Containers

ကုန်သေတ္တာအတွင်းရှိ အရည်ကုန်ပစ္စည်းများ ပျက်စီးမှုမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ခြင်း

ကုန်သေတ္တာအတွင်းရှိ အရည်ကုန်ပစ္စည်းများ ပျက်စီးမှုမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ခြင်း google

အရည်ကုန်ပစ္စည်းများ (Liquid Bulk ) ကို တိုင်ကီပါ ကုန်သေတ္တာအတွင်း ထည့်သွင်းသည့်အခါ ကုန်သေတ္တာ ငှားရမ်းသူထံမှ တိုင်ကီ သန့်ရှင်းပြီးကြောင်း လက်မှတ် (tank cleaning certificate) ကို တောင်းဆိုသင့်ပါသည်။ တိုင်ကီသန့်ရှင်းပြီးကြောင်း လက်မှတ်တွင် သန့်ရှင်းရေး ဆောင်ရွက်သည့် နေ့ရက်နှင့် သန့်ရှင်းရေးဆောင်ရွက်သည့် ပုံစံစသည့် အချက်အလက်များပါရှိသည်။ ထိုအချက် အလက်များကို ရရှိသည့်အခါတွင် အဆိုပါ တိုင်ကီပါကုန်သေတ္တာသည် ထည့်သွင်းမည့် ကုန်ပစ္စည်း အမျိုးအစားနှင့် သင့်တော်မှုရှိ/မရှိ ကို သေချာစွာ ဆုံးဖြတ်နိုင်ပါသည်။ ထို့အပြင် ထည့်သွင်းမည့် ကုန်စည်ကိုလည်း ညစ်ညမ်းမှုဖြစ်စေနိုင်ခြင်း ရှိ/ မရှိကိုလည်း သတ်မှတ်နိုင်ပါသည်။

 

တိုင်ကီပါကုန်သေတ္တာကို စစ်ဆေးရန်နှင့် ကုန်ပစ္စည်း ထည့်သွင်းသည့် အခါတွင် ကျွမ်းကျင်သည့် အရည်ကုန်ပစ္စည်း စစ်ဆေးသူ (professional liquid bulk cargo surveyor) ကို ခေါ်ယူထားခြင်းဖြင့် နောင်ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ကြိုတင်ကာကွယ်နိုင်ပါသည်။

 

တိုင်ကီပါကုန်သေတ္တာလုပ်ငန်း ဆောင်ရွက်သူများသည် အစားအသောက်ထည့်ရန် အဆင့်အတန်း သတ်မှတ်ထားသည့် တိုင်ကီပါ ကုန်သေတ္တာများကို ဓါတုဗေဒနှင့်ဓါတ်ငွေ့ ထည့်သွင်းသည့် တိုင်ကီပါ ကုန်သေတ္တာများနှင့် ရောနှောခြင်းမရှိပဲ သီးသန့်ထားရှိလေ့ရှိပါသည်။ အစားအသောက်ထည့်သည့် တိုင်ကီပါ ကုန်သေတ္တာများသည်လည်း ယခုထည့်သွင်းသည့် အစားအသောက်ကုန်ပစ္စည်းနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ရန်လိုအပ်ပါသည်။

 

အရည်ကုန်ပစ္စည်းများကို ထည့်သွင်းရန်အတွက် တိုင်ကီပါကုန်သေတ္တာကို ငှားရမ်းသည့်အခါ လုပ်ငန်းဆောင်ရွက်သူအား ထည့်သွင်းမည့် ကုန်ပစ္စည်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို ပံ့ပိုးပေးရန် အလွန်ပင် အရေးကြီးပါသည်။. ယေယူယျအားဖြင့် ကုန်ပစ္စည်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး အချက်အလက်စာရွက် (Material Safety Data Sheet- MSDS) ပါအချက်အလက် များကို ပံ့ပိုးပေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သို့မှသာလျှင် ကုန်သေတ္တာလုပ်ငန်း ဆောင်ရွက်သူမှ အသင့်တော်ဆုံး တိုင်ကီပါ ကုန်သေတ္တာကို ရွေးချယ်ထုတ်ပေးနိုင်မည်ဖြစ်ပါသည်။

 

Source : Shipping and Logistics

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)