက ကုန်စည်ကိုလေလံပြစ် ရောင်းချပြီး ရရန်ရှိသင်္ဘောခနှင့် အခြားအဖိုးအခ ကျသင့်ငွေများ ကို ရောင်းရငွေမှပြန်ယူမည်ဟု ဖေါ်ပြထားကြပါသည်။ NVOCC အနေဖြင့် Final notice ပေးပြီးတဲ့နောက် ဆိပ်ကမ်းအာဏာပိုင်ကို ကုန်စည်ကိုစွန်လွတ့်ကြောင်းစာ (Letter of Abandonment of Cargo) ကို Shipper/ Consignee ကိုယ်စားထုတ်ပြန်ပေးရပါတယ်။ကုန်တင်ပို့သူ (သို့) ကုန်လက်ခံမည့်သူထံမှ original B/ L ကို ပြန်အပ်ခိုင်းပါ။ လာမထုတ်ယူတဲ့ ကုန်သေတ္တာတွေအတွက် NVOCCs, Freight forwarder တွေအနေနဲ့ ဆိပ်ကမ်းမှာ ထပ်မံကုန်ကျတဲ့ စရိတ်တွေ (extra handling costs) ကို TT Club ( International Transport and Logistics Insurance) နဲ့ ITIC Club (Specialist Profession, Indemnity Insurance) လိုမျိုး အာမခံclub တွေမှာ memberဝင်ထားပြီး premium ပေးထားပါက ပြန်လျော်ပေးပါတယ်။ သင်္ဘောပိုင်ရှင်တွေ အနေနဲ့ကတော့ unclaimed/rejected cargoအတွက် extra handling costs ကို သက်ဆိုင်သူတွေ (shipper/consignee) ထံကတောင်းယူလို့မရနိုင်ပါက ကိုယ် member ဝင်ထားတဲ့ P&I club ကနေ ပြန်တာင်းယူနိုင်ပါတယ်။ Source : Thant Zin Myanmar Logistics Guide

Tuesday, 05 July 2022 08:17

ရုရှားကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းတို့က အာရှသို့ ကိုယ်ထူကိုယ်ထ ကွန်တိန်နာလိုင်း ပြေးဆွဲ

ရုရှားကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းတို့က အာရှသို့ ကိုယ်ထူကိုယ်ထ ကွန်တိန်နာလိုင်း ပြေးဆွဲ

Thursday, 30 June 2022 03:58

ဇူလိုင်လ ကွန်တိန်နာသင်္ဘောခရီးစဉ် ၄၉ ခု စာရင်း

၂၀၂၂ ဇူလိုင်လ အတွက် လျာထားသည့် ကွန်တိန်နာသင်္ဘောခရီးစဉ် ၄၉ ခု အစီအစဉ် စာရင်းကို ဖော်ပြအပ်ပါသည်။

Tuesday, 28 June 2022 09:37

ကြီးထွားနှုန်းမြန်ဆန်တဲ့ BAL Container Line က သင်္ဘောအသစ်များ စတင်မှာကြား

ကြီးထွားနှုန်းမြန်ဆန်တဲ့ BAL Container Line က သင်္ဘောအသစ်များ စတင်မှာကြား

Friday, 24 June 2022 02:22

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘော တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် တည်ဆောက်ပြီးစီး လွှဲပြောင်းပေးအပ်

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘော တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် တည်ဆောက်ပြီးစီး လွှဲပြောင်းပေးအပ်

Thursday, 23 June 2022 07:59

အအေးခန်းကုန်သေတ္တာအတွင်းပါ ကုန်ပစ္စည်းပျက်စီးမှုကို ကြိုတင်ကာကွယ်နည်းများ

လက်ခံရရှိသည့် အအေးခန်းကုန်သေတ္တာသည် သက်တမ်းရှိသည့် ခရီးစဉ်အတွက် စစ်ဆေးပြီးကြောင်း သက်သေခံလက်မှတ် (Pre-Trip Inspection (PTI) certificate) ရှိ/မရှိစစ်ဆေးပါ။ အအေးခန်းကုန်သေတ္တာတွင် အအေးခံသည့် စက်ကိရိယာ၊ အပူချိန်ထိန်းချုပ်သည့် ကိရိယာနှင့်မှတ်တမ်းတင်သည့် ကိရိယာများကောင်းမွန်ခြင်းရှိမရှိ စစ်ဆေး၍ ပုံမှန်အလုပ် လုပ်ကြောင်း သေချာစေရန် အတွက် ကုန်သေတ္တာကို ထုတ်ပေးခြင်းမပြုမီ စစ်ဆေးကြရပါသည်။ ထို့အပြင် အအေးခန်းကုန်သေတ္တာအတွင်းသို့ ကုန်ပစ္စည်း ထည့်သွင်းရန် အဆင်သင့် ဖြစ်စေရေး အတွက် ကုန်သေတ္တာအတွင်း သန့်ရှင်းမှုအနေအထားနှင့် ကုန်သေတ္တာ၏ ကြံ့ခိုင်မှုကို လည်း PTI တွင် စစ်ဆေးရပါသည်။ ကုန်ပစ္စည်းများကို အအေးခန်း ကုန်သေတ္တာအတွင်းသို့ မထည့်သွင်းမီ ကြိုတင်အအေးခံ ထားရပါသည်။ ကြိုတင် အအေးခံထားခြင်းသည် လမ်းခရီးတွင် သယ်ယူပို့ဆောင်ရာ၌ ကြာမြင့်ချိန်ကို အထောက်အကူပြုစေပါသည်။ အအေးခန်း ကုန်သေတ္တာအတွင်းသို့ ကုန်ပ့စ္စည်းထည့်သွင်းနေစဉ် ကုန်သေတ္တာ တင်ဆောင်ထားသည့် ယာဉ်များကို စက်နှိုးထားခြင်း မပြုသင့်ပါ။ စက်နှိုးထားပါက ပတ်ဝန်းကျင်ရှိ လေပူလေအေးများ နှင့် ကားအိပ်ဇောငွေ့များ ကုန်သေတ္တာအတွင်းသို့ ဝင်ရောက်နိုင်သောကြောင့်ဖြစ်သည်။ အအေးခန်းကုန်သေတ္တာအတွှင်းသို့ ကုန်ပစ္စည်း ထည့်သွင်းသည့်အခါ ပူအိုက်စိုစွတ်သည့် ပတ်ဝန်းကျင်တွင် လေဟာပြင်၌ ထည့်သွင်းခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ ဖြစ်နိုင်ပါက အအေးခန်းစက်ရုံရှိ ကုန်ထည့်သွင်းသည့် နေရာတွင် ထည့်သွင်းသင့်ပါသည်။ အပူချိန်ကို ဂရုပြုဆောင်ရွက်ခြင်းသည် အအေးခန်းဖြင့် တင်ပို့သည့် ကုန်သေတ္တာအားလုံ:အတွက် အရေးကြီးပါသည်။ အပူချိန်ကို လိုအပ်သည့်အနေအထားတွင် ထိန်းသိမ်းထားရှိရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက် သင့်ပါသည်- • အအေးခန်းကုန်သေတ္တာကို လိုအပ်သည့်အပူချိန်နှင့် စိုထိုင်းဆမှန်ကန်မှုရှိစေရန် သေချာစွာ ချိန်ညှိပါ။ • အပူချိန်ကို ရေးသားဖော်ပြထားသည့် စာရွက်တွင် – နှင့် + လက္ခဏာများကို သေသေချာချာကြည့်ပါ။ -5˚C အစား+5˚C ဟူ၍ မမှားစေရန်ဖြစ်သည်။ • ကုန်သေတ္တာအတွင်းသို့ ကုန်ပစ္စည်းထည့်သွင်းသည့် ပုံစံသည် အလွန်အရေးကြီးပါသည်။ အအေးခန်းကုန်သေတ္တာအတွင်းသို့ ကုန်ပစ္စည်းထည့်သွင်းရာတွင် သတိပြုရမည့် အချက်များမှာ- • ကုန်သေတ္တာအတွင်း လေအေးလှည့်ပတ်စေရန် ဆောင်ရွက်ထားသည့်အတွက် ကုန်ပစ္စည်း ကို ကြမ်းခင်း (T-floor) ထက်ကျော်လွန်၍ မထည့်ရပါ • သတ်မှတ်ထားသည့်အမြင့် (red load line) ထက်ကျော်လွန်၍ ပစ္စည်း မထည့်ရပါ • ကုန်ပစ္စည်းကို ကုန်သေတ္တာအတွင်း တည်ငြိမ်မှုရှိစေရန်အတွက် ရွေ့လျားမှုမဖြစ်ပေါ်စေသည့် အနေအထားဖြင့် ထည့်သွင်းပါ • အအေးခန်းကုန်သေတ္တာကို မှန်ကန်သည့်အပူချိန်တွင် ချိန်ညှိထားပါ • စိုထိုင်းဆ ထိန်းချုပ်သည့် ကိရိယာကို စစ်ဆေးပါ • ကုန်သေတ္တာအတွင် လေလှည့်ပတ်သည့် စနစ်ကို မှန်ကန်စွာချိန်ညှိပါ • ကုန်သေတ္တာအတွင်း လှည့်ပတ်နေသည့် လေအေးသည် ခုခံအားနည်းသောနေရာများသို့ သွားရောက်မည်ဖြစ်သည့်အတွက် ကုန်ပစ္စည်းများအကြားတွင် ကွက်လပ်များ၊ လေစီးဆင်းမှုကို ပိတ်ဆို့မှုများ မဖြစ်စေရန် ထည့်သွင်းရပါမည်။ ပစ္စည်းများ ထည့်သွင်းပြီးနောက် တံခါးမပိတ်မီ ကတ်ထူပြား သို့မဟုတ် သစ်သားပြားကို ထည့်သွင်းခြင်းဖြင့် လေကို မှန်ကန်စွာလှည့်ပတ်စေသည့်အပြင် တံခါးအနီးတွင် လေပူများ လှည့်ပတ်နေခြင်း (heat sinks) ကို လျော့နည်းစေပါသည်။ Source : Shipping and Logistics Myanmar Logistics Guide

Monday, 20 June 2022 08:57

ကုန်သေတ္တာအခွံ ဌားရမ်းသည့် ပုံစံ ၃မျိုး

ကုန်သေတ္တာအခွံ ဌားရမ်းသည့် ပုံစံ ၃မျိုး ရှိပါတယ်။ ၁။ Long-term lease ဤဌားရမ်းသည့်ပုံစံတွင် သင်္ဘောလိုင်းသည် လိုအပ်သည့်သတ်မှတ် ကုန်သေတ္တာအလုံးရေကို အနည်းဆုံး ၁နှစ်မှ သည် ကုန်သေတ္တာသက်တမ်းတစ်ခုလုံးဌားယူသည့်ပုံစံဖြစ်ပါသည်။ ဌားရမ်းခသက်သာပါသည်။ သို့သော် လုပ်ငန်းမကောင်း၍ ကုန်သေတ္တာများ အသုံးမလိုဘဲ ပိုနေသော်လည်း၊ ဌားခ ကိုတော့ မူလသဘောတူ ထားသည့့်နူန်းအတိုင်း ပုံမှန်ပေးနေရပါမည်။ သို့သော်ဌားရမ်းသည့် ကာလမပြည့်မီ ပြန်အပ်လိုပါက လျော်ကြေးသဘောမျိုး ဒဏ်ကြေးပေး ၍ပြန်အပ်နိုင်ပါသည်။ ၂။ Short-term (or trip) lease သင်္ဘော လိုင်းအနေဖြင့် ကုန်သေတ္တာ လိုအပ်သည့်ဆိပ်ကမ်းတွင် လိုအပ်သလောက်သောကုန်သေတ္တာကိုသာ ကာလတို (သို့) လိုအပ်တဲ့ခရီးစဉ်တစ်ခေါက်အတွက်သာ ဌားရမ်းခြင်းဖြစ်ပါ သည်။ ဌားရမ်းခဟာ long-term lease ထက်၂ဆ ခန့်များတတ်ပါတယ်။ ဒါ့အပြင် သင်္ဘောလိုင်းအနေဖြင့် ကိုယ်လိုချင်တဲ့ ကုန်တ္တောအမျိုးအစား မရနိုင်တာကြုံရတတ်ပါတယ်။ ၃။ Master lease ဤပုံစံမှာတော့ သင်္ဘောလိုင်းအနေဖြင့် ကုန်သေတ္တာ အနည်းဆုံးအလုံးရေဘယ်လောက်ဌားမယ်လို့ အာမခံရပြီး၊အလျော့ အတင်းလုပ်လို့ရအောင်သဘော တူညီချက်အချို့ကိုထည့်သွင်းထား ပါတယ်။ ဘယ်ဆိပ်ကမ်းတွေမှာနောက်ထပ် အပိုကုန်သေတ္တာ အနည်းဆုံးဘယ်လောက်ထပ်ယူမယ်၊ ဘယ်ဆိပ်ကမ်းတွေမှာတော့ မလိုအပ်တော့ ကုန်သေတ္တာတွေကို ပြန်အပ်မယ်လို့ သဘောတူညီချက်ထည့့်ထားကြ ပါတယ်။ ဌားတဲ့ကာလကတော့ ၁နှစ်မှ ၅နှစ်အထိ ဖြစ်ပါတယ်။ ကုန်သေတ္တာဌားခကတော့ ဌားယူလိုတဲ့ ဆိပ်ကမ်း နဲ့ ပြန်အပ်လိုတဲ့ဆိပ်ကမ်းပေါ်မူတည်ပြီး ပြောင်းလဲပါတယ်။ ဌားယူလိုတဲ့ ဆိပ်ကမ်းက ကုန်သေတ္တာအခွံပိုနေတဲ့၊ ပိုလေ့ရှိတဲ့ ဆိပ်ကမ်းဆိုပါက ဌားခသက်သာပြီး၊ ကုန်သေတ္တာရှားပါးတဲ့ဆိပ်ကမ်းမှာကုန်တ္တောအခွံယူမယ် ဆိုပါက ဌားခပိုယူပါတယ်။ ဒါပေမဲ့ လိုအပ်မှ ပေါက်ဈေးအတိုင်းဌားတဲ့ spot price ထက်တော့ သက်သာပါတယ်။ Long-term lease နဲ့နိူင်းယှဉ်ရင် ဈေးပိုကြီးပေမဲ့ သင်္ဘောလိုင်းအတွက်တော့ ပိုပြီး အလျော့အတင်း ပြောင်းလွယ်ပြင် လွယ် လုပ်လို့ရပါတယ်။ သင်္ဘောလိုင်းရဲ့ sale team တွေကိုလည်း ကုန်သေတ္တာအခွံတွေ လိုအပ်နေတဲ့ ဆိပ်ကမ်းကိုပို့မယ် ကုန်တွေကို ဦးစားပေးရှာပြီး booking လက်ခံဖို့ မှာကြားထားရန်လိုပါတယ်။ Source : Thant Zin Myanmar Logistics Guide

Saturday, 18 June 2022 04:56

အာရှတွင်း ခရီးစဉ်များ PIL တိုးချဲ့ပြေးဆွဲ

အာရှတွင်း ခရီးစဉ်များ PIL တိုးချဲ့ပြေးဆွဲ

Friday, 17 June 2022 00:35

ကွန်တိန်နာသင်္ဘောလိုင်းများ ၂၀၂၂ တွင် အမြတ် ဆက်လက်မြင့်မားနေဦးမည်ဟု ခန့်မှန်း

ကွန်တိန်နာသင်္ဘောလိုင်းများ ၂၀၂၂ တွင် အမြတ် ဆက်လက်မြင့်မားနေဦးမည်ဟု ခန့်မှန်း

Thursday, 16 June 2022 07:28

ကုန်သေတ္တာ စီမံခန့်ခွဲမှုအကြောင်း

သင်္ဘောလိုင်းပြေးဆွဲသူ (liner Operator) ၏အဓိကလိုအပ်ချက်မှာ ကုန်တင်ပို့လိုသူ ဖောက်သည်များလိုအပ်သည့် ကုန်သေတ္တာ အမျိုးအစားကို၊ လိုအပ်သည့်အချိန်တွင်၊ လိုအပ်သလောက် အသင့်ရရှိရေးဖြစ်ပါသည်။ ကုန်သေတ္တာအခွံ လိုအပ်နေသောဆိပ်ကမ်းတွင် ကုန်သေတ္တာ လုံလောက်မှုမရှိဖြစ်နေပြီး၊ မလိုအပ်သောနေရာတွင် ကုန်သေတ္တာ အခွံများစုပုံနေခြင်းသည်အကျိုးမရှိဘဲ ဆုံးရုံးမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် လက်ဝယ်ရှိ ကုန်သေတ္တာ ထိန်းချုပ်မှု (container inventory control) နှင့် ကုန်သေတ္တာများကို ပိုသည့်နေရာမှ လိုအပ်သည့်နေရာသို့ ဖြန့်ဝေရန်စီမံခန့်ခွဲမှု(Physical Distribution Management) လုပ်ဖို့ လိုအပ်ပါတယ်။ ကုန်သေတ္တာ ထိန်းချုပ်မှုနှင့်စပ်လျဉ်း၍ Liner Operator တစ်ဦးသည် အရိုးရှင်းဆုံး ပုံစံ အနေဖြင့် ဆိပ်ကမ်း (၂ ) ခုအကြား၊ ပုံမှန်အချိန်ဇယားဖြင့် ပြေးဆွဲပါက ဆိပ်ကမ်း တစ်ခုစီတွင်၊ ကုန်သေတ္တာ လိုအပ်ချက်ဘယ်လောက်ရှိမလဲကို ကြိုတင်ခန့်မှန်းရန်လိုပါသည်။ ခန့်မှန်းချက်တွင် ရာသီအလို်က် ကုန်သေတ္တာ လိုအပ်ချက်အတက်/အကျ (Seasonal Demand Fluctuation) (ဥပမာ တရုတ်နှစ်သစ်ကူးကာလတွင်အရောင်းအဝယ်မလုပ်ကြသဖြင့် ထိုအချိန် မတိုင်မှီ ကုန်တင်ပို့/ တင်သွင်းမှုများတတ်ပါသည်) ကိုထည့်သွင်းစဉ်းစားရန်လိုပါသည်။ ကျပန်း လိုအပ်ချက်ပြောင်းလဲမှု(Random Demand Fluctuation)အတွက်လည်း ထည့်သွင်းလျာထားရန်လိုအပ်သလို ကုန်သေတ္တာ ပြတ်လပ်သွားမှာ မရှိစေရန်(Safety Stock) အတွက်ပါ ထည့်သွင်းလျာထားရန်လိုပါသည်။ ကုန်သေတ္တာ ဝန်ဆောင်မှု့ သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/logistics-services/container-services.html ကုန်သွယ်မှု လမ်းကြောင်းသည်ညီမျှ မှုမရှိဘဲ၊ လမ်းကြောင်း တစ်ခြမ်းက အားသာပါက (ဥပမာ စင်ကာပူ -ရန်ကုန် လမ်းကြောင်းတွင် သွင်းကုန် ကုန်သေတ္တာ များပြားသော်လည်း၊ ရန်ကုန်- စင်ကာပူအပြန် လမ်းကြောင်းတွင် ပို့ကုန် နည်းပါးသဖြင့် ) ပိုနေသောကုန်သေတ္တာ အခွံလွတ်များကို စင်ကာပူသို့ ုပြန်သယ်ပို့ရန်လိုအပ်ပါသည်။ ကုန်သေတ္တာ TEU ၂.၅သန်းကျော်ဟာ တစ်ကမ္ဘာလုံးက ကုန်သေတ္တာ Terminal တွေမှာ အခွံအဖြစ်သာ သိမ်းထားကြပါတယ်။ကုန်သေတ္တာတစ်လုံးရဲ့ပျမ်းမျှသက်တမ်း (၁၂ နှစ်) ၏ တစ်ဝက်လောက်ဟာ ကုန်စည်သယ်ဆောင်ရခြင်း မရှိဘဲ Terminal တွေမှာ သယ်မယ့်ကုန် စောင့်ဆိုင်းစဉ် ထားသိုထားတာ (သို့) ကုန်သေတ္တာ အခွံလိုအပ်တဲ့ဆိပ်ကမ်းကို ပြန်သယ်ပို့တာ နဲ့ဘဲ ကုန်ဆုံးသွား ကြပါတယ်။ကုန်သေတ္တာ Terminals တွေရဲ့ ကုန်သေတ္တာအနူတ်အသိမ်း (port throughput) ၏ ၂၀.၅% ဟာ ကုန်တ္တောအခွံတွေဖြစ်ပါတယ်။ ကုန်သေတ္တာ အခွံလွတ်များကို လိုအပ်သည့်နေရာသို့ ပြန်ပို့သည့် Physical Distribution Management နည်းလမ်း (၃)သွယ်ရှိပါသည်။ (၁) Imbalance movement ကုန်သေတ္တာ အခွံပိုနေသော ဆိပ်ကမ်းမှ လိုနေသောဆိပ်ကမ်းသို့ ပို့ဆောင်ပေးခြင်း၊တစ်ကမ္ဘာလုံးတွင်ပင်လယ်ရေကြောင်းဖြင့် ကုန်သေတ္တာ အခွံများ ရွှေ့ပြောင်း သယ်ဆောင်မှုကုန်ကျ စားရိတ်မှာ တစ်နှစ်လျှင် ဒေါ်လာ ၂၀ ဘီလီယံ ဝန်းကျင် ရှိပါသည်။ တစ်ခါတစ်ရံ သင်္ဘော တစ်စီးလုံး၏ နေရာအပြည့် ကုန်သေတ္တာ အခွံများပြန်သယ်ရတာလည်းရှိပါတယ်။ ကုန်သေတ္တာ အခွံ ပြန်လည်သယ်ဆောင်ခ တစ်စိတ်တစ်ပိုင်း ပြန်ရစေရန်အတွက် သင်္ဘောလိုင်းတွေ အနေဖြင့် ကုန်တင် ပို့သူတွေထံမှ အပိုဆောင်းကြေး (Container Shortage Surcharge) ကောက်လေ့ရှိပါတယ်။ ၂၀၁၀ က COSCO လိုင်းက ရှန်ဟိုင်းမှ Los Angeles ဆိပ်ကမ်းသို့ပြေးဆွဲသည့်ခရီးစဉ်တွင် ပေ ၄၀ ကုန်သေတ္တာ တစ်လုံး ကို (Emergency Equipment Surcharge)အဖြစ် ဒေါ်လာ (၄၀၀) ကောက်ခံပါသည်။ အဆိုပါ ခရီးစဉ်အတွက် လက်ရှိ ကုန်သေတ္တာ သင်္ဘောခမှာ ပေ၄၀ တစ်လုံး ဒေါ်လာ 2150 ဝန်းကျင်သာရှိပါတယ်။ (၂) Cabotage ကုန်သေတ္တာအခွံ ပိုတဲ့ဆိပ်ကမ်းမှ လိုနေတဲ့ဆိပ်ကမ်းကိုပို့ရမည့် ကုန်သေတ္တာ အခွံများကို အဲဒီဆိပ်ကမ်းကိုဘဲကုန်စည်ပို့ရန် အသုံးပြုလိုတဲ့အခြားသော Liner Operator ကိုရှာဖွေပြီး၊ အခမဲ့ အသုံးပြု ခွင့်ပေးခြင်း။ (၃) Leasing Pick-up / drop-off ကုန်သေတ္တာ အခွံလိုအပ်သည့့်ဆိပ်ကမ်းတွင် အခွံကိုဌားယူပြီး၊မလိုအပ်တော့ဘဲ ပိုနေသည့်ဆိပ်ကမ်းတွင် အငှါးကုမ္ပဏီ သို့ပြန်အပ်ခြင်း။အဲ့ဒီလို လိုအပ်သလို ငှါးနိုင်ဖို့ Liner Operator အနေဖြင့် ကုန်သေတ္တာ အခွံငှါးစားသော ကုမ္ပဏီ နှင့် ကိုယ့်အတွက်သင့်တော်သော အစီအစဉ်များပြု လုပ်ရပါတယ်။ ၂၀၀၆တွင်တစ်ကမ္ဘာလုံးရှိ ကုန်သေတ္တာ စုစုပေါင်းပမာဏ ၏ ထက်ဝက်ခန့်ကို ကုန်သေတ္တာ ဌားစားသည့် ကုမ္ပဏီများကပိုင်ဆိုင်ကြသော်လည်း၊ ၂၀၁၀ တွင် ၄၀% သာပိုင်ဆိုင်ကြပါတော့တယ်။ သို့သော် ယခုအခါ ကုန်သေတ္တာ သင်္ဘောလိုင်းများအနေဖြင့် မတည်ရင်းနှီးငွေ ရှာဖွေရန်အခက်အခဲ ရှိလာသောကြောင့် ကုန်သေတ္တာ အခွံရရှိရေးအတွက် ဌားရမ်းသည့် ကုမ္ပဏီများကိုတစ်ဖန်ပြန်လည် အားကိုးလာရပြန်ပါတယ်။ ဆိပ်ကမ်းလိပ်စာများ သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/ports.html

Sunday, 12 June 2022 09:54

အာရှတိုက်အတွင်း ကွန်တိန်နာ ပို့ဆောင်ရေး လိုအပ်ချက် မြင့်မားဟုဆို

အာရှတိုက်အတွင်း ကွန်တိန်နာ ပို့ဆောင်ရေး လိုအပ်ချက် မြင့်မားဟုဆို

Sunday, 05 June 2022 07:17

၂၀၂၂ ကွန်တိန်နာသင်္ဘောကဏ္ဍ အမြတ် ၅၀၀ ဘီလျံအထိ ရရှိနိုင်ဟု ခန့်မှန်း

၂၀၂၂ ကွန်တိန်နာသင်္ဘောကဏ္ဍ အမြတ် ၅၀၀ ဘီလျံအထိ ရရှိနိုင်ဟု ခန့်မှန်း

Thursday, 02 June 2022 05:37

ONE ကွန်တိန်နာလိုင်းက ကွန်တိန်နာသင်္ဘော အကြီးစား ၁၀ စီး အသစ်မှာကြား

ONE ကွန်တိန်နာလိုင်းက ကွန်တိန်နာသင်္ဘော အကြီးစား ၁၀ စီး အသစ်မှာကြား

Tuesday, 31 May 2022 12:36

ဇွန်လ ၂၀၂၂ ခုနှစ်အတွက် လျာထားသည့် ကွန်တိန်နာသင်္ဘော အစီအစဉ် စာရင်း

၂၀၂၂ ဇွန်လ အတွက် လျာထားသည့် ကွန်တိန်နာသင်္ဘောခရီးစဉ် ၅၃ ခု အစီအစဉ် စာရင်းကို ဖော်ပြအပ်ပါသည်။

Thursday, 19 May 2022 09:44

ကုန်သေတ္တာသင်္ဘောလိုင်းတစ်ခု၏လုပ်ငန်းဆောင်တာများ

လိုင်နာသင်္ဘောလုပ်ငန်းကုမ္ပဏီတစ်ခု မူလလုပ်ငန်းဆောင်တာများမှာ • ကုန်ပစ္စည်းတင်ပို့ခြင်းအတွက် ပုံမှန်ဝန်ဆောင်မှုကို ပံ့ပိုးပေးပြီး ကုန်စည်နှင့် ဆက်နွယ်သည့် သင်္ဘောတင်စာရွက်စာတမ်းများကို ဆောင်ရွက်ပေးသည်။ • ကုန်ပစ္စည်းတစ်ခုချင်းစီအပေါ်တွင် ကျသင့်ငွေကောက်ခံသည်။ • ကုန်သေတ္တာများကို သင်္ဘောပေါ်တင်ခြင်း/ သင်္ဘောပေါ်မှချခြင်းတို့ကို ဆောင်ရွက်ပေးသည်။ • အတိအကျသတ်မှတ်ထားသော အချိန်စာရင်းအတိုင်း သင်္ဘောလုပ်ငန်း ဝန်ဆောင်မှုကို ဆောင်ရွက်သည်။ • သင်္ဘောလုပ်ငန်းဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန် ရရှိနိုင်သမျှသော သင်္ဘောများပေါ်တွင် တင်ဆောင်နိုင်သည့် (ပမာဏ) စွမ်းရည်ကို အစီအစဉ် ရေးဆွဲပေးသည်။ • လိုအပ်ပါက သင်္ဘောအသစ်များ တည်ဆောက်ခြင်း၊ အခြားသင်္ဘောများကို ငှားရမ်းအသုံးပြုခြင်းဖြင့် ဝယ်လိုအားလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်သည်။ ကုန်သေတ္တာသင်္ဘောလုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်သေတ္တာသင်္ဘောများ အပြင် ခေတ်မီသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ၊ သင်္ဘော လုပ်ငန်းကိုယ်စားလှယ်များ၊ သင်္ဘောလုပ်ငန်းနယ်ပယ်တွင် ပါဝင်နေသော အခြား ပုဂ္ဂိုလ် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစသည့် ပိုမိုကျယ်ပြန့်သော ရင်းနှီးမြှုပ်နှံမှု များပါဝင်နေပါသည်။ သင်္ဘောလုပ်ငန်းကွန်ယက်တွင် သင်္ဘောပေါ်တွင် ကုန်သေတ္တာ ထားသည့်နေရာ (slot) ကိုမျှဝေ အသုံးပြုခြင်းနှင့် ဘက်စုံသယ်ယူ ပို့ဆောင်ရေး (multimodal transport) တွင်ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ အပြင် ဆိပ်ကမ်းများကို ဆက်စပ်ထားသည့် ပင်လယ်ရေလမ်းကြောင်းများ၊ သင်္ဘောလိုင်းများ မှပေးသည့် ဝန်ဆောင်မှုများကို ဖွဲ့စည်းပေါင်းစပ်ထားသည်။ ကုန်သေတ္တာသင်္ဘောလုပ်ငန်းဈေးကွက်တွင် ပါဝင်သောကုမ္ပဏီများနှင့် ကွန်ယက် တွင်ပူးပေါင်း ဆောင်ရွက်သူများသည် လုပ်ငန်းဆောင်ရွက်ရာတွင် အကျိုးစီးပွား တိုးတက်များပြားရန် (operational gains) အတွက် အရင်းအမြစ်များနှင့် ပုံသေ ပိုင်ဆိုင်မှုပစ္စည်းများကို မျှဝေအသုံးပြုကြသည်။ ကွန်ယက်ရှိ အရင်းအမြစ် များသည် ပြိုင်ဆိုင်မှုတွင် အသာစီးရရှိစေနိုင်သည့် အကျိုးကျေးဇူး (competitive advantage) ကို ပေးနိုင်သဖြင့် ပို၍တက်ကြွသော (aggressive) သင်္ဘောလိုင်းများသည် ကုန်ကျ စရိတ်တွင်အနည်းဆုံးဖြစ်စေရေးနှင့် ဝန်ဆောင်မှုတွင် အကောင်းဆုံး ဖြစ်စေရေးအတွက် ၎င်းတို့၏ကွန်ယက်ရှိ အရင်းအမြစ်များကို အပြည့်အဝအသုံးချ ကြသည်။ ထို့ကြောင့် ကုန်သေတ္တာ သင်္ဘောလုပ်ငန်း ကွန်ယက်သည် နှစ်ဦးနှစ်ဘက် အကောင်းဆုံး အကျိုးအမြတ် ရရှိစေနိုင်ရေးအတွက် နည်းဗျူဟာများ ဖော်ထုတ် ကျင့်သုံးကာ ဆက်စပ်လုပ်ငန်း ဆောင်ရွက်သူများဖြစ်သည့် ဘက်စုံသယ်ယူပို့ဆောင်ရေး လုပ်ငန်း ရှင်များ၊ ကုန်သေတ္တာ စီမံခန့်ခွဲမှုဝန်ဆောင်မှုပေးသူများ၊ ကုန်သေတ္တာဆိပ်ကမ်း လုပ်ငန်းဆောင်ရွက်သူများစသည့်တို့အကြား အရင်းအမြစ်များနှင့် ပုံသေပိုင်ဆိုင် သည့်ပစ္စည်းများကို မျှဝေအသုံးပြုသည့် ကွန်ယက်တစ်ခုဖြစ်ပါသည်။ Source : Shipping and logistics Myanmar Logistics Guide

Sunday, 15 May 2022 10:44

CMA CGM က ကွန်တိန်နာ ဆောလျင်စွာ ပြန်အပ်လျှင် ဆုကြေးပေးမက်လုံးအစီအစဉ် အမေရိကန်မှာ စတင်

CMA CGM က ကွန်တိန်နာ ဆောလျင်စွာ ပြန်အပ်လျှင် ဆုကြေးပေးမက်လုံးအစီအစဉ် အမေရိကန်မှာ စတင်

Saturday, 30 April 2022 07:35

မေလ ၂၀၂၂ ခုနှစ်အတွက် လျာထားသည့် ကွန်တိန်နာသင်္ဘော အစီအစဉ် စာရင်း

၂၀၂၂ မေလ အတွက် လျာထားသည့် ကွန်တိန်နာသင်္ဘောခရီးစဉ် ၅၄ ခု အစီအစဉ် စာရင်းကို ဖော်ပြအပ်ပါသည်။

Thursday, 31 March 2022 10:56

ဧပြီလ ၂၀၂၂ ခုနှစ်အတွက် လျာထားသည့် ကွန်တိန်နာသင်္ဘော အစီအစဉ် စာရင်း

၂၀၂၂ ဧပြီလ အတွက် လျာထားသည့် ကွန်တိန်နာသင်္ဘောခရီးစဉ် ၅၂ ခု အစီအစဉ် စာရင်းကို ဖော်ပြအပ်ပါသည်။

Wednesday, 23 March 2022 05:05

Wan Hai Lines က အာရှတွင်းခရီးစဉ်အသစ် CI7 ကို ပြေးဆွဲမည်

Wan Hai Lines က အာရှတွင်းခရီးစဉ်အသစ် CI7 ကို ပြေးဆွဲမည်

Saturday, 19 March 2022 04:24

ကြေညာလွှာ မမှန်ကန်လျှင် ကွန်တိန်နာတစ်လုံး ဒေါ်လာ သုံးသောင်း ဒဏ်ရိုက်မည်ဟု Wan Hai Lines ‌ကြေညာ

ကြေညာလွှာ မမှန်ကန်လျှင် ကုန်စည်ကွန်တိန်နာတစ်လုံး ဒေါ်လာ သုံးသောင်း ဒဏ်ရိုက်မည်ဟု Wan Hai Lines ‌ကြေညာ ကြေညာလွှာ မှန်ကန်ပြည့်စုံခြင်း မရှိသည့် ကုန်စည်ကွန်တိန်နာများကို အရေးယူမည်ဟု တိုင်ဝမ် ကွန်တိန်နာသင်္ဘောလိုင်း Wan Hai Lines (WHL) က ကြေညာထားပါသည်။ ကြေညာလွှာ မမှန်ကန်သည့် ကုန်စည်များအတွက် shippers ကို ကြီးမားသောဒဏ်ငွေရိုက်ခြင်းများ စတင်မည်ဟု အသိပေးကြေညာထားပါသည်။ ယခုအချိန်မှစ၍ ကုန်စည်ကြေငြာလွှာများနှင့် ပို့ဆောင်ရေးပုံစံ shipping form များ၊ ပူးတွဲပါရှိသော စာရွက်စာတမ်းများသည် မှန်ကန်တိကျမှု မရှိပါက Wan Hai Lines သည် သယ်ယူပို့ဆောင်နေစဉ် ကုန်စည်ပို့ဆောင်မှုကို ချက်ချင်းရပ်တန့်ရန် သို့မဟုတ် ရပ်ဆိုင်းရန် သို့မဟုတ် ကုန်စည်ပို့ဆောင်မှုဆိုင်ရာ ကန်ထရိုက်စာချုပ်ကို အချိန်မရွေး ရပ်စဲရန် လုပ်ပိုင်ခွင့်ရှိသည်” ဟု ယခုသီတင်းပတ်အတွင်း ကုမ္ပဏီမှ ဖောက်သည်များထံ ပေးပို့သော သတိပေးချက်တွင် ဖော်ပြထားပါသည်။ WHL က ဒဏ်ကြေးသတ်မှတ်ပုံမှာ အန္တရာယ်များသော ကုန်စည် hazardous cargo ဆိုပါက ကွန်တိန်နာ တစ်လုံးလျှင် $30,000 ဒဏ်ရိုက်မည်၊ သာမန် အန္တရာယ်မများသော ကုန်စည် standard non-hazardous ဆိုပါက ကွန်တိန်နာ တစ်လုံးလျှင် $20,000 ဒဏ်ရိုက်မည် ဖြစ်သည်။ အထက်ဖော်ပြပါ ဒဏ်ကြေးများအပြင် နောက်ဆက်တွဲ ဖြစ်ပေါ်သည့်ဒဏ်‌ကြေးများ၊ အပြစ်ဒဏ်များ၊ ရှေ့နေခများ၊ တရားစွဲဆိုမှုစရိတ်စကများ အပါအဝင်ဖြစ်သော်လည်း ၎င်းတို့သာဟု ကန့်သတ်မထားသော တာဝန်ယူရခြင်းများ အကုန်လုံး၏ ကုန်ကျစရိတ်များနှင့် ပျက်စီးဆုံးရှုံးမှုများ မှန်သမျှအတွက် shippers က တာဝန်ရှိကြောင်း ယူဆမည်ဖြစ်ပြီး shippers က အကုန်အကျခံရမည် ဟု WHL မှ ဆိုထားပါသည်။ gcaptain.com

Friday, 18 March 2022 08:45

Ever Forward သောင်တင်နေဆဲ

Ever Forward သောင်တင်နေဆဲ