Containers

ကုန်တင်ယဉ် ၊ ကွန်တိန်နာကားများသွားလာမှု အချိန်ကာလတခု သတ်မှတ်

ကုန်တင်ယဉ် ၊ ကွန်တိန်နာကားများသွားလာမှု အချိန်ကာလတခု သတ်မှတ် google.com

          ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်ပြေးဆွဲနေတဲ့ ကုန်တင်ယာဉ်တွေ၊ တွဲကားများ၊ကွန်တိန်နာကားတွေ ပြေးဆွဲနေတာတွေကို အများပြည်သူလူထု အနှောင့်အယှက် မဖြစ်စေနိုင်မယ့် အချိန်ကာလတစ်ခု အမြန်ဆုံးသတ်ပေးရန်အစီအစဉ် ရှိမရှိ အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က မေးမြန်းခဲ့ပါတယ်လို့ သိရပါတယ်။

 

          ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ ကုန်တင်ယာဉ်တွေ၊ တွဲကားတွေ၊ ကွန်တင်နာကားတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်ချိန်တစ်ခု ထုတ်ပြန်ပြီး ပြေးဆွဲစေခဲ့ခြင်းနဲ့ ပတ်သက်ပြီးမူလထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်မှာ အသက်ဝင်နေပါသေးသလား၊အသက်ဝင်နေပါက အရေးယူဆောင်ရွက်မရပါသလဲ၊ အသက်ဝင်ခြင်းမရှိတော့ပြီဆိုပါက မည်သည့်အတွက်ကြောင့် အသက်မဝင်တော့သည်ကို အများပြည်သူသိရန်ဖြေ ကြားပေးဖို့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

 

          လျှပ်စစ်၊စက်မှုလက်မှု ၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှု့ လျှော့ချနိုင်ရေး နှင့် အများပြည်သူသွားလာအဆင်ပြေစေရေးအတွက် ကုန်သေတ္တာယာဉ်နဲ့ ကုန်တင်ယာဉ်တွေကို ၂၀၁၆ ခုနှစ်ဒီဇင်ဘာလ ၇ရက်နေ့ကစပြီး ယာဉ်+ ကုန်ကိုးတန်၊ ဝင်ရိုး နှစ်ချောင်း၊ခြောက်ဘီးအထက်ယာဉ်တွေကို ည ၂၁းဝဝ နာရီ နောက်တစ်နေ့ နံနက် ဝ၆းဝဝ နာရီအထိ မောင်းင်ခွင့်ပြုရန် ကုန်သေတ္တာတင်ယာဉ် နှင့် ကုန်တင်ယာဉ်များ စနစ်တကျသွားလာနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

 

          ကုန်သေတ္တာယာဉ်နဲ့ ကုန်တင်ယာဉ်ကြီးများ သွားလာနိုင်ရေးအတွက် လမ်းကြောင်းများ ထပ်မံရွေးချယ်ခဲ့ရာ ယာဉ်ကြောပိတ်ဆို့နည်းပါးတဲ့ လမ်းတွေဖြစ်တဲ့ မဟာဗန္ဓုလတံတား ၊ ရှုခင်းသာလမ်း ၊ရတနာလမ်း ၊ မောင်းမကန်လမ်း ၊ ပဲခူးမြစ်လမ်း အမှတ် (၂) သန်လျင်နေရာတွေကို သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

 

          ရွှေပြည်သာ၊လှိုင်သာယာကလာတဲ့ ကုန်သေတ္တာယာဉ်နဲ့ ကုန်တင်ယာဉ်ကြီးတွေအတွက် သုဓမ္မာလမ်း၊ ဗိုလ်ဗထူးလမ်း၊ ပြည်ထောင်စုလမ်း၊ အမှတ်(၂) လမ်း၊ မောင်းမကန်လမ်းတို့ကို နေ့အချိန် ၁းဝဝ နာရီ၃းဝဝ နာရီအတွင်း ဖြတ်သန်းမောင်းနှင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့ပါတယ်လို့ ဝန်ကြီး ဒေါ်နီလာကျော်က ရှင်းပြခဲ့ပါတယ်။

 

          သူက “သတ်မှတ်ချိန်မဟုတ်ဘဲ မောင်းနှင်သွားလာပါက မော်တော်ယာဉ်ဥပဒေအရ ထိရောက်စွာအရေးယူဆောင်သူရွက်နေပါတယ်။ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ကုန်သေတ္တာယာဉ်အသင်းက တာဝန်သူတွေနဲ့ယာဉ်ထိန်းရဲတပ်ဖွဲ့ တို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေပါတယ်။ယာဉ်စည်းကမ်းထိန်းသိမ်းရာထိရောက်စေရေးအတွက်မြို့နယ်အလိုက် မော်တော်ယာဉ်ပေါင်းစုံစည်းကမ်းထိန်း သိမ်းရေးကြီးကြပ်မှု ကော်မတီများဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်နေပါတယ်”လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

          မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းရဲ့ တင်ပြချက်အရ ကုန်သေတ္တာယာဉ်နဲ့ ကုန်တင်ယာဉ်တွေကို ဘုရင့်နောင်လမ်း၊ကမ်းနားလမ်းတို့အဆင်ပြေချောမွေ့စွာသွားလာနိုင်ဖို့ ဘုရင့်နောင်လမ်းနဲ့ ပုလဲလမ်းဆုံကနေ မြို့တွင်းကုန်သေတ္တာယာဉ်ဝင်းတွေကို ည ၁၁းဝဝနာရီ အချိန်ကနေ ယာဉ်တန်းဖြင့် စတင်ထွက်ခွာပြီး ၁၂း၃၀ နာရီနောက်ဆုံးထား ထွက်ခွာရန်နဲ့ ကမ်းနားကွန်ကရစ်လမ်း၊ ဟုမ်းလမ်းထိပ်မှ မနက် ၁းဝဝ နာရီယာဉ်တန်းနဲ့ ထွက်ခွာပြီး မနက် ၂း၀၀ နာရီနောက်ဆုံးထွတ်ခွာရန် သတ်မှတ်ထားခဲ့ပါတယ်လို့လဲ သိရပါတယ်။

 

Source : KUMUDRA

Read times
Rate this item
(0 votes)