Containers

Mobile harbour crane / Ship-to-Shore Gantry crane တစ်လက်ဟာ တစ်နာရီကို ပေ ၂၀ ကုန်သေတ္တာ အများဆုံး ဘယ်လောက် အထိအတင်/အချ လုပ်နိုင်သလဲ?

Mobile harbour crane / Ship-to-Shore Gantry crane တစ်လက်ဟာ တစ်နာရီကို ပေ ၂၀ ကုန်သေတ္တာ အများဆုံး ဘယ်လောက် အထိအတင်/အချ လုပ်နိုင်သလဲ? google

အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းက Long Beach ဆိပ်ကမ်း၊ Total Terminal International ၏ Pier T terminal တွင် ကရိန်းမောင်းသူနှစ်ဦး (Branko Sindicich နှင့် John Gabriellini) က ကရိန်းတစ်လက် တည်းဖြင့် အလုပ်ချိန် ၈ နာရီ တစ်ဆိုင်းအတွင်း ပေ၂၀ ကုန်သေတ္တာ ၅၆၄ လုံးကို သင်္ဘော အတင်အချပြုလုပ်ပြီး ကရိန်းတစ်လက်၏ စွမ်းဆောင်နိုင်မှု (crane productivity) အများဆုံး စံချိန်သစ် တင်သွားပါတယ်။ တစ်နာရီကို ပျမ်းမျှအလုံး ၇၀ နူန်းဖြစ်ပါတယ်။ အမေရိကန်အနောက်ဖက်ကမ်းဆိပ်ကမ်းတွေရဲ့ crane productivity ဟာ တစ်နာရီကိုပျမ်းမျှ ၂၅ လုံးဝန်းကျင်ဖြစ်ပါတယ်။

 

ရန်ကုန်ဆိပ်ကမ်းက Terminals တွေကတော့ တစ်နာရီပျမ်းမျှ ကုန်သေတ္တာ ဘယ်နှစ်လုံး သင်္ဘောအတင်အချလုပ်နိုင်သလဲမသိဘူး။မေ ၁၅ ရက်နေ့က အဆိုပါ Terminal မှာ ကပ်ထားတဲ့ ၄ရက်တာ ကာလ အတွင်း TEU ၁၁,၀၀၀ သယ်နိုင်တဲ့ Gudrum Maersk သင်္ဘောပေါ်ကို/ပေါ်က ကုန်သေတ္တာ ၉၃၀၀ အား အတင်အချ လုပ်သွားတာဖြစ်ပါတယ်။

 

Total Teiminal International ဟာ Hanjin Shipping က ဒေဝါလီမခံမီ ၂၀၁၆ အထိ ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး လက်ရှိ MSC လိုင်းက ပိုင်ဆိုင်ထားပါတယ်။

 

Long Beach port ဟာ ၂၀၁၈ မေလအတွင်း သွင်းကုန် ကုန်သေတ္တာ ၃၆၁,၀၅၆ TEUs ၊ ပို့ကုန် ကုန်သေတ္တာ ၁၄၂,၄၁၂ TEUs နှငိ့ ကုန်သေတ္တာအခွံ ၁၈၃,၉၅၉ TEUs စုစုပေါင်း ၆၈၇,၄၂၇ TEUs ကိုင်တွယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ သင်္ဘောလိုင်းပေါင်း ၁၇၅ လိုင်းဆိုက်ကပ်ပြီး၊ဆိပ်ကမ်းပေါင်း၂၁၇ခုဖြင့်ချိတ်ဆက်ထားကာ၊ Long Beach ဆိပ်ကမ်းမှ ကုန်သွယ်မှုတန်ဖိုး နှစ်စဉ် $၁၈၀ ဘီလီယံရှိပါတယ်။

 

၂၀၁၇ နိုဝင်ဘာလ ၁၇ ရက်ကလည်း အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်း Port of Los Angeles ၏ AMP Terminal, Pier 400 ဟာ Maersk Evora သင်္ဘောအတွက် ကုန်သေတ္တာ ၂၄၈၄၆ TEUs ကို ၁၂၈ နာရီအတွင်း အတင်အချလုပ်နိုင်လို့ ဆိပ်ကမ်းတံတားတစ်ခု၏ စွမ်းဆောင်နိုင်မှု (Berth Producity) အများဆုံး စံချိန်သစ်တင်နိုင်တဲ့ သတင်း post တင်ထားဘူးပါတယ်။

 

>>>Zawgyi<<<

 

Mobile harbour crane / Ship-to-Shore Gantry crane တစ္လက္ဟာ တစ္နာရီကို ေပ ၂၀ ကုန္ေသတၱာ အမ်ားဆံုး ဘယ္ေလာက္ အထိအတင္/အခ် လုပ္ႏိုင္သလဲ?

 

အေမရိကန္ႏိုင္ငံ အေနာက္ဘက္ကမ္းက Long Beach ဆိပ္ကမ္း၊ Total Terminal International ၏ Pier T terminal တြင္ ကရိန္းေမာင္းသူႏွစ္ဦး (Branko Sindicich ႏွင့္ John Gabriellini) က ကရိန္းတစ္လက္ တည္းျဖင့္ အလုပ္ခ်ိန္ ၈ နာရီ တစ္ဆိုင္းအတြင္း ေပ၂၀ ကုန္ေသတၱာ ၅၆၄ လုံးကို သေဘၤာ အတင္အခ်ျပဳလုပ္ၿပီး ကရိန္းတစ္လက္၏ စြမ္းေဆာင္ႏိုင္မႈ (crane productivity) အမ်ားဆံုး စံခ်ိန္သစ္ တင္သြားပါတယ္။ တစ္နာရီကို ပ်မ္းမ်ွအလုံး ၇၀ ႏူန္းျဖစ္ပါတယ္။ အေမရိကန္အေနာက္ဖက္ကမ္းဆိပ္ကမ္းေတြရဲ႕ crane productivity ဟာ တစ္နာရီကိုပ်မ္းမ်ွ ၂၅ လုံးဝန္းက်င္ျဖစ္ပါတယ္။

 

ရန္ကုန္ဆိပ္ကမ္းက Terminals ေတြကေတာ႕ တစ္နာရီပ်မ္းမွ် ကုန္ေသတၱာ ဘယ္ႏွစ္လုံး သေဘၤာအတင္အခ်လုပ္ႏိုင္သလဲမသိဘူး။ေမ ၁၅ ရက္ေန႔က အဆိုပါ Terminal မွာ ကပ္ထားတဲ့ ၄ရက္တာ ကာလ အတြင္း TEU ၁၁,၀၀၀ သယ္ႏိုင္တဲ့ Gudrum Maersk သေဘၤာေပၚကို/ေပၚက ကုန္ေသတၱာ ၉၃၀၀ အား အတင္အခ် လုပ္သြားတာျဖစ္ပါတယ္။

 

Total Teiminal International ဟာ Hanjin Shipping က ေဒဝါလီမခံမီ ၂၀၁၆ အထိ ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး လက္႐ွိ MSC လိုင္းက ပိုင္ဆိုင္ထားပါတယ္။

 

Long Beach port ဟာ ၂၀၁၈ ေမလအတြင္း သြင္းကုန္ ကုန္ေသတၱာ ၃၆၁,၀၅၆ TEUs ၊ ပို႔ကုန္ ကုန္ေသတၱာ ၁၄၂,၄၁၂ TEUs ႏွငိ့ ကုန္ေသတၱာအခြံ ၁၈၃,၉၅၉ TEUs စုစုေပါင္း ၆၈၇,၄၂၇ TEUs ကိုင္တြယ္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ သေဘၤာလိုင္းေပါင္း ၁၇၅ လိုင္းဆိုက္ကပ္ၿပီး၊ဆိပ္ကမ္းေပါင္း၂၁၇ခုျဖင့္ခ်ိတ္ဆက္ထားကာ၊ Long Beach ဆိပ္ကမ္းမွ ကုန္သြယ္မႈတန္ဖိုး ႏွစ္စဥ္ $၁၈၀ ဘီလီယံ႐ွိပါတယ္။

 

၂၀၁၇ ႏို၀င္ဘာလ ၁၇ ရက္ကလည္း အေမရိကန္ႏိုင္ငံ အေနာက္ဘက္ကမ္း Port of Los Angeles ၏ AMP Terminal, Pier 400 ဟာ Maersk Evora သေဘၤာအတြက္ ကုန္ေသတၱာ ၂၄၈၄၆ TEUs ကို ၁၂၈ နာရီအတြင္း အတင္အခ်လုပ္ႏိုင္လို႔ ဆိပ္ကမ္းတံတားတစ္ခု၏ စြမ္းေဆာင္ႏိုင္မႈ (Berth Producity) အမ်ားဆံုး စံခ်ိန္သစ္တင္ႏိုင္တဲ့ သတင္း post တင္ထားဘူးပါတယ္။

 

Credit : Thant Zin

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)