Containers

ကွန်တိန်နာသင်္ဘော LEXA MAERSK နောက်ဆုံးရသတင်း

ကွန်တိန်နာ သင်္ဘော LEXA MAERSK သည် သူမ၏ ခရီးစဉ်အား ကြားဖြတ်ပြီး

သင်္ဘောသား တစ်ဦးအား ရဟတ်ယာဉ်ဖြင့် အမေရိကန်ဗာဂျင်းကျွန်းစုရှိ Charlotte Amalie ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
ဆေးစစ်ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုသည့်အပြင် အခြေအနေ ဆိုးဝါးလျက် ရှိသည်ဟု အစိုးရကျန်းမာရေးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
LEXA MAERSK သည် အမေရိကန်ဗာဂျင်းကျွန်းစု မှ ခရီးဆက်ခဲ့သည်။
Rotterdam ဆိပ်ကမ်းသို့ မေလ ၁၈ ရက်တွင် ဆိုက်ရောက်ခဲ့သည်။ ကျန်းမာရေး ဝန်ထမ်းများက သင်္ဘောသားများ အားလုံးကို COVID19 ဆေးစစ်ခဲ့ရာ ကပ္ပတိန် အပါအဝင် သင်္ဘောသား ၆ ဦးမှာ ကိုဗစ် ကူးစက်ခံထားရကြောင်း အတည်ပြုချက် ထွက်ပေါ်သည်။ သူတို့ ၆ ဦးစလုံး ဆိုးဝါးသော အခြေအနေတွင် မရှိကြချေ။ သင်္ဘောသားအားလုံးကို တစ်ဦးချင်းစီ လူခွဲထားပြီး သင်္ဘောကို quarantine ဆောင်ရွက်ထားသည်။
သင်္ဘောပေါ်တွင် ကပ္ပတိန် အပါအဝင် သင်္ဘောသား ၂၆ ဦး ပါသည်။

ကွန်တိန်နာ သင်္ဘော LEXA MAERSK ပေါ်တွင် သစ်သီးများ ထည့်ထားသည့် အအေးခန်း ကွန်တိန်နာများ တင်ဆောင်လာရာ အမြန်ချဖို့ လိုအပ်နေသည်။ ကုန်းပေါ်မှ ဆိပ်ကမ်းလုပ်သားများက ရောဂါကူးစက်ခံရမည်ကို အကြီးအကျယ် စိုးရိမ်နေကြသဖြင့် ကွန်တိန်နာများ မချသေးဘဲ လိပ်ခဲတင်းလင်း ဖြစ်နေခဲ့သည်။
ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ပြီးနောက် အဆိုပါ ကွန်တိန်နာများကို ချပေးခဲ့ကြသည်ဟု သတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။

ယခင်သတင်း အပြည့်အစုံ ဖတ်ရှုလေ့လာရန် ခေါင်းစဉ်ကို ထိပါ

ကိုဗစ်ကံခေသည့် ကွန်တိန်နာသင်္ဘော LEXA MAERSK

 

ကြန္တိန္နာ သေဘၤာ LEXA MAERSK သည္ သူမ၏ ခရီးစဥ္အား ၾကားျဖတ္ၿပီး သေဘၤာသား တစ္ဦးအား ရဟတ္ယာဥ္ျဖင့္ အေမရိကန္ဗာဂ်င္းကြၽန္းစုရွိ Charlotte Amalie ရွိ ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ရသည္။
ေဆးစစ္ရာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း အတည္ျပဳသည့္အျပင္ အေျခအေန ဆိုးဝါးလ်က္ ရွိသည္ဟု အစိုးရက်န္းမာေရးဌာန ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
LEXA MAERSK သည္ အေမရိကန္ဗာဂ်င္းကြၽန္းစု မွ ခရီးဆက္ခဲ့သည္။
Rotterdam ဆိပ္ကမ္းသို႔ ေမလ ၁၈ ရက္တြင္ ဆိုက္ေရာက္ခဲ့သည္။ က်န္းမာေရး ဝန္ထမ္းမ်ားက သေဘၤာသားမ်ား အားလုံးကို COVID19 ေဆးစစ္ခဲ့ရာ ကပၸတိန္ အပါအဝင္ သေဘၤာသား ၆ ဦးမွာ ကိုဗစ္ ကူးစက္ခံထားရေၾကာင္း အတည္ျပဳခ်က္ ထြက္ေပၚသည္။ သူတို႔ ၆ ဦးစလုံး ဆိုးဝါးေသာ အေျခအေနတြင္ မရွိၾကေခ်။ သေဘၤာသားအားလုံးကို တစ္ဦးခ်င္းစီ လူခြဲထားၿပီး သေဘၤာကို quarantine ေဆာင္႐ြက္ထားသည္။
သေဘၤာေပၚတြင္ ကပၸတိန္ အပါအဝင္ သေဘၤာသား ၂၆ ဦး ပါသည္။

ကြန္တိန္နာ သေဘၤာ LEXA MAERSK ေပၚတြင္ သစ္သီးမ်ား ထည့္ထားသည့္ အေအးခန္း ကြန္တိန္နာမ်ား တင္ေဆာင္လာရာ အျမန္ခ်ဖို႔ လိုအပ္ေနသည္။ ကုန္းေပၚမွ ဆိပ္ကမ္းလုပ္သားမ်ားက ေရာဂါကူးစက္ခံရမည္ကို အႀကီးအက်ယ္ စိုးရိမ္ေနၾကသျဖင့္ ကြန္တိန္နာမ်ား မခ်ေသးဘဲ လိပ္ခဲတင္းလင္း ျဖစ္ေနခဲ့သည္။
ကာကြယ္ေရး အစီအမံမ်ား ေဆာင္႐ြက္ၿပီးေနာက္ အဆိုပါ ကြန္တိန္နာမ်ားကို ခ်ေပးခဲ့ၾကသည္ဟု သတင္း တစ္ပုဒ္တြင္ ေဖာ္ျပထားသည္။

ယခင္သတင္း အျပည့္အစုံ ဖတ္ရႈေလ့လာရန္ ေခါင္းစဥ္ကို ထိပါ

ကိုဗစ္ကံေခသည့္ ကြန္တိန္နာသေဘၤာ LEXA MAERSK

Read times
Rate this item
(0 votes)