Containers

လက်ဝယ်ရှိ ကုန်သေတ္တာ စီမံခန့်ခွဲမှု

လက်ဝယ်ရှိ ကုန်သေတ္တာ စီမံခန့်ခွဲမှု google

သင်္ဘောလိုင်းပြေးဆွဲသူ (liner Operator) ၏အဓိကလိုအပ်ချက်မှာ ကုန်တင်ပို့လိုသူ ဖောက်သည်များလိုအပ်သည့် ကုန်သေတ္တာ အမျိုးအစားကို၊ လိုအပ်သည့်အချိန်တွင်၊ လိုအပ်သလောက် အသင့်ရရှိရေးဖြစ်ပါသည်။ ကုန်သေတ္တာအခွံ လိုအပ်နေသောဆိပ်ကမ်းတွင် ကုန်သေတ္တာ လုံလောက်မှုမရှိဖြစ်နေပြီး၊ မလိုအပ်သောနေရာတွင် ကုန်သေတ္တာ အခွံများစုပုံနေခြင်းသည်အကျိုးမရှိဘဲ ဆုံးရုံးမှုကို ဖြစ်စေပါတယ်။

 

ဒါကြောင့် လက်ဝယ်ရှိ ကုန်သေတ္တာ ထိန်းချုပ်မှု (container inventory control) နှင့် ကုန်သေတ္တာများကို ပိုသည့်နေရာမှ လိုအပ်သည့်နေရာသို့ ဖြန့်ဝေရန်စီမံခန့်ခွဲမှု(Physical Distribution Management) လုပ်ဖို့ လိုအပ်ပါတယ်။

 

ကုန်သေတ္တာ ထိန်းချုပ်မှုနှင့်စပ်လျဉ်း၍ Liner Operator တစ်ဦးသည် အရိုးရှင်းဆုံး ပုံစံ အနေဖြင့် ဆိပ်ကမ်း (၂ ) ခုအကြား၊ ပုံမှန်အချိန်ဇယားဖြင့် ပြေးဆွဲပါက ဆိပ်ကမ်း တစ်ခုစီတွင်၊ ကုန်သေတ္တာ လိုအပ်ချက်ဘယ်လောက်ရှိမလဲကို ကြိုတင်ခန့်မှန်းရန်လိုပါသည်။ ခန့်မှန်းချက်တွင် ရာသီအလို်က် ကုန်သေတ္တာ လိုအပ်ချက်အတက်/အကျ (Seasonal Demand Fluctuation) (ဥပမာ တရုတ်နှစ်သစ်ကူးကာလတွင်အရောင်းအဝယ်မလုပ်ကြသဖြင့် ထိုအချိန် မတိုင်မှီ ကုန်တင်ပို့/ တင်သွင်းမှုများတတ်ပါသည်) ကိုထည့်သွင်းစဉ်းစားရန်လိုပါသည်။ ကျပန်း လိုအပ်ချက်ပြောင်းလဲမှု(Random Demand Fluctuation)အတွက်လည်း ထည့်သွင်းလျာထားရန်လိုအပ်သလို ကုန်သေတ္တာ ပြတ်လပ်သွားမှာ မရှိစေရန်(Safety Stock) အတွက်ပါ ထည့်သွင်းလျာထားရန်လိုပါသည်။

 

ကုန်သေတ္တာ ဝန်ဆောင်မှု့ သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/logistics-services/container-services.html

 

ကုန်သွယ်မှု လမ်းကြောင်းသည်ညီမျှ မှုမရှိဘဲ၊ လမ်းကြောင်း တစ်ခြမ်းက အားသာပါက (ဥပမာ စင်ကာပူ -ရန်ကုန် လမ်းကြောင်းတွင် သွင်းကုန် ကုန်သေတ္တာ များပြားသော်လည်း၊ ရန်ကုန်- စင်ကာပူအပြန် လမ်းကြောင်းတွင် ပို့ကုန် နည်းပါးသဖြင့် ) ပိုနေသောကုန်သေတ္တာ အခွံလွတ်များကို စင်ကာပူသို့ ုပြန်သယ်ပို့ရန်လိုအပ်ပါသည်။

 


ကုန်သေတ္တာ TEU ၂.၅သန်းကျော်ဟာ တစ်ကမ္ဘာလုံးက ကုန်သေတ္တာ Terminal တွေမှာ အခွံအဖြစ်သာ သိမ်းထားကြပါတယ်။ကုန်သေတ္တာတစ်လုံးရဲ့ပျမ်းမျှသက်တမ်း (၁၂ နှစ်) ၏ တစ်ဝက်လောက်ဟာ ကုန်စည်သယ်ဆောင်ရခြင်း မရှိဘဲ Terminal တွေမှာ သယ်မယ့်ကုန် စောင့်ဆိုင်းစဉ် ထားသိုထားတာ (သို့) ကုန်သေတ္တာ အခွံလိုအပ်တဲ့ဆိပ်ကမ်းကို ပြန်သယ်ပို့တာ နဲ့ဘဲ ကုန်ဆုံးသွား ကြပါတယ်။ကုန်သေတ္တာ Terminals တွေရဲ့ ကုန်သေတ္တာအနူတ်အသိမ်း (port throughput) ၏ ၂၀.၅% ဟာ ကုန်တ္တောအခွံတွေဖြစ်ပါတယ်။

 


ကုန်သေတ္တာ အခွံလွတ်များကို လိုအပ်သည့်နေရာသို့ ပြန်ပို့သည့် Physical Distribution Management နည်းလမ်း (၃)သွယ်ရှိပါသည်။

 

(၁) Imbalance movement

ကုန်သေတ္တာ အခွံပိုနေသော ဆိပ်ကမ်းမှ လိုနေသောဆိပ်ကမ်းသို့ ပို့ဆောင်ပေးခြင်း၊တစ်ကမ္ဘာလုံးတွင်ပင်လယ်ရေကြောင်းဖြင့် ကုန်သေတ္တာ အခွံများ ရွှေ့ပြောင်း သယ်ဆောင်မှုကုန်ကျ စားရိတ်မှာ တစ်နှစ်လျှင် ဒေါ်လာ ၂၀ ဘီလီယံ ဝန်းကျင် ရှိပါသည်။

တစ်ခါတစ်ရံ သင်္ဘော တစ်စီးလုံး၏ နေရာအပြည့် ကုန်သေတ္တာ အခွံများပြန်သယ်ရတာလည်းရှိပါတယ်။ ကုန်သေတ္တာ အခွံ ပြန်လည်သယ်ဆောင်ခ တစ်စိတ်တစ်ပိုင်း ပြန်ရစေရန်အတွက် သင်္ဘောလိုင်းတွေ အနေဖြင့် ကုန်တင် ပို့သူတွေထံမှ အပိုဆောင်းကြေး (Container Shortage Surcharge) ကောက်လေ့ရှိပါတယ်။ ၂၀၁၀ က COSCO လိုင်းက ရှန်ဟိုင်းမှ Los Angeles ဆိပ်ကမ်းသို့ပြေးဆွဲသည့်ခရီးစဉ်တွင် ပေ ၄၀ ကုန်သေတ္တာ တစ်လုံး ကို (Emergency Equipment Surcharge)အဖြစ် ဒေါ်လာ (၄၀၀) ကောက်ခံပါသည်။ အဆိုပါ ခရီးစဉ်အတွက် လက်ရှိ ကုန်သေတ္တာ သင်္ဘောခမှာ ပေ၄၀ တစ်လုံး ဒေါ်လာ 2150 ဝန်းကျင်သာရှိပါတယ်။

 

(၂) Cabotage


ကုန်သေတ္တာအခွံ ပိုတဲ့ဆိပ်ကမ်းမှ လိုနေတဲ့ဆိပ်ကမ်းကိုပို့ရမည့် ကုန်သေတ္တာ အခွံများကို အဲဒီဆိပ်ကမ်းကိုဘဲကုန်စည်ပို့ရန် အသုံးပြုလိုတဲ့အခြားသော Liner Operator ကိုရှာဖွေပြီး၊ အခမဲ့ အသုံးပြု ခွင့်ပေးခြင်း။

 

(၃) Leasing Pick-up / drop-off

ကုန်သေတ္တာ အခွံလိုအပ်သည့့်ဆိပ်ကမ်းတွင် အခွံကိုဌားယူပြီး၊မလိုအပ်တော့ဘဲ ပိုနေသည့်ဆိပ်ကမ်းတွင် အငှါးကုမ္ပဏီ သို့ပြန်အပ်ခြင်း။အဲ့ဒီလို လိုအပ်သလို ငှါးနိုင်ဖို့ Liner Operator အနေဖြင့် ကုန်သေတ္တာ အခွံငှါးစားသော ကုမ္ပဏီ နှင့် ကိုယ့်အတွက်သင့်တော်သော အစီအစဉ်များပြု လုပ်ရပါတယ်။

 

၂၀၀၆တွင်တစ်ကမ္ဘာလုံးရှိ ကုန်သေတ္တာ စုစုပေါင်းပမာဏ ၏ ထက်ဝက်ခန့်ကို ကုန်သေတ္တာ ဌားစားသည့် ကုမ္ပဏီများကပိုင်ဆိုင်ကြသော်လည်း၊ ၂၀၁၀ တွင် ၄၀% သာပိုင်ဆိုင်ကြပါတော့တယ်။ သို့သော် ယခုအခါ ကုန်သေတ္တာ သင်္ဘောလိုင်းများအနေဖြင့် မတည်ရင်းနှီးငွေ ရှာဖွေရန်အခက်အခဲ ရှိလာသောကြောင့် ကုန်သေတ္တာ အခွံရရှိရေးအတွက် ဌားရမ်းသည့် ကုမ္ပဏီများကိုတစ်ဖန်ပြန်လည် အားကိုးလာရပြန်ပါတယ်။

 

ဆိပ်ကမ်းလိပ်စာများ သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/ports.html

 

ကုန်သေတ္တာအခွံ ဌားရမ်းသည့် ပုံစံ ၃မျိုး ရှိပါတယ်။

 

၁။ Long-term lease

ဤဌားရမ်းသည့်ပုံစံတွင် သင်္ဘောလိုင်းသည် လိုအပ်သည့်သတ်မှတ် ကုန်သေတ္တာအလုံးရေကို အနည်းဆုံး ၁နှစ်မှ သည် ကုန်သေတ္တာသက်တမ်းတစ်ခုလုံးဌားယူသည့်ပုံစံဖြစ်ပါသည်။ ဌားရမ်းခသက်သာပါသည်။ သို့သော် လုပ်ငန်းမကောင်း၍ ကုန်သေတ္တာများ အသုံးမလိုဘဲ ပိုနေသော်လည်း၊ ဌားခ ကိုတော့ မူလသဘောတူ ထားသည့့်နူန်းအတိုင်း ပုံမှန်ပေးနေရပါမည်။ သို့သော်ဌားရမ်းသည့် ကာလမပြည့်မီ ပြန်အပ်လိုပါက လျော်ကြေးသဘောမျိုး ဒဏ်ကြေးပေး ၍ပြန်အပ်နိုင်ပါသည်။

 

၂။ Short-term (or trip) lease

သင်္ဘော လိုင်းအနေဖြင့် ကုန်သေတ္တာ လိုအပ်သည့်ဆိပ်ကမ်းတွင် လိုအပ်သလောက်သောကုန်သေတ္တာကိုသာ ကာလတို (သို့) လိုအပ်တဲ့ခရီးစဉ်တစ်ခေါက်အတွက်သာ ဌားရမ်းခြင်းဖြစ်ပါ သည်။ ဌားရမ်းခဟာ long-term lease ထက်၂ဆ ခန့်များတတ်ပါတယ်။ ဒါ့အပြင် သင်္ဘောလိုင်းအနေဖြင့် ကိုယ်လိုချင်တဲ့ ကုန်တ္တောအမျိုးအစား မရနိုင်တာကြုံရတတ်ပါတယ်။

 

၃။ Master lease

ဤပုံစံမှာတော့ သင်္ဘောလိုင်းအနေဖြင့် ကုန်သေတ္တာ အနည်းဆုံးအလုံးရေဘယ်လောက်ဌားမယ်လို့ အာမခံရပြီး၊အလျော့ အတင်းလုပ်လို့ရအောင်သဘော တူညီချက်အချို့ကိုထည့်သွင်းထား ပါတယ်။ ဘယ်ဆိပ်ကမ်းတွေမှာနောက်ထပ် အပိုကုန်သေတ္တာ အနည်းဆုံးဘယ်လောက်ထပ်ယူမယ်၊ ဘယ်ဆိပ်ကမ်းတွေမှာတော့ မလိုအပ်တော့ ကုန်သေတ္တာတွေကို ပြန်အပ်မယ်လို့ သဘောတူညီချက်ထည့့်ထားကြ ပါတယ်။ ဌားတဲ့ကာလကတော့ ၁နှစ်မှ ၅နှစ်အထိ ဖြစ်ပါတယ်။ ကုန်သေတ္တာဌားခကတော့ ဌားယူလိုတဲ့ ဆိပ်ကမ်း နဲ့ ပြန်အပ်လိုတဲ့ဆိပ်ကမ်းပေါ်မူတည်ပြီး ပြောင်းလဲပါတယ်။

 

ဌားယူလိုတဲ့ ဆိပ်ကမ်းက ကုန်သေတ္တာအခွံပိုနေတဲ့၊ ပိုလေ့ရှိတဲ့ ဆိပ်ကမ်းဆိုပါက ဌားခသက်သာပြီး၊ ကုန်သေတ္တာရှားပါးတဲ့ဆိပ်ကမ်းမှာကုန်တ္တောအခွံယူမယ် ဆိုပါက ဌားခပိုယူပါတယ်။ ဒါပေမဲ့ လိုအပ်မှ ပေါက်ဈေးအတိုင်းဌားတဲ့ spot price ထက်တော့ သက်သာပါတယ်။ Long-term lease နဲ့နိူင်းယှဉ်ရင် ဈေးပိုကြီးပေမဲ့ သင်္ဘောလိုင်းအတွက်တော့ ပိုပြီး အလျော့အတင်း ပြောင်းလွယ်ပြင် လွယ် လုပ်လို့ရပါတယ်။

 

သင်္ဘောလိုင်းရဲ့ sale team တွေကိုလည်း ကုန်သေတ္တာအခွံတွေ လိုအပ်နေတဲ့ ဆိပ်ကမ်းကိုပို့မယ် ကုန်တွေကို ဦးစားပေးရှာပြီး booking လက်ခံဖို့ မှာကြားထားရန်လိုပါတယ်။

 

Zawgyi

 

လက္​ဝယ္​႐ွိ ကုန္​​ေသတၱာ စီမံခန္​ ့ခြဲမႈ

 

သ​ေဘၤာလိုင္​း​ေျပးဆြဲသူ (liner Operator) ၏အဓိကလိုအပ္​ခ်က္​မွာ ကုန္​တင္​ပို႔လိုသူ ​ေဖာက္​သည္​မ်ားလိုအပ္​သည္​့ ကုန္​​ေသတၱာ အမ်ိဳးအစားကို၊ လိုအပ္​သည္​့အခ်ိန္​တြင္​၊ လိုအပ္​သ​ေလာက္​ အသင္​့ရ႐ွိ​ေရးျဖစ္​ပါသည္​။ ကုန္​​ေသတၱာအခြံ လိုအပ္​​ေန​ေသာဆိပ္​ကမ္​းတြင္​ ကုန္​​ေသတၱာ လံု​ေလာက္​မႈမ႐ွိျဖစ္​​ေနၿပီး၊ မလိုအပ္​​ေသာ​ေနရာတြင္​ ကုန္​​ေသတၱာ အခြံမ်ားစုပံု​ေနျခင္​းသည္​အက်ိဳးမရွိဘဲ ဆုံး႐ုံးမႈကို ျဖစ္​​ေစပါတယ္​။

 

 

ဒါ​ေၾကာင္​့ လက္​ဝယ္​႐ွိ ကုန္​​ေသတၱာ ထိန္​းခ်ဳပ္​မႈ (container inventory control) ႏွင္​့ ကုန္​​ေသတၱာမ်ားကို ပိုသည္​​့ေနရာမွ လိုအပ္​သည္​့​ေနရာသို႔ ျဖန္​႔​ေဝရန္​စီမံခန္​႔ခြဲမႈ(Physical Distribution Management) လုပ္​ဖို႔ လိုအပ္​ပါတယ္​။

 

ကုန္​​ေသတၱာ ထိန္​းခ်ဳပ္​မႈႏွင္​့စပ္​လ်ဥ္​း၍ Liner Operator တစ္​ဦးသည္​ အ႐ိုး႐ွင္​းဆံုး ပံုစံ အ​ေနျဖင္​့ ဆိပ္​ကမ္​း (၂ ) ခုအၾကား၊ ပံုမွန္​အခ​်ိန္​ဇယားျဖင္​့ ​ေျပးဆြဲပါက ဆိပ္​ကမ္​း တစ္​ခုစီတြင္​၊ ကုန္​​ေသတၱာ လိုအပ္​ခ်က္​ဘယ္​​ေလာက္​႐ွိမလဲကို ႀကိဳတင္​ခန္​႔မွန္​းရန္​လိုပါသည္​။ ခန္​႔မွန္​းခ်က္​တြင္​ ရာသီအလို္​္​က္​  ကုန္​​ေသတၱာ လိုအပ္​ခ်က္အတက္​/အက် (Seasonal Demand Fluctuation) (ဥပမာ တ႐ုတ္​ႏွစ္​သစ္​ကူးကာလတြင္​အ​ေရာင္​းအဝယ္​မလုပ္​ၾကသျဖင္​့ ထိုအခ်ိန္​ မတိုင္​မွီ ကုန္​တင္​ပို႔/ တင္​သြင္​းမႈမ်ားတတ္​ပါသည္​) ကိုထည္​့သြင္​းစဥ္​းစားရန္​လိုပါသည္​။ က်ပန္​း လိုအပ္​ခ်က္​​ေျပာင္​းလဲမႈ(Random Demand Fluctuation)အတြက္​လည္​း ထည္​့သြင္​းလ်ာထားရန္​လိုအပ္​သလို ကုန္​​ေသတၱာ ျပတ္​လပ္​သြားမွာ မ႐ွိ​ေစရန္​(Safety Stock) အတြက္​ပါ ထည္​့သြင္​းလ်ာထားရန္​လိုပါသည္​။

 

 

ကုန္ေသတၱာ ဝန္ေဆာင္မႈ႔ သိရိွလိုပါက - https://www.logisticsguide.com.mm/en/category-index/logistics-services/container-services.html

 

ကုန္​သြယ္​မႈ လမ္​း​ေၾကာင္​းသည္ညီ​မ်ွ မႈမ႐ွိဘဲ၊ လမ္​း​ေၾကာင္​း တစ္​ျခမ္​းက အားသာပါက (ဥပမာ စင္​ကာပူ -ရန္​ကုန္​ လမ္​း​ေၾကာင္​းတြင္​ သြင္​းကုန္​ ကုန္​​ေသတၱာ မ်ားျပား​ေသာ္​လည္​း၊ ရန္​ကုန္​- စင္​ကာပူအျပန္​ လမ္​း​ေၾကာင္​းတြင္​ ပို႔ကုန္​ နည္​းပါးသျဖင္​့ ) ပို​ေန​ေသာကုန္​​ေသတၱာ အခြံလြတ္​မ်ားကို စင္​ကာပူသို႔ ုျပန္​သယ္​ပို႔ရန္​လိုအပ္​ပါသည္​။


ကုန္​​ေသတၱာ TEU ၂.၅သန္​း​ေက်ာ္​ဟာ တစ္​ကမၻာလံုးက ကုန္​​ေသတၱာ Terminal ​ေတြမွာ အခြံအျဖစ္​သာ သိမ္​းထားၾကပါတယ္​။ကုန္​​ေသတၱာတစ္​လုံးရဲ႕ပ်မ္​းမ်ွသက္​တမ္​း (၁၂ ႏွစ္​) ၏ တစ္​ဝက္​​ေလာက္​ဟာ ကုန္​စည္​သယ္​​ေဆာင္​ရျခင္​း မ႐ွိဘဲ Terminal ​ေတြမွာ သယ္​မယ္​့ကုန္​ ​ေစာင္​့ဆိုင္​းစဥ္​ ထားသိုထားတာ (သို႔) ကုန္​​ေသတၱာ အခြံလုိအပ္​တဲ့ဆိပ္​ကမ္း​ကို​ ျပန္​သယ္​ပို႔တာ နဲ႔ဘဲ ကုန္​ဆုုံးသြား ၾကပါတယ္​။ကုန္​​ေသတၱာ Terminals ​ေတြရဲ႕ က​ုန္​​ေသတၱာအႏူတ္​အသိမ္း (port throughput) ၏ ၂၀.၅% ဟာ ကုန္​​ေတၱာအခြံ​ေတြျဖစ္​ပါတယ္​။


ကုန္​​​ေသတၱာ အခြံလြတ္​မ်ားကို လိုအပ္​သည္​့​ေနရာသို႔ ျပန္​ပို႔သည္​့ Physical Distribution Management နည္​းလမ္​း (၃)သြယ္​႐ွိပါသည္​။

 

(၁) Imbalance movement

 

ကုန္​​ေသတၱာ အခြံပို​​ေန​ေသာ ဆိပ္​ကမ္​းမွ လို​ေန​ေသာဆိပ္​ကမ္​းသို႔ ပို႔​ေဆာင္​​ေပးျခင္​း၊တစ္​ကမၻာလံုးတြင္​ပင္​လယ္​​ေရ​ေၾကာင္​းျဖင္​႔ ကုန္​​ေသတၱာ အခြံမ်ား ​ေရြ႔ွေျပာင္​း သယ္​​ေဆာင္​မႈကုန္​က် စားရိတ္​မွာ တစ္​ႏွစ္​လ်ွင္​ ​ေဒၚလာ ၂၀ ဘီလီယံ ဝန္​းက်င္​ ႐ွိပါသည္​။

 

တစ္​ခါတစ္​ရံ သ​ေဘၤာ တစ္​စီးလံုး၏ ​ေနရာအျပည္​့ ကုန္​​ေသတၱာ အခြံမ်ားျပန္​သယ္​ရတာလည္​း႐ွိပါတယ္​။ ကုန္​​ေသတၱာ အခြံ ျပန္​လည္​သယ္​​ေဆာင္​ခ တစ္​စိတ္​တစ္​​ပိုင္​း ျပန္​ရ​ေစရန္​အတြက္​ သ​ေဘၤာလိုင္​း​ေတြ အ​ေနျဖင္​့ ကုန္​တင္​ ပို႔သူ​ေတြထံမွ အပုိ​ေဆာင္​း​ေၾကး (Container Shortage Surcharge) ​ေကာက္​​ေလ့႐ွိပါတယ္​။ ၂၀၁၀ က COSCO လိုင္​းက ႐ွန္​ဟိုင္​းမွ Los Angeles ဆိပ္​ကမ္​းသို႔​ေျပးဆြဲသည္​့ခရီးစဥ္​တြင္​ ေပ ၄၀ ကုန္​​ေသတၱာ တစ္​လံုး ကို (Emergency Equipment Surcharge)အျဖစ္​ ​ေဒၚလာ (၄၀၀) ​ေကာက္​ခံပါသည္​။ အဆိုပါ ခရီးစဥ္​အတြက္​ လက္​႐ွိ ကုန္​​ေသတၱာ သ​ေဘၤာခမွာ ​ေပ၄၀ တစ္​လုံး ​ေဒၚလာ 2150 ဝန္​းက်င္​သာ႐ွိပါတယ္​။

 

(၂) Cabotage


ကုန္​​ေသတၱာအခြံ ပိုတဲ့​ဆိပ္​ကမ္​းမွ လို​ေနတဲ့​ဆိပ္​ကမ္​းကိုပို႔ရမည္​႔ ကုန္​​ေသတၱာ အခြံမ်ားကို အဲဒီဆိပ္​ကမ္​းကိုဘဲကုန္​စည္​ပို႔ရန္​ အသံုးျပဳလိုတဲ့အျခား​ေသာ Liner Operator ကို႐ွာ​ေဖြၿပီး၊ အခမဲ့ အသံုးျပဳ ခြင္​့​ေပးျခင္​း။

 

(၃) Leasing Pick-up / drop-off

 

ကုန္​​ေသတၱာ အခြံလိုအပ္​သည္​့​့ဆိပ္​ကမ္​းတြင္​ အခြံကိုဌားယူၿပီး၊မလိုအပ္​​ေတာ့ဘဲ ပို​ေနသည္​့ဆိပ္​ကမ္​းတြင္​ အငွါးကုမၸဏီ သို႔ျပန္​အပ္​ျခင္​း။အဲ့ဒီလို လိုအပ္​သလို ငွါးႏိုင္​ဖို႔ Liner Operator အ​ေနျဖင္​့ ကုန္​​ေသတၱာ အခြံငွါးစား​ေသာ ကုမၸဏီ ႏွင္​့ ကုိယ့္အတြက္​​သင္​့​ေတာ္​​ေသာ အစီအစဥ္​မ်ားျပဳ လုပ္​ရပါတယ္​။

 

၂၀၀၆တြင္​တစ္​ကမၻာလုံး႐ွိ ကုန္​​ေသတၱာ စုစု​ေပါင္​းပမာဏ ၏ ထက္​ဝက္​ခန္​႔ကို ကုန္​​ေသတၱာ ဌားစားသည္​့ ကုမၸဏီမ်ားကပိုင္​ဆိုင္​ျကေသာ္​လည္​း၊ ၂၀၁၀ တြင္​ ၄၀% သာပိုင္​ဆိုင္​ၾကပါ​ေတာ့တယ္​။ သို႔​ေသာ္​ ယခုအခါ ကုန္​​ေသတၱာ သ​ေဘၤာလိုင္​းမ်ားအ​ေနျဖင္​့ မတည္​ရင္​းႏွီး​ေငြ ႐ွာ​ေဖြရန္​အခက္​အခဲ ႐ွိလာ​ေသာ​ေၾကာင္​့ ကုန္​​ေသတၱာ အခြံရ႐ွိ​ေရးအတြက္​ ဌားရမ္​းသည္​့ ကုမၸဏီမ်ားကိုတစ္​ဖန္​ျပန္​လည္​ အားကိုးလာရျပန္​ပါတယ္​။

 

ဆိပ္ကမ္းလိပ္စာမ်ား သိရိွလိုပါက - https://www.logisticsguide.com.mm/en/category-index/ports.html

 

ကုန္​​ေသတၱာအခြံ ဌားရမ္​းသည္​့ ပုံစံ ၃မ်ိဳး ႐ွိပါတယ္​။

 

၁။ Long-term lease

ဤဌားရမ္​းသည္​့ပုံစံတြင္​ သ​ေဘၤာလိုင္​းသည္​ လိုအပ္​သည္​့သတ္​မွတ္​ ကုန္​​ေသတၱာအလုံး​ေရကို အနည္​းဆံုး ၁ႏွစ္​မွ သည္​ ကုန္​​ေသတၱာသက္​တမ္​းတစ္​ခုလုံးဌားယူသည္​့ပုံစံျဖစ္​ပါသည္​။ ဌားရမ္​းခသက္​သာပါသည္​။ သို႔​ေသာ္​ လုပ္​ငန္​းမ​ေကာင္​း၍ ကုန္​​ေသတၱာမ်ား အသုံးမလိုဘဲ ပို​ေန​ေသာ္​လည္​း၊ ဌားခ ကို​ေတာ့ မူလသ​ေဘာတူ ထားသည့္​့ႏူန္​းအတိုင္​း ပုံမွန္​​ေပး​ေနရပါမည္​။ သို႔​ေသာ္​ဌားရမ္းသည္​့ ကာလမျပည္​့မီ ျပန္​အပ္​လိုပါက ​ေလ်ာ္​​ေၾကးသ​ေဘာမ်ိဳး ဒဏ္​​​​ေၾကး​ေပး ၍ျပန္​အပ္​ႏိုင္​ပါသည္​။

 

၂။ Short-term (or trip) lease

သ​ေဘၤာ လိုင္​းအ​ေနျဖင္​့ ကုန္​​ေသတၱာ လို​အပ္​သည္​့ဆိပ္​ကမ္​းတြင္​ လိုအပ္​သ​ေလာက္​​ေသာကုန္​​ေသတၱာကိုသာ ကာလတို (သို႔) လိုအပ္​တဲ့ခရီးစဥ္​တစ္​​ေခါက္​အတြက္​သာ ဌားရမ္​းျခင္​းျဖစ္​ပါ သည္​။ ဌားရမ္​းခဟာ long-term lease ထက္​၂ဆ ခန္​႔မ်ားတတ္​ပါတယ္​။ ဒါ့အျပင္​ သ​ေဘၤာလိုင္​းအ​ေနျဖင္​့ ကိုယ္​လိုခ်င္​တဲ့ ကုန္​​ေတၱာအမ်ိဳးအစား မရႏို္​င္​တာၾကဳံရတတ္​ပါတယ္​။

 

၃။ Master lease

ဤပုံစံမွာ​ေတာ့ သ​ေဘၤာလိုင္​းအ​ေနျဖင္​့ ကုန္​​ေသတၱာ အနည္​းဆုံးအလ​ုံး​ေရဘယ္​​ေလာက္​ဌားမယ္​လို႔ အာမခံရၿပီး၊အ​ေလ်ာ့ အတင္​းလုပ္​လို႔ရ​ေအာင္​သ​ေဘာ တူညီခ်က္​အခ်ိဳ႕ကိုထည္​့သြင္​းထား ပါတယ္​။ ဘယ္​ဆိပ္​ကမ္​း​ေတြမွာ​ေနာက္​ထပ္​ အပိုကုန္​​ေသတၱာ အနည္းဆုံးဘယ္​​ေလာက္​ထပ္​​ယူမယ္​၊ ဘယ္​ဆိပ္​ကမ္​း​ေတြမွာ​ေတာ့ မလိုအပ္​​ေတာ့ ကုန္​​ေသတၱာ​ေတြကို ျပန္​အပ္​မယ္​လို႔ သ​ေဘာတူညီခ်က္​ထည့္​့ထားၾက ပါတယ္​။ ဌားတဲ့ကာလက​ေတာ့ ၁ႏွစ္​မွ ၅ႏွစ္​အထိ ျဖစ္​ပါတယ္​။ ကုန္​​ေသတၱာဌားခက​ေတာ့ ဌားယူလိုတဲ့ ဆိပ္​ကမ္​း နဲ႔ ျပန္​အပ္​လိုတဲ့ဆိပ္​ကမ္​း​ေပၚမူတည္​ၿပီး ​ေျပာင္​းလဲပါတယ္​။

 

ဌားယူလိုတဲ့ ဆိပ္​ကမ္​းက ကုန္​​ေသတၱာအခြံပို​ေနတဲ့၊ ပို​ေလ့႐ွိတဲ့ ဆိပ္​ကမ္​းဆိုပါက ဌားခသက္​သာၿပီး၊ ကုန္​​ေသတၱာ႐ွားပါးတဲ့ဆိပ္​ကမ္​းမွာကုန္​​ေတၱာအခြံယူမယ္​ ဆိုပါက ဌားခပိုယူပါတယ္​။ ဒါ​ေပမဲ့ လိုအပ္​မွ ​ေပါက္​​ေစ်းအတိုင္​းဌားတဲ့ spot price ထက္​​ေတာ့ သက္​သာပါတယ္​။ Long-term lease နဲ႔ႏိူင္​းယွဥ္​ရင္​​ ​ေစ်းပိုႀကီး​ေပမဲ့ သ​ေဘၤာလိုင္​းအတြက္​​ေတာ့ ပိုၿပီး အ​ေလ်ာ့အတင္​း ​ေျပာင္​းလြယ္ျပင္​ လြယ္​ လုပ္​လို႔ရပါတယ္​။

 

သ​ေဘၤာလိုင္​းရဲ႕ sale team ​ေတြကိုလည္​း ကုန္​​ေသတၱာအခြံ​ေတြ လိုအပ္​​ေနတဲ့ ဆိပ္​ကမ္​းကိုပို႔မယ္​ ကုန္​​ေတြကို ဦးစား​ေပး႐ွာၿပီး booking လက္​ခံဖို႔ မွာၾကားထားရန္​လိုပါတယ္​။

 

Container Inventory2

 

ReadMore - ကုန္ဝယ္သူ/ ကုန္လက္ခံမည့္သူက လာမေရြး/ လာမထုတ္ယူေတာ့ေသာကုန္စည္

 

Source : Thant Zin

 

Myanmar Logistics Guide

 

Read times
Rate this item
(0 votes)