Containers

တစ္ဆေသင်္ဘော MV Alta တစ်နှစ်ကြာခရီး အိုင်ယာလန်မှာ အဆုံးသတ်

တစ္ဆေသင်္ဘော MV Alta တစ်နှစ်ကြာခရီး အိုင်ယာလန်မှာ အဆုံးသတ် google

အိုင်ယာလန်နိုင်ငံ Cork ကမ်းခြေ ကျောက်တန်းပေါ် တင်နေသော MV Alta သင်္ဘောဆီသို့ မသွားရန် ဌာနေ အာဏာပိုင်တို့က သတိပေးထားသည်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် Dennis မုန်တိုင်းဒဏ်ကြောင့် ကမ်းခြေကျောက်တန်းပေါ် တင်ကျန်ရစ်သည့် MV Alta သင်္ဘောသည် သင်္ဘောဝန်ထမ်းတို့က လွန်ခဲ့သည့် တစ်နှစ်ဝန်းကျင်က စွန့်ခွာခဲ့ပြီး လူမပါပဲ မျောနေခဲ့ရာ မည်သည့်ဆိပ်ကမ်းမှ မရောက်ရှိခဲ့ဘဲ ယခုလို သောင်တင်သွားခြင်း ဖြစ်သည်။

 

အလျား ၇၇ မီတာ ရှည်လျားသည့် ကုန်တင်သင်္ဘော MV Alta သည ်တစ်နှစ်တာခရီး၌ အမေရိကဈ အာဖရိကနှင့် ဥရောပတို့ကို ကွင်းရှောင်ခဲ့ပြီး ယခုလို အိုင်ယာလန်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သဖြင့် မီဒီယာတို့က တစ္ဆေသင်္ဘော ghost ship ဟု သတင်းဖော်ပြကြသည်။အိုင်ယာလန် ကမ်းခြေစောင့်တပ်နှင့်ဌာနေအာဏာပိုင်တို့က သင်္ဘောတင်နေသည့် ကျောက်တန်းသည် သွားလာရန် အန္တရာယ်ကြီးမားသည့်နေရာ ဖြစ်နေသဖြင့် သင်္ဘောဆီသို့ သွားရောက်ခြင် မပြုကြရန် ကြေညာချက် ထုတ်ပြန်ထားသည်။

 

ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်များက သင်္ဘောတည်ရှိသည့် နေရာတစ်ဝိုက်သို့ သွားရောက် စစ်ဆေးကြည့်ရှုခဲ့ပြီး MV Alta ကြောင့် ရေထုညစ်ညမ်းမှု မတွေ့ခဲ့ရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အနီးကပ် စစ်ဆေးရန်မှာ ဒီရေကျချိန်နှင့် လှိုင်းလေငြိမ်ချိန်ကို စောင့်ရဦးမည်ဟု ဆိုသည်။

 

MV Alta ကို ၁၉၇၆ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး မှတ်ပုံတင်ထားသည်မှာ တန်ဇန်းနီးယားအလံ ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ပိုင်ရှင် ပြောင်းလဲခဲ့သည်။ ဂရိနိုင်ငံမှ ဟီတီသို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ခရီးစဉ် စတင်ခဲ့ပြီး ဘာမြူဒါမှ ကီလိုမီတာ ၂၂၂၀ အကွာတွင် စက်ပျက်ပြီး မျောနေခဲ့သည်။ စားနပ်ရိက္ခာ နှစ်ရက်စာနှင့် ရေ ၁၅ ရက်စာ ကျန်ရှိတော့ကြောင်း ထိခိုက်ဒဏ်ရာရသူ မရှိ၊ ကျန်းမာရေး ထိခိုက်သူလည်း မရှိကြောင်း သတင်းပေးပို့သဖြင့် အောက်တိုဘာလ ၂ ရက်တွင် HC-130 Hercules လေယာဉ်ဖြင့် တစ်ပတ်စာ စားနပ်ရိက္ခာ ချပေးခဲ့သည်။

 

ဆိပ်ကမ်းလိပ်စာများ သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/ports.html

 

 

ရိက္ခာချပေးသည့် လေယာဉ်ပေါ်မှ မြင်ရပုံ

 

စက်ပြန်ကောင်းအောင် ပြုပြင်နိုင်ခြင်း မရှိသဖြင့်ရက်ပေါင်း ၂၀ တိုင်တိုင် မျောနေခဲ့ပြီးနောက် သင်္ဘောပေါ် ပါဝင်သူ ၁၀ ဦးတို့ကို အမေရိကန် ကမ်းခြေစောင့်တပ်မှ ကယ်တင်ခဲ့သည်။ အမေရိကန် ကမ်းခြေစောင့်တပ်မှ သင်္ဘောပိုင်ရှင်ထံ ဆက်သွယ်အကြောင်းကြားပြီး ကမ်းရှိရာသို့ ဆွဲခေါ်ဖို့ စီစဉ်ရန် ပြောကြားခဲ့သည်။ Guyana နိုင်ငံသို့ MV Alta ကို ဆွဲခေါ်သွားခဲ့ရာ လမ်းခရီးတွင် ကြမ္မာငင်ခဲ့သည်။ သင်္ဘောပေါ်သို့ အပိုင်စီးလုယက်သူများ ရောက်ရှိကြောင်း သတင်းပေးပို့ခဲ့ပြီးနောက် မည်သည့်အဆက်အသွယ်မှ မရရှိခဲ့တော့ချေ။

 

၂၀၁၉ ခုနှစ် သြဂုတ်လတွင် တော်ဝင်ရေတပ်မှ ရေခဲပြင်အန္တရာယ် ကင်းလှည့်သင်္ဘော HMS Protector က အတ္တလန်တိတ်သမုဒ္ဒရာထဲတွင် MV Alta ကို တွေ့ရှိခဲ့ပြီး ဆက်သွယ်ခဲ့ရာ အကြောင်း ပြန်ကြားခြင်း မရှိချေ။ သင်္ဘောပေါ်တွင် လူမပါဘဲ မျောနေသည်ဟု ကောက်ချက်ချခဲ့ကြသည်။ သင်္ဘောတွေ့ရှိသည့်သတင်းကို Twitter တွင် ဖော်ပြခဲ့သည်။

 

 

 

 

MV Alta တစ်နှစ်ကျော်ကြာ မျောနေခဲ့ရာ အာဖရိက မှ မြောက်ဖက်သို့ မျောလာခဲ့ပြီး ဥရောပမှ စပိန်ကို ကျော်ပြီး အိုင်ယာလန်ကမ်းခြေသို့ ဆိုက်ရောက်ခဲ့ခြင်း ဖြစ်မည်ဟု လမ်းကြောင်းကို ခန့်မှန်းထားကြသည်။ MV Alta သည် စွန့်ထားသည်မှာ တစ်နှစ်ကျော် ရှိပြီဖြစ်၍ သံချေး တက်နေပြီဖြစ်သော်လည်း မပျက်မယွင်း ရှိဆဲဖြစ်သည့်အပြင် မုန်တိုင်းများ၏ ပင်လယ်လှိုင်းလုံးကြီးများကို ကြံ့ကြံ့ခံပြီး မမြုပ်ဘဲ ယခုလို ကျောက်တန်းပေါ် လာတင်နေခြင်းဖြစ်သဖြင် တစ္ဆေသင်္ဘောဟု မီဒီယာများက ဖော်ပြကြခြင်း ဖြစ်သည်။

 

<<<Zawgyi>>>

 

တေစၧသေဘၤာ MV Alta တစ္ႏွစ္ၾကာခရီး အိုင္ယာလန္မွာ အဆုံးသတ္

 

အိုင္ယာလန္ႏိုင္ငံ Cork ကမ္းေျခ ေက်ာက္တန္းေပၚ တင္ေနေသာ MV Alta သေဘၤာဆီသို႔ မသြားရန္ ဌာေန အာဏာပိုင္တို႔က သတိေပးထားသည္။ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၆ ရက္တြင္ Dennis မုန္တိုင္းဒဏ္ေၾကာင့္ ကမ္းေျခေက်ာက္တန္းေပၚ တင္က်န္ရစ္သည့္ MV Alta သေဘၤာသည္ သေဘၤာ၀န္ထမ္းတို႔က လြန္ခဲ့သည့္ တစ္ႏွစ္၀န္းက်င္က စြန္႔ခြာခဲ့ၿပီး လူမပါပဲ ေမ်ာေနခဲ့ရာ မည္သည့္ဆိပ္ကမ္းမွ မေရာက္ရွိခဲ့ဘဲ ယခုလို ေသာင္တင္သြားျခင္း ျဖစ္သည္။

 

အလ်ား ၇၇ မီတာ ရွည္လ်ားသည့္ ကုန္တင္သေဘၤာ MV Alta သည ္တစ္ႏွစ္တာခရီး၌ အေမရိကဈ အာဖရိကႏွင့္ ဥေရာပတို႔ကို ကြင္းေရွာင္ခဲ့ၿပီး ယခုလို အိုင္ယာလန္သို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္ရွိ္လာခဲ့ျခင္း ျဖစ္သျဖင့္ မီဒီယာတို႔က တေစၦသေဘၤာ ghost ship ဟု သတင္းေဖာ္ျပၾကသည္။အိုင္ယာလန္ ကမ္းေျခေစာင့္တပ္ႏွင္ ့ဌာေနအာဏာပိုင္တို႔က သေဘၤာတင္ေနသည့္ ေက်ာက္တန္းသည္ သြားလာရန္ အႏၲရာယ္ႀကီးမားသည့္ေနရာ ျဖစ္ေနသျဖင့္ သေဘၤာဆီသို႔ သြားေရာက္ျခင္ မျပဳၾကရန္ ေၾကညာခ်က္ ထုတ္ျပန္ထားသည္။ပတ္၀န္းက်င္ဆိုင္ရာ သိပံၸပညာရွင္မ်ားက သေဘၤာတည္ရွိသည့္ ေနရာတစ္ဝိုက္သို႔ သြားေရာက္ စစ္ေဆးၾကည့္ရႈခဲ့ၿပီး MV Alta ေၾကာင့္ ေရထုညစ္ညမ္းမႈ မေတြ႕ခဲ့ရေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။ အနီးကပ္ စစ္ေဆးရန္မွာ ဒီေရက်ခ်ိန္ႏွင့္ လႈိင္းေလၿငိမ္ခ်ိန္ကို ေစာင့္ရဦးမည္ဟု ဆိုသည္။

 

MV Alta ကို ၁၉၇၆ ခုႏွစ္တြင္ တည္ေဆာက္ခဲ့ၿပီး မွတ္ပုံတင္ထားသည္မွာ တန္ဇန္းနီးယားအလံ ျဖစ္သည္။ ၂၀၁၇ ခုႏွစ္တြင္ ပိုင္ရွင္ ေျပာင္းလဲခဲ့သည္။ ဂရိႏိုင္ငံမွ ဟီတီသို႔ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလတြင္ ခရီးစဥ္ စတင္ခဲ့ၿပီး ဘာျမဴဒါမွ ကီလိုမီတာ ၂၂၂၀ အကြာတြင္ စက္ပ်က္ၿပီး ေမ်ာေနခဲ့သည္။ စားနပ္ရိကၡာ ႏွစ္ရက္စာႏွင့္ ေရ ၁၅ ရက္စာ က်န္ရွိေတာ့ေၾကာင္း ထိခိုက္ဒဏ္ရာရသူ မရွိ၊ က်န္းမာေရး ထိခိုက္သူလည္း မရွိေၾကာင္း သတင္းေပးပို႔သျဖင့္ ေအာက္တိ္ုဘာလ ၂ ရက္တြင္ HC-130 Hercules ေလယာဥ္ျဖင့္ တစ္ပတ္စာ စားနပ္ရိကၡာ ခ်ေပးခဲ့သည္။

 

 

 

ရိကၡာခ်ေပးသည့္ ေလယာဥ္ေပၚမွ ျမင္ရပုံ

 

စက္ျပန္ေကာင္းေအာင္ ျပဳျပင္ႏိုင္ျခင္း မရွိသျဖင္ ့ရက္ေပါင္း ၂၀ တိုင္တိုင္ ေမ်ာေနခဲ့ၿပီးေနာက္ သေဘၤာေပၚ ပါ၀င္သူ ၁၀ ဦးတို႔ကို အေမရိကန္ ကမ္းေျခေစာင့္တပ္မွ ကယ္တင္ခဲ့သည္။အေမရိကန္ ကမ္းေျခေစာင့္တပ္မွ သေဘၤာပိုင္ရွင္ထံ ဆက္သြယ္အေၾကာင္းၾကားၿပီး ကမ္းရွိရာသို႔ ဆြဲေခၚဖို႔ စီစဥ္ရန္ ေျပာၾကားခဲ့သည္။ Guyana ႏိုင္ငံသို႔ MV Alta ကို ဆြဲေခၚသြားခဲ့ရာ လမ္းခရီးတြင္ ၾကမၼာငင္ခဲ့သည္။ သေဘၤာေပၚသို႔ အပိုင္စီးလုယက္သူမ်ား ေရာက္ရွိေၾကာင္း သတင္းေပးပို႔ခဲ့ၿပီးေနာက္ မည္သည့္အဆက္အသြယ္မွ မရရွိခဲ့ေတာ့ေခ်။

 

၂၀၁၉ ခုႏွစ္ ၾသဂုတ္လတြင္ ေတာ္၀င္ေရတပ္မွ ေရခဲျပင္အႏၲရာယ္ ကင္းလွည့္သေဘၤာ HMS Protector က အတၱလန္တိတ္သမုဒၵရာထဲတြင္ MV Alta ကို ေတြ႕ရွိခဲ့ၿပီး ဆက္သြယ္ခဲ့ရာ အေၾကာင္း ျပန္ၾကားျခင္း မရွိေခ်။ သေဘၤာေပၚတြင္ လူမပါဘဲ ေမ်ာေနသည္ဟု ေကာက္ခ်က္ခ်ခဲ့ၾကသည္။ သေဘၤာေတြ႕ရွိသည့္သတင္းကို Twitter တြင္ ေဖာ္ျပခဲ့သည္။

 

 

 

MV Alta တစ္ႏွစ္ေက်ာ္ၾကာ ေမ်ာေနခဲ့ရာ အာဖရိက မွ ေျမာက္ဖက္သို႔ ေမ်ာလာခဲ့ၿပီး ဥေရာပမွ စပိန္ကို ေက်ာ္ၿပီး အိုင္ယာလန္ကမ္းေျခသို႔ ဆိုက္ေရာက္ခဲ့ျခင္း ျဖစ္မည္ဟု လမ္းေၾကာင္းကို ခန္႔မွန္းထားၾကသည္။ MV Alta သည္ စြန္႔ထားသည္မွာ တစ္ႏွစ္ေက်ာ္ ရွိၿပီျဖစ္၍ သံေခ်း တက္ေနၿပီျဖစ္ေသာ္လည္း မပ်က္မယြင္း ရွိဆဲျဖစ္သည့္အျပင္ မုန္တိုင္းမ်ား၏ ပင္လယ္လႈိင္းလုံးႀကီးမ်ားကို ၾကံ႕ၾကံ႕ခံၿပီး မျမဳပ္ဘဲ ယခုလို ေက်ာက္တန္းေပၚ လာတင္ေနျခင္းျဖစ္သျဖင္ တေစၧသေဘၤာဟု မီဒီယာမ်ားက ေဖာ္ျပၾကျခင္း ျဖစ္သည္။

 

ဆိပ္ကမ္းလိပ္စာမ်ား သိရိွလိုပါက - https://www.logisticsguide.com.mm/en/category-index/ports.html


 

Myanmar Logistics Guide

Read times
Rate this item
(0 votes)