အောက်တိုဘာလ ၇ ရက် ၂၀၁၈ နံနက်ကမြေထဲပင်လယ် Corsica ကျွန်းမှ ၁၇ မိုင်အကွာတွင် ကျောက်ချထားသော ကုန်သေတ္တာသင်္ဘော CSL Viginia ကို တူနီးရှား မောင်းတက်-မောင်းဆင်း ခရီးသည်တင်သင်္ဘော Ulysse ကအရှိန်ဖြင့် ဝင်တိုက်မိပြီး ကူးတို့သင်္ဘောဦးပိုင်းဟာ ကုန်သေတ္တာသင်္ဘော၏ ကိုယ်ထည်အတွင်းဖေါက်ဝင်ပြီး စွပ်လျှက်ချိတ်မိ နေပါတယ်။ ကုန်သေတ္တာသင်္ဘေပေါ်မှ သင်္ဘောလောင်စာဆီ တန်၅၂၀ ပင်လယ်ထဲဖိတ်စင်သွားပါတယ်။ ကူးတို့သင်္ဘော Ulysse ဟာ အီတလီနိုင်ငံ Genoa ဆိပ်ကမ်းမှ တူနီးရှားနိုင်ငံ Rodesသို့အသွားမှာ တိုက်မိခဲ့တာဖြစ်ပါတယ်။ (၅)ရက်ကြာမှသာ ကူးတို့သင်္ဘော Ulysse ကိုပြန်ဖြုတ်နိုင်ခဲ့ပြီး တူနီးရှားနိုင်ငံသို့ဆက်လက်ထွက်ခွာသွားပါတယ်။ ကုန်သေတ္တာသင်္ဘော Virginia ကတော့ အခင်းဖြစ်နေရာမှာဆက်လက် ကျောက်ချ နေဆဲဖြစ်ပြီး သင်္ဘောပိုင်ရှင်က သင်္ဘောကျင်းကိုပို့ဖို့ ပြင်ဆင်နေပါတယ်။ ပင်လယ်ထဲဖိတ်စင်သွားသော သင်္ဘောလောင်စာဆီတွေကိုတော့ သင်္ဘော( ၁၂) စီးဖြင့်ပြန်လည်စုပ်ယူပြီး သန့်ရှင်းရေးလုပ်နေပါတယ်။ သင်္ဘောတိုက်မိမှုကြောင့် သင်္ဘော ၂စီးလုံး၏ ပျက်စီးမှုဟာ ယူရို ၁၃.၅ သန်း( ဒေါ်လာ ၁၅.၅ သန်း) နှင့် ဖိတ်စင်သွားသောလောင်စာဆီများ ရှင်းလင်းဖယ်ရှားသည့်စားရိတ် ယူရို ၁၀ သန်းခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ (g Caprtain)
တူနီးရှားI ပြင်သစ်နှင့် Cypriot နိုင်ငံများမှ စုံစမ်းစစ်ဆေးသူများက ၃ လကြာစစ်ဆေးပြီး သူတို့ရဲ့ တွေ့ရှိချက်တွေကို ၂၀၁၉ ဇန်နဝါရီလ (၇ ) ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ သူတို့၏စစ်ဆေးတွေ့ရှိချက်အရ သင်္ဘော ၂ စီးလုံးမှာ တာဝန်မကင်းဘဲ လူအမှားကြောင့်ဖြစ်ရတာလို့ဆိုပါတယ်။
တူနီးရှားကူးတို့သင်္ဘော Ulysse ရဲ့ ပဲ့စင်ပေါ်မှာတာဝန်ကျသူ Watch Officer တစ်ဦး(သင်္ဘောရေယာဉ်မှုး) သာရှိပြီး အခင်းဖြစ်ချိန်မှာ သူရဲ့ဖုန်းနဲ့ Chatting လုပ်နေပြီး ရေဒါအနားမှာမရှိဘူးလို့ စစ်ဆေးတွေ့ရှိရပါတယ်။ အလားတူကုန်သေတ္တာသင်္ဘော Viginia ၏ ပဲ့စင်ပေါ်တွင်တာဝန်ကျ သင်္ဘောအရာရှိတွေဟာ Radar alarms ကိုအလေးဂရုမပြု ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ ကုန်သေတ္တာသင်္ဘောဟာ သင်္ဘောတွေခုတ်မောင်းသွားလာနေတဲ့ Shipping Lane အလယ်မှာဘာကြောင့် ကျောက်ချထား တာလည်း လို့မေးခွန်းထုတ်ခဲ့ကြပါတယ်။ သင်္ဘောပိုင်ရှင်ရဲ့ဖိအားပေးမှုကြောင့်ကျောက်ချခဲ့ရတာပါဆိုတဲ့ရှင်းလင်းချက်ဟာလည်း ဆီလျှော်မှု မရှိဘူးလို့ဆိုပါတယ်။ မှတ်တမ်းမှတ်ရာတွေအရ အခုသင်္ဘောချင်းတိုက်မိတဲ့နေရာဟာ ကုန်သွယ်ရေကြောင်းသင်္ဘောတွေ ခုတ်မောင်းနေတဲ့ ရေလမ်းကြောင်းပေါ်မှာဖြစ်ပြီး အခုလိုသင်္ဘောတစ်စီး ကျောက်ချထာားတာ ပထမဆုံးလို့ ဆိုပါတယ်။
သက်တမ်းရင့် P&I Clubတစ်ခုဖြစ်တဲ့ West of England P&I Club က သူရဲ့ အဖွဲ့ဝင် သင်္ဘောပိုင်ရှင်တွေကို ၂၀၁၁ခုနှစ် ဧပြီလ ကတည်းက ထိခိုက်ဆုံးရှုံးမှု ကာကွယ်ရေးနှင့် ဘေးအန္တရယ် ကင်းရှင်းမှုဆိုင်ရာနှိုးဆော်စာကိုဖြန့်ဝေခဲ့ပါသေးတယ်။
ထို Club ရဲ့လေ့လာမှုအရ ရေကြောင်း မတော်တစ်ဆဖြစ်မှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းများအနက် ပဲ့စင်တာဝန်ကျ Watch Keeperရဲ့ mobile phone/ smart phone သုံးစွဲနေမှုဟာလည်း အကြောင်းရင်းတစ်ရပ် ဖြစ်ကြောင်းI ပဲ့စင်ပေါ်တွင် အချိန်ကြာမြင့်စွာ ဖုန်းပြောနေမှုI Internet သုံးစွဲနေမှုကြောင့် သင်္ဘောတိုက်မိတဲ့ cases တွေအများအပြား ရှိတယ်လို့ဆိုပါတယ်။အထူးသဖြင့် သင်္ဘောသောင်တင်သွားတဲ့ Incidents ဟာ အများဆုံးဖြစ်ပါတယ်။
ယနေ့အခါတွင် Mobile/ Smart phone တွေရဲ့ Function တွေစုံလင်လာသလို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာကြပြီး အချိန်ပြည့်ဆက်သွယ်မှု ပြု နိုင်လာကြပြီဖြစ်လို့ သင်္ဘောသားတွေအနေဖြင့်လည်း မိသားစုနှင့်ခွဲခွာပြီး သင်္ဘောပေါ်မှာ အထီးကျန်မှုကို တာဝန်ချိန် ပြင်ပမှာ Mobile/ Smart phone အသုံးပြု ၍မိသားစု နှင့်မိတ်ဆွေသူငယ်ချင်းတို့နဲ့ဆက်သွယ်နိုင်ခြင်းဖြင့် ဖြေလျော့နိုင်ကြပါတယ်။ ဒါပေမဲ့လည်း mobile/ smart phone အသုံးပြု မှုကို ကန့်သတ်တာထက် မော်တော်ကားမောင်းစဉ် ယဉ်မောင်းတွေ mobile/ smart phone အသုံးမပြုရန် တားမြစ်ထားသကဲ့သို့ သင်္ဘောခုတ်မောင်းစဉ် ပဲ့စင်၌ တာဝန်ကျသည့် အချိန်တွင် အသုံးပြု မှုကို တားမြစ်ပိတ်ပင်သင့်တယ်လို့ အကြံပြု ထားပါတယ်။
ဒါအပြင်အဖွဲ့ဝင်သင်္ဘောပိုင်ရှင်တွေကို သင်္ဘောတွေရဲ့ ဘေးအန္တရယ်ကင်းရှင်းရေးစီမံခန့်ခွဲမှုစနစ် (Safety Management System) ရဲ့ပဲ့စင် Watch-keeping လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်သုံးသပ်ပြီး သင့်တော်သလို ပြင်ဆင်မွမ်းမံသွားရန်နှင့် သင်္ဘောမောင်းနှင်နေစဉ် mobile phone အသုံးပြု မှုကြောင့် ပဲ့စင်တာဝန်ကျ Watch Keeper တွေ အာရုံထွေပြားမှုမဖြစ်ရန်I အထူးသဖြင့် ပဲ့စင် Watch Keeper အနေဖြင့်အပြည့်အဝ အာရုံစိုက်ဖို့လိုတဲ့ အောက်ပါအခြေအနေမျ ိုးတွေမှာ mobile phone နှင့် လက်ကိုင်သတင်းတိုပို့စက်တွေ မသုံးရန် တား မြစ်သည့် လုပ်ထုံးလုပ်နည်းများကို Safety Management System တွင်ထည့်သွင်းရေးဆွဲရန်တိုက်တွန်းထားပါတယ်။
* ရေကြောင်းပြစခန်း (pilot station) ရောက်ရှိသည့်အချိန်
* ဆိပ်ကမ်းအတွင်းသို့/မှ ဝင်ထွက်ချိန်
* ဆိပ်ကမ်းဧရိယာအတွင်းနှင့် သင်္ဘောများ ဆိပ်ခံတံတားမအားသဖြင့် ကျောက်ချ စောင့်ဆိုင်းသည့် ကျောက်ဆူးဆိပ် (anchorage) အနီးအနားတွင် သင်္ဘောခုတ်မောင်းစဉ်အချိန်
* မြင်ကွင်းမသဲကွဲသည့်အချိန်
* သင်္ဘောများအသွားအလာများသည့်နေရာဝန်းကျင်
* restricted sea room အတွင်း သင်္ဘောခုတ်မောင်းစဉ်
* ပဲ့စင်တွင် တာဝန်ကျ watch keeping တစ်ဦးတည်းရှိနေချိန် တို့တွင်ဖြစ်ပါတယ်။
>>>Zawgyi<<<
သေဘၤာပဲ့စင္ (bridge) တြင္ တာဝန္က်စဥ္ mobile/smart phone သုံးေနျခင္းေၾကာင့္ သေဘၤာခ်င္းတိုက္မိမႈျဖစ္ပြား
ေအာက္တိုဘာလ ၇ ရက္ ၂၀၁၈ နံနက္ကေျမထဲပင္လယ္ Corsica က်ြန္းမွ ၁၇ မိုင္အကြာတြင္ ေက်ာက္ခ်ထားေသာ ကုန္ေသတၱာသေဘၤာ CSL Viginia ကို တူနီးရွား ေမာင္းတက္-ေမာင္းဆင္း ခရီးသည္တင္သေဘၤာ Ulysse ကအရွိန္ျဖင့္ ဝင္တိုက္မိျပီး ကူးတို႔သေဘၤာဦးပိုင္းဟာ ကုန္ေသတၱာသေဘၤာ၏ ကိုယ္ထည္အတြင္းေဖါက္ဝင္ျပီး စြပ္လ်ွက္ခ်ိတ္မိ ေနပါတယ္။ ကုန္ေသတၱာသေဘၤေပၚမွ သေဘၤာေလာင္စာဆီ တန္၅၂၀ ပင္လယ္ထဲဖိတ္စင္သြားပါတယ္။ ကူးတို႔သေဘၤာ Ulysse ဟာ အီတလီနိုင္ငံ Genoa ဆိပ္ကမ္းမွ တူနီးရွားနိုင္ငံ Rodesသို႔အသြားမွာ တိုက္မိခဲ႔တာျဖစ္ပါတယ္။ (၅)ရက္ၾကာမွသာ ကူးတို႔သေဘၤာ Ulysse ကိုျပန္ျဖဳတ္ႏိုင္ခဲ႔ျပီး တူနီးရွားႏိုင္ငံသို႔ဆက္လက္ထြက္ခြာသြားပါတယ္။ ကုန္ေသတၱာသေဘၤာ Virginia ကေတာ့ အခင္းျဖစ္ေနရာမွာဆက္လက္ ေက်ာက္ခ် ေနဆဲျဖစ္ျပီး သေဘၤာပိုင္ရွင္က သေဘၤာက်င္းကိုပို႔ဖို႔ ျပင္ဆင္ေနပါတယ္။ ပင္လယ္ထဲဖိတ္စင္သြားေသာ သေဘၤာေလာင္စာဆီေတြကိုေတာ့ သေဘၤာ( ၁၂) စီးျဖင့္ျပန္လည္စုပ္ယူျပီး သန္႔ရွင္းေရးလုပ္ေနပါတယ္။ သေဘၤာတိုက္မိမႈေၾကာင့္ သေဘၤာ ၂စီးလံုး၏ ပ်က္စီးမႈဟာ ယူရို ၁၃.၅ သန္း( ေဒၚလာ ၁၅.၅ သန္း) ႏွင့္ ဖိတ္စင္သြားေသာေလာင္စာဆီမ်ား ရွင္းလင္းဖယ္ရွားသည့္စားရိတ္ ယူရို ၁၀ သန္းခန္႔ ကုန္က်မယ္လို႔ ခန္႔မွန္းထားပါတယ္။ (g Caprtain)
တူနီးရွားI ျပင္သစ္ႏွင့္ Cypriot နိုင္ငံမ်ားမွ စံုစမ္းစစ္ေဆးသူမ်ားက ၃ လၾကာစစ္ေဆးျပီး သူတို႔ရဲ႕ ေတြ႕ရွိခ်က္ေတြကို ၂၀၁၉ ဇန္နဝါရီလ (၇ ) ရက္ေန႔က ထုတ္ျပန္ခဲ႔ပါတယ္။ သူတို႔၏စစ္ေဆးေတြ႕ရွိခ်က္အရ သေဘၤာ ၂ စီးလံုးမွာ တာဝန္မကင္းဘဲ လူအမွားေၾကာင့္ျဖစ္ရတာလို႔ဆိုပါတယ္။
တူနီးရွားကူးတို႔သေဘၤာ Ulysse ရဲ႕ ပဲ႔စင္ေပၚမွာတာဝန္က်သူ Watch Officer တစ္ဦး(သေဘၤာေရယာဥ္မႈး) သာရွိျပီး အခင္းျဖစ္ခ်ိန္မွာ သူရဲ႕ဖုန္းနဲ႔ Chatting လုပ္ေနျပီး ေရဒါအနားမွာမရွိဘူးလို႔ စစ္ေဆးေတြ႔ရွိရပါတယ္။ အလားတူကုန္ေသတၱာသေဘၤာ Viginia ၏ ပဲ႔စင္ေပၚတြင္တာဝန္က် သေဘၤာအရာရွိေတြဟာ Radar alarms ကိုအေလးဂရုမျပဳ ခဲ႔ေၾကာင္း စစ္ေဆးေတြ႔ရွိရပါတယ္။ ကုန္ေသတၱာသေဘၤာဟာ သေဘၤာေတြခုတ္ေမာင္းသြားလာေနတဲ႔ Shipping Lane အလယ္မွာဘာေၾကာင့္ ေက်ာက္ခ်ထား တာလည္း လို႔ေမးခြန္းထုတ္ခဲ႔ၾကပါတယ္။ သေဘၤာပိုင္ရွင္ရဲ႕ဖိအားေပးမႈေၾကာင့္ေက်ာက္ခ်ခဲ႔ရတာပါဆိုတဲ ႔ရွင္းလင္းခ်က္ဟာလည္း ဆီေလ်ွာ္မႈ မရွိဘူးလို႔ဆိုပါတယ္။ မွတ္တမ္းမွတ္ရာေတြအရ အခုသေဘၤာခ်င္းတိုက္မိတဲ႔ေနရာဟာ ကုန္သြယ္ေရေၾကာင္းသေဘၤာေတြ ခုတ္ေမာင္းေနတဲ႔ ေရလမ္းေၾကာင္းေပၚမွာျဖစ္ျပီး အခုလိုသေဘၤာတစ္စီး ေက်ာက္ခ်ထာားတာ ပထမဆံုးလို႔ ဆိုပါတယ္။
သက္တမ္းရင့္ P&I Clubတစ္ခုျဖစ္တဲ့ West of England P&I Club က သူရဲ႕ အဖြဲ႔ဝင္ သေဘၤာပိုင္ရွင္ေတြကို ၂၀၁၁ခုႏွစ္ ဧျပီလ ကတည္းက ထိခိုက္ဆံုးရႈံးမႈ ကာကြယ္ေရးႏွင့္ ေဘးအႏၲရယ္ ကင္းရွင္းမႈဆိုင္ရာႏႈိးေဆာ္စာကိုျဖန္႔ေဝခဲ႔ပါေသးတယ္။
ထို Club ရဲ႕ေလ့လာမႈအရ ေရေၾကာင္း မေတာ္တစ္ဆျဖစ္မႈေတြ ျဖစ္ရတဲ႔ အေၾကာင္းရင္းမ်ားအနက္ ပဲ႔စင္တာဝန္က် Watch Keeperရဲ႕ mobile phone/ smart phone သံုးစြဲေနမႈဟာလည္း အေၾကာင္းရင္းတစ္ရပ္ ျဖစ္ေၾကာင္းI ပဲ႔စင္ေပၚတြင္ အခ်ိန္ၾကာျမင့္စြာ ဖုန္းေျပာေနမႈI Internet သံုးစြဲေနမႈေၾကာင့္ သေဘၤာတိုက္မိတဲ႔ cases ေတြအမ်ားအျပား ရွိတယ္လို႔ဆိုပါတယ္။အထူးသျဖင့္ သေဘၤာေသာင္တင္သြားတဲ႔ Incidents ဟာ အမ်ားဆံုးျဖစ္ပါတယ္။
သန္႔ဇင္ (MICS- UK)
Myanmar Logistics Guide