Containers

ကုန်သေတ္တာများကို ကျယ်ပြန့်စွာအသုံးပြုလာခြင်း Containerization

ကုန်သေတ္တာများကို ကျယ်ပြန့်စွာအသုံးပြုလာခြင်း Containerization google

           ဘက်စုံပို့ဆောင်ရေးစနစ် တိုးတက်ဖြစ်ထွန်းလာသည့် အခြေခံအကြောင်းရင်း (အဓိကတွန်းအား) မှာ ကုန်သေတ္တာများကို အသုံးပြုလာခြင်းကြောင့်ဖြစ်သည်။ ကုန်သေတ္တာများသည် ဆိပ်ကမ်း၊ သင်္ဘောဆိပ်၊ ဘူတာရုံစသည့် ဆုံမှတ်များတွင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုမှ အခြားတစ်ခုသို့ လွှဲပြောင်းရာ၌ ကိုင်တွယ်ရသည်မှာ လွယ်ကူပြီး မြန်ဆန်မှုရှိသည်။ ကုန်သေတ္တာများမရှိပါက ဘက်စုံပို့ဆောင်ရေးစနစ်သည် ထိရောက်မှုမရှိဘဲ ကုန်ကျစရိတ်များပေလိမ့်မည်။

 

           ၁၉၅၅ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ကုန်တင်ကားလုပ်ငန်းဆောင်ရွက်သည့် စွန့်ဦးတီထွင်လုပ်ငန်းရှင် Malcom P. McLean သည် ကုန်ပစ္စည်းများကို ထရပ်ကားနောက်တွဲ (box) တွင် ထည့်သွင်း၍ နောက်တွဲများကိုပါ သင်္ဘောပေါ်တင်ဆောင်သယ်ပို့ရန် စိတ်ကူးဖြင့် Pan Atlantic အမည်ရှိ သင်္ဘော ကုမ္ပဏီကို ဝယ်ယူခဲ့ပါသည်။ ၁၉၅၇ ခုနှစ်တွင် အချို့သင်္ဘောများကို ကုန်သေတ္တာ သီးသန့်တင် သင်္ဘောများအဖြစ် ပြောင်းလဲခဲ့သည်။ ပထမဦးဆုံး ဆယ်လူလာကုန်သေတ္တာ သင်္ဘောဖြစ်သည့် Gateway City ကို စတင်ပြေးဆွဲခဲ့သည်။ ၁၉၆၀ခုနှစ်တွင် Pan Atlantic ကို Sea-Land ဟု အမည် ပြောင်းလဲခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် Sea-Land ကုမ္ပဏီကို R.J.Reynolds သို့ရောင်းချခဲ့ပြီး၊ ၁၉၈၆ ခုနှစ်တွင် CSX Corporation မှထပ်မံဝယ်ယူခဲ့ပြီး နောက်ဆုံးတွင် ၁၉၉၉ ခုနှစ်၌ A.P.Moller Group မှ Sea-Land ကို ဝယ်ယူခဲ့သည်။

 

 

37905977 1767795070007781 1958577113577553920 n

 

 

           Malcom P. McLean သည် အတွင်းရှိကုန်ပစ္စည်းများကို ထုတ်ယူခြင်းမပြုဘဲ ကုန်သေတ္တာကို ကားပေါ်မှ မယူခြင်းသည် ပိုမိုလွယ်ကူမြန်ဆန်ကြောင်း သိရှိနားလည်သဖြင့် ၎င်း၏စိတ်ကူးကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။ ၎င်း၏အယူအဆမှာ ကုန်ပစ္စည်းကို ကုန်သေတ္တာအတွင်း ထည့်သွင်း၍ ခရီးစဉ် တစ်လျှောက်ကို ပို့ဆောင်သည့်အခါကြားတွင် အနှောက်အယှက် အတားအဆီးမရှိဘဲ ဆောင်ရွက်နိုင်သည့် ဘက်စုံပို့ဆောင်ရေးစနစ်ကို ကျင့်သုံးခြင်းအားဖြင့် လုပ်ငန်းစွမ်းဆောင်ရည်ကို သိသိသာသာ တိုးမြှင့်နိုင်ခြင်း ပင်ဖြစ်ပါသည်။ ကုန်သေတ္တာများသည် သင်္ဘောတစ်စီးမှ တစ်စီးသို့၊ သင်္ဘောနှင့် ထရပ်ကား သို့မဟုတ် ရထားတွဲများအကြား ချောမွေ့စွာ ကိုင်တွယ်လွှဲပြောင်းနိုင်ပါသည်။

 

           ထိုသို့တီထွင်ဆန်းသစ်မှုသည် ထောက်ပံ့ပို့ဆောင် လုပ်ငန်းစဉ်တစ်ခုလုံးကို ရှင်းလင်းလွယ်ကူစေပြီး နောက်ဆုံးတွင် ၎င်း၏အယူအဆသည် နိုင်ငံတကာ ကုန်သွယ်မှုနှင့် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေးတွင် တော်လှန်ရေးတစ်ရပ်အဖြစ် ပေါ်ထွက်လာပါသည်။ ထို့ကြောင့် Malcom P. McLean ကို father of containerization ဟု ခေါ်ဆိုကြသည်။ Containerization သည် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရန် အထောက်အပံ့တစ်ရပ်အဖြစ် ကုန်သေတ္တာကို ကျယ်ပြန့်စွာ အသုံးပြုခြင်း ဖြစ်ပါသည်။

 


Source : Shipping and Logistics

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)