Containers

ကုန်​​သေတ္တာများ သ​င်္ဘော​ပေါ်တွင်​ ​နေရာချထားမှုအစီအစဉ်​ဇယား (Bay Plan) နှင့်​ ကုန်​​သေတ္တာ၏ တည်​​နေရာပြဂဏန်း (Cell Location) အ​ကြောင်းသိ​ကောင်းစရာ

ကုန်​​သေတ္တာများ သ​င်္ဘော​ပေါ်တွင်​ ​နေရာချထားမှုအစီအစဉ်​ဇယား (Bay Plan) နှင့်​ ကုန်​​သေတ္တာ၏ တည်​​နေရာပြဂဏန်း (Cell Location) အ​ကြောင်းသိ​ကောင်းစရာ google

သ​င်္ဘော​ပေါ်တွင်​ပါရှိလာ​သော ကုန်​​သေတ္တာများအတွက်​ ကုန်​​သေတ္တာ​နေရာချထားမှုအစီအစဉ်​ဇယား (Bay Plan) ကို သ​င်္ဘော၏ Chief officer ကပြုစုရပြီး သ​င်္ဘောသွား​ရောက်​ကုန်​ချမည့်​ ဆိပ်​ကမ်းရှိ သ​င်္ဘောကိုယ်​စားလှယ်​ထံသို့ ကြိုတင်​၍ ​ပေးပို့ထားရပါသည်​။ သို့မှသာ သ​င်္ဘောကိုယ်​စားလှယ်​ က Terminal Operator နှင့်​ကြိုတင်​ ညှိနိုင်းကာ ပြင်​ဆင်​ထားနိုင်​ပါမည်​။ ဆိပ်​ကမ်း မှပြန်​လည်​တင်​​ဆော​င်​မည့်​ ကုန်​​သေတ္တာများအတွက်​ Bay planကိုလည်းအလားတူပြုစုရပါသည်​။

 

ကုန်​​သေတ္တာများအား ချမည့်​ဆိပ်​ကမ်းအစီအစဉ်​ အရလည်း​ကောင်း၊ Verified Gross Mass certificate တွင်​​ဖော်​ပြထားသည့်​ ကုန်​​သေတ္တာ၏ အ​လေးချိန်​​ပေါမူတည်၍ သ​င်္ဘောတည်​ငြိမ်​​ရေးအတွက်​ လည်း​ကောင်း ​နေရာချထားမည့်​ အစီအစဉ်​ကိုပြုစုရပါသည်​။ ယခုအခါ Bay Plan software အသုံးပြု၍ ပြုစု​နေကြပြီဖြစ်​ပါသည်​။

 

သ​င်္ဘော​ပေါ်တွင်​ တင်​​ဆောင်​​ထား​သော ကုန်​​သေတ္တာများကို မည်​သည့်​ ကုန်​​သေတ္တာသည်​ မည်​သည့်​ ​နေရာတွင်​ ရှိ​ကြောင်း​ဖော်​ပြသည့်​ တည်​​နေရာပြဂဏန်းကို Cell location ဟု​ခေါ်ပါသည်​။ Cell location ကို​ဖော်​ပြရာတွင်​ ဂဏန်း ၆ လုံးဖြင့်​​ဖော်​ပြပါသည်​။Cell location ကို​ဖော်​ပြ​သော ဂဏန်း ၆ လုံးတွင်​ ပထမ ဂဏန်း ၂ လုံး သည်​ Bay ကို​ဖော်​ပြပြီး၊ ဒုတိယဂဏန်း ၂ လုံး သည်​ Row ကို​ဖော်​ပြကာ တတိယဂဏန်း ၂ လုံးက​တော့ Tier ကို​ဖော်​ပြပါတယ်​။

 

(၁) အကန့်​ (Bay)

>>>>>>>>


သ​င်္ဘော၏ ကန့်​လန့်​ဖြတ်​အ​နေအထားတွင်​ ကုန်​​သေတ္တာများကို အကန့်​လိုက်​စီ၍ ထားသိုပုံကို Bay ဟု​ခေါ်ပါသည်​။ အကန့်​တစ်​ကန့်​ တနည်း Bay တစ်​ခုတွင်​ ​ပေ၂၀ ကုန်​​သေတ္တာ ၂လုံး (သို့) ​ပေ၄၀ ကုန်​​သေတ္တာ ၁ လုံးထားသိုပါသည်​။

 

Bay ကို​ရေတွက်​ရာတွင်​ သ​င်္ဘောဦးပိုင်းမှ ပဲ့ပိုင်းသို့ အစဉ်​လိုက်ေ​ရတွက်​ပါသည်​။ ​ပေ၂၀ ကုန်​​သေတ္တာ များဖြင့်​သာစီထား​သော Bay များကို ​ရေတွက်​ရာတွင်​ `မ´ ဂဏန်း များဖြင့်​ သာ​ရေတွက်​ပါသည်​။ ဥပမာ - Bay(01), Bay(03), Bay(05), Bay(07) စသည်​ဖြင့်​​ရေတွက်​ပါသည်​။ ​ပေ၄၀ ကုန်​​သေတ္တာ များဖြင့့်​စီထား​သော Bay များကို​ရေတွက်​ရာတွင်​ `စုံ´ ဂဏန်းဖြင့်ေ​​ရတွက်​ပါသည်​။ ဥပမာ- Bay(02), Bay(06), Bay(10), Bay(14) စသည်​ဖြင့်​ ​ရေတွက်​ပါတယ်​။

 

ဒီ​နေရာ မှာသတိထားရမှာက ၄နှင့်​ စားလျင်​ပြတ်​သည့်​ Bay(04), Bay(08), Bay(12) စသည့်​ Bay ဂဏန်း များမရှိပါဘူး။ ထို​ကြောင့်​ cell location ကို​ဖော်​ပြရာ၌ Bay ဂဏန်းသည်​ `မ´ ဂဏန်းဖြစ်​ပါက ​ပေ၂၀ ကုန်​​သေတ္တာ ဟုသိရှိနိုင်​ပြီး၊ `စုံ´ ဂဏန်း ဖြစ်​​နေ​ပါက ​ပေ၄၀ ကုန်​​သေတ္တာ ဟုအလွယ်​တကူ သိရှိနိုင်​ပါသည်​။

 

TEU 18000 - 21000 ဆန့်​ အရွယ်​လွန်​ ကုန်​​သေတ္တာသ​င်္ဘော ကြီးများ (ULCV)တွင်​ Bay အကန့်​ ၂၄ကန့့်​ရှိပါသည်​။

 

(၂) အတန်း (Row)

>>>>>>>>


သ​င်္ဘောဦးပိုင်းမှ ပဲ့ဆီသို့ စီတန်း​၍ တင်​​ဆောင်​ထား​သော ကုန်​​သေတ္တာများ၏ အလျားလိုက် အတ​န်းကို​​ (Row) ဟု​ခေါ်ပါသည်​။ Row ကို​ရေတွက်​ရာတွင်​ သ​င်္ဘော၏ ဦးပိုင်း မှ ပဲ့ပိုင်းဆီသို့ အလယ်​​ခေါင်​မှ အစပြု၍ သ​င်္ဘော၏ ညာဘက်​ (Starboard side) တွင်​ရှိ​သော ကုန်​​သေတ္တာတန်းမှစ၍ `မ´ ဂဏန်း များဖြင့်​ ​ရေတွက်​ပါသည်​။ သ​င်္ဘော၏ ဘယ်​ဘက်​ (Port-side) တွင်​ရှိ​သော ကုန်​​သေတ္တာ တန်းများကို `စုံ´ ဂဏန်းဖြင့်​​ရေတွက်​ပါသည်​။


အကယ်​၍ အတန်း (Row)များသည်​ ​အောက်​​ဖော်​ပြပါပုံ(၃) တွင်​နမူနာပြထားသည့်​ သ​င်္ဘောကဲ့သို့ `စုံ´ အတန်းမဟုတ်​ဘဲ ဘယ်​၊ညာ ညီမျှ​အောင်​ခွဲ​ဝေ၍ မရနိုင်​သည့်​ ၁၇တန်း`မ´ အတန်းဖြစ်​​နေပါက အလယ်​​ခေါင်​အတန်းကို ဗဟိုပြု၍ (00)ဟုသတ်​မှတ်​ကာ ပုံစံအတိုင်း ဆက်​လက်​​ရေတွက်​ပါသည်​။
ULCV သ​င်္ဘောကြီးများသည်​ ကုန်​​ပေါက်​အတွင်း၌ အတန်း ၂၁ တန်းရှိပြီး၊ကုန်းပတ်​​ပေါ်တွင်​ ၂၃ တန်း ရှိပါသည်​။


TEU 6000-10000 အရွယ်​ ကုန်​​သေတ္တာ သ​င်္ဘောများတွင်​ Row အတန်း၁၇တန်းရှိပါသည်​။

 

 

28378944_1909883109323681_3822470263440907308_n.jpg

 

 

၃။ အထပ်​ (သို့) အဆင့်​ (TIER OR STACK)

>>>>>>>>>>>


ကွန်​တိန်​နာများကို ကုန်​​ပေါက်​အတွင်း ​အောက်​ဆုံးအဆင့်​မှ သ​င်္ဘော၏ ကုန်းပတ်​​ပေါ် အထိ တစ်​လုံး​ပေါ် တစ်​လုံးထပ်​ဆင့်​၍ တင်​လာ​သော ကွန်​တိန်​နာ အဆင့်​ဆင့်​ ကို Tier (သို့) stack ဟု​ခေါ်ပါသည်​။ထိုကဲ့သို့ ကွန်​တိန်​နာ များကို ထပ်​ဆင့်​၍ တင်​​ဆောင်​​ရာတွင်​ ၎င်းတို့အား ​ရေတွက်​သတ်​မှတ်​ရလွယ်​ကူ​စေရန်​ သ​င်္ဘော ကုန်​​ပေါက်​အတွင်း (In-hold)ရှိ​သော​အောက်​​ခြေအလုံးများမှ ကုန်းပတ်​​ပေါ်ရှိ အမြင့်​ဆုံးအထပ်​အလုံးများ အထိကို သီးခြားနံပါတ်​များဖြင့်​ သတ်​မှတ်​ ​ခေါ်​ဝေါ်​ရေတွက်​ပါသည်​။


သ​င်္ဘော၏ ကုန်​​ပေါက်​​အောက်​​ခြေရှိ ကွန်​တိန်​နာ အလုံးများကို 02 ဟု သတ်​မှတ်​ပြီး တစ်​လုံး အ​ပေါ်သို့ တစ်​လုံး ထပ်​ဆင့်​လာရာ ဆက်​လက်​၍ 04, 06, 08, 10 စသည်​ဖြင့်​ ကုန်​​ပေါက်​ပြည့်​သည်​အထိ ​ရေတွက်​လာပါသည်​။ သ​င်္ဘော ကုန်​​ပေါက်​ပြည့်​သည်​နှင့်​ ကုန်းပတ်​​ပေါ်ရှိ(On deck) ​အောက်​​ခြေကွန်​တိန်​နာအလုံးမှစ၍ 82,84,86,88 စသည်​ဖြင့်​ အ​ပေါ်သို့ ထပ်​ဆင့်​တင်​လာ​သော ကွန်​တိန်​နာများကို ဆက်​လက်​​ရေတွက်​ပါသည်​။ ​သ​င်္ဘော၏ ကုန်​​ပေါက်​ ​အောက်​​ခြေရှိ ကွန်​တိန်​နာအလုံးများမှ ကုန်းပတ်​​အပေါ်ဆုံးရှိ ကွန်​တိန်​နာများအထိ သတ်​မှတ်​ ဂဏန်းများဖြင့်​ ​ရေတွက်​သတ်​မှတ်​ပုံကိုပြ​သောပုံစံဖြစ်​ပါသည်​။


TEU 18000 ​- 21000 ​ကျော်​ အထိ သယ်​ယူနိုင်​သောအရွယ်လွန်​ ကုန်​​သေတ္တာ သ​င်္ဘော ကြီးများ(Ultra Large Container Vessel) သည်​ ကုန်​​ပေါက်​ အတွင်း (under deck)အထပ်​ ၁၀ထပ်​နှင့်​ ကုန်း​ပတ်​ပေါ် (on deck)တွင်​ ၁၀ ထပ်​သယ်ေ​ဆာင်ကြပါသည်​။

 

 

28467695_1909883259323666_559653222280280002_n.jpg

 

 

ဥပမာ -ကွန်​တိန်​နာ နံပါတ်​ HLCU 247136 9 ၏ CELL LOCATION ( တည်​​နေရာ) နံပါတ်​ ကို 230912 ဟု ​ဖော်​ပြထားလျှင်​ ပထမ​ဖော်​ပြသည့်​ 23 သည်​ BAY နံပါတ်​ ဖြစ်​သည်​။ ထို့​ကြောင့်​ ထိုကွန်​တိန်​နာသည်​ BAY 23တွင်​ တည်​ရှိ​ကြောင်း သိရှိနိုင်​ပြီး 23 သည်​ ` မ´ ဂဏန်း ဖြစ်​​သော​ကြောင့်​ ​ပေ (၂၀) ကွန်​တိန်​နာဟု သိရှိနိုင်​ပါသည်​။ (`စုံ´ ဂဏန်း ဖြစ်​ပါက ​ပေ (၄၀) ကွန်​တိန်​နာ ဖြစ်သည်​)

 

ဆက်​လက်​​ဖော်​ပြသည့်​ ဂဏန်း နှစ်​လုံး 09 မှာ Row နံပါတ်​ ဖြစ်​သည်​။ Row နံပါတ်​ သည်​ `မ´ ဂဏန်း ဖြစ်​​နေ​​သော​ကြော​င့်​ ၎င်း၏ တည်​​နေရာသည်​ သ​င်္ဘော ၏ ညာဘက်​(Starboard) တွင်​ တည်​ရှိသည်​။ သ​င်္ဘော၏ အလယ်​မှ ညာဘက်​ ၅တန်း​မြောက်​ တွင်​တည်​ရှိပါသည်​။ (Row နံပါတ်​ `စုံ´ဖြစ်​လျှင် Portside ဖြစ်​သည်​ )

 

တတိယ​ဖော်​ပြ​သော ဂဏန်း (၂) နှစ်​လုံးမှာ Tier သို့မဟုတ်​ Stack ဖြစ်သည်​။ Tier ၏ နံပါတ်​ သည်​ (12)ဖြစ်​​သော​ကြောင့်​ သ​င်္ဘော၏ ကုန်းပတ်​​ပေါ်တွင်​ တင်​​ဆောင်​​လာ​သော ကွန်​တိန်​နာမဟုတ်​ဘဲ သ​င်္ဘော၏ ကုန်​​ပေါက်​အတွင်းတွင်​ ထည့်​သွင်းသယ်​​ဆောင်​လာ​သော ကွန်​တိန်​နာဖြစ်​​ကြောင်းသိရှိနိုင်​ပါသည်​။ သ​င်္ဘော၏ကုန်​​ပေါက်​အတွင်း ​အောက်​ဆုံးမှ စ​ရေတွက်​ပါက ၆ထပ်​ ​မြောက်​အဆင့်​တွင်​ရှိပါသည်​။

 

 

28783164_1909883389323653_8154270308249076378_n.jpg

 

Source : Thant Zin

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)