Containers

ပင်လယ်ထဲက ပလတ်စတစ်စတွေကို လောင်စာစွမ်းအင်အဖြစ်ပြောင်းလဲပစ်မယ့် ဒေါ်လာ ၅၂ သန်း တန်သင်္ဘော

တစ်နှစ်ကို ပင်လယ်ထဲ ပစ်နေတဲ့ ပလတ်စတစ်တွေဟာ တန်ချိန်ပေါင်း ၃၃၅ သန်းနီးပါးရှိနေပြီး ဒါဟာလွန်ခဲ့တဲ့ နှစ် ၅၀ ကထက် ၅ ဆလောက်များပြားတဲ့ ပမာဏပဲဖြစ်ပါတယ်။

 

အခုချိန်မှာဆိုရင် ပင်လယ်ထဲမှာ ပလတ်စတစ်စပေါင်း ၅ တြီလျံတန်လောက်ရှိနေပြီပဲဖြစ်ပါတယ်။ The Ocean Savior လို့နာမည်ပေးထားတဲ့ ပလတ်စတစ်ရှင်းလင်းရေးသင်္ဘောဟာဆိုရင်တော့ တစ်နေ့ကို ပလတ်စတစ် ၅ တန်ဖျက်ဆီးပစ်ပြီးတော့ လောင်စာအဖြစ်ပြောင်းလဲသုံးစွဲသွားမှာပဲဖြစ်ပါတယ်။

 

ပလတ်စတစ်တွေကိုတော့ သင်္ဘောပေါ်မှာပါရှိတဲ့ နည်းပညာမြင့် စက်ကိရိယာတွေနဲ့ လေထုညစ်ညမ်းမှုအနည်းဆုံးအတိုင်းအတာတစ်ခုထိရောက်အောင် စစ်ထုတ်ဖျက်ဆီးသွားမှာပဲဖြစ်ပါတယ်။ သင်္ဘောရဲ့ဘေးဘက်မှာလည်း ပလတ်စတစ်တွေကို ဖမ်းဖို့အတွက် အရှည် ၇၀ မီတာရှိတဲ့ ပိုက်အကွေးနှစ်ခုလည်းပါရှိပါတယ်။ The YachtMarket မှ သင်္ဘော ပရောဂျက်ကိုစတင်ခဲ့သူ Richard Roberts ကတော့ သူဟာ Blue Planet ဇာတ်ကားကိုကြည့်ရင်း ဒီစိတ်ကူးရခဲ့တာလို့ပြောပြခဲ့ပါတယ်။

 

သင်္ဘောဒီဇိုင်းကိုတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား သင်္ဘောဒီဇိုင်းပညာရှင်တစ်ယောက်ဖြစ်တဲ့ Ricky Smith က ဆွဲသားခဲ့တာပဲဖြစ်ပါတယ်။ ပရောဂျက်ကိုဦးဆောင်နေသူ Dr Andrew Baglin က ပရောဂျက်အကြောင်းအခုလိုပဲရှင်းလင်းပြောကြားခဲ့ပါတယ်။

 

“နေ့စဉ်နဲ့အမျှ ပင်လယ်ထဲက ပလတ်စတစ်တွေဆယ်ယူတဲ့နေရာမှာ တွက်ချက်ရတာမျိုးတွေရှိတယ် ။ ဆိပ်ကမ်း နဲ့ အကွာအဝေး ၊ သင်္ဘောရဲ့အကျယ်အဝန်း နဲ့ လောင်စာချက်လုပ်ရမယ့်နေရာ အစရှိတာတွေကို တွက်ချက်ရပါတယ်။ ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ကျွန်တော်တို့အထူးသတိပြုပြီးလုပ်ဆောင်နေပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

 

ဒီတစ်ပတ်အတွင်းမှာတော့ ပလတ်စတစ်သိမ်းဆည်းရေးသင်္ဘောကြီးဟာ ပလတ်စတစ်စပေါင်း ၁.၈ တြီလျံ ရှိနေတဲ့ ပစိဖိတ်ပင်လယ်ထဲသွားပြီး ပလတ်စတစ်စ ၁သိန်းနီးပါးဆယ်ယူနိုင်ဖို့ မျှော်မှန်းထားပါတယ်။

 

Ports ဆိပ်ကမ်းဝန်ဆောင်မှုများကိုရှာဖွေရန်နှိပ်ပါ

 

<<<Zawgyi>>>

 

ပင္လယ္ထဲက ပလတ္စတစ္စေတြကို ေလာင္စာစြမ္းအင္အျဖစ္ေျပာင္းလဲပစ္မယ့္ ေဒၚလာ ၅၂ သန္း တန္သေဘၤာ

 

တစ္ႏွစ္ကို ပင္လယ္ထဲ ပစ္ေနတဲ့ ပလတ္စတစ္ေတြဟာ တန္ခ်ိန္ေပါင္း ၃၃၅ သန္းနီးပါးရွိေနၿပီး ဒါဟာလြန္ခဲ့တဲ့ ႏွစ္ ၅၀ ကထက္ ၅ ဆေလာက္မ်ားျပားတဲ့ ပမာဏပဲျဖစ္ပါတယ္။အခုခ်ိန္မွာဆိုရင္ ပင္လယ္ထဲမွာ ပလတ္စတစ္စေပါင္း ၅ ႀတီလ်ံတန္ေလာက္ရွိေနၿပီပဲျဖစ္ပါတယ္။ The Ocean Savior လို႔နာမည္ေပးထားတဲ့ ပလတ္စတစ္ရွင္းလင္းေရးသေဘၤာဟာဆိုရင္ေတာ့ တစ္ေန႔ကို ပလတ္စတစ္ ၅ တန္ဖ်က္ဆီးပစ္ၿပီးေတာ့ ေလာင္စာအျဖစ္ေျပာင္းလဲသုံးစြဲသြားမွာပဲျဖစ္ပါတယ္။

 

ပလတ္စတစ္ေတြကိုေတာ့ သေဘၤာေပၚမွာပါရွိတဲ့ နည္းပညာျမင့္ စက္ကိရိယာေတြနဲ႔ ေလထုညစ္ညမ္းမႈအနည္းဆုံးအတိုင္းအတာတစ္ခုထိေရာက္ေအာင္ စစ္ထုတ္ဖ်က္ဆီးသြားမွာပဲျဖစ္ပါတယ္။ သေဘၤာရဲ႕ေဘးဘက္မွာလည္း ပလတ္စတစ္ေတြကို ဖမ္းဖို႔အတြက္ အရွည္ ၇၀ မီတာရွိတဲ့ ပိုက္အေကြးႏွစ္ခုလည္းပါရွိပါတယ္။ The YachtMarket မွ သေဘၤာ ပေရာဂ်က္ကိုစတင္ခဲ့သူ Richard Roberts ကေတာ့ သူဟာ Blue Planet ဇာတ္ကားကိုၾကည့္ရင္း ဒီစိတ္ကူးရခဲ့တာလို႔ေျပာျပခဲ့ပါတယ္။

 

သေဘၤာဒီဇိုင္းကိုေတာ့ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးသမား သေဘၤာဒီဇိုင္းပညာရွင္တစ္ေယာက္ျဖစ္တဲ့ Ricky Smith က ဆြဲသားခဲ့တာပဲျဖစ္ပါတယ္။ ပေရာဂ်က္ကိုဦးေဆာင္ေနသူ Dr Andrew Baglin က ပေရာဂ်က္အေၾကာင္းအခုလိုပဲရွင္းလင္းေျပာၾကားခဲ့ပါတယ္။

 

“ေန႔စဥ္နဲ႔အမွ် ပင္လယ္ထဲက ပလတ္စတစ္ေတြဆယ္ယူတဲ့ေနရာမွာ တြက္ခ်က္ရတာမ်ိဳးေတြရွိတယ္ ။ ဆိပ္ကမ္း နဲ႔ အကြာအေဝး ၊ သေဘၤာရဲ႕အက်ယ္အဝန္း နဲ႔ ေလာင္စာခ်က္လုပ္ရမယ့္ေနရာ အစရွိတာေတြကို တြက္ခ်က္ရပါတယ္။ ပတ္ဝန္းက်င္ ထိခိုက္မႈမရွိေအာင္ ကြၽန္ေတာ္တို႔အထူးသတိျပဳၿပီးလုပ္ေဆာင္ေနပါတယ္ ” လို႔ေျပာၾကားခဲ့ပါတယ္။

 

ဒီတစ္ပတ္အတြင္းမွာေတာ့ ပလတ္စတစ္သိမ္းဆည္းေရးသေဘၤာႀကီးဟာ ပလတ္စတစ္စေပါင္း ၁.၈ ႀတီလ်ံ ရွိေနတဲ့ ပစိဖိတ္ပင္လယ္ထဲသြားၿပီး ပလတ္စတစ္စ ၁သိန္းနီးပါးဆယ္ယူႏိုင္ဖို႔ ေမွ်ာ္မွန္းထားပါတယ္။

 

 

Credit :  Min Thu ( XYZ News )

 

Ports ဆိပ္ကမ္းဝန္ေဆာင္မႈမ်ားကိုရွာေဖြရန္ႏွိပ္ပါ

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)