Containers

Container အကြောင်းတစ်စေ့တစ်စောင်း

Logistics နယ်ပယ်မှာ အရေးပါဆုံးဖြစ်တဲ့ Container အကြောင်းလေးပြောပြပါရစေဗျ၊Container ရဲ့ အပေါ်ရံပါတဲ့အခေါ်အဝေါ်‌တွေတော့ ကျွန်တော်မဖေါ်ပြတော့ဘူး အောက်ကပုံတွင်ဖေါ်ပြပေးပါမယ်ဗျ စာအရမ်းရှည်သွားမှာစိုးလို့ဗျ ကျွန်တော်က အဓိကကျတဲ့ နံပါတ် အခေါ်အဝေါ် ဘာကိုရည်ညွှန်းတယ်ဆိုတာကိုဖေါ်ပြပေးပါ့မယ်ဗျ ပုံထဲပါတာတွေလဲအ‌ရေးကြီးပါတယ်ဗျ အ‌ရေးမကြီးဘူးထင်မစိုးလို့ပါ။

 

container တစ်လုံးကို ကြည့်လိုက်ပြီဆိုလျှင်အမျိုးစားခွဲခြားတဲ့ Code 7 မျိုးရှိတယ်ဗျ။

 

● Onwer Code
● Product Code
● Serial Code
● Check Digit
● Length Code
● Height Code
● Type Code ဆိုပြီး 7 မျိုးရှိပါတယ်ဗျ။

 

● Onwer Code
ရှင်းပြရရင် ဥပမာ USLU 411308-7ဆိုကြပါဆို့ ပထမ 3လုံးဖြစ်တဲ့ USL က Onwer Code ပါ US Line ပေါ့ဗျာ

 

● Product Code
Product code မျာ 4မျိုးဖြစ်နိုင်တယ်ဗျ
U =သာမန် container
Z=Trailer & Chassis
J=Detachable Freight Container & Related equipment
R=Reefer Container စတာတွေတွေ့ရှိရမှာပါ

 

● Serial Number
Serial Number ကတော့ရှင်းတယ် 411308 ကို ခေါ်ပါတယ်ဗျ။

 

● Check Digit
Check Digit ကို logistics နယ်ပယ်ထဲက လူတွေအတွက်အကြမ်းဖျင်းပြောမယ် အခုမှစလေ့လာသူအတွက် နောက်မှ အကျယ်တစ်ပွင့်ရှင်းပြပြီးပုဒ်စာတွက်မယ်ဗျာ အခုကျွန်တော်တို့ Serial Number 6လုံး နောက် က 7လေးကို Check Digit လို့ခေါ်ပါတယ်ဗျ သူက Container အတုအပ ပြုလုပ်၍မရအောင် Formula နဲ့တွက်ထုတ်ထားခြင်းဖြစ်ပါတယ်ဗျ။

Formula အရ Check Digit တွက်ရန် ပထမဆုံး words တွေကို digit ‌ပြောင်းရမယ် ဘယ်လိုလဲဆိုတော့ ပြောင်းနည်းက Constant ပါပဲ A to Z ကို 10ကနေစပြီး နံပါတ်ပေးရပါမယ် ပြီးတော့ 11နှင့် စားလို့ပြတ်တဲ့ 11.22.33တို့မပါဝင်ရပါဘူး။
ဥပမာ A10,B12,C13,D14.....,စသဖြင့်သွားရပါမည်။

Words digit တွေကို ပြောင်းပြီး ရှိရင်းစွဲ Digit ကိုမပြောင်းပါဘူး Check Digit ကိုထည့်မတွက်ပါဘူး ဥပမာ USLU 411308 မှာ USLU ကို ကျသော ဂဏန်းများဖြင့်ထည့်ပြီး ပြောင်းပြီး Digit တွေကို 2Factor တွေနဲ့မြောက်ရပါမယ် အဲ့ဒီ့ မြောက်လဒ် အားလုံးပေါင်းတာက Equation 1ပါ

နောက် အဲ့ဒီ့ရလဒ်ကို 11နဲ့စား ဒသမ ကိန်းနဲ့ထွက်မယ် ထို ဒသမကိန်းကိုဖယ် ကိန်းပြည့်ယူ ပြီး 11နဲ့ပြန်မြှောက် ရတဲ့အဖြေကို Equation 2 အဖြစ်ထား ပြီးတော့မှ Equation 1-Equation 2 ကိုနုတ်လိုက်ရင် အခုထွက်ရှိနေတဲ့ 7 ဆို‌တဲ့ Check Digit ကိုရပါတယ်ဗျ။

လည်သွားပြီးလားထားပါ Knowledge အနေနဲ့ပြောတာပါ မသိလဲဖြစ်တယ် ပြသနာမရှိဘူးကျန်တာဆက်ရအောင်

 

● Length Code
သူကနော့ container နံပါတ်အောက်ကကပ်လျက်ပါနဲ့ နံပါတ် 4လုံးတွေ့ရပါလိမ့်မယ် အဲ့ 4 လုံးထဲက ပထမတစ်လုံး က Length code ဖြစ်ပါတယ်ဗျ
ဥပမာ 2=20feet container
4=40
L=45
M=48 feet စတဲ့ container length ကိုပြတယ်ဗျ။

 

● Hight Code
4 လုံးမှာ ဒုတိယ ဖေါ်ပြတဲ့ကောင်ကိုခေါ်တာဗျ
ဥပမာ 0=height 8 feet
2= 8 feet 6 inches
4=9 feet
5=9 feet 6 inches ဆိုပါတော့ အသုံးများတာပေါ့နော် Alphabet လဲလာတာတွေရှိတယ်နောက်မှဖေါ်ပြပေးပါ့မယ်။

 

● Type Code
ဒါကနော့ လေးလုံးထဲက ကျန်တဲ့ နှစ်လုံးတွဲလေးဖြစ်ပါတယ်ဗျ
ဥပမာ G1 =General Perpose Use
R1=Refrigerated Container
U1=Open Top Container
P1=Platform Container
T1=Tank Container စသဖြင့် type code ပေါ့ဗျာ။

 

Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ

 


credit : KoPyone

 

>>>Zawgyi<<<

 

Container အေၾကာင္းတစ္ေစ့တစ္ေစာင္း

 

Logistics နယ္ပယ္မွာ အေရးပါဆုံးျဖစ္တဲ့ Container အေၾကာင္းေလးေျပာျပပါရေစဗ်၊Container ရဲ႕ အေပၚရံပါတဲ့အေခၚအေဝၚ‌ေတြေတာ့ ကြၽန္ေတာ္မေဖၚျပေတာ့ဘူး ေအာက္ကပုံတြင္ေဖၚျပေပးပါမယ္ဗ် စာအရမ္းရွည္သြားမွာစိုးလို႔ဗ် ကြၽန္ေတာ္က အဓိကက်တဲ့ နံပါတ္ အေခၚအေဝၚ ဘာကိုရည္ၫႊန္းတယ္ဆိုတာကိုေဖၚျပေပးပါ့မယ္ဗ် ပုံထဲပါတာေတြလဲအ‌ေရးႀကီးပါတယ္ဗ် အ‌ေရးမႀကီးဘူးထင္မစိုးလို႔ပါ။

 

container တစ္လုံးကို ၾကည့္လိုက္ၿပီဆိုလွ်င္အမ်ိဳးစားခြဲျခားတဲ့ Code 7 မ်ိဳးရွိတယ္ဗ်။

 

● Onwer Code
● Product Code
● Serial Code
● Check Digit
● Length Code
● Height Code
● Type Code ဆိုၿပီး 7 မ်ိဳးရွိပါတယ္ဗ်။

 

● Onwer Code
ရွင္းျပရရင္ ဥပမာ USLU 411308-7ဆိုၾကပါဆို႔ ပထမ 3လုံးျဖစ္တဲ့ USL က Onwer Code ပါ US Line ေပါ့ဗ်ာ။

 

● Product Code
Product code မ်ာ 4မ်ိဳးျဖစ္ႏိုင္တယ္ဗ်
U =သာမန္ container
Z=Trailer & Chassis
J=Detachable Freight Container & Related equipment
R=Reefer Container စတာေတြေတြ႕ရွိရမွာပါ။

 

● Serial Number
Serial Number ကေတာ့ရွင္းတယ္ 411308 ကို ေခၚပါတယ္ဗ်။

 

● Check Digit
Check Digit ကို logistics နယ္ပယ္ထဲက လူေတြအတြက္အၾကမ္းဖ်င္းေျပာမယ္ အခုမွစေလ့လာသူအတြက္ ေနာက္မွ အက်ယ္တစ္ပြင့္ရွင္းျပၿပီးပုဒ္စာတြက္မယ္ဗ်ာ အခုကြၽန္ေတာ္တို႔ Serial Number 6လုံး ေနာက္ က 7ေလးကို Check Digit လို႔ေခၚပါတယ္ဗ် သူက Container အတုအပ ျပဳလုပ္၍မရေအာင္ Formula နဲ႔တြက္ထုတ္ထားျခင္းျဖစ္ပါတယ္ဗ်။

Formula အရ Check Digit တြက္ရန္ ပထမဆုံး words ေတြကို digit ‌ေျပာင္းရမယ္ ဘယ္လိုလဲဆိုေတာ့ ေျပာင္းနည္းက Constant ပါပဲ A to Z ကို 10ကေနစၿပီး နံပါတ္ေပးရပါမယ္ ၿပီးေတာ့ 11ႏွင့္ စားလို႔ျပတ္တဲ့ 11.22.33တို႔မပါဝင္ရပါဘူး

ဥပမာ A10,B12,C13,D14.....,စသျဖင့္သြားရပါမည္

Words digit ေတြကို ေျပာင္းၿပီး ရွိရင္းစြဲ Digit ကိုမေျပာင္းပါဘူး Check Digit ကိုထည့္မတြက္ပါဘူး ဥပမာ USLU 411308 မွာ USLU ကို က်ေသာ ဂဏန္းမ်ားျဖင့္ထည့္ၿပီး ေျပာင္းၿပီး Digit ေတြကို 2Factor ေတြနဲ႔ေျမာက္ရပါမယ္ အဲ့ဒီ့ ေျမာက္လဒ္ အားလုံးေပါင္းတာက Equation 1ပါ

ေနာက္ အဲ့ဒီ့ရလဒ္ကို 11နဲ႔စား ဒသမ ကိန္းနဲ႔ထြက္မယ္ ထို ဒသမကိန္းကိုဖယ္ ကိန္းျပည့္ယူ ၿပီး 11နဲ႔ျပန္ေျမႇာက္ ရတဲ့အေျဖကို Equation 2 အျဖစ္ထား ၿပီးေတာ့မွ Equation 1-Equation 2 ကိုႏုတ္လိုက္ရင္ အခုထြက္ရွိေနတဲ့ 7 ဆို‌တဲ့ Check Digit ကိုရပါတယ္ဗ်

လည္သြားၿပီးလားထားပါ Knowledge အေနနဲ႔ေျပာတာပါ မသိလဲျဖစ္တယ္ ျပသနာမရွိဘူးက်န္တာဆက္ရေအာင္။

 

● Length Code
သူကေနာ့ container နံပါတ္ေအာက္ကကပ္လ်က္ပါနဲ႔ နံပါတ္ 4လုံးေတြ႕ရပါလိမ့္မယ္ အဲ့ 4 လုံးထဲက ပထမတစ္လုံး က Length code ျဖစ္ပါတယ္ဗ်
ဥပမာ 2=20feet container
4=40
L=45
M=48 feet စတဲ့ container length ကိုျပတယ္ဗ်။

 

● Hight Code
4 လုံးမွာ ဒုတိယ ေဖၚျပတဲ့ေကာင္ကိုေခၚတာဗ်
ဥပမာ 0=height 8 feet
2= 8 feet 6 inches
4=9 feet
5=9 feet 6 inches ဆိုပါေတာ့ အသုံးမ်ားတာေပါ့ေနာ္ Alphabet လဲလာတာေတြရွိတယ္ေနာက္မွေဖၚျပေပးပါ့မယ္။

 

● Type Code
ဒါကေနာ့ ေလးလုံးထဲက က်န္တဲ့ ႏွစ္လုံးတြဲေလးျဖစ္ပါတယ္ဗ်
ဥပမာ G1 =General Perpose Use
R1=Refrigerated Container
U1=Open Top Container
P1=Platform Container
T1=Tank Container စသျဖင့္ type code ေပါ့ဗ်ာ။


credit : KoPyone

 

No photo description available.

 

 

No photo description available.

 

Transportation Services သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေပါင္း ၇၉၀ ကိုရွာရန္ႏိွပ္ပါ

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)