ကုန်တင်သင်္ဘောများအနေဖြင့် ဗိုင်းရပ်စ်ထိခိုက်မှုအမြင့်ဆုံးကာလကို ဝင်ရောက်နေပြီဖြစ်
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် အခြေစိုက် Sea-Intelligence စောင့်ကြည့်လေ့လာသူအဖွဲ့ကတော့ လာမယ့်မေလအနေနဲ့ ဗိုင်းရပ်စကြောင့် ထိခိုက်မှု အမြင့်ဆုံး ဖြစ်မယ့်လလို့ထင်ကြေးပေးထားပါတယ်။
အာရှ မှ မြောက်ဥရောပ လမ်းကြောမှာ မေလအတွက် ခရီးစဉ်ပေါင်း ၂၀% ပယ်ဖျက်ခဲ့ကြပြီး၊ ကုန်သေတ္တာ TEUs ၂၀၀၀၀ သောင်းကျော်တင်နိုင်မယ့် သင်္ဘောကြီးတွေ လာမယ့် ဇွန် ဇူလိုင်မှာ ဥရောပ မြောက်ပိုင်းကို ကုန်တစ်ဝက်နဲ့
ဆိုက်ရောက်လာမယ့် ဆိုးဝါးသော အနေအထားမှ ရှောင်နိုင်ရန်ဖြစ်ပါတယ်။
လာမည့် ရက်သတ္တပတ် ၅ ပတ်အတွင်း၊ အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောများမှာ ခရီးစဉ် ၄၅၆ခု ကို ပယ်ဖျက်ခဲ့သလို၊ အာရှမှ တောင်အမေရိက အရှေ့ဖက်ပိုင်းအတွက် ကုန်ပမာဏ ၅၉% လည်း လျော့ကျသွားတယ် လို့ Sea-
Intelligence မှ ဆိုထားပါတယ်။
Zawgyi