Containers

Saturday, 18 June 2022 04:56

အာရှတွင်း ခရီးစဉ်များ PIL တိုးချဲ့ပြေးဆွဲ

အာရှတွင်း ခရီးစဉ်များ PIL တိုးချဲ့ပြေးဆွဲ

Friday, 17 June 2022 00:35

ကွန်တိန်နာသင်္ဘောလိုင်းများ ၂၀၂၂ တွင် အမြတ် ဆက်လက်မြင့်မားနေဦးမည်ဟု ခန့်မှန်း

ကွန်တိန်နာသင်္ဘောလိုင်းများ ၂၀၂၂ တွင် အမြတ် ဆက်လက်မြင့်မားနေဦးမည်ဟု ခန့်မှန်း

Thursday, 16 June 2022 07:28

ကုန်သေတ္တာ စီမံခန့်ခွဲမှုအကြောင်း

သင်္ဘောလိုင်းပြေးဆွဲသူ (liner Operator) ၏အဓိကလိုအပ်ချက်မှာ ကုန်တင်ပို့လိုသူ ဖောက်သည်များလိုအပ်သည့် ကုန်သေတ္တာ အမျိုးအစားကို၊ လိုအပ်သည့်အချိန်တွင်၊ လိုအပ်သလောက် အသင့်ရရှိရေးဖြစ်ပါသည်။ ကုန်သေတ္တာအခွံ လိုအပ်နေသောဆိပ်ကမ်းတွင် ကုန်သေတ္တာ လုံလောက်မှုမရှိဖြစ်နေပြီး၊ မလိုအပ်သောနေရာတွင် ကုန်သေတ္တာ အခွံများစုပုံနေခြင်းသည်အကျိုးမရှိဘဲ ဆုံးရုံးမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် လက်ဝယ်ရှိ ကုန်သေတ္တာ ထိန်းချုပ်မှု (container inventory control) နှင့် ကုန်သေတ္တာများကို ပိုသည့်နေရာမှ လိုအပ်သည့်နေရာသို့ ဖြန့်ဝေရန်စီမံခန့်ခွဲမှု(Physical Distribution Management) လုပ်ဖို့ လိုအပ်ပါတယ်။ ကုန်သေတ္တာ ထိန်းချုပ်မှုနှင့်စပ်လျဉ်း၍ Liner Operator တစ်ဦးသည် အရိုးရှင်းဆုံး ပုံစံ အနေဖြင့် ဆိပ်ကမ်း (၂ ) ခုအကြား၊ ပုံမှန်အချိန်ဇယားဖြင့် ပြေးဆွဲပါက ဆိပ်ကမ်း တစ်ခုစီတွင်၊ ကုန်သေတ္တာ လိုအပ်ချက်ဘယ်လောက်ရှိမလဲကို ကြိုတင်ခန့်မှန်းရန်လိုပါသည်။ ခန့်မှန်းချက်တွင် ရာသီအလို်က် ကုန်သေတ္တာ လိုအပ်ချက်အတက်/အကျ (Seasonal Demand Fluctuation) (ဥပမာ တရုတ်နှစ်သစ်ကူးကာလတွင်အရောင်းအဝယ်မလုပ်ကြသဖြင့် ထိုအချိန် မတိုင်မှီ ကုန်တင်ပို့/ တင်သွင်းမှုများတတ်ပါသည်) ကိုထည့်သွင်းစဉ်းစားရန်လိုပါသည်။ ကျပန်း လိုအပ်ချက်ပြောင်းလဲမှု(Random Demand Fluctuation)အတွက်လည်း ထည့်သွင်းလျာထားရန်လိုအပ်သလို ကုန်သေတ္တာ ပြတ်လပ်သွားမှာ မရှိစေရန်(Safety Stock) အတွက်ပါ ထည့်သွင်းလျာထားရန်လိုပါသည်။ ကုန်သေတ္တာ ဝန်ဆောင်မှု့ သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/logistics-services/container-services.html ကုန်သွယ်မှု လမ်းကြောင်းသည်ညီမျှ မှုမရှိဘဲ၊ လမ်းကြောင်း တစ်ခြမ်းက အားသာပါက (ဥပမာ စင်ကာပူ -ရန်ကုန် လမ်းကြောင်းတွင် သွင်းကုန် ကုန်သေတ္တာ များပြားသော်လည်း၊ ရန်ကုန်- စင်ကာပူအပြန် လမ်းကြောင်းတွင် ပို့ကုန် နည်းပါးသဖြင့် ) ပိုနေသောကုန်သေတ္တာ အခွံလွတ်များကို စင်ကာပူသို့ ုပြန်သယ်ပို့ရန်လိုအပ်ပါသည်။ ကုန်သေတ္တာ TEU ၂.၅သန်းကျော်ဟာ တစ်ကမ္ဘာလုံးက ကုန်သေတ္တာ Terminal တွေမှာ အခွံအဖြစ်သာ သိမ်းထားကြပါတယ်။ကုန်သေတ္တာတစ်လုံးရဲ့ပျမ်းမျှသက်တမ်း (၁၂ နှစ်) ၏ တစ်ဝက်လောက်ဟာ ကုန်စည်သယ်ဆောင်ရခြင်း မရှိဘဲ Terminal တွေမှာ သယ်မယ့်ကုန် စောင့်ဆိုင်းစဉ် ထားသိုထားတာ (သို့) ကုန်သေတ္တာ အခွံလိုအပ်တဲ့ဆိပ်ကမ်းကို ပြန်သယ်ပို့တာ နဲ့ဘဲ ကုန်ဆုံးသွား ကြပါတယ်။ကုန်သေတ္တာ Terminals တွေရဲ့ ကုန်သေတ္တာအနူတ်အသိမ်း (port throughput) ၏ ၂၀.၅% ဟာ ကုန်တ္တောအခွံတွေဖြစ်ပါတယ်။ ကုန်သေတ္တာ အခွံလွတ်များကို လိုအပ်သည့်နေရာသို့ ပြန်ပို့သည့် Physical Distribution Management နည်းလမ်း (၃)သွယ်ရှိပါသည်။ (၁) Imbalance movement ကုန်သေတ္တာ အခွံပိုနေသော ဆိပ်ကမ်းမှ လိုနေသောဆိပ်ကမ်းသို့ ပို့ဆောင်ပေးခြင်း၊တစ်ကမ္ဘာလုံးတွင်ပင်လယ်ရေကြောင်းဖြင့် ကုန်သေတ္တာ အခွံများ ရွှေ့ပြောင်း သယ်ဆောင်မှုကုန်ကျ စားရိတ်မှာ တစ်နှစ်လျှင် ဒေါ်လာ ၂၀ ဘီလီယံ ဝန်းကျင် ရှိပါသည်။ တစ်ခါတစ်ရံ သင်္ဘော တစ်စီးလုံး၏ နေရာအပြည့် ကုန်သေတ္တာ အခွံများပြန်သယ်ရတာလည်းရှိပါတယ်။ ကုန်သေတ္တာ အခွံ ပြန်လည်သယ်ဆောင်ခ တစ်စိတ်တစ်ပိုင်း ပြန်ရစေရန်အတွက် သင်္ဘောလိုင်းတွေ အနေဖြင့် ကုန်တင် ပို့သူတွေထံမှ အပိုဆောင်းကြေး (Container Shortage Surcharge) ကောက်လေ့ရှိပါတယ်။ ၂၀၁၀ က COSCO လိုင်းက ရှန်ဟိုင်းမှ Los Angeles ဆိပ်ကမ်းသို့ပြေးဆွဲသည့်ခရီးစဉ်တွင် ပေ ၄၀ ကုန်သေတ္တာ တစ်လုံး ကို (Emergency Equipment Surcharge)အဖြစ် ဒေါ်လာ (၄၀၀) ကောက်ခံပါသည်။ အဆိုပါ ခရီးစဉ်အတွက် လက်ရှိ ကုန်သေတ္တာ သင်္ဘောခမှာ ပေ၄၀ တစ်လုံး ဒေါ်လာ 2150 ဝန်းကျင်သာရှိပါတယ်။ (၂) Cabotage ကုန်သေတ္တာအခွံ ပိုတဲ့ဆိပ်ကမ်းမှ လိုနေတဲ့ဆိပ်ကမ်းကိုပို့ရမည့် ကုန်သေတ္တာ အခွံများကို အဲဒီဆိပ်ကမ်းကိုဘဲကုန်စည်ပို့ရန် အသုံးပြုလိုတဲ့အခြားသော Liner Operator ကိုရှာဖွေပြီး၊ အခမဲ့ အသုံးပြု ခွင့်ပေးခြင်း။ (၃) Leasing Pick-up / drop-off ကုန်သေတ္တာ အခွံလိုအပ်သည့့်ဆိပ်ကမ်းတွင် အခွံကိုဌားယူပြီး၊မလိုအပ်တော့ဘဲ ပိုနေသည့်ဆိပ်ကမ်းတွင် အငှါးကုမ္ပဏီ သို့ပြန်အပ်ခြင်း။အဲ့ဒီလို လိုအပ်သလို ငှါးနိုင်ဖို့ Liner Operator အနေဖြင့် ကုန်သေတ္တာ အခွံငှါးစားသော ကုမ္ပဏီ နှင့် ကိုယ့်အတွက်သင့်တော်သော အစီအစဉ်များပြု လုပ်ရပါတယ်။ ၂၀၀၆တွင်တစ်ကမ္ဘာလုံးရှိ ကုန်သေတ္တာ စုစုပေါင်းပမာဏ ၏ ထက်ဝက်ခန့်ကို ကုန်သေတ္တာ ဌားစားသည့် ကုမ္ပဏီများကပိုင်ဆိုင်ကြသော်လည်း၊ ၂၀၁၀ တွင် ၄၀% သာပိုင်ဆိုင်ကြပါတော့တယ်။ သို့သော် ယခုအခါ ကုန်သေတ္တာ သင်္ဘောလိုင်းများအနေဖြင့် မတည်ရင်းနှီးငွေ ရှာဖွေရန်အခက်အခဲ ရှိလာသောကြောင့် ကုန်သေတ္တာ အခွံရရှိရေးအတွက် ဌားရမ်းသည့် ကုမ္ပဏီများကိုတစ်ဖန်ပြန်လည် အားကိုးလာရပြန်ပါတယ်။ ဆိပ်ကမ်းလိပ်စာများ သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/ports.html

Sunday, 12 June 2022 09:54

အာရှတိုက်အတွင်း ကွန်တိန်နာ ပို့ဆောင်ရေး လိုအပ်ချက် မြင့်မားဟုဆို

အာရှတိုက်အတွင်း ကွန်တိန်နာ ပို့ဆောင်ရေး လိုအပ်ချက် မြင့်မားဟုဆို

Sunday, 05 June 2022 07:17

၂၀၂၂ ကွန်တိန်နာသင်္ဘောကဏ္ဍ အမြတ် ၅၀၀ ဘီလျံအထိ ရရှိနိုင်ဟု ခန့်မှန်း

၂၀၂၂ ကွန်တိန်နာသင်္ဘောကဏ္ဍ အမြတ် ၅၀၀ ဘီလျံအထိ ရရှိနိုင်ဟု ခန့်မှန်း

Thursday, 02 June 2022 05:37

ONE ကွန်တိန်နာလိုင်းက ကွန်တိန်နာသင်္ဘော အကြီးစား ၁၀ စီး အသစ်မှာကြား

ONE ကွန်တိန်နာလိုင်းက ကွန်တိန်နာသင်္ဘော အကြီးစား ၁၀ စီး အသစ်မှာကြား

Tuesday, 31 May 2022 12:36

ဇွန်လ ၂၀၂၂ ခုနှစ်အတွက် လျာထားသည့် ကွန်တိန်နာသင်္ဘော အစီအစဉ် စာရင်း

၂၀၂၂ ဇွန်လ အတွက် လျာထားသည့် ကွန်တိန်နာသင်္ဘောခရီးစဉ် ၅၃ ခု အစီအစဉ် စာရင်းကို ဖော်ပြအပ်ပါသည်။

Thursday, 19 May 2022 09:44

ကုန်သေတ္တာသင်္ဘောလိုင်းတစ်ခု၏လုပ်ငန်းဆောင်တာများ

လိုင်နာသင်္ဘောလုပ်ငန်းကုမ္ပဏီတစ်ခု မူလလုပ်ငန်းဆောင်တာများမှာ • ကုန်ပစ္စည်းတင်ပို့ခြင်းအတွက် ပုံမှန်ဝန်ဆောင်မှုကို ပံ့ပိုးပေးပြီး ကုန်စည်နှင့် ဆက်နွယ်သည့် သင်္ဘောတင်စာရွက်စာတမ်းများကို ဆောင်ရွက်ပေးသည်။ • ကုန်ပစ္စည်းတစ်ခုချင်းစီအပေါ်တွင် ကျသင့်ငွေကောက်ခံသည်။ • ကုန်သေတ္တာများကို သင်္ဘောပေါ်တင်ခြင်း/ သင်္ဘောပေါ်မှချခြင်းတို့ကို ဆောင်ရွက်ပေးသည်။ • အတိအကျသတ်မှတ်ထားသော အချိန်စာရင်းအတိုင်း သင်္ဘောလုပ်ငန်း ဝန်ဆောင်မှုကို ဆောင်ရွက်သည်။ • သင်္ဘောလုပ်ငန်းဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန် ရရှိနိုင်သမျှသော သင်္ဘောများပေါ်တွင် တင်ဆောင်နိုင်သည့် (ပမာဏ) စွမ်းရည်ကို အစီအစဉ် ရေးဆွဲပေးသည်။ • လိုအပ်ပါက သင်္ဘောအသစ်များ တည်ဆောက်ခြင်း၊ အခြားသင်္ဘောများကို ငှားရမ်းအသုံးပြုခြင်းဖြင့် ဝယ်လိုအားလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်သည်။ ကုန်သေတ္တာသင်္ဘောလုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်သေတ္တာသင်္ဘောများ အပြင် ခေတ်မီသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ၊ သင်္ဘော လုပ်ငန်းကိုယ်စားလှယ်များ၊ သင်္ဘောလုပ်ငန်းနယ်ပယ်တွင် ပါဝင်နေသော အခြား ပုဂ္ဂိုလ် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစသည့် ပိုမိုကျယ်ပြန့်သော ရင်းနှီးမြှုပ်နှံမှု များပါဝင်နေပါသည်။ သင်္ဘောလုပ်ငန်းကွန်ယက်တွင် သင်္ဘောပေါ်တွင် ကုန်သေတ္တာ ထားသည့်နေရာ (slot) ကိုမျှဝေ အသုံးပြုခြင်းနှင့် ဘက်စုံသယ်ယူ ပို့ဆောင်ရေး (multimodal transport) တွင်ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ အပြင် ဆိပ်ကမ်းများကို ဆက်စပ်ထားသည့် ပင်လယ်ရေလမ်းကြောင်းများ၊ သင်္ဘောလိုင်းများ မှပေးသည့် ဝန်ဆောင်မှုများကို ဖွဲ့စည်းပေါင်းစပ်ထားသည်။ ကုန်သေတ္တာသင်္ဘောလုပ်ငန်းဈေးကွက်တွင် ပါဝင်သောကုမ္ပဏီများနှင့် ကွန်ယက် တွင်ပူးပေါင်း ဆောင်ရွက်သူများသည် လုပ်ငန်းဆောင်ရွက်ရာတွင် အကျိုးစီးပွား တိုးတက်များပြားရန် (operational gains) အတွက် အရင်းအမြစ်များနှင့် ပုံသေ ပိုင်ဆိုင်မှုပစ္စည်းများကို မျှဝေအသုံးပြုကြသည်။ ကွန်ယက်ရှိ အရင်းအမြစ် များသည် ပြိုင်ဆိုင်မှုတွင် အသာစီးရရှိစေနိုင်သည့် အကျိုးကျေးဇူး (competitive advantage) ကို ပေးနိုင်သဖြင့် ပို၍တက်ကြွသော (aggressive) သင်္ဘောလိုင်းများသည် ကုန်ကျ စရိတ်တွင်အနည်းဆုံးဖြစ်စေရေးနှင့် ဝန်ဆောင်မှုတွင် အကောင်းဆုံး ဖြစ်စေရေးအတွက် ၎င်းတို့၏ကွန်ယက်ရှိ အရင်းအမြစ်များကို အပြည့်အဝအသုံးချ ကြသည်။ ထို့ကြောင့် ကုန်သေတ္တာ သင်္ဘောလုပ်ငန်း ကွန်ယက်သည် နှစ်ဦးနှစ်ဘက် အကောင်းဆုံး အကျိုးအမြတ် ရရှိစေနိုင်ရေးအတွက် နည်းဗျူဟာများ ဖော်ထုတ် ကျင့်သုံးကာ ဆက်စပ်လုပ်ငန်း ဆောင်ရွက်သူများဖြစ်သည့် ဘက်စုံသယ်ယူပို့ဆောင်ရေး လုပ်ငန်း ရှင်များ၊ ကုန်သေတ္တာ စီမံခန့်ခွဲမှုဝန်ဆောင်မှုပေးသူများ၊ ကုန်သေတ္တာဆိပ်ကမ်း လုပ်ငန်းဆောင်ရွက်သူများစသည့်တို့အကြား အရင်းအမြစ်များနှင့် ပုံသေပိုင်ဆိုင် သည့်ပစ္စည်းများကို မျှဝေအသုံးပြုသည့် ကွန်ယက်တစ်ခုဖြစ်ပါသည်။ Source : Shipping and logistics Myanmar Logistics Guide

Sunday, 15 May 2022 10:44

CMA CGM က ကွန်တိန်နာ ဆောလျင်စွာ ပြန်အပ်လျှင် ဆုကြေးပေးမက်လုံးအစီအစဉ် အမေရိကန်မှာ စတင်

CMA CGM က ကွန်တိန်နာ ဆောလျင်စွာ ပြန်အပ်လျှင် ဆုကြေးပေးမက်လုံးအစီအစဉ် အမေရိကန်မှာ စတင်

Saturday, 30 April 2022 07:35

မေလ ၂၀၂၂ ခုနှစ်အတွက် လျာထားသည့် ကွန်တိန်နာသင်္ဘော အစီအစဉ် စာရင်း

၂၀၂၂ မေလ အတွက် လျာထားသည့် ကွန်တိန်နာသင်္ဘောခရီးစဉ် ၅၄ ခု အစီအစဉ် စာရင်းကို ဖော်ပြအပ်ပါသည်။

Thursday, 31 March 2022 10:56

ဧပြီလ ၂၀၂၂ ခုနှစ်အတွက် လျာထားသည့် ကွန်တိန်နာသင်္ဘော အစီအစဉ် စာရင်း

၂၀၂၂ ဧပြီလ အတွက် လျာထားသည့် ကွန်တိန်နာသင်္ဘောခရီးစဉ် ၅၂ ခု အစီအစဉ် စာရင်းကို ဖော်ပြအပ်ပါသည်။

Wednesday, 23 March 2022 05:05

Wan Hai Lines က အာရှတွင်းခရီးစဉ်အသစ် CI7 ကို ပြေးဆွဲမည်

Wan Hai Lines က အာရှတွင်းခရီးစဉ်အသစ် CI7 ကို ပြေးဆွဲမည်

Saturday, 19 March 2022 04:24

ကြေညာလွှာ မမှန်ကန်လျှင် ကွန်တိန်နာတစ်လုံး ဒေါ်လာ သုံးသောင်း ဒဏ်ရိုက်မည်ဟု Wan Hai Lines ‌ကြေညာ

ကြေညာလွှာ မမှန်ကန်လျှင် ကုန်စည်ကွန်တိန်နာတစ်လုံး ဒေါ်လာ သုံးသောင်း ဒဏ်ရိုက်မည်ဟု Wan Hai Lines ‌ကြေညာ ကြေညာလွှာ မှန်ကန်ပြည့်စုံခြင်း မရှိသည့် ကုန်စည်ကွန်တိန်နာများကို အရေးယူမည်ဟု တိုင်ဝမ် ကွန်တိန်နာသင်္ဘောလိုင်း Wan Hai Lines (WHL) က ကြေညာထားပါသည်။ ကြေညာလွှာ မမှန်ကန်သည့် ကုန်စည်များအတွက် shippers ကို ကြီးမားသောဒဏ်ငွေရိုက်ခြင်းများ စတင်မည်ဟု အသိပေးကြေညာထားပါသည်။ ယခုအချိန်မှစ၍ ကုန်စည်ကြေငြာလွှာများနှင့် ပို့ဆောင်ရေးပုံစံ shipping form များ၊ ပူးတွဲပါရှိသော စာရွက်စာတမ်းများသည် မှန်ကန်တိကျမှု မရှိပါက Wan Hai Lines သည် သယ်ယူပို့ဆောင်နေစဉ် ကုန်စည်ပို့ဆောင်မှုကို ချက်ချင်းရပ်တန့်ရန် သို့မဟုတ် ရပ်ဆိုင်းရန် သို့မဟုတ် ကုန်စည်ပို့ဆောင်မှုဆိုင်ရာ ကန်ထရိုက်စာချုပ်ကို အချိန်မရွေး ရပ်စဲရန် လုပ်ပိုင်ခွင့်ရှိသည်” ဟု ယခုသီတင်းပတ်အတွင်း ကုမ္ပဏီမှ ဖောက်သည်များထံ ပေးပို့သော သတိပေးချက်တွင် ဖော်ပြထားပါသည်။ WHL က ဒဏ်ကြေးသတ်မှတ်ပုံမှာ အန္တရာယ်များသော ကုန်စည် hazardous cargo ဆိုပါက ကွန်တိန်နာ တစ်လုံးလျှင် $30,000 ဒဏ်ရိုက်မည်၊ သာမန် အန္တရာယ်မများသော ကုန်စည် standard non-hazardous ဆိုပါက ကွန်တိန်နာ တစ်လုံးလျှင် $20,000 ဒဏ်ရိုက်မည် ဖြစ်သည်။ အထက်ဖော်ပြပါ ဒဏ်ကြေးများအပြင် နောက်ဆက်တွဲ ဖြစ်ပေါ်သည့်ဒဏ်‌ကြေးများ၊ အပြစ်ဒဏ်များ၊ ရှေ့နေခများ၊ တရားစွဲဆိုမှုစရိတ်စကများ အပါအဝင်ဖြစ်သော်လည်း ၎င်းတို့သာဟု ကန့်သတ်မထားသော တာဝန်ယူရခြင်းများ အကုန်လုံး၏ ကုန်ကျစရိတ်များနှင့် ပျက်စီးဆုံးရှုံးမှုများ မှန်သမျှအတွက် shippers က တာဝန်ရှိကြောင်း ယူဆမည်ဖြစ်ပြီး shippers က အကုန်အကျခံရမည် ဟု WHL မှ ဆိုထားပါသည်။ gcaptain.com

Friday, 18 March 2022 08:45

Ever Forward သောင်တင်နေဆဲ

Ever Forward သောင်တင်နေဆဲ

Friday, 18 March 2022 07:56

ရုရှားမှ ကွန်တိန်နာအခွံ ၅၀,၀၀၀ ပြန်သယ်ထုတ်ရန် Maersk ကြိုးပမ်း

ရုရှားမှ ကွန်တိန်နာအခွံ ၅၀,၀၀၀ ပြန်သယ်ထုတ်ရန် Maersk ကြိုးပမ်း

Wednesday, 16 March 2022 02:56

၂၀၂၁ မှာ Hapag-Lloyd အမြတ် ဒေါ်လာ ၁၀ ဘီလျံ ရရှိခဲ့

၂၀၂၁ မှာ Hapag-Lloyd အမြတ် ဒေါ်လာ ၁၀ ဘီလျံ ရရှိခဲ့

Wednesday, 02 March 2022 15:16

မတ်လ ၂၀၂၂ ခုနှစ်အတွက် လျာထားသည့် ကွန်တိန်နာ အစီအစဉ် စာရင်း

၂၀၂၂ မတ်လ အတွက် လျာထားသည့် ကွန်တိန်နာသင်္ဘောခရီးစဉ် ၅၀ ၏ အစီအစဉ် စာရင်းကို ဖော်ပြအပ်ပါသည်။

Thursday, 24 February 2022 05:49

CULines အဆင့် ၉၅ မှ အဆင့် ၂၂ သို့ ရောက်ရှိ

CULines အဆင့် ၉၅ မှ အဆင့် ၂၂ သို့ ရောက်ရှိ

Monday, 21 February 2022 07:53

တိုင်ဝမ် ကြီး၃ကြီးက 3PL များ ဝယ်ယူမည် မဟုတ်ဟု ပြောကြား

တိုင်ဝမ် ကြီး၃ကြီးက 3PL များ ဝယ်ယူမည် မဟုတ်ဟု ပြောကြား

Friday, 18 February 2022 09:21

PIL က အလေးချိန် မှားယွင်းကြေညာပါက ကွန်တိန်နာတစ်လုံး ဒေါ်လာ၃၀,၀၀၀ ဒဏ်ကြေး ကောက်မည်

PIL က အလေးချိန် မှားယွင်းကြေညာပါက ကွန်တိန်နာတစ်လုံး ဒေါ်လာ၃၀,၀၀၀ ဒဏ်ကြေး ကောက်မည်။

Wednesday, 16 February 2022 15:18

ကွန်တိန်နာအသစ် ဈေးကျ

ကွန်တိန်နာအသစ် ဈေးကျ

Wednesday, 09 February 2022 02:05

ကွန်တိန်နာလိုင်းများ သင်္ဘောခရီးစဉ် အချိန်ဇယား စိတ်ချရမှု ဆက်လက်ကျဆင်း

န်တိန်နာလိုင်းများ သင်္ဘောခရီးစဉ် အချိန်ဇယား စိတ်ချရမှု ဆက်လက်ကျဆင်း

Monday, 31 January 2022 16:59

၂၀၂၂ ဖေဖော်ဝါရီလ အတွက် လျာထားသည့် ကွန်တိန်နာ အစီအစဉ် စာရင်း

၂၀၂၂ ဖေဖော်ဝါရီလ အတွက် လျာထားသည့် ကွန်တိန်နာ ၄၈ စီး၏ အစီအစဉ် စာရင်းကို ဖော်ပြအပ်ပါသည်။

Friday, 07 January 2022 06:53

MSC က Maersk ထံမှ ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာလိုင်း သရဖူ ရယူ

MSC ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာလိုင်း သရဖူ ဆောင်းလိုက်ပါတယ်။

Thursday, 06 January 2022 09:19

ပစိဖိတ်သမုဒ္ဒရာထဲ ၂ ရက်ကြာ မျောခဲ့ပြီး အင်ဂျင်အရေးပေါ် ပြုပြင်ရန် ကွန်တိန်နာသင်္ဘော လမ်းကြောင်းပြောင်းလဲခဲ့ရ

ပစိဖိတ်သမုဒ္ဒရာထဲ ၂ ရက်ကြာ မျောခဲ့ပြီး အင်ဂျင်အရေးပေါ် ပြုပြင်ရန် ကွန်တိန်နာသင်္ဘော လမ်းကြောင်းပြောင်းလဲခဲ့ရ

Sunday, 02 January 2022 20:28

ဝန်ထမ်းများကို ဆုကြေး ၄၀ လခ Evergreen က ရက်ရက်ရောရော ချီးမြှင့်

ဝန်ထမ်းများကို ဆုကြေး ၄၀ လခ Evergreen က ရက်ရက်ရောရော ချီးမြှင့်

Friday, 31 December 2021 09:13

၂၀၂၂ ဇန်နဝါရီလ အတွက် လျာထားသည့် ကွန်တိန်နာ အစီအစဉ် စာရင်း

၂၀၂၂ ဇန်နဝါရီလ အတွက် လျာထားသည့် ကွန်တိန်နာ ၄၉ စီး၏ အစီအစဉ် စာရင်းကို ဖော်ပြအပ်ပါသည်။

Friday, 24 December 2021 03:28

တရုတ်ဆိပ်ကမ်းများမှ အရှေ့တောင်အာရှဆိပ်ကမ်းများသို့ ကွန်တိန်နာရေကြောင်းပို့ဆောင်ခ အချို့စျေးနှုန်းများ ဆယ်ဆမြင့်တက်

တရုတ်ဆိပ်ကမ်းများမှ အရှေ့တောင်အာရှဆိပ်ကမ်းများသို့ ကွန်တိန်နာရေကြောင်းပို့ဆောင်ခ အချို့စျေးနှုန်းများ ဆယ်ဆမြင့်တက်

Friday, 17 December 2021 03:16

Maersk ရဲ့ တမူထူးတဲ့ မက်သနောသုံး အကြီးစား ကွန်တိန်နာသင်္ဘောသစ် ၈ စီး

Maersk ရဲ့ တမူထူးတဲ့ မက်သနောသုံး အကြီးစား ကွန်တိန်နာသင်္ဘောသစ် ၈ စီး

Thursday, 09 December 2021 02:38

နံပါတ်(၁) နေရာသို့ ရောက်ရှိမည့် Mediterranean Shipping Co (MSC)

၂၀၁၇ တွင် သင်္ဘောလိုင်းများ မဟာမိတ်ဖွဲ့ကြရာ အဓိကကျသည့် မဟာမိတ် ၃ ဖွဲ့ဖြစ်သော 2M, THE Alliance, Ocean Alliance တို့ ဖွဲ့တည်ကြသည်။

Monday, 06 December 2021 04:52

Zim သင်္ဘောလိုင်း ခုတ်မောင်းမယ့် လမ်းကြောင်း

အစ္စရေး သင်္ဘောကုမ္ပဏီ Zim က တတိယ ၃ လပတ်မှာ ယခင်နှစ် အလားတူကာလထက် ဝင်ငွေ ၃ ဆ တိုးခဲ့ကြောင်း၊

Monday, 06 December 2021 02:41

Hapag-Lloyd က တစ်ရက် ဒေါ်လာ ၁၃၀,၀၀၀ ဖြင့် သင်္ဘောတစ်စီး ငှားရမ်သုံးစွဲ

ကွန်တိန်နာသင်္ဘောလိုင်း Hapag-Lloyd က မှတစ်ပါးအခြားမရှိ တဲ့အဖြစ်ကို သင်္ဘောစင်းလုံးငှား ချာတာဈေးကွက်မှာ ကြုံရပြီး

Saturday, 04 December 2021 03:31

Yang Ming ရဲ့ သင်္ဘောသစ် YM Together စတင်ပြေးဆွဲမည်

Yang Ming သင်္ဘောလိုင်းက Shoei Kisen Kaisha, Ltd. မှ ချာတာငှားတဲ့ သင်္ဘောအသစ် YM Together ကို လက်ခံရရှိကြောင်း ထုတ်ပြန်ကြေညာပါတယ်။

Monday, 29 November 2021 03:09

VIMC က ဗီယက်နမ်- မလေးရှား- အိန္ဒိယ ရေကြောင်းခရီးစဉ် ပြေးဆွဲ

ဗီယက်နမ်- မလေးရှား- အိန္ဒိယ ရေကြောင်းခရီးစဉ်ကို Vietnam Maritime Corporation (VIMC) က ၂၀၂၁ အောက်တိုဘာလ ၂၅ ရက်မှာ စတင်ပြေးဆွဲပါတယ်။

Saturday, 20 November 2021 23:05

ကမ္ဘာ့ပထမဆုံး ပင်ကိုထိန်းမောင်း လျှပ်စစ်ကွန်တိန်နာသင်္ဘော Yara Birkeland

နော်ဝေးမှ ဓာတ်မြေဩဇာလုပ်ငန်း Yara က ကာလအတန်ကြာ စောင့်ခဲ့ရတဲ့ ကွန်တိန်နာသင်္ဘော Yara Birkeland ကို လက်ခံရယူခဲ့ပါတယ်။

Wednesday, 17 November 2021 07:24

ခေါက်ကွန်တိန်နာ

ရေကြောင်းကွန်တိန်နာ တီထွင်သုံးစွဲခဲ့ပြီး ကာလရှည်ကြာတည်တံ့နေဆဲ ဖြစ်သည်။

Monday, 15 November 2021 03:00

ဆူးအက်တူးမြောင်း ကန့်လန့်ပိတ်ခဲ့တဲ့ Ever Given ပြင်ဆင်မှုပြီးစီး၍ ကုန်တင်ခရီးစဉ် ပြန်လည်စတင်

EVER GIVEN ကွန်တိန်နာသင်္ဘောကြီး ပြင်ဆင်မှုပြီးစီးခဲ့ပြီး အာရှ-ဥရောပ ကုန်သွယ်ရေကြောင်း ခရီးစဉ်အတွက် ကုန်တင်ခရီးစဉ်ကို ပြန်လည်စတင်ပါတယ်။

Sunday, 14 November 2021 02:58

ZIM က သင်္ဘော ၇ စီး ဝယ်ယူဖြည့်တင်း

အစ္စရေးနိုင်ငံမှ ZIM Integrated Shipping Services က သင်္ဘောတွေကို ချာတာငှားပြီး ပြေးဆွဲနေတာကနေ

Friday, 22 October 2021 03:37

ရေကြောင်းကွန်တိန်နာ ရောင်းဈေးနှုန်း ကျဆင်း

ခရစ်စမတ် ဈေးရောင်းရာသီအမီ တရုတ်နိုင်ငံမှာ ထုတ်လုပ်သော ရောင်းကုန်များ တင်ပို့ကြသည့် ရာသီ ကုန်ဆုံးပြီ ဖြစ်သဖြင့်

Friday, 15 October 2021 07:42

ကွန်တိန်နာ တန်ဆာခ နှုန်းထား အနာဂတ် အလားအလာများ

ရေကြောင်း ကွန်တိန်နာ သယ်ပို့ခများ ဈေးကျမည်ဖြစ်သော်လည်း ကိုဗစ်ကပ် အကြိုကာလ ဈေးနှုန်းများအထိ ကျဆင်းလိမ့်မည်မဟုတ်ဟု မှန်းဆထားကြသည်။ ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ ယခုကာလလိုမျိုး အကြီးအကျယ် ဈေးတက်မှာ မဟုတ်ဟုလည်း မှန်းဆထားကြပါသည်။ အထွတ်အထိပ် ရာသီချိန်ကို ဖြတ်သန်းနေစဉ် ကွန်တိန်နာ တန်ဆာခများ ဆက်လက် ဈေးတက်ခဲ့ရာ ပြီးခဲ့တဲ့ ဈေးအမြင့်ဆုံး စံချိန်များကို စံချိန်ချိုးခဲ့သည်။ ဆိပ်ကမ်းများ ကျပ်စို့နေခြင်း၊ ခရစ်စမတ် ဈေးရောင်းကလာအမီ ပို့ကုန်များ တင်ပို့ကြခြင်း၊ ပုံမှန်တင်ပို့နေကျ စားသောက်ကုန်များ ကွန်တိန်နာခနှင့် တန်ဆာခ မြင့်မားခြင်းတို့ကြောင့် မတင်ပို့နိုင်ကြတော့ခြင်း အစရှိသည့် ကသောင်းကနင်းများသည် မည်မျှအထိ ကြာမြင့်မည်နည်း သမားရိုးကျ ပေးသွင်းမှု-လိုအပ်မှု ချိန်ခွင်လျှာညီအောင် ညှိမရ ဖြစ်နေသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။ တရုတ်အစိုးရက ကိုဗစ်-၁၉ ကို လုံးဝသည်းမခံသော မူဝါဒဖြင့် ဆိပ်ကမ်းများကို တင်းကျပ်ထားသည့်အတွက် ဆိပ်ကမ်း ယာယီရက်ပိုင်း ပိတ်ထားရသည့် အဖြစ်များ ဆက်ရှိနေနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် ဆိပ်ကမ်းများတွင် ကြွေးကျန် အလုပ်များကို အချိန်ပိုဆင်းပေးပြီး ရှင်းထုတ်နေကြသည်။ ကမ္ဘာ့ကုန်ထုတ်လုပ်ရာ ပင်မအချက်အချာ ဖြစ်သော တရုတ်နိုင်ငံတွင် လျှပ်စစ်ဓာတ်အား မလုံလောက်သဖြင့် ဖြတ်တောက်ထားသောကြောင့် ကုန်ထုတ်လုပ်ငန်းများ ကုန်ထုတ်လုပ်သည့်နှုန်း နှေးနေဦးမည်ဖြစ်ရာ ပို့ကုန်ပမာဏ လျော့နည်းနေလိမ့်မည်။ ထို့ပြင် ခရစ်စမတ်ဈေးရောင်းကာလ မတိုင်ခင်တွင် ရောင်းကုန်များ ရရှိဖို့ အသည်းအသန် ဆောင်ရွက်နေကြသည်များသည် ဈေးရောင်းကာလ နီးလာသည်နှင့်အမျှ လျော့ကျသွားလိမ့်မည်။ ဈေးရောင်းကာလနှင့် ဈေးရောင်းကာလ ပြီးဆုံးချိန်တွင် ရောင်းကုန် မှာယူမှုများ လျော့ကျသွားပြီး ပုံမှန်အနေအထား ပြန်ရောက်သွားမည်။ ထိုအခါ တင်ပို့လိုသည့် ပမာဏနှင့် သယ်ပို့ပေးနိုင်သည့် ပမာဏတို့ မျှမျှတတ ပြန်ဖြစ်သွားပြီး မတရားသဖြင့် မြင့်တက်နေသော ကွန်တိန်နာ သယ်ပို့ခနှုန်းထားများ လျော့ကျမည် ဖြစ်သည်။ တက်ရိပ် အထွတ်အထိပ်သို့ ရောက်ရှိပြီးတဲ့အခါ ဈေးနှုန်းများ ဘေးတိုက်အရွေ့ (Sideway Trend)ကာလတစ်ရပ် ကြာမြင့်မယ်။ ပြီးတော့မှ ကျရိပ်ဖြင့် ဈေးနှုန်းများ ကျဆင်းသွားမယ်လို့ ဆိုပါတယ်။ အထွတ်အထိပ် ရောက်ရှိနေရာမှ တန်းပြီး ပြန်ထိုးဆင်းမှာ မဟုတ်ဘူးလို့ မှန်းဆထားကြပါတယ်။ ကွန်တိန်နာ ဆိပ်ကမ်းတွေ ပုံမှန်အနေအထား ပြန်ဖြစ်ဖို့ ကြာမြင့်ချိန်က ၂၀၂၂ ခုနှစ်အထိ ရောက်သွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အကြီးအကျယ် ထိုးကျသွားတာကို ၂၀၂၂ တတိယ သုံးလပတ် (စက်တင်ဘာလ) မတိုင်ခင်မှာ မြင်တွေ့နိုင်ဖွယ် မရှိလောက်ဘူးလို့ ခန့်မှန်းပါတယ်။ ပေးသွင်းမှု-လိုအပ်မှု ချိန်ခွင်လျှာညီအောင် ညှိတဲ့ ချိန်ညှိမှု (correction) က မြန်ဆန်နိုင်တယ်၊ မြန်ဆန်ရင် ထိုးကျထိုးတက်လိမ့်မယ်လို့ ဆိုပါတယ်။ ဈေးအတက်အကျတွေ ငြိမ်သွားတဲ့အခါ ဘယ်ဈေးနှုန်းဝန်းကျင်မှာ ခြေချ(‘land’) ဖြစ်မလဲဆိုတာကို ခန့်မှန်းတာမှာ ၂၀၁၆-၁၉ ကာလ ပျမ်းမျှဈေးနှုန်း ရေချိန်အထိတော့ ရောက်မှာ မဟုတ်ဘူးလို့ တွက်ဆထားကြပါတယ်။ကွန်တိန်နာ သင်္ဘောလိုင်းတွေအကြား ဈေးနှုန်းထိန်းဖို့ ခိုင်ခိုင်မာမာ ပေါင်းစည်းထားကြတာ အစည်းပြန်ပြေမှာ မဟုတ်ဘူး။ ဒီတော့ ၂၀၁၆-၁၉ ကာလ ပျမ်းမျှဈေးနှုန်း ရေချိန်အထိ ဈေးအကျခံကြမှာ မဟုတ်ဘူး။ ဈေးမကိုက်ရင် ခရီးစဉ် ဖျက်သိမ်းကြလိမ့်မယ်။ နောက်တစ်ချက် ထည့်စဉ်းစားစရာက ကပ်ရောဂါအကြိုကာလမှာ ပို့ကုန်သမားအများအပြားတို့အတွက် ကွန်တိန်နာ တန်ဆာခက ဈေးနှုန်း အတော်သက်သာနေခဲ့တယ်။ ဒီတော့ ဈေးနည်းနည်း ပိုကြီးလည်း ပို့ကုန်သမားတွေ တွက်ခြေကိုက်နေသေးတယ်ဆိုရင် ကွန်တိန်နာတွေ တင်ပို့ကြမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ရေကြောင်းပို့ဆောင်ရေးမှာ ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု နည်းပါးတဲ့ လောင်စာကို ပြောင်းလဲ သုံးစွဲသွားကြရမှာ ဖြစ်ပြီး လက်ရှိလောင်စာထက် ဈေးပိုကြီးတဲ့ လောင်စာတွေကို ကွန်တိန်နာသင်္ဘောတွေ သုံးစွဲကြရမှာ ဖြစ်ပါတယ်။ ဒီတော့ တန်ဆာခတွေကို ဈေးပိုတောင်းကြရမှာ ဖြစ်ပါတယ်။ ပိုမိုကုန်ကျတဲ့ စရိတ်စကကို ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် shipper တွေရဲ့ ပခုံးပေါ်ကို တင်ပေးလိုက်ကြမှာ ဖြစ်ပါတယ်။ အဆိုပါ အချက်များကြောင့် ကပ်ရောဂါအကြိုကာလ ပျမ်းမျှ $/TEU ဆီသို့ ပြန်ရောက်နိုင်ဖွယ် မရှိဘူးလို့ ယူဆကြပါတယ်။ splash247.com

Thursday, 14 October 2021 08:04

ထိုးတက်နေတဲ့ ကွန်တိန်နာ တန်ဆာခနှုန်းထားများ ဦးကျိုးကျ

ရေကြောင်း ကွန်တိန်နာ သယ်ပို့ခတွေ တစ်ရိပ်ရိပ် တက်နေခဲ့ရာမှ ဦးကျိုးကျတာကို ပထမဆုံးအကြိမ် မြင်တွေ့ကြရတယ်။ အနည်းဆုံးအနေဖြင့် ယာယီအားဖြင့် ကျရိပ်ပြနေဦးမှာ ဖြစ်ပါတယ်။

Saturday, 09 October 2021 10:50

တရုတ်-အမေရိကန် ခရီးစဉ်များ ကွန်တိန်နာ သယ်ပို့ခ ၅၀% ကျော် ဈေးနှုန်းကျဆင်း

အောက်တိုဘာလ ပထမပတ်အတွင်း တရုတ်-အမေရိကန် ကွန်တိန်နာ သယ်ပို့ခ ၅၀% ကျော် ဈေးနှုန်းကျဆင်းခဲ့ပြီး ယာယီအားဖြင့် ဆက်လက်ကျဆင်းဦးမယ်လို့ ခန့်မှန်ထားကြပါတယ်။ တရုတ်ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား မလုံလောက်တာကြောင့် စက်ရုံတွေအပါအဝင် ဓာတ်အား ဖြတ်တောက်ထားခြင်းများ ဖြစ်ပေါ်နေပြီး ကုန်ထုတ်လုပ်မှု သိသိသာသာ လျော့ကျကုန်တဲ့အတွက် ပို့ကုန်များကို အလျဉ်မီ ထုတ်လုပ်နိုင်ခြင်း မရှိတော့တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ ပို့ကုန်ပမာဏ လျော့ကျသွားတဲ့အတွက် ကွန်တိန်နာ လိုအပ်ချက်နဲ့တကွ ကွန်တိန်နာဖြင့် ပို့ဆောင်မှု ပမာဏတွေလည်း လျော့ကျသွားခဲ့ပါတယ်။ သယ်ယူပို့ဆောင်ခ ဈေးနှုန်းများ ၅၁.၄% အထိ အချို့ခရီးစဉ်တွေမှာ လျော့ကျသွားခဲ့ပါတယ်။ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ Shifl မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ပေလေးဆယ် ကွန်တိန်နာ တစ်လုံးကို တရုတ်ဆိပ်ကမ်းမှ အမေရိကန် လော့အိန်ဂျယ်လိစ်ဆိပ်ကမ်းသို့ ပို့ဆောင်ခ ဒေါ်လာ ၉,၀၀၀ ကျဆင်းသွားတယ်။ စက်တင်ဘာလမှာ ဒေါ်လာ ၁၇,၅၀၀ ဖြစ်ခဲ့ပြီး အောက်တိုဘာလ ပထမအပတ်မှာ ဒေါ်လာ ၈,၅၀၀ အထိ ကျဆင်းသွားခဲ့ပါတယ်။ ပို့ကုန်ထုတ်လုပ်မှုများ ဓာတ်အားမရလို့ ထုတ်လုပ်မှု လျော့ကျနေဦးမယ်ဆိုရင် ဒေါ်လာ၅,၀၀၀ အောက်အထိ ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ marineinsight.com

Tuesday, 28 September 2021 17:15

တရုတ်ကွန်တိန်နာ ထုတ်လုပ်ရေးလုပ်ငန်းကြီး CIMC က Maersk ရဲ့ အအေးပေးကွန်တိန်နာလုပ်ငန်းကို ဒေါ်လာ သန်း ၉၈၀ ကျော်ဖြင့် ဝယ်ယူ

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာ ထုတ်လုပ်ရေး လုပ်ငန်းကြီး ဖြစ်တဲ့ China International Marine Containers (Group) -CIMC က အအေးပေး ကွန်တိန်နာ ထုတ်လုပ်ရေးကို

Thursday, 16 September 2021 03:51

Bulk သင်္ဘောဖြင့် ကွန်တိန်နာ သယ်ယူမှုများ စတင်

ဂရိနိုင်ငံမှ Starbulk ရဲ့ 175,000 dwt ရှိတဲ့ ‘Capesize’ အရွယ်အစား Bulk သင်္ဘောအကြီးစားနဲ့ ကွန်တိန်နာ ပမာဏ 1,400 teu ကို သယ်ယူခဲ့တာမှာ

Saturday, 11 September 2021 07:09

Evergreen ကွန်တိန်နာသင်္ဘော ၂၄ စီး ထပ်မံမှာကြား

Evergreen Marine Corporation က တရုတ်နိုင်ငံမှ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း CSSC Huangpu Wenchong Shipbuilding ထံမှာ ကွန်တိန်နာ သင်္ဘော ၂၄ စီး အမှာစာ ပေးပို့ထားပါတယ်။

Saturday, 11 September 2021 04:04

တရုတ်နိုင်ငံရဲ့ ပထမဆုံး အလိုအလျောက် ကွန်တိန်နာသင်္ဘော ရှေ့လတွင် စတင်ပြေးဆွဲမယ်

သင်္ဘောအမည်တွေရှေ့မှာ သင်္ကေတပြုတာမှာ MV ဆိုရင် Motor Vessel ကုန်တင်သင်္ဘော အမျိုးမျိုးကို ဆိုလိုပြီး MT ဆိုရင်တော့ အရည် သို့မဟုတ် အငွေ့တင်ဆောင်တဲ့ Motor Tanker ကို ဆိုလိုပါတယ်။

Tuesday, 07 September 2021 15:48

ကမ္ဘာ့ကွန်တိန်နာ ထုတ်လုပ်မှုကို အဘယ်ကြောင့် တရုတ်ကုမ္ပဏီ သုံးခု ကြီးစိုးထားနိုင်တာလဲ

ကမ္ဘာရေကြောင်းမှာ သုံးစွဲနေတဲ့ ကွန်တိန်နာ အားလုံးနီးပါးကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Sunday, 29 August 2021 04:17

SME တွေကို ဖိစီးနေတဲ့ ကွန်တိန်နာစရိတ်မြင့်မားမှု တရုတ်အစိုးရ ကိုင်တွယ်မည်

ပို့ကုန်သွင်းကုန်တွေအတွက် ကွန်တိန်နာ အလုံလောက်မရရှိခြင်း၊ ကွန်တိန်နာခနှင့် သယ်ပို့စရိတ်များ တရားလွန် မြင့်မားနေခြင်းတို့က