Containers

တိုင်ဝမ် အခြေစိုက် Wan Hai မရှုံးပေမဲ့၊ Evergreen နှင့် Yang Ming အရှုံးပြလို့ နှစ်ခု ပေါင်းရန်ဆွေးနွေး

တိုင်ဝမ် အခြေစိုက် ကုန်သေတ္တာ သင်္ဘောလုပ်ငန်းတွေထဲက Wan Hai တစ်ခုဘဲ ပထမ ၃ လပတ် အရှုံးမပြဘဲ၊ Evergreen နှင့် Yang Ming ကတော့ အရှုံးပြခဲ့ပါတယ်။ Yang Ming က US$ ၂၇ သန်း နှင့် Evergreen က US$ ၁၅ သန်း ရှုံးနေချိန်မှာ Wan Hai က US$ ၃ သန်း အမြတ်ပြခဲ့ပါတယ်။ 

 

ဆိုးရွားတဲ့ အနေအထားကြောင့် Evergreen နှင့် Yang Ming နှစ်ခုပေါင်းပြီး အစိုးရ ထောက်ပံတဲ့ သင်္ဘောလုပ်ငန်းကြီးဖြစ်လာရန်မှာ၊ နှစ်ဖက်ကုမ္ပဏီ အုပ်ချုပ်သူ များက လက်မခံချင်ဘဲ ဖြစ်နေကြပါတယ်။ တရုတ်ပြည်က COSCO နှင့် CHINA Shipping ပေါင်းစပ်ခြင်း၊ ဂျပန် K Line, MOL နှင့် NYK တို့ ONE အဖြစ် ပေါင်းစပ်ခြင်း များကဲ့သို့ ပေါင်းစပ်စေချင်နေပါတယ်။

 

Image may contain: ocean, sky, water and outdoor

 

ပထမ ၃ လပတ် အရှုံးပြရုံသာမဟုတ်ဘဲ၊ ဒုတိယ ၃ လပတ်ပါ ဗိုင်းရပ်စကြောင့် အရှုံးပြဖို့ရှိပါတယ်။ တိုင်ဝမ် ပို့ဆက် ဝန်ကြီးဌာနကတော့ US$ ၁ဘီလျံကို သင်္ဘောလုပ်ငန်းများအတွက် ထောက်ပံ့မယ်လို့ပြောပါတယ်။

 

၂၀၁၆ တုန်းက Hanjin နှင့် အပြိုင် အခက်အခဲ ကြုံစဉ်ကလည်း သင်္ဘောလုပ်ငန်းများကို၊ တိုင်ဝမ်အစိုးရမှ US$ ၁.၉ ဘီလျံထောက်ပံ့ခဲ့ပါတယ်။

Image may contain: ocean, sky, outdoor and water

Evergreen ကတော့ ကမ္ဘာ့ အဆင့် ၇ ရှိပြီး၊ ကုန်သယ်နိုင်တဲ့ ပမာဏ အရ Yang Ming ထက် ၂ ဆပိုကြီးပါတယ်။ ယင်း သင်္ဘောလုပ်ငန်း ၂ စလုံးတွင် သင်္ဘောအသစ်များမှာယူထားခြင်းကလည်း၊ ပို၍ ငွေလည်ပတ်မှု ကို ကြပ်စေပါတယ်။

 

Evergreen ၏ နောက်ထပ်ပြသနာမှာ IMO ဆာလာဖာ ဥပတေလိုအပ်ချက်အတွက်၊ အစီး ၁၉၀ ရှိတဲ့သင်္ဘောတွေထဲ၊ ၇၅% မှာ မီးခိုသန့်စက် တပ်ဆင်ရန် အမှာ စာများချထားခြင်းကလည်း၊ ငွေကြပ်စေပါတယ်။ 

Captain Win

Read times
Rate this item
(1 Vote)