Containers

ခရီးစဉ်ပျက် ကွန်တိန်နာသင်္ဘော ပမာဏ teu ၃ သန်းကျော် စံချိန်တင်

ခရီးစဉ်များ ပျက်ကုန်သည့် ကွန်တိန်နာသင်္ဘောများ ပမာဏသည် teu(twenty-foot equivalent unit) ၃ သန်းအထက်သို့

ရောက်ရှိသွားပြီး စံချိန်သစ် တင်သွားကြောင်ဒ ရေကြောင်း ဆန်းစစ်မှုလုပ်ငန်း Alphaliner က ထုတ်ပြန်သည်။

တရုတ်နှစ်သစ်ကူးကာလ တစ်ပတ်တာ အားလပ်ရက်များတွင် ယခင်ကလည်း ကွန်တိန်နာ ပို့ဆောင်မှု ပမာဏ လျော့ကျစမြဲဖြစ်သည်။ ယခုနှစ်တွင် ကိုဗစ်ကြောင့် နှစ်သစ်ကူးကာလအပြီးတွင် ပုံမှန်ပြန်ဖြစ်မလာတော့ဘဲ ဆက်လက် ထိုးဆင်းသွားခဲ့ရာ မတ်လဆန်းတွင် ပုံမှန်ပြေးဆွဲနေကျ ခရီးစဉ်များ ရုပ်သိမ်းကြသဖြင့် teu နှစ်သန်းခွဲနီးပါး ခရီးစဉ်ပျက်နေကြခဲ့ပြီး ဆက်လက် ပိုဆိုးဝါးလာပြီး ယခုလို စံချိန်သစ်ဆီ ရောက်ရှိသွားခဲ့သည်။


Alphaliner ၏ အစီရင်ခံချက်တွင် ဒုတိယ သုံးလပတ်အတွင်း၌ ခရီးစဉ်ပေါင်း ၂၅၀ ကျော်ကို ရုပ်သိမ်းဖွယ် ရှိနေသည်ဟု ဖော်ပြထားသည်။ အခြေအနေ ဆိုးဝါးသည့် ပုံမှန်ခရီးစဉ်များတွင် ၃၀% ကျော် ပယ်ဖျက်ပြီးသား ဖြစ်နေသည်။

မျှော်လင့်စရာ ရှိသည်မှာ လေကြောင်း ကုန်စည်ပို့ဆောင်မှုတွင် တန်ဆာခများ အဆမတန် မြင့်တက်နေသဖြင့် ကုန်စည်ပေးပို့သူအချို့တို့သည် ပင်လယ်ရေကြောင်းဖြင့် ပေးပို့ရန် ရွေးချယ်လာကြခြင်း ဖြစ်သည်။ လုံလောက်သော ပမာဏကို ရရှိမည် မဟုတ်သော်လည်း ရေကြောင်းတန်ဆာခ နှုန်းထား ထိုးကျမသွားအောင် ထိုအပြောင်းအရွှေ့က ထိန်းပေးထားမည်ဟု ခန့်မှန်းထားကြသည်။

 

ခရီးစဥ္ပ်က္ ကြန္တိန္နာသေဘၤာ ပမာဏ teu ၃ သန္းေက်ာ္ စံခ်ိန္တင္

ခရီးစဥ္မ်ား ပ်က္ကုန္သည့္ ကြန္တိန္နာသေဘၤာမ်ား ပမာဏသည္ teu(twenty-foot equivalent unit) ၃ သန္းအထက္သို႔ ေရာက္ရွိသြားၿပီး စံခ်ိန္သစ္ တင္သြားေၾကာင္ဒ ေရေၾကာင္း ဆန္းစစ္မႈလုပ္ငန္း Alphaliner က ထုတ္ျပန္သည္။

တ႐ုတ္ႏွစ္သစ္ကူးကာလ တစ္ပတ္တာ အားလပ္ရက္မ်ားတြင္ ယခင္ကလည္း ကြန္တိန္နာ ပို႔ေဆာင္မႈ ပမာဏ ေလ်ာ့က်စၿမဲျဖစ္သည္။ ယခုႏွစ္တြင္ ကိုဗစ္ေၾကာင့္ ႏွစ္သစ္ကူးကာလအၿပီးတြင္ ပုံမွန္ျပန္ျဖစ္မလာေတာ့ဘဲ ဆက္လက္ ထိုးဆင္းသြားခဲ့ရာ မတ္လဆန္းတြင္ ပုံမွန္ေျပးဆြဲေနက် ခရီးစဥ္မ်ား ႐ုပ္သိမ္းၾကသျဖင့္ teu ႏွစ္သန္းခြဲနီးပါး ခရီးစဥ္ပ်က္ေနၾကခဲ့ၿပီး ဆက္လက္ ပိုဆိုးဝါးလာၿပီး ယခုလို စံခ်ိန္သစ္ဆီ ေရာက္ရွိသြားခဲ့သည္။


Alphaliner ၏ အစီရင္ခံခ်က္တြင္ ဒုတိယ သုံးလပတ္အတြင္း၌ ခရီးစဥ္ေပါင္း ၂၅၀ ေက်ာ္ကို ႐ုပ္သိမ္းဖြယ္ ရွိေနသည္ဟု ေဖာ္ျပထားသည္။ အေျခအေန ဆိုးဝါးသည့္ ပုံမွန္ခရီးစဥ္မ်ားတြင္ ၃၀% ေက်ာ္ ပယ္ဖ်က္ၿပီးသား ျဖစ္ေနသည္။

ေမွ်ာ္လင့္စရာ ရွိသည္မွာ ေလေၾကာင္း ကုန္စည္ပို႔ေဆာင္မႈတြင္ တန္ဆာခမ်ား အဆမတန္ ျမင့္တက္ေနသျဖင့္ ကုန္စည္ေပးပို႔သူအခ်ိဳ႕တို႔သည္ ပင္လယ္ေရေၾကာင္းျဖင့္ ေပးပို႔ရန္ ေ႐ြးခ်ယ္လာၾကျခင္း ျဖစ္သည္။ လုံေလာက္ေသာ ပမာဏကို ရရွိမည္ မဟုတ္ေသာ္လည္း ေရေၾကာင္းတန္ဆာခ ႏႈန္းထား ထိုးက်မသြားေအာင္ ထိုအေျပာင္းအေ႐ႊ႕က ထိန္းေပးထားမည္ဟု ခန႔္မွန္းထားၾကသည္။

Read times
Rate this item
(0 votes)