Containers

ဧရာမ ကုန္တင္သေဘၤာႀကီး Blue Marlin ဆုိသည္မွာ

ဧရာမ ကုန္တင္သေဘၤာႀကီး Blue Marlin ဆုိသည္မွာ google

Blue Marlin သေဘၤာဟာ အလြန္ႀကီးမားတဲ့ကုန္စည္ေတြကို တင္ေဆာင္တဲ့သေဘၤာအမ်ိဳးအစားတစ္စင္း ျဖစ္ပါတယ္။ Project cargo နဲ႔ Semi-submersible ဆိုၿပီး Heavy-lift ship သေဘၤာ အမ်ိဳးအစား ၂ ခုရွိပါတယ္။ Project cargo ကေတာ့ ကရိန္းႀကီးေတြနဲ႔ ကုန္စည္ေတြကို တင္ေလ့ရွိၿပီး Semi-submersible သေဘၤာေတြကေတာ့ ေရထဲကို တဝက္ႏွစ္ျမဳပ္ကာ သေဘၤာလိုအရာေတြကို တင္ေဆာင္ေလ့ရွိတဲ့ သေဘၤာအမ်ိဳးအစားျဖစ္ပါတယ္။ Blue Marlin က ဒုတိယအမ်ိဳးအစားျဖစ္ၿပီး နယ္သာလန္သေဘၤာကုမၸဏီ Dockwise က ပိုင္ဆိုင္ပါတယ္။

 

1.PNG

 

 

ဧရာမကုန္စည္ေတြကို တင္ေဆာင္ႏိုင္ဖို႔အတြက္ Blue Marlin နဲ႔ သူ႔ရဲ႕ ညီအစ္မသေဘၤာျဖစ္တဲ့ Black Marlin တို႔ကို ေနာ္ေဝးသေဘၤာကုမၸဏီ Offshore Heavy Transport က စတင္ဖန္တီးခဲ့တာျဖစ္ၿပီး တည္ေဆာက္သူကေတာ့ CSBC Corporation ျဖစ္ပါတယ္။ ၁၉၉၉ ခုႏွစ္ နဲ႔ ၂၀၀၀ခုႏွစ္မွာ တည္ေဆာက္ၿပီးစီးခဲ့တဲ့ ဒီသေဘၤာႀကီးေတြကို ၂၀၀၁ခုႏွစ္မွာ Dockwise ကုမၸဏီက ျပန္လည္ဝယ္ယူခဲ့တာျဖစ္ပါတယ္။

 

Blue Marlin သေဘၤာႀကီးရဲ႕ အတိုင္းအတာကေတာ့ အလ်ား ၇၃၈ေပ ၊ အနံ ၂၀၇ေပ ၊ အျမင့္ ၁၃၈ေပ နဲ႔ ေရစူး ၄၄ေပ ျဖစ္ပါတယ္။ အေလးခ်ိန္အားျဖင့္ တန္ခ်ိန္ေပါင္း ၇၆၀၀၀ေက်ာ္အထိ တင္ေဆာင္ႏိုင္တဲ့ သေဘၤာႀကီးျဖစ္ပါတယ္။ တပ္ဆင္ထားတဲ့ ဒီဇယ္အင္ဂ်င္ကေန လွ်ပ္စစ္ဓာတ္အား ၁၂၆၄၀ ကီလိုဝပ္ကို ထုတ္ေပးႏိုင္ၿပီး ၁နာရီကို ၁၆.၇မိုင္ အျမန္ႏႈန္းနဲ႔ ေမာင္းႏွင္ႏိုင္ပါတယ္။ ပုံမွန္အားျဖင့္ သေဘၤာဝန္ထမ္း ၂၄ဦးသာရွိေပမယ့္ လူေပါင္း ၆၀ အထိ ေနႏိုင္တဲ့ အခန္းေပါင္း ၃၈ခန္းကို ထည့္သြင္းတည္ေဆာက္ထားပါတယ္။

 

 

2.PNG

 

 

ဒီသေဘၤာကို အမ်ားအားျဖင့္ အၾကမ္းထည္သာၿပီးေသးတဲ့သေဘၤာေတြ ၊ တိုက္ခိုက္မႈေၾကာင့္ စက္ပ်က္စီးသြားကာ ေမာင္းႏွင္ႏိုင္ျခင္း မရွိေတာ့တဲ့သေဘၤာေတြ ၊ ဆိပ္ခံသေဘၤာေတြ ၊ ပင္လယ္ေရနက္ ေရနံတူးစင္ေတြ စတာေတြကို တစ္ေနရာကေန တစ္ေနရာ သယ္ေဆာင္တဲ့ေနရာမွာ အသုံးျပဳေလ့ရွိပါတယ္။

 

ဒီသေဘၤာေပၚကို အျခားသေဘၤာေတြကို တင္ေဆာင္တဲ့ပုံစံကေတာ့ စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ ပထမဆုံး အေနနဲ႔ ေဘာလုံး ၂ကြင္းစာေလာက္က်ယ္တဲ့ သေဘၤာရဲ႕ ကုန္းပတ္ကို ျမႇဳပ္ပစ္လိုက္ပါတယ္။ ဒီလိုႏွစ္ျမဳပ္ရာမွာ ေရအနက္ ၃၃ေပ ခန႔္အထိ ႏွစ္ျမဳပ္လိုက္တာျဖစ္ၿပီး အဲဒီအခ်ိန္မွာ တင္ေဆာင္လိုတဲ့ သေဘၤာေတြကို အျခားသေဘၤာေတြရဲ႕ အကူအညီနဲ႔ နစ္ျမဳပ္ထားတဲ့ကုန္းပတ္ေနရာေပၚကို ဆြဲယူလာပါတယ္။

 

 

3.PNG

 

 

ဆြဲယူလာၿပီးတဲ့ေနာက္ လိုခ်င္တဲ့ေနရာကို အတိအက်ရေစဖို႔အတြက္ Tug လို႔ေခၚတဲ့ တြန္းသေဘၤာေတြနဲ႔ ေနရာခ်ပါတယ္။ တင္ေဆာင္မယ့္ သေဘၤာေတြ အကုန္လုံးေနရာခ်ၿပီးခ်ိန္မွာေတာ့ ႏွစ္ျမဳပ္ထားတဲ့ သေဘၤာကို ေရေပၚျပန္ေဖာ္လိုက္တဲ့အခါ အျခားသေဘၤာေတြကို တင္ၿပီးသားျဖစ္ပါတယ္။ ပုံေတြထဲမွာ ပါသလို သေဘၤာႀကီးငယ္ အထပ္ထပ္ျဖစ္ေနတာကေတာ့ မူလကတည္းက ကရိန္းေတြနဲ႔ တင္ေဆာင္ထားခဲ့တာျဖစ္ၿပီး Blue Marlin ကေတာ့ နစ္ျမဳပ္ကာတင္ေဆာင္ျခင္း တစ္ဆင့္ကိုပဲ လုပ္ေဆာင္တာျဖစ္ပါတယ္။ 

 

လက္ရွိအခ်ိန္မွာေတာ့ Blue Marlin သေဘၤာရဲ႕သက္တမ္းဟာ ႏွစ္ေပါင္း ၂၀ နီးပါးရွိၿပီျဖစ္တဲ့အတြက္ သူ႔ထက္ပိုႀကီးတဲ့ အျခား Heavy-lift ship သေဘၤာေတြလည္း မ်ားစြာရွိေနၿပီျဖစ္ပါတယ္။ ဒါေပမယ့္ သူေဆာင္႐ြက္ခဲ့တဲ့ သမိုင္းမွတ္တမ္းမ်ားအရ ဒီအမ်ိဳးအစားသေဘၤာေတြထဲမွာ သူ႔ရဲ႕နာမည္ႀကီးမႈကိုေတာ့ အျခားသေဘၤာေတြ လိုက္မီျခင္း မရွိေသးပါဘူး။

 

၂၀၀၀ျပည့္ႏွစ္ ယီမင္ႏိုင္ငံ Aden ဆိပ္ကမ္းမွာ အယ္ကိုင္ဒါေတြရဲ႕ ဗုံးခြဲမႈေၾကာင့္ ပ်က္စီးသြားတဲ့ အေမရိကန္ဖ်က္သေဘၤာ USS Cole ကို ျပန္လည္ သယ္ေဆာင္ေပးခဲ့ပါတယ္။ ၂၀၀၄ ခုႏွစ္မွာေတာ့ BP ေရနံကုမၸဏီရဲ႕ ပင္လယ္ေရနက္ ေရနံတူးအေဆာက္အအုံ Thunder Horse PDQ ကို အေမရိကန္ တက္ဇ္ဆက္ျပည္နယ္ကို သယ္ေဆာင္ေပးခဲ့ပါတယ္။ Thunder Horse PDQ ရဲ႕ အေလးခ်ိန္ဟာ တန္ခ်ိန္ ၆ေသာင္းခန႔္ ရွိပါတယ္။

 

 

4.PNG

 

 

5.PNG

 

 

၂၀၀၅ ခုႏွစ္မွာေတာ့ အေမရိကန္ရဲ႕ ပင္လယ္အေျခစိုက္ ေ႐ြ႕လ်ားေရဒါ Sea-based X-band Radar ကို အလက္စကားသို႔ ပို႔ေဆာင္ေပးခဲ့ျပန္ပါတယ္။ အဲဒီကေနတဆင့္ ဟာဝိုင္ယီကြၽန္း ပုလဲဆိပ္ကမ္းကို ထပ္မံပို႔ေဆာင္ေပးခဲ့ပါတယ္။ ၂၀၀၆ခုႏွစ္ ဇနဝါရီမွ ေရာက္ရွိခဲ့ၿပီး Blue Marlin အေနနဲ႔ တန္ခ်ိန္ ၅ေသာင္းခန႔္ေလးတဲ့ဒီေရဒါကို တင္ေဆာင္ၿပီး မိုင္ေပါင္း ၁၅၀၀၀ ေက်ာ္ ခရီးႏွင္ခဲ့ရတာျဖစ္ပါတယ္။

 

၂၀၁၂ ခုႏွစ္မွာေတာ့ တန္ခ်ိန္(၂၇၅၀၀)ရွိတဲ့ ေဆာက္လက္စ ၾသစေၾတးလ် စစ္သေဘၤာ HMAS Canberra ကိုလည္း စပိန္ကေန ၾသစေၾတးလ်ကို (၂၀၁၂) ခုႏွစ္မွာ ပို႔ေဆာင္ေပးခဲ့ဖူးပါတယ္။ အျခားအရာေပါင္းမ်ားစြာကို သယ္ေဆာင္ပို႔ေဆာင္ခဲ့တဲ့ Blue Marlin သေဘၤာဟာ တ႐ုတ္ႏိုင္ငံ နန္တုံဆိပ္ကမ္းကေန ဆိပ္ခံေဘာ ၄ ခု နဲ႔ သေဘၤာကိုယ္ထည္ ၁၈ ခုကို တင္ေဆာင္ခဲ့တဲ့ အခ်ိန္မွာေတာ့ ဒီပုံဟာ အင္တာနက္ေပၚမွာပ်ံႏွံ႔ခဲ့ၿပီး လူသိမ်ားထင္ရွားခဲ့ပါတယ္။

 

 

6.PNG

 

 

7.PNG

 

 

၂၀၁၉ ခုႏွစ္ ေမလမွာေတာ့ Blue Marlin ဟာ Equatorial Guinea ႏိုင္ငံကမ္း႐ိုးတန္းအနီးမွာ ပင္လယ္ဓားျပေတြရဲ႕ လုယက္အပိုင္စီးမႈ နဲ႔ ရင္ဆိုင္ခဲ့ရပါေသးတယ္။ သေဘၤာဝန္ထမ္း ၂၀ ဦးစလုံး သေဘၤာ၏ လုံၿခဳံမႈျမင့္ထားသည့္ အခန္း (Citadel) အခ်ိန္မွီ ဝင္ေရာက္ တိမ္းေရွာင္ႏိုင္ခဲ့ၿပီး သက္ဆိုင္ရာကို သတင္းေပးပို႔ႏိုင္ခဲ့ပါတယ္။ ပင္လယ္ဓားျပေတြဟာ သေဘၤာထိန္းခ်ဳပ္ေမာင္းႏွင္ခန္း (bridge) ကို ဖ်က္စီးေနတဲ့အခ်ိန္မွာပဲ Equatorial Guinea ႏိုင္ငံက ရဟတ္ယာဥ္ ၂စီး နဲ႔ စပိန္ေရတပ္သေဘၤာေတြ ေရာက္ရွိလာတဲ့အတြက္ ထြက္ေျပးသြားခဲ့ၾကပါတယ္။

 

ဒီေလာက္ဆိုရင္ေတာ့ Blue Marlin သေဘၤာႀကီးရဲ႕အေၾကာင္းကို အနည္းငယ္ေတာ့ သုတဇုန္ မိတ္ေဆြမ်ားသိသြားေလာက္ၿပီလို႔ ထင္ပါတယ္။

 

 

 

 

Unicode ျဖင့္ဖက္ရႈရန္
>>>>>>>>>

 

ဧရာမ ကုန်တင်သင်္ဘောကြီး Blue Marlin ဆိုသည်မှာ

 

Blue Marlin သင်္ဘောဟာ အလွန်ကြီးမားတဲ့ကုန်စည်တွေကို တင်ဆောင်တဲ့သင်္ဘောအမျိုးအစားတစ်စင်း ဖြစ်ပါတယ်။ Project cargo နဲ့ Semi-submersible ဆိုပြီး Heavy-lift ship သင်္ဘော အမျိုးအစား ၂ ခုရှိပါတယ်။ Project cargo ကတော့ ကရိန်းကြီးတွေနဲ့ ကုန်စည်တွေကို တင်လေ့ရှိပြီး Semi-submersible သင်္ဘောတွေကတော့ ရေထဲကို တဝက်နှစ်မြုပ်ကာ သင်္ဘောလိုအရာတွေကို တင်ဆောင်လေ့ရှိတဲ့ သင်္ဘောအမျိုးအစားဖြစ်ပါတယ်။ Blue Marlin က ဒုတိယအမျိုးအစားဖြစ်ပြီး နယ်သာလန်သင်္ဘောကုမ္ပဏီ Dockwise က ပိုင်ဆိုင်ပါတယ်။

 

 

1.PNG

 

 

ဧရာမကုန်စည်တွေကို တင်ဆောင်နိုင်ဖို့အတွက် Blue Marlin နဲ့ သူ့ရဲ့ ညီအစ်မသင်္ဘောဖြစ်တဲ့ Black Marlin တို့ကို နော်ဝေးသင်္ဘောကုမ္ပဏီ Offshore Heavy Transport က စတင်ဖန်တီးခဲ့တာဖြစ်ပြီး တည်ဆောက်သူကတော့ CSBC Corporation ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ် နဲ့ ၂၀၀၀ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ ဒီသင်္ဘောကြီးတွေကို ၂၀၀၁ခုနှစ်မှာ Dockwise ကုမ္ပဏီက ပြန်လည်ဝယ်ယူခဲ့တာဖြစ်ပါတယ်။

 

Blue Marlin သင်္ဘောကြီးရဲ့ အတိုင်းအတာကတော့ အလျား ၇၃၈ပေ ၊ အနံ ၂၀၇ပေ ၊ အမြင့် ၁၃၈ပေ နဲ့ ရေစူး ၄၄ပေ ဖြစ်ပါတယ်။ အလေးချိန်အားဖြင့် တန်ချိန်ပေါင်း ၇၆၀၀၀ကျော်အထိ တင်ဆောင်နိုင်တဲ့ သင်္ဘောကြီးဖြစ်ပါတယ်။ တပ်ဆင်ထားတဲ့ ဒီဇယ်အင်ဂျင်ကနေ လျှပ်စစ်ဓာတ်အား ၁၂၆၄၀ ကီလိုဝပ်ကို ထုတ်ပေးနိုင်ပြီး ၁နာရီကို ၁၆.၇မိုင် အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။ ပုံမှန်အားဖြင့် သင်္ဘောဝန်ထမ်း ၂၄ဦးသာရှိပေမယ့် လူပေါင်း ၆၀ အထိ နေနိုင်တဲ့ အခန်းပေါင်း ၃၈ခန်းကို ထည့်သွင်းတည်ဆောက်ထားပါတယ်။

 

 

4.PNG

 

 

ဒီသင်္ဘောကို အများအားဖြင့် အကြမ်းထည်သာပြီးသေးတဲ့သင်္ဘောတွေ ၊ တိုက်ခိုက်မှုကြောင့် စက်ပျက်စီးသွားကာ မောင်းနှင်နိုင်ခြင်း မရှိတော့တဲ့သင်္ဘောတွေ ၊ ဆိပ်ခံသင်္ဘောတွေ ၊ ပင်လယ်ရေနက် ရေနံတူးစင်တွေ စတာတွေကို တစ်နေရာကနေ တစ်နေရာ သယ်ဆောင်တဲ့နေရာမှာ အသုံးပြုလေ့ရှိပါတယ်။

 

ဒီသင်္ဘောပေါ်ကို အခြားသင်္ဘောတွေကို တင်ဆောင်တဲ့ပုံစံကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပထမဆုံး အနေနဲ့ ဘောလုံး ၂ကွင်းစာလောက်ကျယ်တဲ့ သင်္ဘောရဲ့ ကုန်းပတ်ကို မြှုပ်ပစ်လိုက်ပါတယ်။ ဒီလိုနှစ်မြုပ်ရာမှာ ရေအနက် ၃၃ပေ ခန့်အထိ နှစ်မြုပ်လိုက်တာဖြစ်ပြီး အဲဒီအချိန်မှာ တင်ဆောင်လိုတဲ့ သင်္ဘောတွေကို အခြားသင်္ဘောတွေရဲ့ အကူအညီနဲ့ နစ်မြုပ်ထားတဲ့ကုန်းပတ်နေရာပေါ်ကို ဆွဲယူလာပါတယ်။

 

ဆွဲယူလာပြီးတဲ့နောက် လိုချင်တဲ့နေရာကို အတိအကျရစေဖို့အတွက် Tug လို့ခေါ်တဲ့ တွန်းသင်္ဘောတွေနဲ့ နေရာချပါတယ်။ တင်ဆောင်မယ့် သင်္ဘောတွေ အကုန်လုံးနေရာချပြီးချိန်မှာတော့ နှစ်မြုပ်ထားတဲ့ သင်္ဘောကို ရေပေါ်ပြန်ဖော်လိုက်တဲ့အခါ အခြားသင်္ဘောတွေကို တင်ပြီးသားဖြစ်ပါတယ်။ ပုံတွေထဲမှာ ပါသလို သင်္ဘောကြီးငယ် အထပ်ထပ်ဖြစ်နေတာကတော့ မူလကတည်းက ကရိန်းတွေနဲ့ တင်ဆောင်ထားခဲ့တာဖြစ်ပြီး Blue Marlin ကတော့ နစ်မြုပ်ကာတင်ဆောင်ခြင်း တစ်ဆင့်ကိုပဲ လုပ်ဆောင်တာဖြစ်ပါတယ်။ 

 

လက်ရှိအချိန်မှာတော့ Blue Marlin သင်္ဘောရဲ့သက်တမ်းဟာ နှစ်ပေါင်း ၂၀ နီးပါးရှိပြီဖြစ်တဲ့အတွက် သူ့ထက်ပိုကြီးတဲ့ အခြား Heavy-lift ship သင်္ဘောတွေလည်း များစွာရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် သူဆောင်ရွက်ခဲ့တဲ့ သမိုင်းမှတ်တမ်းများအရ ဒီအမျိုးအစားသင်္ဘောတွေထဲမှာ သူ့ရဲ့နာမည်ကြီးမှုကိုတော့ အခြားသင်္ဘောတွေ လိုက်မီခြင်း မရှိသေးပါဘူး။

 

၂၀၀၀ပြည့်နှစ် ယီမင်နိုင်ငံ Aden ဆိပ်ကမ်းမှာ အယ်ကိုင်ဒါတွေရဲ့ ဗုံးခွဲမှုကြောင့် ပျက်စီးသွားတဲ့ အမေရိကန်ဖျက်သင်္ဘော USS Cole ကို ပြန်လည် သယ်ဆောင်ပေးခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ BP ရေနံကုမ္ပဏီရဲ့ ပင်လယ်ရေနက် ရေနံတူးအဆောက်အအုံ Thunder Horse PDQ ကို အမေရိကန် တက်ဇ်ဆက်ပြည်နယ်ကို သယ်ဆောင်ပေးခဲ့ပါတယ်။ Thunder Horse PDQ ရဲ့ အလေးချိန်ဟာ တန်ချိန် ၆သောင်းခန့် ရှိပါတယ်။

 

 

 

 

5.PNG

 

 

၂၀၀၅ ခုနှစ်မှာတော့ အမေရိကန်ရဲ့ ပင်လယ်အခြေစိုက် ရွေ့လျားရေဒါ Sea-based X-band Radar ကို အလက်စကားသို့ ပို့ဆောင်ပေးခဲ့ပြန်ပါတယ်။ အဲဒီကနေတဆင့် ဟာဝိုင်ယီကျွန်း ပုလဲဆိပ်ကမ်းကို ထပ်မံပို့ဆောင်ပေးခဲ့ပါတယ်။ ၂၀၀၆ခုနှစ် ဇနဝါရီမှ ရောက်ရှိခဲ့ပြီး Blue Marlin အနေနဲ့ တန်ချိန် ၅သောင်းခန့်လေးတဲ့ဒီရေဒါကို တင်ဆောင်ပြီး မိုင်ပေါင်း ၁၅၀၀၀ ကျော် ခရီးနှင်ခဲ့ရတာဖြစ်ပါတယ်။

 

၂၀၁၂ ခုနှစ်မှာတော့ တန်ချိန်(၂၇၅၀၀)ရှိတဲ့ ဆောက်လက်စ သြစတြေးလျ စစ်သင်္ဘော HMAS Canberra ကိုလည်း စပိန်ကနေ သြစတြေးလျကို (၂၀၁၂) ခုနှစ်မှာ ပို့ဆောင်ပေးခဲ့ဖူးပါတယ်။ အခြားအရာပေါင်းများစွာကို သယ်ဆောင်ပို့ဆောင်ခဲ့တဲ့ Blue Marlin သင်္ဘောဟာ တရုတ်နိုင်ငံ နန်တုံဆိပ်ကမ်းကနေ ဆိပ်ခံဘော ၄ ခု နဲ့ သင်္ဘောကိုယ်ထည် ၁၈ ခုကို တင်ဆောင်ခဲ့တဲ့ အချိန်မှာတော့ ဒီပုံဟာ အင်တာနက်ပေါ်မှာပျံနှံ့ခဲ့ပြီး လူသိများထင်ရှားခဲ့ပါတယ်။

 

 

6.PNG

 

 

7.PNG

 

 

၂၀၁၉ ခုနှစ် မေလမှာတော့ Blue Marlin ဟာ Equatorial Guinea နိုင်ငံကမ်းရိုးတန်းအနီးမှာ ပင်လယ်ဓားပြတွေရဲ့ လုယက်အပိုင်စီးမှု နဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ သင်္ဘောဝန်ထမ်း ၂၀ ဦးစလုံး သင်္ဘော၏ လုံခြုံမှုမြင့်ထားသည့် အခန်း (Citadel) အချိန်မှီ ဝင်ရောက် တိမ်းရှောင်နိုင်ခဲ့ပြီး သက်ဆိုင်ရာကို သတင်းပေးပို့နိုင်ခဲ့ပါတယ်။ ပင်လယ်ဓားပြတွေဟာ သင်္ဘောထိန်းချုပ်မောင်းနှင်ခန်း (bridge) ကို ဖျက်စီးနေတဲ့အချိန်မှာပဲ Equatorial Guinea နိုင်ငံက ရဟတ်ယာဉ် ၂စီး နဲ့ စပိန်ရေတပ်သင်္ဘောတွေ ရောက်ရှိလာတဲ့အတွက် ထွက်ပြေးသွားခဲ့ကြပါတယ်။

 

ဒီလောက်ဆိုရင်တော့ Blue Marlin သင်္ဘောကြီးရဲ့အကြောင်းကို အနည်းငယ်တော့ သုတဇုန် မိတ်ဆွေများသိသွားလောက်ပြီလို့ ထင်ပါတယ်။

 

 

 

 

Source : thutazone

 

Myanmar Logistics Guide

 
Read times
Rate this item
(1 Vote)