Containers

မှတ်ချက်မပါသော ကုန်တင်တန်ဆာ

မှတ်ချက်မပါသော ကုန်တင်တန်ဆာ google

သင်္ဘောပေါ်သို့ ကုန်များတင်ပြီးသောအခါ သင်္ဘော၏ မာလိန်မှူးမှ လက်မှတ်ရေးထိုးရန်အတွက် ကုန်တင်ပို့သူမှ ကုန်တင်တန်ဆာကို တင်ပြရပါသည်။ ကုန်ပစ္စည်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို ကုန်တင်ပို့သူမှ ဖြည့်သွင်း၍ မာလိန်မှူးမှ မှန်ကန်ကြောင်း အတည်ပြု လက်မှတ်ရေးထိုးခြင်း ဖြစ်ပါသည်။ သို့ရာတွင် ခရီးစဉ်ဖြင့် ပြေးဆွဲသည့် သင်္ဘောများတွင် (ဥပမာ-ကုန်သေတ္တာသင်္ဘော)တွင် ကုန်တင်တန်ဆာကို ကုန်တင်ဆိပ်ကမ်းရှိ သင်္ဘောကိုယ်စားလှယ်ထံသို့ တင်ပြ၍ ကိုယ်စားလှယ်မှ လက်မှတ်ရေးထိုးကာ ထုတ်ပေးခြင်းလည်းရှိပါသည်။

 

ကုန်တင်တန်ဆာတွင် စာရွက်၏ ရှေ့မျက်နှာစာ၌ စာသား wording များဖြည့်သွင်းထားခြင်း၊ အပိုဒ်ငယ် clause များဖြည့်သွင်းထားခြင်းတို့ မပါရှိပါက အဆိုပါ ကုန်တင်တန်ဆာကို သန့်ရှင်းသောကုန်တင်တန်ဆာ သို့မဟုတ် မှတ်ချက်မပါသော ကုန်တင်တန်ဆာ clean B/L ဟု ခေါ်ဆိုသည်။ ဖော်ပြပါ စာသားများ သို့မဟုတ် အပိုဒ်ငယ်များ ပါရှိပါက ကုန်တင်တန်ဆာတွင် ဖော်ပြထားသည့် ကုန်ပစ္စည်း သို့မဟုတ် အထုတ်အပိုးတွင် ချို့ယွင်းချက်ရှိနေသည်ကို ဖော်ပြခြင်းဖြစ်သဖြင့် ကုန်တင်တန်ဆာအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိလာပါသည်။

 

မှတ်ချက်မပါသော ကုန်တင်တန်ဆာကို လက်မှတ်ရေးထိုးခြင်းသည် ကုန်ပစ္စည်းသယ်ဆောင်သည့် သင်္ဘောလိုင်းမှ ကုန်ပစ္စည်းကို မျက်မြင်အနေအထားအရ ကောင်းမွန်သည့် အနေအထားအတိုင်း လက်ခံရရှိသည်ဟု အဓိပ္ပါယ်သက်ရောက်ပါသည်။ ထို့ကြောင့် မှတ်ချက်မပါသော ကုန်တင်တန်ဆာသည် ကုန်ပစ္စည်းများကို တင်ပို့ချိန်/ လက်ခံရရှိချိန်တွင် ကောင်းမွန်မှုရှိကြောင်း ဥပဒေ ကြောင်းအရ မြင်ရုံဖြင့်ပင် ခိုင်လုံသည့် အထောက်အထားတစ်ရပ် (prima facie evidence) ပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်သည့် သင်္ဘောလိုင်းသည် ကုန်ပစ္စည်းများကို သင့်တော်သည့် စစ်ဆေးမှုကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ချို့ယွင်းမှု မရှိကြောင်း လက်တွေ့ဆောင်ရွက်နေသည့် အစဉ်အလာအရရော ဥပဒေကြောင်းအရပါ ဖော်ပြခြင်းဖြစ်ပါသည်။

 

အကယ်၍ ကုန်ချဆိပ်ကမ်းတွင် ကုန်ထုတ်ယူသူမှ ကုန်ပစ္စည်းကို လာရောက်ထုတ်ယူသည့်အခါ ကုန်ပစ္စည်း ပျက်စီးချို့ယွင်းနေကြောင်း တွေ့ရှိရပါက Hague Rules အရ (Hague Rules တွင် ချွင်းချက်အဖြစ် ပေးထားသော ဖြစ်စဉ်များမှအပ - ဥပမာ မီးလောင်ခြင်း၊ မုန်တိုင်းမိခြင်း ) ကုန်ပစ္စည်းသယ်ယူပို့ဆောင်သည့် သင်္ဘောလိုင်းသည် ကုန်ပျက်စီးမှုအတွက် တာဝန်ရှိနေပါသည်။

 

မှတ်ချက်မပါသော ကုန်တင်တန်ဆာသည် ကုန်တင်ပို့သူမှ သင်္ဘောတင်ချိန်တွင် ကောင်းမွန်သည့် အနေအထားအတိုင်း တင်ပို့ခဲ့သည့်အတွက် စာချုပ်ကို လိုက်နာဆောင်ရွက်ခဲ့ကြောင်း အထောက်အထားတစ်ခုလည်း ဖြစ်ပါသည်။ ကုန်ပစ္စည်းကို တင်ပို့စဉ်က ကောင်းမွန်သည့် အနေအထားအတိုင်း တင်ပို့ခဲ့သည့် အထောက်အထားဖြစ်သည့်အတွက် ကုန်ပစ္စည်း ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ပါက ကုန်လက်ခံသူမှ လျော်ကြေးတောင်းခံနိုင်ရန်လည်း (သင်္ဘောလိုင်းတွင် တာဝန်ရှိကြောင်း အရေးဆိုနိုင်သည့်) အာမခံချက် ဖြစ်ပါသည်။ “clean”ဆိုသော စကားလုံးသည် စာရွက်စာတမ်း အပေါ်တွင် ပါရှိရန် မလိုအပ်ပါ။ ဆိုလိုသည်မှာ “unclean”ဟု ပြောဆိုနိုင်သည့် စကားလုံး အသုံးအနှုန်းများ မပါရှိရန်သာ လိုအပ်ပါသည်။

 

သင်္ဘောတင်မည့်ကုန်ပစ္စည်းကို လက်ခံသည့်အခါ ကုန်ပစ္စည်းများ ပျက်စီးနေခြင်း၊ ထုပ်ပိုးမှုသည် သင့်လျော်မှုမရှိခြင်း သို့မဟုတ် လုံလောက်မှုမရှိခြင်း၊ ဖော်ပြထားသော ကုန်ပစ္စည်းအရေအတွက် မှန်ကန်မှုမရှိခြင်း(လျော့နည်းနေခြင်း) စသည်တို့ကို သင်္ဘောလိုင်း သို့မဟုတ် ၎င်း၏ ကိုယ်စားလှယ်သည် တွေ့ရှိရပါက ကုန်တင်တန်ဆာပေါ်တွင် ရေးသားဖော်ပြခွင့်ရှိပါသည်။ ကုန်တင်တန်ဆာပေါ်တွင် ကုန်ပစ္စည်းအရေအတွက် သို့မဟုတ် ထုပ်ပိုးပုံနှင့် ပတ်သက်၍ မှတ်ချက် သို့မဟုတ် စာပိုဒ်ငယ် စသည်တို့ကို ရေးသားဖော်ပြခြင်းသည် ကုန်ပစ္စည်းကို ကောင်းမွန်သော အနေအထားဖြင့် လက်ခံရရှိသည်ဆိုသည့် အကြောင်းကိစ္စအပေါ် အတိုင်းအတာတစ်ခု အထိ အကျိုးသက်ရောက်မှုရှိနေပြီး ရလာဒ်အနေဖြင့် သယ်ယူ့ပို့ဆောင်သူ (သင်္ဘောလိုင်း)၏ တာဝန်ရှိကို လျော့ပါးစေပါသည်။ သင်္ဘောလိုင်းမှ လက်ခံခြင်းမပြုရသေးမီ ကုန်ပစ္စည်းပျက်စီးခြင်းအတွက် သင်္ဘောလိုင်းတွင် တာဝန်ရှိကြောင်း အရေးဆို၍ မရပါ။

 

မှတ်ချက်ပါသော ကုန်တင်တန်ဆာ၏ အဓိကပြဿနာမှာ ဘဏ်များက ငွေပေးချေမှုကို ဆောင်ရွက်ပေးခြင်း မပြုသည့်အတွက် ကုန်လက်ခံသူ(ဝယ်ယူသူ)ထံ ပေးပို့၍မရခြင်း ဖြစ်ပါသည်။ ထုပ်ပိုးပုံကောင်းမွန်ခြင်းမရှိပါက အကျိုးဆက်အနေဖြင့် ကုန်ပစ္စည်းများ ပျက်စီးရန် အလားအလာရှိသည့်အတွက် ရောင်းချသူ(တင်ပို့သူ) အား လျော်ကြေးတောင်းခံသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ပါသည်။ ကုန်လက်ခံသူ(ဝယ်ယူသူ)များ အနေဖြင့်လည်း မှတ်ချက်မပါသော စာရွက်စာတမ်းများ ရရှိမှသာလျှင် ငွေပေးချေမှုပြုလုပ်ရန် ဘဏ်များသို့ ညွှန်ကြားချက်များ ပေးလေ့ရှိကြပါသည်။

 

ရံဖန်ရံခါတွင် ကုန်တင်ပို့သူများသည် အထက်ပါပြဿနာမျိုးကို ရှောင်လွှဲနိုင်ရန်အတွက် သင်္ဘောလိုင်းများသို့ အာမခံချက်များ ပေး၍ ဆောင်ရွက်တတ်ကြပါသည်။ ဆိုလိုသည်မှာ ကုန်ပစ္စည်း ပျက်စီးမှုအတွက် ကုန်လက်ခံသူမှ လျော်ကြေးတောင်းခံလာပါက သင်္ဘောလိုင်းမှ ပေးချေရသည့် ကုန်ကျစရိတ်ကို ပြန်လည် ပေးချေမည့်အကြောင်း အာမခံချက်ဖြစ်ပါသည်။ သို့ရာတွင် ထိုသို့ဆောင်ရွက်ပါက ကုန်ကျစရိတ်နှင့် ပြန်ရငွေ မမျှတသည့် အခြေအနေမျိုးဖြစ်လာနိုင်သည့်အတွက် သင်္ဘောလိုင်းအနေဖြင့် စွန့်စားဆောင်ရွက်ရသည့် အနေအထားမျိုးဖြစ်ပါသည်။ မှတ်ချက်မပါသော ကုန်တင်တန်ဆာကို ထုတ်ပေးရန်အတွက် လက်တွေ့ကျပြီး လက်ခံနိုင်သည့် အနေအထားမှာ ချို့ယွင်းမှုသည် အဓိကမကျသည့် သာမန်အနေအထားမျိုး သို့မဟုတ် ကုန်ပစ္စည်းထုတ်ပိုးပုံနှင့် ပတ်သက်၍ အငြင်းပွားရသည့် အနေအထားမျိုးတွင်သာ အသုံးပြုသင့်ပါသည်။

 

သို့ရာတွင် ကုန်ပစ္စည်းများကို ကုန်သေတ္တာများဖြင့် ထည့်သွင်းတင်ပို့လာသည့်အခါ သင်္ဘောလိုင်းများနှင့် ၎င်း၏ ကိုယ်စားလှယ်များသည် ကုန်ပစ္စည်းများကို မျက်မြင်စစ်ဆေး၍ မရသဖြင့် အတည်ပြုနိုင်ခြင်း မရှိတော့ပေ။ ထိုအခါ သင်္ဘောလိုင်းသည် ကုန်ပစ္စည်းနှင့်ပတ်သက်သည့် အလေးချိန်၊ အထုပ်အပိုး၊ အတိုင်းအတာစသည့် အချက်အလက်များကို ကုန်တင်ပို့သူမှ ပေးပို့သည့်အတိုင်းသာ လက်ခံ ဆောင်ရွက်ကြရသည်။

 

ထို့ကြောင့် ကုန်သေတ္တာကို သင်္ဘောပေါ်သို့ တင်ဆောင်ပါက အတွင်းပါ ကုန်ပစ္စည်းအနေအထားကို မသိရှိနိုင်သည့်အတွက် ပျက်စီးဆုံးရှုံးမှုအပေါ် တာဝန်ယူနိုင်ခြင်း မရှိသဖြင့် ကုန်တင်တန်ဆာပေါ်တွင် “Clean on Board” ဟူသည့် စာသားရေးသားခြင်းကို ခွင့်မပြုကြပါ။ ကုန်သေတ္တာနှင့်သက်ဆိုင်သည့် ကုန်တင်တန်ဆာများပေါ်တွင် ကုန်တင်ပို့သူမှ ထည့်သွင်းရေတွက်ထားသည် “SHIPPERS LOAD STOW AND COUNT” နှင့် ပါဝင်သည်ဟုပြောသည် “SAID TO CONTAIN” ဆိုသော စကားရပ်များကို ကုန်တင်တန်ဆာပေါ်တွင် ရေးသားဖော်ပြလာကြသည်။ ထိုသို့ ရေးသားဖော်ပြခြင်းဖြင့် နောက်ပိုင်းတွင် ကုန်ပစ္စည်းလျော့နည်း/ပျက်စီးမှုအတွက် ဖြစ်ပေါ်လာနိုင်သည့် လျော်ကြေးတောင်းခံမှုကို ကြိုတင် ကာကွယ်ထားခြင်းလည်းဖြစ်ပါသည်။

 

>>> Zawgyi <<<

 

မွတ္ခ်က္မပါေသာ ကုန္တင္တန္ဆာ

 

သေဘၤာေပၚသို႔ ကုန္မ်ားတင္ၿပီးေသာအခါ သေဘၤာ၏ မာလိန္မွူးမွ လက္မွတ္ေရးထိုးရန္အတြက္ ကုန္တင္ပို႔သူမွ ကုန္တင္တန္ဆာကို တင္ျပရပါသည္။ ကုန္ပစၥည္းႏွင့္ သက္ဆိုင္သည့္ အခ်က္အလက္မ်ားကို ကုန္တင္ပို႔သူမွ ျဖည့္သြင္း၍ မာလိန္မွူးမွ မွန္ကန္ေၾကာင္း အတည္ျပဳ လက္မွတ္ေရးထိုးျခင္း ျဖစ္ပါသည္။ သို႔ရာတြင္ ခရီးစဥ္ျဖင့္ ေျပးဆြဲသည့္ သေဘၤာမ်ားတြင္ (ဥပမာ-ကုန္ေသတၱာသေဘၤာ)တြင္ ကုန္တင္တန္ဆာကို ကုန္တင္ဆိပ္ကမ္းရွိ သေဘၤာကိုယ္စားလွယ္ထံသို႔ တင္ျပ၍ ကိုယ္စားလွယ္မွ လက္မွတ္ေရးထိုးကာ ထုတ္ေပးျခင္းလည္းရွိပါသည္။

 

ကုန္တင္တန္ဆာတြင္ စာရြက္၏ ေရွ႕မ်က္ႏွာစာ၌ စာသား wording မ်ားျဖည့္သြင္းထားျခင္း၊ အပိုဒ္ငယ္ clause မ်ားျဖည့္သြင္းထားျခင္းတို႔ မပါရွိပါက အဆိုပါ ကုန္တင္တန္ဆာကို သန႔္ရွင္းေသာကုန္တင္တန္ဆာ သို႔မဟုတ္ မွတ္ခ်က္မပါေသာ ကုန္တင္တန္ဆာ clean B/L ဟု ေခၚဆိုသည္။ ေဖာ္ျပပါ စာသားမ်ား သို႔မဟုတ္ အပိုဒ္ငယ္မ်ား ပါရွိပါက ကုန္တင္တန္ဆာတြင္ ေဖာ္ျပထားသည့္ ကုန္ပစၥည္း သို႔မဟုတ္ အထုတ္အပိုးတြင္ ခ်ိဳ႕ယြင္းခ်က္ရွိေနသည္ကို ေဖာ္ျပျခင္းျဖစ္သျဖင့္ ကုန္တင္တန္ဆာအေပၚ ဆိုးက်ိဳးသက္ေရာက္မွုမ်ား ရွိလာပါသည္။

 

မွတ္ခ်က္မပါေသာ ကုန္တင္တန္ဆာကို လက္မွတ္ေရးထိုးျခင္းသည္ ကုန္ပစၥည္းသယ္ေဆာင္သည့္ သေဘၤာလိုင္းမွ ကုန္ပစၥည္းကို မ်က္ျမင္အေနအထားအရ ေကာင္းမြန္သည့္ အေနအထားအတိုင္း လက္ခံရရွိသည္ဟု အဓိပၸါယ္သက္ေရာက္ပါသည္။ ထို႔ေၾကာင့္ မွတ္ခ်က္မပါေသာ ကုန္တင္တန္ဆာသည္ ကုန္ပစၥည္းမ်ားကို တင္ပို႔ခ်ိန္/ လက္ခံရရွိခ်ိန္တြင္ ေကာင္းမြန္မွုရွိေၾကာင္း ဥပေဒ ေၾကာင္းအရ ျမင္႐ုံျဖင့္ပင္ ခိုင္လုံသည့္ အေထာက္အထားတစ္ရပ္ (prima facie evidence) ပင္ျဖစ္ပါသည္။ တစ္နည္းအားျဖင့္ ကုန္ပစၥည္းသယ္ယူပို႔ေဆာင္သည့္ သေဘၤာလိုင္းသည္ ကုန္ပစၥည္းမ်ားကို သင့္ေတာ္သည့္ စစ္ေဆးမွုကို ေဆာင္ရြက္ခဲ့ေၾကာင္းႏွင့္ ခ်ိဳ႕ယြင္းမွု မရွိေၾကာင္း လက္ေတြ႕ေဆာင္ရြက္ေနသည့္ အစဥ္အလာအရေရာ ဥပေဒေၾကာင္းအရပါ ေဖာ္ျပျခင္းျဖစ္ပါသည္။

 

အကယ္၍ ကုန္ခ်ဆိပ္ကမ္းတြင္ ကုန္ထုတ္ယူသူမွ ကုန္ပစၥည္းကို လာေရာက္ထုတ္ယူသည့္အခါ ကုန္ပစၥည္း ပ်က္စီးခ်ိဳ႕ယြင္းေနေၾကာင္း ေတြ႕ရွိရပါက Hague Rules အရ (Hague Rules တြင္ ခၽြင္းခ်က္အျဖစ္ ေပးထားေသာ ျဖစ္စဥ္မ်ားမွအပ - ဥပမာ မီးေလာင္ျခင္း၊ မုန္တိုင္းမိျခင္း ) ကုန္ပစၥည္းသယ္ယူပို႔ေဆာင္သည့္ သေဘၤာလိုင္းသည္ ကုန္ပ်က္စီးမွုအတြက္ တာဝန္ရွိေနပါသည္။

 

မွတ္ခ်က္မပါေသာ ကုန္တင္တန္ဆာသည္ ကုန္တင္ပို႔သူမွ သေဘၤာတင္ခ်ိန္တြင္ ေကာင္းမြန္သည့္ အေနအထားအတိုင္း တင္ပို႔ခဲ့သည့္အတြက္ စာခ်ဳပ္ကို လိုက္နာေဆာင္ရြက္ခဲ့ေၾကာင္း အေထာက္အထားတစ္ခုလည္း ျဖစ္ပါသည္။ ကုန္ပစၥည္းကို တင္ပို႔စဥ္က ေကာင္းမြန္သည့္ အေနအထားအတိုင္း တင္ပို႔ခဲ့သည့္ အေထာက္အထားျဖစ္သည့္အတြက္ ကုန္ပစၥည္း ပ်က္စီးဆုံးရွုံးမွု ျဖစ္ေပၚပါက ကုန္လက္ခံသူမွ ေလ်ာ္ေၾကးေတာင္းခံနိုင္ရန္လည္း (သေဘၤာလိုင္းတြင္ တာဝန္ရွိေၾကာင္း အေရးဆိုနိုင္သည့္) အာမခံခ်က္ ျဖစ္ပါသည္။ “clean”ဆိုေသာ စကားလုံးသည္ စာရြက္စာတမ္း အေပၚတြင္ ပါရွိရန္ မလိုအပ္ပါ။ ဆိုလိုသည္မွာ “unclean”ဟု ေျပာဆိုနိုင္သည့္ စကားလုံး အသုံးအႏွုန္းမ်ား မပါရွိရန္သာ လိုအပ္ပါသည္။

 

သေဘၤာတင္မည့္ကုန္ပစၥည္းကို လက္ခံသည့္အခါ ကုန္ပစၥည္းမ်ား ပ်က္စီးေနျခင္း၊ ထုပ္ပိုးမွုသည္ သင့္ေလ်ာ္မွုမရွိျခင္း သို႔မဟုတ္ လုံေလာက္မွုမရွိျခင္း၊ ေဖာ္ျပထားေသာ ကုန္ပစၥည္းအေရအတြက္ မွန္ကန္မွုမရွိျခင္း(ေလ်ာ့နည္းေနျခင္း) စသည္တို႔ကို သေဘၤာလိုင္း သို႔မဟုတ္ ၎၏ ကိုယ္စားလွယ္သည္ ေတြ႕ရွိရပါက ကုန္တင္တန္ဆာေပၚတြင္ ေရးသားေဖာ္ျပခြင့္ရွိပါသည္။ ကုန္တင္တန္ဆာေပၚတြင္ ကုန္ပစၥည္းအေရအတြက္ သို႔မဟုတ္ ထုပ္ပိုးပုံႏွင့္ ပတ္သက္၍ မွတ္ခ်က္ သို႔မဟုတ္ စာပိုဒ္ငယ္ စသည္တို႔ကို ေရးသားေဖာ္ျပျခင္းသည္ ကုန္ပစၥည္းကို ေကာင္းမြန္ေသာ အေနအထားျဖင့္ လက္ခံရရွိသည္ဆိုသည့္ အေၾကာင္းကိစၥအေပၚ အတိုင္းအတာတစ္ခု အထိ အက်ိဳးသက္ေရာက္မွုရွိေနၿပီး ရလာဒ္အေနျဖင့္ သယ္ယူ႔ပို႔ေဆာင္သူ (သေဘၤာလိုင္း)၏ တာဝန္ရွိကို ေလ်ာ့ပါးေစပါသည္။ သေဘၤာလိုင္းမွ လက္ခံျခင္းမျပဳရေသးမီ ကုန္ပစၥည္းပ်က္စီးျခင္းအတြက္ သေဘၤာလိုင္းတြင္ တာဝန္ရွိေၾကာင္း အေရးဆို၍ မရပါ။

 

မွတ္ခ်က္ပါေသာ ကုန္တင္တန္ဆာ၏ အဓိကျပႆနာမွာ ဘဏ္မ်ားက ေငြေပးေခ်မွုကို ေဆာင္ရြက္ေပးျခင္း မျပဳသည့္အတြက္ ကုန္လက္ခံသူ(ဝယ္ယူသူ)ထံ ေပးပို႔၍မရျခင္း ျဖစ္ပါသည္။ ထုပ္ပိုးပုံေကာင္းမြန္ျခင္းမရွိပါက အက်ိဳးဆက္အေနျဖင့္ ကုန္ပစၥည္းမ်ား ပ်က္စီးရန္ အလားအလာရွိသည့္အတြက္ ေရာင္းခ်သူ(တင္ပို႔သူ) အား ေလ်ာ္ေၾကးေတာင္းခံသည့္ ကိစၥရပ္မ်ား ျဖစ္ေပၚလာနိုင္ပါသည္။ ကုန္လက္ခံသူ(ဝယ္ယူသူ)မ်ား အေနျဖင့္လည္း မွတ္ခ်က္မပါေသာ စာရြက္စာတမ္းမ်ား ရရွိမွသာလၽွင္ ေငြေပးေခ်မွုျပဳလုပ္ရန္ ဘဏ္မ်ားသို႔ ညႊန္ၾကားခ်က္မ်ား ေပးေလ့ရွိၾကပါသည္။

 

ရံဖန္ရံခါတြင္ ကုန္တင္ပို႔သူမ်ားသည္ အထက္ပါျပႆနာမ်ိဳးကို ေရွာင္လႊဲနိုင္ရန္အတြက္ သေဘၤာလိုင္းမ်ားသို႔ အာမခံခ်က္မ်ား ေပး၍ ေဆာင္ရြက္တတ္ၾကပါသည္။ ဆိုလိုသည္မွာ ကုန္ပစၥည္း ပ်က္စီးမွုအတြက္ ကုန္လက္ခံသူမွ ေလ်ာ္ေၾကးေတာင္းခံလာပါက သေဘၤာလိုင္းမွ ေပးေခ်ရသည့္ ကုန္က်စရိတ္ကို ျပန္လည္ ေပးေခ်မည့္အေၾကာင္း အာမခံခ်က္ျဖစ္ပါသည္။ သို႔ရာတြင္ ထိုသို႔ေဆာင္ရြက္ပါက ကုန္က်စရိတ္ႏွင့္ ျပန္ရေငြ မမၽွတသည့္ အေျခအေနမ်ိဳးျဖစ္လာနိုင္သည့္အတြက္ သေဘၤာလိုင္းအေနျဖင့္ စြန႔္စားေဆာင္ရြက္ရသည့္ အေနအထားမ်ိဳးျဖစ္ပါသည္။ မွတ္ခ်က္မပါေသာ ကုန္တင္တန္ဆာကို ထုတ္ေပးရန္အတြက္ လက္ေတြ႕က်ၿပီး လက္ခံနိုင္သည့္ အေနအထားမွာ ခ်ိဳ႕ယြင္းမွုသည္ အဓိကမက်သည့္ သာမန္အေနအထားမ်ိဳး သို႔မဟုတ္ ကုန္ပစၥည္းထုတ္ပိုးပုံႏွင့္ ပတ္သက္၍ အျငင္းပြားရသည့္ အေနအထားမ်ိဳးတြင္သာ အသုံးျပဳသင့္ပါသည္။

 

သို႔ရာတြင္ ကုန္ပစၥည္းမ်ားကို ကုန္ေသတၱာမ်ားျဖင့္ ထည့္သြင္းတင္ပို႔လာသည့္အခါ သေဘၤာလိုင္းမ်ားႏွင့္ ၎၏ ကိုယ္စားလွယ္မ်ားသည္ ကုန္ပစၥည္းမ်ားကို မ်က္ျမင္စစ္ေဆး၍ မရသျဖင့္ အတည္ျပဳနိုင္ျခင္း မရွိေတာ့ေပ။ ထိုအခါ သေဘၤာလိုင္းသည္ ကုန္ပစၥည္းႏွင့္ပတ္သက္သည့္ အေလးခ်ိန္၊ အထုပ္အပိုး၊ အတိုင္းအတာစသည့္ အခ်က္အလက္မ်ားကို ကုန္တင္ပို႔သူမွ ေပးပို႔သည့္အတိုင္းသာ လက္ခံ ေဆာင္ရြက္ၾကရသည္။

 

ထို႔ေၾကာင့္ ကုန္ေသတၱာကို သေဘၤာေပၚသို႔ တင္ေဆာင္ပါက အတြင္းပါ ကုန္ပစၥည္းအေနအထားကို မသိရွိနိုင္သည့္အတြက္ ပ်က္စီးဆုံးရွုံးမွုအေပၚ တာဝန္ယူနိုင္ျခင္း မရွိသျဖင့္ ကုန္တင္တန္ဆာေပၚတြင္ “Clean on Board” ဟူသည့္ စာသားေရးသားျခင္းကို ခြင့္မျပဳၾကပါ။ ကုန္ေသတၱာႏွင့္သက္ဆိုင္သည့္ ကုန္တင္တန္ဆာမ်ားေပၚတြင္ ကုန္တင္ပို႔သူမွ ထည့္သြင္းေရတြက္ထားသည္ “SHIPPERS LOAD STOW AND COUNT” ႏွင့္ ပါဝင္သည္ဟုေျပာသည္ “SAID TO CONTAIN” ဆိုေသာ စကားရပ္မ်ားကို ကုန္တင္တန္ဆာေပၚတြင္ ေရးသားေဖာ္ျပလာၾကသည္။ ထိုသို႔ ေရးသားေဖာ္ျပျခင္းျဖင့္ ေနာက္ပိုင္းတြင္ ကုန္ပစၥည္းေလ်ာ့နည္း/ပ်က္စီးမွုအတြက္ ျဖစ္ေပၚလာနိုင္သည့္ ေလ်ာ္ေၾကးေတာင္းခံမွုကို ႀကိဳတင္ ကာကြယ္ထားျခင္းလည္းျဖစ္ပါသည္။

 

 

Image may contain: text

 

Source : Shipping and Logistics

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)