Containers

WHAT KIND OF LABEL

WHAT KIND OF LABEL Thant Zin

ပုံ (၁) က ကုန်သေတ္တာကို ပိုးသတ်ဆေးဖြန်းထား တယ်လို့ သတိပေးထားတဲ့ label လို့ထင်ပါတယ်။ သတိပေးချင်တာဆိုရင် ပုံ(၂) မှာဖေါ်ပြထားတဲ့ label လို ဖြန်းထားတဲ့ ပိုးသတ်ဆေးအမည် ဖြန်းထားတဲ့ နေ့စွဲနဲ့ အချိန်ကိုလည်း ဖေါ်ပြရပါတယ်။

 

 

66131137 2234575563521099 8914468990969970688 n

 

ပိုးသတ်ဆေးနဲ့ပတ်သက်ပြီး ဖြစ်စဉ်လေးတစ်ခု မျှဝေပေးလိုပါတယ်။ ၁၉၈၃ ခုနှစ်က M/ V ACONCAGUA tween deck သင်္ဘောပေါ်မှ ပုံ (၃) ပါ ကုန်သေတ္တာကို အမေရိကန်နိုင်ငံ Texas, Houston ဆိပ်ကမ်းမှာ လွဲပြောင်းတင်ဖို့ ချခဲ့ပါတယ်။ အဆိုပါ ကုန်သေတ္တာအတွင်းမှာ aluminum phosphide ပိုးသတ်ဆေးပြားတွေကို အလူမီနီယမ် အိတ်တွေနဲ့ ထည့်ထားပါတယ်။ အိတ်တွေကိုလေလုံအောင် thread- capped အဖုံးမှာ rubber gaskets တွေထည့်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ alluminum phosphide ဟာ ပြင်ပလေနဲ့ထိတွေ့ရင် ဓါတ်ပြိုကွဲပြီး phosphine ဓါတ်ငွေ့ တွေထွက်လာပါက ထိုဓါတ်ငွေ့ဟာ သေစေနိုင်ပြီး လေနဲ့ ရောသွားပါက ပေါက်ကွဲနိုင်တာကြောင့်ဖြစ်ပါတယ်။

 

ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှု သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/specialist-logistics/logistics-services.html

 

 

No photo description available.

 

အလူမီနီယမ်အိတ်အဖုံးက Gasketsတွေက ချို့ယွင်း နေတဲ့အတွက် Texas က ပူအိုက်စွတ်စိုတဲ့လေနဲ့ထိ တွေ့ပြီး phosphine ဓါတ်ငွေ့တွေထွက်လာပါတယ်။ ဆိပ်ကမ်းက ကုန်တင်/ ကုန်ချအလုပ်သမားတွေက forklift သုံးပြီး ကုန်သေတ္တာကို ရွှေ့မစဉ် forklift ရဲ့ blade ပြားနဲ့ ထိုးမိပြီးကုန်သေတ္တာရဲ့ နံရံပေါက်ထွက်ကာ မီးပွင့်သွားပါတယ်။ အဲ့ဒီမီးက phosphine gas ကိုမီးကူးပြီးပေါက်ကွဲသွားပါတယ်။ ပုံ (၄) မှာ တွေ့ရတဲ့အတိုင်း ကုန်သေတ္တာရဲ့ တံခါးတွေ ပွင့်ထွက်ကုန်ပါတယ်။

 

No photo description available.

 

ReadMore - ကုန်ဝယ်သူ/ ကုန်လက်ခံမည့်သူက လာမရွေး/ လာမထုတ်ယူတော့သောကုန်စည်

 

Source :  Thant Zin

 

Myanmar Logistics Guide

 

 

 

 

Read times
Rate this item
(0 votes)