Containers
Maers လိုင်းက ဝန်ထမ်းတွေလျော့ဖို့စီစဉ်နေ
Maers လိုင်းက ဝန်ထမ်းတွေလျော့ဖို့စီစဉ်နေ google
ဒိန်းမတ်အခြေစိုက် AP Moller Maersk သည် ကုန်းတွင်းပိုင်း ထောက်ပံပို့ဆောင်ရေးလုပ်ငန်းတွင် အကြီးအကျယ်ရင်းနှီးမြုပ်နှံရန်စီစဉ်နေသည့်အတွက် လက်ရှိ သင်္ဘောလိုင်းရဲ့ ဝန်ထမ်းရာနှင့်ချီ၍ အလုပ်ဖြုတ်ရန်ရှိသည်လို့ Wall Street ဂျာနယ် မှာ ဖော်ပြထားပါတယ်။
IMO ရဲ့ သင်္ဘောလိုင်းများ Low Sulphur လောင်စာဆီကို ဇန်နဝါရီ်လ ၂၀၂၀ မှစတင်၍ သုံးစွဲရမည့် စည်းမျဉ်းအရ ဆီဖိုး သိသိသာသာ ပိုမို ကုန်ကျလာတော့မည်ဖြစ်၍ Maersk လိုင်းအနေဖြင့် သင်္ဘောလုပ်ငန်း ကိုလျော့ချကာ ကုန်တွင်းပိုင်း ထောက်ပံပို့ဆောင်ရေး လုပ်ငန်း(inland logistics) ကို အကြီးအကျယ် ရင်းနှီးမြုပ်နှံဖို့ စီစဉ်လာပါတယ်။ ဒါကြောင့် အကျိုးဆက် အနေဖြင့် သင်္ဘောလိုင်းရဲ့ ရုံးချုပ်နဲ့ ဒိန်းမတ်နိုင်ငံရဲ့ ပြည်တွင်းနဲ့ပြည်ပက အလုပ်အကိုင်များကို ရာနှင့်ချီ၍ လျော့ချရတော့မှာဖြစ်ပါတယ် ။ ဘယ်လောက်အတိုင်း အတာအထိ လျော့ချမယ်ဆိုတာတော့ အတိအကျ မသိသေးဘူးလို့ဆိုပါတယ်။ လက်ရှိမှာလည်း Maersk လိုင်း ဝင်ငွေရဲ့ ၃၀% ဟာ ကုန်တွင်းပိုင်း ထောက်ပံပို့ဆောင်ရေး စီမံဖွဲ့စည်းမှုက ရရှိနေတာဖြစ်တယ်လို့သိရပါတယ်။
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် က Maersk လိုင်း ရုံးချုပ်နဲ့ Maersk လိုင်းက ၂၀၁၇ က ဝယ်လိုက်တဲ့ German ကုန်သေတ္တာလိုင်း Hamburg Sud ရဲ့ Hamburg ရုံးချုပ်က ဝန်ထမ်း ၂၀၀ လောက်လျော့ချ ဘို့ ရှိတယ်လို့သိရပါတယ်။Maersk ဟာ အစဉ်အလာ ပင်လယ်ရေကြောင်း ကုန်သေတ္တာ သယ်ယူပို့ဆောင်ရေးမှသည် end-to-end logistics အထိ ဝင်ဆောင်မှု ပေးရန် ကြိုးစားလာပါတယ်။ အထူးသဖြင့် ကုန်စည်သိုလှောင် ခြင်းနှင့် အကောက်ခွန် ရှင်းလင်းရေးလုပ်ငန်းများပါ ဝန်ဆောင်မှုပေးရန် စီစဉ်လာပါတယ်။
Maersk လိုင်းရဲ့ CEO Soren Skou ရဲ့အဆိုအရ နောက်လာမယ့်နှစ်မှာ ကုန်တွင်းပိုင်း ထောက်ပံပို့ဆောင်ရေး လုပ်ငန်းများချဲ့ထွင်ရန်အတွက် ဒေါ်လာ သန်းရာနှင့်ချီ ၍ ရင်းနှီးမြှုပ်နှံ သွားမယ်လို့ဆိုပါတယ်။Maersk လိုင်းဟာ ကမ္ဘာ့အကြီးဆုံး ကုန်သေတ္တာ သင်္ဘောလိုင်းတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၂၀ ကျော်မှာ ဝန်ထမ်း ၇၅,၀၀၀ ခန့်အပ်ထား ပါတယ်။ Maersk လိုင်းရဲ အမြဲတမ်း ပုံမှန် ဖောက်သည် ၇၀,၀၀၀ ကျော်ရှိပြီး အမေရိကန်နိုင်ငံရဲ့ ကားထုတ်လုပ်သူများနဲ့ လက်လီရောင်းဝယ်သူများ ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန် သီလဝါအထူးစီးပွားရေးဇုန်မှာလည်း Maersk လိုင်းက Damco Myanmar Logistics Center ကိုဖက်စပ်တည်ထောင်ပြီး ကုန်ပစ္စည်း သိုလှောင်ခြင်းနှင့် ဖြန့်ချိရေး လုပ်ငန်းအပြင် နယ်စပ်ဖြတ်ကျော်ကုန်စည် သယ်ယူပို့ဆောင်ရေးကိုပါ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။Maersk လိုင်းဟာ ယခုနှစ် တတိယသုံးလပါတ်အ တွင်း အသားတင် အမြတ်ငွေ ဒေါ်လာသန်း ၅၂၀ ရရှိခဲ့တယ်လို့ ကြေငြာပါတယ်။
Maersk လိုင်းအပါအဝင် သင်္ဘောလိုင်းများ အနေဖြင့် ၂၀၂၀ ဇန်နဝါရီ်လမှစတင်၍ ဆာလဖာ ပါဝင်မှုနည်းသော သန့်စင်သည့် လောင်စာဆီကို မဖြစ်မနေအသုံးပြုရတော့မှာဖြစ်လို့ လောင်စာဆီဖိုး ဟာ လက်ရှိကုန်ကျတာထက် ၂၅% ပိုမို ကုန်ကျ လာတော့မည်ဖြစ်ပါတယ်။
---Zawgyi---
Courier Services & Delivery Services သယ်ယူပို့ဆောင်ရးဝန်ဆောင်မှု ၉၅ ခုကိုရှာဖွေရန်နှိပ်ပါ
Maersk လိုင်းအပါအဝင် သင်္ဘောလိုင်းများ အနေဖြင့် ၂၀၂၀ ဇန်နဝါရ်ီလမှစတင်၍ ဆာလဖာ ပါဝင်မှုနည်းသော သန့်စင်သည့် လောင်စာဆီကို မဖြစ်မနေအသုံးပြုရတော့မှာဖြစ်လို့ လောင်စာဆီဖိုး ဟာ လက်ရှိကုန်ကျတာထက် ၂၅% ပိုမို ကုန်ကျ လာတော့မည်ဖြစ်ပါတယ်။
Source : Thant Zin
Myanmar Logistics Guide
Read times
Rate this item
(1 Vote)