Containers

သင်္ဘောလိုင်းများကကောက်ခံသည့် အပိုဆောင်ကြေး (surcharges) အပေါ် ကုန်တင်ပို့သူများ နှင့် သင်္ဘောလိုင်းတို့၏ ဝိရောဓိ

သင်္ဘောလိုင်းများကကောက်ခံသည့် အပိုဆောင်ကြေး (surcharges) အပေါ် ကုန်တင်ပို့သူများ နှင့် သင်္ဘောလိုင်းတို့၏ ဝိရောဓိ google

တရုတ်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက သင်္ဘောပိုင်ရှင်များ၊ NVOCC များအပါအဝင် ကုန်သေတ္တာ သယ်ယူပို့ဆောင်လုပ်ငန်းလုပ်ကိုင်သူ container operators ၁၂ ဦးအား သင်္ဘောခ ဈေးနူန်းသတ်မှတ်တောင်းခံရာတွင် မူမမှန်မှူများတွေ့ ရှိရသော်ကြောင့် ဒဏ်ငွေတပ်ရိုက်ခဲကြောင်း သတက်းထုတ်ပြန်ပါတယ်။ တပ်ရိုက်သော် စုစုပေါင်း ဒဏ်ကြေး ပမာဏမှာ ယွမ် ၁.၀၁ သန်း ( ဒေါ်လာ ၁၄၄,၀၀၀) ဖြစ်ပြီး၊ Container Operators companies ၁၂ ခုမှာ Cosco Container Lines, CMA CGM, ZIM, Wan Hai Lines, TS Lines, TS Lines, HMM, RCL, PIL, US United Logistics, Air-City Ind, Expeditors International, and C.H. Robinson Freight Services တို့ဖြစ်ပါသည်။ (တရုတ်နိုင်ငံဟာ သူ့နိုင်ငံရဲ့ သင်္ဘောလိုင်း Cosco ကိုပါ အရေးယူတာပါ)

 

ဒဏ်တပ်ရိုက်ရသည့် အကြောင်းရင်းမှာ အဆိုပါ companies များက အမှန်တစ်ကယ်တောင်းခံသည့် သင်္ဘောခနူန်းထား များသည် ဝန်ကြီးဌာနသို့ တင်ပြထားသည့် ၎င်းတို့ ကောက်ခံမည့် နူန်းထား tariff အတိုင်းမဟုတ်ဘဲ ကွဲလွဲနေကြောင်းတွေ့ရှိရ သည့်အတွက်ကြောင့်လို့ ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။အမေရိကန်နိုင်ငံတွင်လည်း သင်္ဘောလိုင်းများ၊ NVOCC များ၊ ပင်လယ်ရေကြောင်းသယ်ယူ ပို့ဆောင်ရေးတွင် ကြားခံ ဝန်ဆောင်မူပေးသူ (Ocean Transport Intermediaries) များသည် ၎င်းတို့ကောက်ခံမည့်နူန်းထား Tariff rate များကို FMC (Federal Maritime Commission) သို့ ကြိုတင်တင်ပြရပါသည်။ ထိုသို့တင်ပြရသည့် အချက်အလက်များတွင် -

 

- Ocean Freight Rates၊
- အပိုဆောင်း ကောက်ခံမည့်ကြေး (surcharges)
- သယ်ယူပို့ဆောင်ပေးမည့် ကုန်စည်အမျိုးအစား၊
- ဆိပ်ကမ်းအတွဲများ (port of loading & port of discharge)
- အသုံးပြုမည့် ကုန်တင်တန်ဆာနမူနာ (sample of Bill of Lading) ထည့်သွင်းဖော်ပြရပါသည်။

 

Tariff rate ကိုဖော်ပြရာတွင် သယ်ယူပို့ဆောင် ပေးမည့် delivery terms များဖြစ်သော် door-to-door, CY/CY ကိုလည်း ဖော်ပြပေးရပါသည်။ သင်္ဘောလိုင်းများပေါင်းကာ conference ဖွဲပြီး ဈေးနူန်းကိုညှိနိူင်းသတ်မှတ်တာ၊ သင်္ဘောအခေါက်ရေကို ညှိပြီးကန့်သတ်တာမျိုးတွေကို ယှဉ်ပြိုင်မှု ၍ပဒေနဲ့အညီ အရေးယူပါတယ်။မကြာသေးခင်က (၂၀၁၉ စက်တင်လာလ) လန်ဒန်မှာ ကျင်းပခဲ့တဲ့ Annual Global Shippers Forum က သင်္ဘောလိုင်းများက ကောက်ခံနေတဲ့ အပိုဆောင်းကြေး surcharges တွေကို အဆုံးသတ် ဖို့ campaign ကိုပြန်လည်စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ (The Loadstar)။ Global Shipper Forum သည် နိုင်ငံတစ်ကာ ကုန်တင်ပို့သူ (exporter နှင့် importer များပါဝင်သည့် အစိုးရနှင့်မသက်ဆိုင် သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လန်ဒန် တွင်အခြေ စိုက်ပါသည်။

 

၂၀၁၇ ခုနှစ် ဇူလှိူင်လ ၂၇ ရက်က သီရိလင်ကာနိုင်ငံ ကိုလံဘိုမြို့မှာ ကျင်းပခဲ့တဲ့ Global Shipper Forum ၏ နှစ်ပတ်လည် ညီလာခံမှာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင် Surcharge campaign လုပ်ကြဖို့ သဘောတူခဲ့ကြပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကုန်တင်ပို့သူများအနေဖြင့် သင်္ဘောလိုင်းများက ကောက်ခံသည့် အပိုဆောင်းကြေး ( surcharge) များကြောင့် သူတို့၏ ကုန်စည်များ ကမ္ဘာဈေးကွက်တွင် ယှဉ်ပြိုင်မှု၌ အနုတ် လက်ခဏာဆောင်သော် အကျိုးဆက်များဖြစ်ပေါစေတယ်လို့ ဆိုပါတယ်။ ဖွံဖြိုးဆဲနိုင်ငံများသို့ တင်သွင်းသည့် ကုန်စည်အများစု မှာ တန်ဖိုးနည်းကုန်စည်တွေဖြစ်ကြ လို့ UNCTAD ရဲ့လေ့လာသုံးသပ်ချက်အရ ဖွံဖြိုးဆဲနိုင်ငံများအတွက် သယ်ယူပို့ဆောင်စားရိတ်ဟာ ကုန်စည်တန်ဖိုးရဲ့ ၉% မှာ ၁၁.၄၈% အထိရှိပါတယ်။

 

No photo description available.

 

ကိုလံဘို GSF နှစ်ပတ်လည် ညီလာခံက ချမှတ်ခဲ့တဲ့ Campaign ရည်မှန်းချက်ပန်းတိုင်တွေကတော့-

 

-၂၀၂၀ တွင် ကူးသန်းရောင်ဝယ်ရေး၏ စံအလေ့အထ အဖြစ် ပိုဆောင်ကြေး (surcharges) သတ်မှတ်ပြဌာန်း ကောက်ခံမှုးအား ပယ်ဖျက်ရန်၊
- ကမ္ဘာ ကုန်သွယ်မှူ အဖွဲ့ကြီး၏ ကုန်သွယ်မှုလွယ်ကူ အဆင်ပြေစေရေးသဘောတူညီချက် (Trade Faciliation Agreement) တွင် သင်္ဘောလိုင်းများ မှ ကုန်တင်ပို့သူနှင့် ညှိနိုူင်းမှုမရှိဘဲ သတ်မှတ် ကောက်ခံသည့် အပိုဆောင်ကြေး (shipping surcharges and ancillary charges) များသည် အကောက်ခွန်နှင့် မသက်ဆိုင်သည့် အတားအဆီးများ (Non-tariff barrier) နှင့် သဘောသဘာဝခြင်းတူညီသည်လို့ ကမ္ဘာကုန်သွယ်ရေးအဖွဲ့ကြီး၏ အသိအမှတ်ပြုမှုကို ရရှိရန်၊
- Incoterms 2020 တွင် surcharges နဲ့ပတ်သက်ပြီး ပြဌာန်းချက်များထည့်သွင်းပေးနိုင်ရေး campaign လုပ်ရန်၊( ကုန်ဝယ်သူနှင့် ကုန်ရောင်းသူတို့ ကုန်သေတ္တာဖြင့် ကုန်စည် သယ်ဆောင်မူပြုလုပ်ပါက အရောင်းအဝယ် စာချုပ်တွင် FCA Incotrm ဖြင့် ထည့်သွင်းချုပ်ဆိုကြစေရေး တိုက်တွန်းရန်၊
-အဖွဲ့ဝင်နိုင်ငံများ၏ မူဝါဒ ချမှတ်သူများနှင့် ဥပဒေပြုသူများအား မိမိတို့နိုင်ငံအလိုက် surcharges များသတ်မှတ်ပြဌာန်း ကောက်ခံနေမှုအား တားမြစ်နိုင်မည့် ဥပဒေပြဌာန်းရေးအစီအစဉ်များအတွက် Campaigns များအားထောက်ခံကြိုဆို ကြရန် တို့ဖြစ်ပါတယ်။ (The Global Shippers Forum Annual Report 2017)

 

သိရိလင်ကာ ကုန်တင်ပို့သူများကောင်စီက surcharges သတ်မှတ်ပြဌာန်းမှုကို ဆန့်ကျင်သည့် ဥပဒေပြဌာန်နိုင်ရေး အတွက်ရှေ့ဆောင်လမ်းပြ အဖြစ်ဆောက်ရွက်နိုင်ခဲ့ပါတယ်။ The Licensing of Shipping Agents, Freight Forwarders, Non-Vessels Operating Common Carries and Container Operator Act 2013 ကို သိရိလင်ကာနိုင်ငံမှာပြဌာန်းနိုင်ခဲ့ပါတယ်။ သိရင်လင်ကာနိုင်ငံမှာ သင်္ဘောလိုင်းတွေက သွင်းကုန်အတွက် ကောက်ခံတဲ့ surcharges ၄၄ မျိုး ရှိတယ်လို့ဆိုပါတယ်။ ၂၀၁၃ အက်ဥပဒေအရ သင်္ဘောလိုင်းတွေအနေနဲ့ ကုန်သေတ္တာ သင်္ဘောခကို file rate လုပ်ရာတွင် ခရီးစဉ်အစမှ အဆုံးအထိ အလုံးစုံပါဝင်တဲ့ အပြီးအစီး ဈေးနူန်း (all-in- freight rate)ကိုသာ ကုန်တင်သွင်း/တင်ပို့သူတွေကို တောင်းခံရန်ပြဌာန်း ထားပါတယ်။ ဈေနူန်းသတ်မှတ်တောင်းခံရာတွင် ပဋိညာဉ် ပြုလုပ်သူ အချင်းချင်းသာ သတ်မှတ်တောင်းခံရမည်ဖြစ်ပြီး၊ ပဋိညာဉ်တွင်မပါဝင်သည့် တတိယလူ (third party) အပေါ်တွင် တောင်းခံခြင်းမပြုရန် ပြဌာန်းထားပါသည်။

 

ဆိုလိုသည်မှာ ဝန်ဆောင်မူပေးသူသည် သူနှင့်တိုက်ရိုက် ပဋိညာဉ်ပြုမထားသူကို ဝန်ဆောင်ခ တောင်းခံခြင်းမပြုရပါဘူး။ ဆိပ်ကမ်းလုပ်ငန်း့်လုပ်ကိုင်သူ (terminal operators)အနေနဲ့ ဆိပ်ကမ်း ကုန်တင်/ကုန်ချခ (Terminal Handling Charges)၊ ကုန်သေတ္တာ ဆေးခ(containers washing facilities)တို့ ကို သင်္ဘောလိုင်းထံကသာ တိုက်ရိုက်တောင်းခံ ရမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ သင်္ဘောလိုင်းအနေဖြင့် ကုန်တင်သွင်း/ပို့သူထံက ပြန်လည် မတောင်းခံရပါ ဘူး။ ဘာကြောင့်လဲဆိုတော့ ကုန်တင်သွင်း/ပို့သူဟာ terminal operatorနဲ့ အဆိုပါ ဝန်ဆောင်မှုတွေရ ယူဖို့ တိုက်ရိုက် ပဋိညာဉ်ပြုလုပ်ထားသူမဟုတ်ပါဘူး။ ရန်ကုန်ဆိပ်ကမ်းတံတား တွေမှာလည်း terminal handling charge $ 125 per TEU ကို သင်္ဘောလိုင်းဆီကဘဲ ကောက်ခံပြီး ကုန်တင်သွင်း/ပို့သူတွေထံက မကောက်ခံပါဘူး။ အခြား ဆိပ်ကမ်းအချို့မှာ့တော့ THC ကို ကုန်တင်သွင်း/ တင်ပို့သူတွေထံကကောက်ခံတယ်လို့်သိရပါတယ်။

 

သင်္ဘောလိုင်းတွေ အနေနဲ့လည်းကျဆင်းနေတဲ့ freight rate တွေကြောင့် operating costs ကို ကာမိစေဖို့ surcharges တွေကိုကောက်နေရအုံးမှာ ဖြစ်ပါတယ်။ Maersk လိုင်းက ကောက်ခံတဲ့ surcharges ၁၀၄ မျိုးရှိတယ်လို့ သူ့ရဲ့ website မှာဖော်ပြထားာတယ်။
မကြာမီစတင်အကောင်အထည် ဖော်ရတော့မယ့် အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ် (IMO) ၏ ဆာလဖာပါဝင်မှု နည်းသော် သင်္ဘောလောင်စာဆီကို အသုံးပြုရမည့် စည်းကမ်းချက်ကြောင့် သင်္ဘောလိုင်းအတွေအတွက် လောင်စာဆီဖိုး ပိုမိုကုန်ကျတော့မှာဖြစ်ပါတယ်။
teu ၈၀၀၀ ကျော်ဆန့် ကုန်သေတ္တာ သင်္ဘောတစ်စီး၏ ဆီစားနူန်းဟာ တစ်နေ့ကို တန်၁၀၀ ဝန်းကျင်ဖြစ်ပါတယ်။ ဆာလဖာပါဝင်မှုအလွန်နည်းသော် လောင်စာဆီ (VLSFO) ဟာ တစ်တန်ကို $ 500 မှ $540 ကြားပေါက်နေတော့ လက်ရှိသုံးနေကြတဲ့ ဆာလဖာ ပါဝင်မှုများတဲ့ လောင်ဆာဆီ (HFO) ထက်တစ် တန်ကို ဒေါ်လာ ၂၄၀ ဝန်းကျင်လောက်ပို များပါတယ်။

 

ဒါကြောင့် သင်္ဘောလိုင်းတွေအနေနဲ့ ကောက်ခံမယ့် low sulfur surcharge နူန်း တွေကို December 1ရက်နေ့ကတည်းက ကြေငြာနေပါပြီ။ဂျပန် ကုန်သေတ္တာလိုင်း ONE က အာရှ- မြောက်အမေရိက လမ်းကြောင်းအတွက်လ $92 per teu ကောက်မယ်လို့ ကြေငြာပါတယ်။ CMA CGM လိုင်း ကတော့ အထက်ပါလမ်းကြောင်း အတွက် LSS20 (Low Sulphur Surcharge 2020) $120 per teu ကောက်မယ်လို့ ကြေငြာပါတယ်။ (The Loadstar)

 

IMO ရဲ့ low sulphur fuel စည်းကမ်းချက်ကြောင့် ၂၀၁၆ တုန်းက IMO (Verified Gross Mass) စည်းကမ်းချက်အရ သင်္ဘောလိုင်းတွေအနေဖြင့် အလေးချိန် ချိန်တွယ်ထားခြင်းမရှိသော် ကုန်သေတ္တာများကို မတင်ဆောင်သည့်အတွက် ကုန်တင်ပို့သူတွေအကြား လှုပ်ခတ်သွားသလိုမျ ိ ုး ပြန်ဖြစ်လာပါတယ်။ အဲ့ဒီတုန်းကလည်း သင်္ဘောလိုင်း တွေကVGM ခေါင်းစဉ်တပ်ပြီး surcharge ကောက်ခဲ့ပါသေးတယ်။

 

ကုန်တင်ပို့သူတွေဖက်ကလည်း သင်္ဘောလိုင်းတွေ အနေနဲ့ surchargeတွေ ၊ demmurages and detentions တွေကို မကောက်ခံဘဲ အပြီးအစီးတစ် ပေါင်းတည်း ကောက်ခံတဲ့ all-in-freight ကိုသာ ကောက်ခံဖို့ဆက်လက်တောက်းဆိုနေကြအုံးမှာ ဖြစ်ပါတယ်။

 

Zawgyi ျဖင့္ဖက္ရႈ႕ရန္
>>>>>>>>>>

 

သေဘၤာလိုင္းမ်ားကေကာက္ခံသည့္ အပိုေဆာင္ေၾကး (surcharges) အေပၚ ကုန္တင္ပို႔သူမ်ား ႏွင့္ သေဘၤာလိုင္းတို႔၏ ဝိေရာဓိ

 

တ႐ုတ္သယ္ယူပို႔ေဆာင္ေရးဝန္ႀကီးဌာနက သေဘၤာပိုင္ရွင္မ်ား၊ NVOCC မ်ားအပါအဝင္ ကုန္ေသတၱာ သယ္ယူပို႔ေဆာင္လုပ္ငန္းလုပ္ကိုင္သူ container operators ၁၂ ဦးအား သေဘၤာခ ေဈးႏူန္းသတ္မွတ္ေတာင္းခံရာတြင္ မူမမွန္မႉမ်ားေတြ႕ ရွိရေသာ္ေၾကာင့္ ဒဏ္ေငြတပ္႐ိုက္ခဲေၾကာင္း သတက္းထုတ္ျပန္ပါတယ္။ တပ္႐ိုက္ေသာ္ စုစုေပါင္း ဒဏ္ေၾကး ပမာဏမွာ ယြမ္ ၁.၀၁ သန္း ( ေဒၚလာ ၁၄၄,၀၀၀) ျဖစ္ၿပီး၊ Container Operators companies ၁၂ ခုမွာ Cosco Container Lines, CMA CGM, ZIM, Wan Hai Lines, TS Lines, TS Lines, HMM, RCL, PIL, US United Logistics, Air-City Ind, Expeditors International, and C.H. Robinson Freight Services တို႔ျဖစ္ပါသည္။ (တ႐ုတ္ႏိုင္ငံဟာ သူ႔ႏိုင္ငံရဲ႕ သေဘၤာလိုင္း Cosco ကိုပါ အေရးယူတာပါ)

 

ဒဏ္တပ္႐ိုက္ရသည့္ အေၾကာင္းရင္းမွာ အဆိုပါ companies မ်ားက အမွန္တစ္ကယ္ေတာင္းခံသည့္ သေဘၤာခႏူန္းထား မ်ားသည္ ဝန္ႀကီးဌာနသို႔ တင္ျပထားသည့္ ၎တို႔ ေကာက္ခံမည့္ ႏူန္းထား tariff အတိုင္းမဟုတ္ဘဲ ကြဲလြဲေနေၾကာင္းေတြ႕ရွိရ သည့္အတြက္ေၾကာင့္လို႔ ဝန္ႀကီးဌာနက သတင္း ထုတ္ျပန္ပါတယ္။အေမရိကန္ႏိုင္ငံတြင္လည္း သေဘၤာလိုင္းမ်ား၊ NVOCC မ်ား၊ ပင္လယ္ေရေၾကာင္းသယ္ယူ ပို႔ေဆာင္ေရးတြင္ ၾကားခံ ဝန္ေဆာင္မူေပးသူ (Ocean Transport Intermediaries) မ်ားသည္ ၎တို႔ေကာက္ခံမည့္ႏူန္းထား Tariff rate မ်ားကို FMC (Federal Maritime Commission) သို႔ ႀကိဳတင္တင္ျပရပါသည္။ ထိုသို႔တင္ျပရသည့္ အခ်က္အလက္မ်ားတြင္ -

 

- Ocean Freight Rates၊
- အပိုေဆာင္း ေကာက္ခံမည့္ေၾကး (surcharges)
- သယ္ယူပို႔ေဆာင္ေပးမည့္ ကုန္စည္အမ်ိဳးအစား၊
- ဆိပ္ကမ္းအတြဲမ်ား (port of loading & port of discharge)
- အသုံးျပဳမည့္ ကုန္တင္တန္ဆာနမူနာ (sample of Bill of Lading) ထည့္သြင္းေဖာ္ျပရပါသည္။

 

Tariff rate ကိုေဖာ္ျပရာတြင္ သယ္ယူပို႔ေဆာင္ ေပးမည့္ delivery terms မ်ားျဖစ္ေသာ္ door-to-door, CY/CY ကိုလည္း ေဖာ္ျပေပးရပါသည္။ သေဘၤာလိုင္းမ်ားေပါင္းကာ conference ဖြဲၿပီး ေဈးႏူန္းကိုညႇိႏိူင္းသတ္မွတ္တာ၊ သေဘၤာအေခါက္ေရကို ညႇိၿပီးကန႔္သတ္တာမ်ိဳးေတြကို ယွဥ္ၿပိဳင္မႈ ၍ပေဒနဲ႔အညီ အေရးယူပါတယ္။မၾကာေသးခင္က (၂၀၁၉ စက္တင္လာလ) လန္ဒန္မွာ က်င္းပခဲ့တဲ့ Annual Global Shippers Forum က သေဘၤာလိုင္းမ်ားက ေကာက္ခံေနတဲ့ အပိုေဆာင္းေၾကး surcharges ေတြကို အဆုံးသတ္ ဖို႔ campaign ကိုျပန္လည္စတင္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ (The Loadstar)။ Global Shipper Forum သည္ ႏိုင္ငံတစ္ကာ ကုန္တင္ပို႔သူ (exporter ႏွင့္ importer မ်ားပါဝင္သည့္ အစိုးရႏွင့္မသက္ဆိုင္ သည့္ အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး လန္ဒန္ တြင္အေျခ စိုက္ပါသည္။

 

၂၀၁၇ ခုႏွစ္ ဇူလွိူင္လ ၂၇ ရက္က သီရိလင္ကာႏိုင္ငံ ကိုလံဘိုၿမိဳ႕မွာ က်င္းပခဲ့တဲ့ Global Shipper Forum ၏ ႏွစ္ပတ္လည္ ညီလာခံမွာ တစ္ကမာၻလုံး အတိုင္းအတာျဖင္ Surcharge campaign လုပ္ၾကဖို႔ သေဘာတူခဲ့ၾကပါတယ္။ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားမွ ကုန္တင္ပို႔သူမ်ားအေနျဖင့္ သေဘၤာလိုင္းမ်ားက ေကာက္ခံသည့္ အပိုေဆာင္းေၾကး ( surcharge) မ်ားေၾကာင့္ သူတို႔၏ ကုန္စည္မ်ား ကမာၻေဈးကြက္တြင္ ယွဥ္ၿပိဳင္မႈ၌ အႏုတ္ လက္ခဏာေဆာင္ေသာ္ အက်ိဳးဆက္မ်ားျဖစ္ေပါေစတယ္လို႔ ဆိုပါတယ္။ ဖြံၿဖိဳးဆဲႏိုင္ငံမ်ားသို႔ တင္သြင္းသည့္ ကုန္စည္အမ်ားစု မွာ တန္ဖိုးနည္းကုန္စည္ေတြျဖစ္ၾက လို႔ UNCTAD ရဲ႕ေလ့လာသုံးသပ္ခ်က္အရ ဖြံၿဖိဳးဆဲႏိုင္ငံမ်ားအတြက္ သယ္ယူပို႔ေဆာင္စားရိတ္ဟာ ကုန္စည္တန္ဖိုးရဲ႕ ၉% မွာ ၁၁.၄၈% အထိရွိပါတယ္။

 

No photo description available.

 

ကိုလံဘို GSF ႏွစ္ပတ္လည္ ညီလာခံက ခ်မွတ္ခဲ့တဲ့ Campaign ရည္မွန္းခ်က္ပန္းတိုင္ေတြကေတာ့-

 

-၂၀၂၀ တြင္ ကူးသန္းေရာင္ဝယ္ေရး၏ စံအေလ့အထ အျဖစ္ ပိုေဆာင္ေၾကး (surcharges) သတ္မွတ္ျပဌာန္း ေကာက္ခံမႈးအား ပယ္ဖ်က္ရန္၊
- ကမာၻ ကုန္သြယ္မႉ အဖြဲ႕ႀကီး၏ ကုန္သြယ္မႈလြယ္ကူ အဆင္ေျပေစေရးသေဘာတူညီခ်က္ (Trade Faciliation Agreement) တြင္ သေဘၤာလိုင္းမ်ား မွ ကုန္တင္ပို႔သူႏွင့္ ညႇိႏိုူင္းမႈမရွိဘဲ သတ္မွတ္ ေကာက္ခံသည့္ အပိုေဆာင္ေၾကး (shipping surcharges and ancillary charges) မ်ားသည္ အေကာက္ခြန္ႏွင့္ မသက္ဆိုင္သည့္ အတားအဆီးမ်ား (Non-tariff barrier) ႏွင့္ သေဘာသဘာဝျခင္းတူညီသည္လို႔ ကမာၻကုန္သြယ္ေရးအဖြဲ႕ႀကီး၏ အသိအမွတ္ျပဳမႈကို ရရွိရန္၊
- Incoterms 2020 တြင္ surcharges နဲ႔ပတ္သက္ၿပီး ျပဌာန္းခ်က္မ်ားထည့္သြင္းေပးႏိုင္ေရး campaign လုပ္ရန္၊( ကုန္ဝယ္သူႏွင့္ ကုန္ေရာင္းသူတို႔ ကုန္ေသတၱာျဖင့္ ကုန္စည္ သယ္ေဆာင္မူျပဳလုပ္ပါက အေရာင္းအဝယ္ စာခ်ဳပ္တြင္ FCA Incotrm ျဖင့္ ထည့္သြင္းခ်ဳပ္ဆိုၾကေစေရး တိုက္တြန္းရန္၊
-အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ မူဝါဒ ခ်မွတ္သူမ်ားႏွင့္ ဥပေဒျပဳသူမ်ားအား မိမိတို႔ႏိုင္ငံအလိုက္ surcharges မ်ားသတ္မွတ္ျပဌာန္း ေကာက္ခံေနမႈအား တားျမစ္ႏိုင္မည့္ ဥပေဒျပဌာန္းေရးအစီအစဥ္မ်ားအတြက္ Campaigns မ်ားအားေထာက္ခံႀကိဳဆို ၾကရန္ တို႔ျဖစ္ပါတယ္။ (The Global Shippers Forum Annual Report 2017)

 

သိရိလင္ကာ ကုန္တင္ပို႔သူမ်ားေကာင္စီက surcharges သတ္မွတ္ျပဌာန္းမႈကို ဆန႔္က်င္သည့္ ဥပေဒျပဌာန္ႏိုင္ေရး အတြက္ေရွ႕ေဆာင္လမ္းျပ အျဖစ္ေဆာက္႐ြက္ႏိုင္ခဲ့ပါတယ္။ The Licensing of Shipping Agents, Freight Forwarders, Non-Vessels Operating Common Carries and Container Operator Act 2013 ကို သိရိလင္ကာႏိုင္ငံမွာျပဌာန္းႏိုင္ခဲ့ပါတယ္။ သိရင္လင္ကာႏိုင္ငံမွာ သေဘၤာလိုင္းေတြက သြင္းကုန္အတြက္ ေကာက္ခံတဲ့ surcharges ၄၄ မ်ိဳး ရွိတယ္လို႔ဆိုပါတယ္။ ၂၀၁၃ အက္ဥပေဒအရ သေဘၤာလိုင္းေတြအေနနဲ႔ ကုန္ေသတၱာ သေဘၤာခကို file rate လုပ္ရာတြင္ ခရီးစဥ္အစမွ အဆုံးအထိ အလုံးစုံပါဝင္တဲ့ အၿပီးအစီး ေဈးႏူန္း (all-in- freight rate)ကိုသာ ကုန္တင္သြင္း/တင္ပို႔သူေတြကို ေတာင္းခံရန္ျပဌာန္း ထားပါတယ္။ ေဈႏူန္းသတ္မွတ္ေတာင္းခံရာတြင္ ပဋိညာဥ္ ျပဳလုပ္သူ အခ်င္းခ်င္းသာ သတ္မွတ္ေတာင္းခံရမည္ျဖစ္ၿပီး၊ ပဋိညာဥ္တြင္မပါဝင္သည့္ တတိယလူ (third party) အေပၚတြင္ ေတာင္းခံျခင္းမျပဳရန္ ျပဌာန္းထားပါသည္။

 

ဆိုလိုသည္မွာ ဝန္ေဆာင္မူေပးသူသည္ သူႏွင့္တိုက္႐ိုက္ ပဋိညာဥ္ျပဳမထားသူကို ဝန္ေဆာင္ခ ေတာင္းခံျခင္းမျပဳရပါဘူး။ ဆိပ္ကမ္းလုပ္ငန္း့္လုပ္ကိုင္သူ (terminal operators)အေနနဲ႔ ဆိပ္ကမ္း ကုန္တင္/ကုန္ခ်ခ (Terminal Handling Charges)၊ ကုန္ေသတၱာ ေဆးခ(containers washing facilities)တို႔ ကို သေဘၤာလိုင္းထံကသာ တိုက္႐ိုက္ေတာင္းခံ ရမည္ျဖစ္ၿပီး၊ သက္ဆိုင္ရာ သေဘၤာလိုင္းအေနျဖင့္ ကုန္တင္သြင္း/ပို႔သူထံက ျပန္လည္ မေတာင္းခံရပါ ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကုန္တင္သြင္း/ပို႔သူဟာ terminal operatorနဲ႔ အဆိုပါ ဝန္ေဆာင္မႈေတြရ ယူဖို႔ တိုက္႐ိုက္ ပဋိညာဥ္ျပဳလုပ္ထားသူမဟုတ္ပါဘူး။ ရန္ကုန္ဆိပ္ကမ္းတံတား ေတြမွာလည္း terminal handling charge $ 125 per TEU ကို သေဘၤာလိုင္းဆီကဘဲ ေကာက္ခံၿပီး ကုန္တင္သြင္း/ပို႔သူေတြထံက မေကာက္ခံပါဘူး။ အျခား ဆိပ္ကမ္းအခ်ိဳ႕မွာ့ေတာ့ THC ကို ကုန္တင္သြင္း/ တင္ပို႔သူေတြထံကေကာက္ခံတယ္လို႔္သိရပါတယ္။

 

သေဘၤာလိုင္းေတြ အေနနဲ႔လည္းက်ဆင္းေနတဲ့ freight rate ေတြေၾကာင့္ operating costs ကို ကာမိေစဖို႔ surcharges ေတြကိုေကာက္ေနရအုံးမွာ ျဖစ္ပါတယ္။ Maersk လိုင္းက ေကာက္ခံတဲ့ surcharges ၁၀၄ မ်ိဳးရွိတယ္လို႔ သူ႔ရဲ႕ website မွာေဖာ္ျပထားာတယ္။
မၾကာမီစတင္အေကာင္အထည္ ေဖာ္ရေတာ့မယ့္ အျပည္ျပည္ဆိုင္ရာ ေရေၾကာင္း အဖြဲ႕ခ်ဳပ္ (IMO) ၏ ဆာလဖာပါဝင္မႈ နည္းေသာ္ သေဘၤာေလာင္စာဆီကို အသုံးျပဳရမည့္ စည္းကမ္းခ်က္ေၾကာင့္ သေဘၤာလိုင္းအေတြအတြက္ ေလာင္စာဆီဖိုး ပိုမိုကုန္က်ေတာ့မွာျဖစ္ပါတယ္။
teu ၈၀၀၀ ေက်ာ္ဆန႔္ ကုန္ေသတၱာ သေဘၤာတစ္စီး၏ ဆီစားႏူန္းဟာ တစ္ေန႔ကို တန္၁၀၀ ဝန္းက်င္ျဖစ္ပါတယ္။ ဆာလဖာပါဝင္မႈအလြန္နည္းေသာ္ ေလာင္စာဆီ (VLSFO) ဟာ တစ္တန္ကို $ 500 မွ $540 ၾကားေပါက္ေနေတာ့ လက္ရွိသုံးေနၾကတဲ့ ဆာလဖာ ပါဝင္မႈမ်ားတဲ့ ေလာင္ဆာဆီ (HFO) ထက္တစ္ တန္ကို ေဒၚလာ ၂၄၀ ဝန္းက်င္ေလာက္ပို မ်ားပါတယ္။

 

ဒါေၾကာင့္ သေဘၤာလိုင္းေတြအေနနဲ႔ ေကာက္ခံမယ့္ low sulfur surcharge ႏူန္း ေတြကို December 1ရက္ေန႔ကတည္းက ေၾကျငာေနပါၿပီ။ဂ်ပန္ ကုန္ေသတၱာလိုင္း ONE က အာရွ- ေျမာက္အေမရိက လမ္းေၾကာင္းအတြက္လ $92 per teu ေကာက္မယ္လို႔ ေၾကျငာပါတယ္။ CMA CGM လိုင္း ကေတာ့ အထက္ပါလမ္းေၾကာင္း အတြက္ LSS20 (Low Sulphur Surcharge 2020) $120 per teu ေကာက္မယ္လို႔ ေၾကျငာပါတယ္။ (The Loadstar)

 

IMO ရဲ႕ low sulphur fuel စည္းကမ္းခ်က္ေၾကာင့္ ၂၀၁၆ တုန္းက IMO (Verified Gross Mass) စည္းကမ္းခ်က္အရ သေဘၤာလိုင္းေတြအေနျဖင့္ အေလးခ်ိန္ ခ်ိန္တြယ္ထားျခင္းမရွိေသာ္ ကုန္ေသတၱာမ်ားကို မတင္ေဆာင္သည့္အတြက္ ကုန္တင္ပို႔သူေတြအၾကား လႈပ္ခတ္သြားသလိုမ် ိ ုး ျပန္ျဖစ္လာပါတယ္။ အဲ့ဒီတုန္းကလည္း သေဘၤာလိုင္း ေတြကVGM ေခါင္းစဥ္တပ္ၿပီး surcharge ေကာက္ခဲ့ပါေသးတယ္။

 

ကုန္တင္ပို႔သူေတြဖက္ကလည္း သေဘၤာလိုင္းေတြ အေနနဲ႔ surchargeေတြ ၊ demmurages and detentions ေတြကို မေကာက္ခံဘဲ အၿပီးအစီးတစ္ ေပါင္းတည္း ေကာက္ခံတဲ့ all-in-freight ကိုသာ ေကာက္ခံဖို႔ဆက္လက္ေတာက္းဆိုေနၾကအုံးမွာ ျဖစ္ပါတယ္။

 

Source : Thant Zin

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)