Containers

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘော ဗွေဆော်ဦးခရီး စတင်

တရုတ်နိုင်ငံ အရှေ့ပိုင်း Shandong  ပြည်နယ် Qingdao တွင်တည်ရှိသော Qingdao Port တွင် HMM Algeciras ဆိုက်ကပ်ထားပုံ ( April 26, 2020) တရုတ်နိုင်ငံ အရှေ့ပိုင်း Shandong ပြည်နယ် Qingdao တွင်တည်ရှိသော Qingdao Port တွင် HMM Algeciras ဆိုက်ကပ်ထားပုံ ( April 26, 2020) [Photo/Xinhua]

TEU (ပေ ၂၀ ကွန်တိန်နာနှင့်ညီမျှသောယူနစ်) ၂၄၀၀၀ တင်ဆောင်နိုင်သော

ကမ္ဘာ့အကြီးဆုံးကွန်တိန်နာ သင်္ဘော HMM Algeciras သည် တနင်္ဂနွေနေ့ (၂၅ ဧပြီလ ၂၀၂၀ ခုနှစ်)တွင် တရုတ်နိုင်ငံအရှေ့ပိုင်း Shandong ပြည်နယ်ရှိ Qingdao ဆိပ်ကမ်းမှ စတင်ထွက်ခွာခဲ့သည်။

အရှည် ၃၁၉.၉ မီတာ၊ အကျယ် ၆၁.၀၃ မီတာ၊ စတုရန်းမီတာ ၂၄၀၀၀ ကျော်ကျယ်ဝန်းပြီး စံသတ်မှတ်ထားသည့်ဘောလုံးကွင်း ၃ ခုခွဲခန့်ရှိသည်ဟု Qingdao Qianwan United Container Terminal Co Ltd. ၏ လက်ထောက်အထွေထွေမန်နေဂျာ Zhang Jun က ပြောကြားခဲ့သည်။

မကြာသေးမီက ကိုရီးယားသမ္မတနိုင်ငံတွင် ရေချခဲ့သည့် HMM Algeciras သည် ကွန်တိန်နာများ စတင် တင်ဆောင်ရန် တနင်္ဂနွေနေ့မနက်အစောပိုင်းတွင် Qingdao ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သည်။ ဓာတု၊ စက်မှုနှင့်လျှပ်စစ်နှင့် အစားအစာထုတ်ကုန်များ TEUs ၄,၅၆၀ နှင့်အတူ Busan သို့တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် စတင်ခုတ်မောင်းခဲ့သည်။

HMM Algeciras သည် ကွန်တိန်နာသင်္ဘောခရီးစဉ် ပုံမှန်ပြေးဆွဲမည် ဖြစ်ရာ ခရီးစဉ်ဆိပ်ကမ်းတွင် Ningbo, Shanghai, Yantian, Suez Canal, Rotterdam, Hamburg, Antwerp နှင့် London တို့ ပါဝင်သည်။

Hyundai Merchant Marine (China) Co. , Ltd. ၏ဥက္ကဌ Lee Lee Joo Myung က '' တရုတ်နိုင်ငံ စီးပွားရေးအပေါ် ကျွန်တော်တို့ယုံကြည်ပါတယ်။ Qingdao ဆိပ်ကမ်းရဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးစွမ်းရည်နှင့် အရည်အသွေးပြည့်ဝသော ၀ န်ဆောင်မှုနှင့် စွမ်းဆောင်နိုင်မှုတို့ဖြင့် ကုန်တင်ပေးနေတာ ဖြစ်ပါတယ် '' ဟု ပြောကြားခဲ့သည်။

 

 

ကမာၻ႔အႀကီးဆုံး ကြန္တိန္နာသေဘၤာ ေဗြေဆာ္ဦးခရီး စတင္

TEU (ေပ ၂၀ ကြန္တိန္နာႏွင့္ညီမွ်ေသာယူနစ္) တန္ခ်ိန္ ၂၄၀၀၀ တင္ေဆာင္ႏိုင္ေသာ ကမာၻ႔အႀကီးဆုံးကြန္တိန္နာ သေဘၤာ HMM Algeciras သည္ တနဂၤေႏြေန႔ (၂၅ ဧၿပီလ ၂၀၂၀ ခုႏွစ္)တြင္ တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း Shandong ျပည္နယ္ရွိ Qingdao ဆိပ္ကမ္းမွ စတင္ထြက္ခြာခဲ့သည္။

အရွည္ ၃၁၉.၉ မီတာ၊ အက်ယ္ ၆၁.၀၃ မီတာ၊ စတုရန္းမီတာ ၂၄၀၀၀ ေက်ာ္က်ယ္ဝန္းၿပီး စံသတ္မွတ္ထားသည့္ေဘာလုံးကြင္း ၃ ခုခြဲခန႔္ရွိသည္ဟု Qingdao Qianwan United Container Terminal Co Ltd. ၏ လက္ေထာက္အေထြေထြမန္ေနဂ်ာ Zhang Jun က ေျပာၾကားခဲ့သည္။

မၾကာေသးမီက ကိုရီးယားသမၼတႏိုင္ငံတြင္ ေရခ်ခဲ့သည့္ HMM Algeciras သည္ ကြန္တိန္နာမ်ား စတင္ တင္ေဆာင္ရန္ တနဂၤေႏြေန႔မနက္အေစာပိုင္းတြင္ Qingdao ဆိပ္ကမ္းသို႔ ဆိုက္ကပ္ခဲ့သည္။ ဓာတု၊ စက္မႈႏွင့္လွ်ပ္စစ္ႏွင့္ အစားအစာထုတ္ကုန္မ်ား TEUs ၄,၅၆၀ ႏွင့္အတူ Busan သို႔တနဂၤေႏြေန႔မြန္းလြဲပိုင္းတြင္ စတင္ခုတ္ေမာင္းခဲ့သည္။

HMM Algeciras သည္ ကြန္တိန္နာသေဘၤာခရီးစဥ္ ပုံမွန္ေျပးဆြဲမည္ ျဖစ္ရာ ခရီးစဥ္ဆိပ္ကမ္းတြင္ Ningbo, Shanghai, Yantian, Suez Canal, Rotterdam, Hamburg, Antwerp ႏွင့္ London တို႔ ပါဝင္သည္။

Hyundai Merchant Marine (China) Co. , Ltd. ၏ဥကၠဌ Lee Lee Joo Myung က '' တ႐ုတ္ႏိုင္ငံ စီးပြားေရးအေပၚ ကြၽန္ေတာ္တို႔ယုံၾကည္ပါတယ္။ Qingdao ဆိပ္ကမ္းရဲ႕ ကုန္ပစၥည္းသယ္ယူပို႔ေဆာင္ေရးစြမ္းရည္ႏွင့္ အရည္အေသြးျပည့္ဝေသာ ၀ န္ေဆာင္မႈႏွင့္ စြမ္းေဆာင္ႏိုင္မႈတို႔ျဖင့္ ကုန္တင္ေပးေနတာ ျဖစ္ပါတယ္ '' ဟု ေျပာၾကားခဲ့သည္။

 

 

 

 

 

 

 

Read times
Rate this item
(0 votes)