Containers

လှေကြီး​ပေါ်​လှေငယ်​တင်

လှေကြီး​ပေါ်​လှေငယ်​တင်​ google

ကုန်​​သေတ္တာ သ​င်္ဘော လုပ်​ငန်း ​ဈေးကွက်​သတင်းအချက်​အလက်​​ထောက်​ပံ့​ရေး ကုမ္ပဏီ Sealntel က၂၀၁၈ မှ ၂၀၂၀ အတွင်း သ​င်္ဘော လုပ်​ငန်းအတွင်းသို့ အရွယ်​လွန်​ ကုန်​​သေတ္တာ သ​င်္ဘော ကြီးများ (ULCS) ဝင်​​ရောက်​လာမှုနှင့်​ Feeder သ​င်္ဘော အ​ရေအတွက်​ အချိုးမညီမှု​ကြောင့်​ Feeder သ​င်္ဘော ​တွေ ရှားပါးပြတ်​လတ်​မှု ကြုံရနိုင်​​ကြောင်း မီး​မောင်းထိုးပြ ပါတယ်​။

 

လက်​ရှိ ကုန်​​သေတ္တာ သ​င်္ဘောကြီးတစ်​စီးအ​ပေါ်ပါလာတဲ့ ကုန်​​သေတ္တာ​တွေ ကိုသယ်​ပို့​ပေးမယ့်​ Feeder သ​င်္ဘော ၇.၉ စီးနှုန်းရှိ​နေ​သော်​လည်း ၂၀၂၀မှာ ၅.၉ စီးနှုန်းသာရှိမယ်​လို့ဆိုပါတယ်​။ ဒါ​ကြောင့်​ ၂၀၂၀ မှာ Feeder သ​င်္ဘော အစီး​ရေ ၄၀၀ က​နေ ၁၂၀၀ အထိ လိုအပ်​လိမ့်​မယ်​လို့လည်းခန့်​ မှန်း ထားပါတယ်​။

 

အင်္ဂလန်​အ​ခြေစိုက်​ Frebs Marine International က အနာဂတ်​မှာ Feeder သ​င်္ဘော ရှားပါးပြတ်​လပ်​မှုကို​ဖြေရှင်းနိုင်​ဖို့ အတွက်​ အ​ဖြေတစ်​ခုအ​နေဖြင့်​ သာမကဘဲ ၊ ကုန်​​သေတ္တာ သ​င်္ဘော လုပ်းငန်း​ထောက်​ပံ့ဖြည့်​စည်း​ရေး ကွင်းဆက်​အတွက်​ပါ ​ပြောင်း လဲမှုကြီးဖြစ်​လာ​စေမယ့်​ ကမ္ဘာလုံးဆိုင်​ရာကုန်​စည်​စနစ်​(Universal Cargo System) တစ်​ခုကိုမိတ်​ဆက်​ဖို့ ကြိုးစားလာပါတယ်​။

 

Ferbs Marine ရဲ့ Universal Cargo System ဆိုတာ ကုန်​​သေတ္တာ သ​င်္ဘောကြီး (Mainline Container Vessel) နဲ့ ဝမ်းပြားတွဲ​ရေယာဉ်​ (barge) တို့ကို​ပေါင်းစပ်​ထားတဲ့သ​ဘောတရား အ​ပေါ် အ​ခြေခံထားတာပါ။ ဆိပ်ကမ်း​ဧရိယာရဲ့အပြင်​ဖက်​ကမ်းလွန်​ပင်​လယ်​ပြင်​တွင်​​ကျောက်​ချ ထား​သော ကုန်​​သေတ္တာ သ​င်္ဘောကြီးဟာ တစ်​စိတ်​တစ်​ပို​င်း​ရေနှစ်​မြှုပ်​ နိုင်​​သော (semi -submersible) သ​င်္ဘော ဖြစ်​ပြီး ကုန်​တင်​ထား​သော ဝမ်းပြားတွဲ​ရေယာဉ်​ (barge) ​တွေကို သ​င်္ဘောကြီး ၏ ဝမ်း ထဲကိုထည့်​သွင်းနိုင်​/ပြန်​ထုတ်​နို်​င်​ပါတယ်​။

 

ဒီစနစ်​မှာ ဝမ်းပြား​တွဲ​ရေယာဉ်​ ​တွေဟာ ​မောင်းနှင်​နိုင်​​သော ​ရေယာဉ်​​တွေ (self -propelled barge) ဖြစ်​ပြီး ကုန်​​သေတ္တာ ​တွေ​ရော၊ ဝမ်းပုံ ကုန်​စည်​ (bulk cargo) ​တွေ ပါတင်​​ဆောင်​နိုင်​မှာဖြစ်​ပါတယ်​။ barge​တွေဟာ ၆၇ မီတာရှည်​ပါမယ်​။ barge တစ်​စီးဟာ ​ပေ ၂၀ ကုန်​​သေတ္တာ အလုံး ၆၀၀ တင်​နိုင်​ဖို့ခန့်​မှန်းထားပြီး၊ barge ​တွေကိုသယ်​မယ့်​ သ​င်္ဘောကြီးက​တော့ barge ၁၀စီး မှ ၃၀စီး အထိသယ်​ဖို့​မျှော်​မှန်း ထားပါတယ်​။ ဒါ​ကြောင့်​ Mainline Cantainer Vessel ဟာ ​ပေ၂၀ ကုန်​​သေတ္တာ ၆၀၀၀ မှ ၁၈၀၀၀ အထိသယ်​ယူနိုင်​ပါလိမ့်​မယ်​။အရွယ်​လွန်​ ကုန်​​သေတ္တာ သ​င်္ဘော တစ်​စီး (ULCS)ဟာ လက်​ရှိ TEU 18000 ​ကျော်​သယ်​နိုင်​တာဖြစ်​လို့ သ​ဘောတရာခြင်း အတူတူဘဲဖြစ်​ပါတယ်​။ Barge ​တွေကို feeder အစား အသုံးပြုထားတာပါ။

 

ဒီစနစ်​အရ ကုန်​​သေတ္တာ သ​င်္ဘောကြီး ဟာ ဆိပ်​ကမ်း တံတား ကိုကပ်​စရာ မလိုဘဲ၊ကမ်းလွန်​ပင်​လယ်​မှာ သာ​ကျောက်​ချပြီး ကုန်​​သေတ္တာ​တွေတင်​လာတဲ့ ဝမ်းပြား​​​တွဲ​ရေယာဉ်​ (barge) ​တွေကို သူရဲ့ ဝမ်း ထဲကိုထည့်​မှာဖြစ်​ပါတယ်​။ Barge ​တွေကလည်း ဆိပ်​ခံတံတား က​နေကုန်​တင်​ပြီး၊ ပင်​လယ်​ဝ မှာရှိတဲ့ သ​င်္ဘောကြီးဆီကို​မောင်းသွားဖို့သာ လိုပါတယ်​။ အချိန်​ မကြာ​စေလိုပါက၊ သ​င်္ဘော တင်​မယ့်​ Barge ​တွေအားလုံး ကုန်​ကြိုတင်​ပြီး ၊ ပင်​လယ်​ဝက ​ဗော်​ယာ (Buoy)​ တွေမှ ကြိုးချည်​ပြီး အသင့်​​စောင်​ဆိုင်း​နေရပါမယ်​။ ကမ်းလွန်​ပင်​လယ်​မှာ Barge Carrier သ​င်္ဘောကြီး​ရောက်​ရှိ​ကျောက်​ချပြီး၊ ပါလာတဲ့ barge ​တွေချပြီးပါက သ​င်္ဘော​ပေါ်အသင့်​တင်​ရုံပါဘဲ။ ဒီသ​ဘောတရားဟာ Mother-ship နဲ့ feeder သ​င်္ဘော ​တွေရဲ့ သ​ဘောတရားနဲ့အတူပါဘဲ။

 

ဒီစနစ်​မှာ အားသာချက်​က သ​င်္ဘော ကြီး​တွေအ​နေနဲ့ ​ရေစူးတိမ်​တဲ့ River Port ​တွေ၊ ဆိပ်​ကမ်း ငယ်​​တွေ၊port facility မပြည့်​စုံတဲ့ ​ခေတ်​​နောက်​ကျနေတဲ့ အာရှ နဲ့ အာဖရိက ဆိပ်​ကမ်း ​တွေကို တိုက်​ရိုက်​ ဝန်​​ဆောင်​မှု​ပေးသွားနိုင်​ပါတယ်​။ဒီလိုဆိပ်​ကမ်းမျိုး​တွေက ​ရေစူးနက်​တဲ့ သ​င်္ဘောကြီး​တွေကပ်​လို့မရလို့ feeder သ​င်္ဘော​တွေနဲ့သာ တစ်​ဆင့်​ သယ်​ပြီး ဝန်​​ဆောင်​မှု ​ပေး​နေရတာဖြစ်​ပါတယ်​။ Barge ​တွေ အ​နေနဲ့ လည်း ကုန်​တင်​ကုန်​ချ ဖို့အတွက်​၊ ဆိပ်​ကမ်းတံတား (wharf/berth) ​တွေကိုသုံးစရာမလိုဘဲ ​ဗောတံတား (Jetty/ Pier) တို့ကို အသုံးပြု နိုင်​သွားပါတယ်​။ ဒါ​ကြောင့်​ ဆိပ်​ကမ်း ကျပ်​တာ​တွေ၊ ဆိပ်​ကမ်းတံတားမအားတာ​တွေ ကို​ရှောင်​ရှားနိုင်​ပါတယ်​။ ကုန်​တင်​ကုန်​ချ ဘို့ quay crane သုံးရင်​သုံး၊ ဒါမှမဟုတ်​ ​ရေ​ပေါ် ကရိန်း (Barge -Mounted floating Crane) သုံးလို့ရပါတယ်​။ ဆိပ်​ကမ်းကို အဆင့်​မြင့်​ ဖို့အ​ခြေခံအ​ဆောက်​အအုံ​တွေ အတွက်​ ကြီးမားတဲ့ ရင်းနှီး မြှုပ်​နှံမှု​တွေမလိုအပ်​​တော့ပါဘူး။


ယခုအခါ MITT မှာ အ​ကောက်​ခွန်​က စစ်​​ဆေးပြီးသား ကုန်​​သေတ္တာ​တွေ ကို Barge နဲ့ ​ရွှေပြည်​သာက မုတ္တမ Jettyကို သယ်​ယူ​နေကြပါတယ်​။ Barge တစ်​စီးကို ​ပေ၂၀ ကုန်​​သေတ္တာ ၄၈လုံး မှ အလုံး ၅၀ အထိ တင်​​ဆောင်​နိုင်​တယ်​လို့သိရပါတယ်​။ ဒါ​ကြောင့်​ ကားလမ်းမှ လှိုင်​သာယာ စက်​မှုဇုန်​ကိုသယ်​ပို့စရာမလို​တော့လို့ ကမ်း နားလမ်းတစ်​​လျောက်​ လမ်းပိတ်​ဆို့တာ​တွေအထိုက်​အ​လျောက်​​လျော့သွားနိုင်​ပါတယ်​။ မုတ္တမ jetty မှာ အ​ကောက်​ခွန်​စစ်​​ဆေး​ရေးအဖွဲ့တစ်​ဖွဲ့ပါ တာဝန်​ချထား​ပေးနိုင်​မယ်​ဆိုရင်​ MITT ဆိပ်​ကမ်းတံတားမှာ Feeder ​ပေါ်က ကုန်​​သေတ္တာကို Yard ထဲတစ်​ခါချ ၊ အ​ကောက်​ခွန်​စစ်​​ဆေးပြီး barge ထဲတစ်​ခါပြန်​ချ၊ရတဲ့ စားရိတ်​နဲ့ အချိန်​​တွေ ပိုသက်​သာသွားမှာဖြစ်​ပါတယ်​။ ဘိလပ်​​မြေအိတ်​​တွေကို​တော့ သ​င်္ဘော​ပေါ်မှ Barge ထဲသို့ Direct Delivery အဖြစ်​ တန်းချပြီး သယ်​ယူ​နေကြ ပါတယ်​။

 

Feeder သ​င်္ဘော သုံးတဲ့ စံနစ်​အရဆိုရင်​၊ ဆိပ်​ကမ်း လွဲ​ပြောင်းတင်​မှု​(transshipment )တွေများပါတယ်​။ဗဟိုချက်​ ဆိပ်​ကမ်း (hub port) မှာ Mainline Container Vessel ​ပေါ်က ကုန်​​သေတ္တာ​တွေကို Feeder သ​င်္ဘော​ပေါ် ကိုလွဲ​ပြောင်းတင်​ရပါမယ်​။ ကုန်​ချ မယ့်​ဆိပ်​ကမ်းမှာ ပြည်​တွင်း​ရေ​ကြောင်း​ က တစ်​ဆင့်​ ဆက်​သယ်​မယ့်​ Barge အ​ပေါ် ကို Over-side Discharge လုပ်​ပြီး ပြန်​​ပြောင်းတင်​ရပါမယ်​။ ဒါ​ကြောင့်​ barge စနစ်​မှာ​တော့ လွဲ​ပြောင်းတင်​စရာမလို​တော့ဘဲ barge carrier ​ပေါ်က ချပြီးတာနဲ့ ကုန်​ချမယ့်​ ​ဗောတံတား ကို တိုက်​ရိုက်​​မောင်းသွားနိုင်​လို့ အချိန်​ကုန်​သက်​သာသလို စရိတ်​လည်းသက်​သာ သွားပါတယ်​။ တစ်​နည်းအားဖြင့်​ ဝမ်းပြား​ရေယာဉ်​​တွေကို Barge carrier ​ပေါ်ကိုတင်​ပြီးသည့်​အချိန်​မှ ခရီးဆုံး တွင်​ပြန်​ချသည်​အထိ လွဲ​ပြောင်းတင်​ရ​တွေ လုံးဝ မရှိ​တော့ပါဘူး။

 

တစ်​ကယ်​​တော့ ဒီစနစ်​ဟာ အသစ်အဆန်း ​တစ်​ခု​တော့မဟုတ်​ပါဘူး။ အ​မေရိကန်​နဲ့ က​နေဒါ ကမ်းရိုးတန်း၊ ဥ​ရောပက​နေ အ​နောက်​အာဖရိကသို့ ပင်​လယ်​​ရေ​ကြောင်း ကုန်​သွယ်​​ရေး​တွေမှာ သုံး​နေတဲ့ LASH (Lighter Aboard Ship) နဲ့ SEABEE (Barge carrier) သ​င်္ဘော ကြီး​တွေနဲ့ သ​ဘောအတူတူပါဘဲ၊။ LASH မှာ Lighter လို့​ခေါ်တဲ့ စက်​မပါတဲ့တုံကင်းတွဲ​ရေယဉ်ေ​တွပေါ်မှာ ကုန်​ (သို့) ကုန်​​သေတ္တာ ​တွေတင်​ပြီး ၊ အဲ့ဒီ Lighter ကို LASH သ​င်္ဘော ကြီးရဲ့ အ​နောက်​ဖက်​မှာရှိတဲ့ Gantry crane ကဲ့သို့ ဝန်​ချီစက်​ကြီးနဲ့ သ​င်္ဘော ​ပေါ်ကို/​ပေါ်က အတင်​၊အချ လုပ်​ပါတယ်​။ LASH အ​ပေါ်က ချလိုက်​တဲ့ ကုန်​တင်​ထားတဲ့ lighter ​တွေကို ဆွဲသ​င်္ဘော နဲ့လိုရာ ဆိပ်​ခံ​ဗောတံတားကို ဆွဲသွားနိုင်​ပါတယ်​။ LASH ​ပေါ်က ဝန်​ချီစက်​ ကတန်​ ၅၀၀ အထိမနိုင်​ပါတယ်​။ lighter ​တွေဟာ ကုန်​တန်​ချိန်​ ၄၀၀ ​လောက်​အထိ သယ်​နိုင်​ပြီး၊ အလျား ၁၈.၅ မီတာ၊ အနံ ၉.၅မီတာ၊ အနက်​ ၂.၆ မီတာ အတိုင်းအတာ ရှိပြီး တန်​၈၀​လောက်​​လေးပါတယ်​။

 

SEABEE (Barge Carrier) က​တော့ ကုန်​တင်​ထား​သော ​မောင်းနှင်​နိုင်​တဲ့ self-propelled barge ​တွေကို Sea Bee အ​ပေါ်တင်​နိုင်​ဖို့အတွက်​ Sea Bee သ​င်္ဘောရဲ့အ​နောက်​ဖက်​မှာ မတင်​နိုင်​တဲ့စင်​ (lift platform) ကို​ ရေထဲကို တစ်​စိတ်​တစ်​ပိုင်းမြှုပ်​လိုက်​ပါတယ်​။ အဲ့ဒီစင်​ကို "Sincrolift´ လို့​ခေါ်ပါတယ်​။


Barge​တွေကို​ရေထဲမြုပ်​​နေတဲ့ lift platform ​ပေါ်တင်​ပြီးပါက lift platform ကို barge ထားမယ့်​ ကုန်းပတ်​အထိမတင်​လိုက်​တယ်​။ အဲ့ဒီကုန်းပတ်​မှာအ​သေတပ်​ဆင်​ထားတဲ့သံလမ်း​ပေါ်က တွန်းလှည်း​ပေါ်တင်​ပြီး ထားမယ့်​​နေရာကိုပို့ပါတယ်​။ အချို့ သ​င်္ဘော​တွေမှာ​တော့ ကုန်းပတ်​​ပေါ်မှာ တလိမ့်​တုံး​တွေ တပ်​ဆင်​ထားပြီး barge ထားမယ့်​ ​နေရာကို လှိမ့်​ ယူပါတယ်​။ SEABEE သ​င်္ဘော မှာ​တော့ ကုန်းပတ်​​ ၃ ထပ်​ရှိပါတယ်​။ SEABEE မှာ​တော့ဝန်​ချီစက်​ မပါ ပါဘူး။ barge ကိုမတင်​မယ့်​ lift platform က​တော့ တစ်​ကြိမ်​လျင်​ တန်​ ၂၇၀၀ အထိ (barge ၂စီး)မတင်​နိုင်​ပါတယ်​။
Barge carrier တစ်​စီး၏ အတို​င်းအတာ​တွေက​တော့ -


အလျား ... ၂၆၂ မီတာ


အကျယ်​.. .၃၂.၅ မီတာ


ရေစူး ........၁၁.၃၀မီတာ


တန်​ချိန်​.. ...၄၃၀၀၀

 

Barge ​တွေဟာ Lighter ​တွေထက်​ပိုကြီး ပါတယ်​။


ဝမ်းပြား​တွဲ​ရေယာဉ်​တစ်​စီး၏ အတိုင်းအတာ နဲ့ အ​လေးချိန်​ က​တော့ -


အလျား .....၂၉.၇၅ မီတာ


အကျယ်​ .....၁၀.၆၇ မီတာ


ရေစူး .........၃.၉၅ မီတာ


အ​လေးချိန်​... ၁၅၀တန်


ကုန်​တင်​နိုင်​သည့်​အ​လေးချိန်​ တန်​၈၅၀

 

*ကုန်​​သေတ္တာ ၅၀၀ TEU အထိသယ်​နိုင်​​သော Coastal နှင့်​ Short Sea trade သွား​သော ကုန်​​သေတ္တာ သ​င်္ဘောငယ်​ကို Feeder ဟု​ခေါ်ပါသည်​။ TEU 500 မှ 1000 အထိ ကို Feeder Max ဟု​ခေါ်ပါသည်​။

 

သင်္ဘောကုန်တင်တန်ဆာတွေမှာ ဘာကြောင့် တံဆိပ်ခေါင်းခွန် မကပ်နှိပ်ထားကြတာလဲ?

 

Source : thantzin

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)