Containers

CMA CGM က နှစ်ကုန်ပိုင်း အခြေအနေ ပိုကောင်းမည်ဟု ခန့်မှန်း

ပြင်သစ် ကွန်တိန်နာသင်္ဘောလိုင်း လုပ်ငန်းစု CMA CGM က စတုတ္ထသုံးလပတ်တွင် အခြေအနေ ထောင်မတ်နေပြီဖြစ်ကြောင်း

ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သုံးလပတ်မှာကတည်းက အခြေအနေ ပြန်ကောင်းလာခဲ့ပြီး အမြတ်များ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့စတုတ္ထအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်တဲ့ CMA CGM က ဒုတိယ သုံးလပတ်မှာ အသားတင်အမြတ် အမေရိကန်ဒေါ်လာ ၁၃၆ သန်း ရရှိခဲ့ပြီး တတိယသုံးလပတ်မှာ အမေရိကန်ဒေါ်လာ ၅၆၇ သန်း ရရှိခဲ့ပါတယ်။
ပင်လယ်ရေကြောင်းပို့ဆောင်မှု မပါဝင်တဲ့ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း CEVA Logistics ကို ဝယ်ယူပြီး လုပ်ငန်းတိုးချဲ့ခဲ့ပါတယ်။ CEVA Logistics ထံမှ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁ သန်းကို တတိယသုံးလပတ်မှာ ရရှိခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် စားသုံးသူတွေ အွန်လိုင်းပေါ် ဈေးတယ်ကြတာကြောင့် ပထဝီအရ ဝေးကွားနေတဲ့ နေရာတွေထံမှလည်း မှာကြားဝယ်ယူကြတာတွေ များပြားလာပြီး ကုန်စည်ပို့ဆောင်မှု ပမာဏ မြင့်တက်သွားစေခဲ့တယ်။ e-commerce ကြောင့် ရေကြောင်းကုန်စည်တွေ ပိုများလာခဲ့တယ်လို့ CMA CGM က သုံးသပ်ထားပါတယ်။ တတိယသုံးလပတ်မှာ ရေကြောင်းကုန်စည် ပမာဏ ပိုများလာခဲ့ပြီး ယခု စတုတ္ထသုံးလပတ်မှာ ကွန်တိန်နာအလွတ် ရှားပါးပြီး ငှားရမ်းခ ဈေးတက်ကုန်တဲ့အထိ ဖြစ်ကုန်တယ်။ သင်္ဘောတန်ဆာခတွေလည်း မြင့်တက်ကုန်တယ်။ အဲဒီ အရှိန်အဟုန် ဆက်ရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။

Read times
Rate this item
(0 votes)