Containers

Diamond Princess သဘောၤတွင် ရောဂါကူးစက်ခံထားရသူ ၁၀ ဦးတွေ့ရှိ

Diamond Princess  သင်္ဘောသည်ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းတွင် တစ်ညတာ ရပ်တန့်ထားခဲ့ရပြီး ဆက်လက် ထားရှိမည် ဖြစ်သည်။

 

ခရီးသည်တစ် ဦး သည် Wuhan coronavirus ကို ကူးစက်ခံထားရကြောင်း သိရှိရပြီးနောက် မြို့အာဏာပိုင်များက အင်္ဂါနေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

 

ဟောင်ကောင်မှ စတင်ထွက်ခွာလာသူတစ် ဦး သည် ရက်အနည်းငယ်အကြာတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဆေးစစ်ချက်အရ သိရှိခဲ့ရပြီးသည့် နောက်တွင် ၎င်းသင်္ဘော၏ အော်ပရေတာ Princess Cruises သည် ၁၆ ရက်ကြာ အာရှခရီးစဉ် အပြီးတွင် သင်္ဘောမှ ပြန်လည်ထွက်ခွာရန် အစီအစဉ်ကိုရပ်ဆိုင်းခဲ့သည်။

 

ဂျပန်အာဏာပိုင်များအနေဖြင့် Wuhan coronavirus ဖြစ်ပွားခြင်းကြောင့် သင်္ဘောပေါ်ရှိခရီးသည် ၂,၅၀၀ ခန့်နှင့်သင်္ဘောသား ၁၀၀၀ ကို ကမ်းဆင်းခွင့် ပိတ်ပင်ခဲ့ပြီး ဆေးစစ်မှုများ ဆောင်ရွက်ခဲ့သည်။ မည်သူတစ် ဦး တစ်ယောက်မှ သင်္ဘောမှ ထွက်ခွာခွင့်မပြုခဲ့ချေ။

 

ယနေ့နံနက်တွင် ဂျပန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ရာတွင် Diamond Princess သင်္ဘောပေါ်မှ အနည်းဆုံး လူ ၁၀ ဦးတို့သည် ဝူဟံ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရသည်။ အဖြေရဖို့ စောင့်ဆိုင်းနေသည့် ကျန်ရှိသည့်သူ ၁၀၀ ဝန်းကျင် ကျန်ရှိသေးကြောင်းလည်း ဖော်ပြထားသည်။

 

Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ

 

Zawgyi

 

Diamond Princess သဘောင်္တွင် ရောဂါကူးစက်ခံထားရသူ ၁၀ ဦးတွေ့ရှိ

 




 


 


 


 


 

Myanmar Logistics Guide

 
 

 

 
Read times
Rate this item
(0 votes)