Containers

ကွန်တိန်နာငှားရမ်းခများနှင့် ကွန်တိန်နာ ပို့ဆောင်ခ နှုန်းထားများ ဈေးခုန်တက်

ကွန်တိန်နာသယ်ယူပို့ဆောင်ရေးတွင် ပို့ဆောင်ခနှုန်းထားများ မြင့်တက်ခဲ့ပြီး အာရှ - ဥရောပနှင့် ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းကြောင်းများ၌

အလွန်ဆိုးဝါးသောကွန်တိန်နာရှားပါးမှု နောက်ဆက်တွဲအဖြစ် ပို့ဆောင်ခနှုန်းထားများ ဆက်လက်တက်မည်ဟု မျှော်လင့်ရသည်။

ယခုအပတ်တွင် ရှန်ဟိုင်းကွန်တိန်နာကုန်ပစ္စည်းအညွှန်းကိန်း Shanghai Container Freight Index (SCFI) ပေါက်ဈေး မြင့်တက်ခဲ့သည်။ ဥရောပမြောက်ပိုင်းသို့ ခရီးစဉ်များ ၂၁ % ထိုးတက်သွားခဲ့သည်။ မြေထဲပင်လယ် ခရီးစဉ်များ ၂၃ % ထိုးတက်သွားခဲ့သည်။
ခရစ်စမတ်ရာသီ ဖြစ်သဖြင့် တရုတ်ပြည်မှ ထုတ်ကုန်များကို ဥရောပနှင့် အမေရိကတို့ထံ ပေးပို့မှု ပိုမိုများပြားလာနေခြင်းကြောင့် ကွန်တိန်နာ ငှားရမ်းခနှင့် ပို့ဆောင်ခများ ဆက်လက်မြင့်တက်နေဦးမည်ဟု ခန့်မှန်းထားသည်။
ကွန်တိန်နာလိုင်း Hapag-Lloyd က အရှေ့အာရှ- ဥရောပ ခရီးစဉ်အတွက် မည်သည့်ကုန်စည်မျိုးအတွက်မဆို နှုန်းထားဖြစ်သည့် FAK (Freight All Kinds) နှုန်းထားကို ၁ teu ကို အမေရိကန်ဒေါ်လာ ၁,၁၁၀ ဟု နိုဝင်ဘာလ ၁ရက်နေ့တွင် သတ်မှတ်ခဲ့သည်။ ထိုနှုန်းထားရေချိန်သည် ဇူလိုင်လကတည်းက စတင်ခဲ့သော နှုန်းထားဖြစ်သည်။ နိုဝင်ဘာလ ၁၅ ရက်တွင် ၁ teu ကို အမေရိကန်ဒေါ်လာ ၁,၄၄၅ ဟု တိုးမြှင့်သတ်မှတ်ခဲ့သည်။ SCFI ပေါက်ဈေးနှင့် ညီအောင် မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာလတွင် FAK နှုန်းထားကို ၁ teu လျှင် အမေရိကန်ဒေါ်လာ ၂,၄၄၅ သို့ တိုးမြှင့်မည် ဖြစ်သည်။
ရှန်ဟိုင်း-စင်ကာပူ ခရီးစဉ်တွင်လည်း နှုန်းထားများ တက်နေသည်။ ပြီးခဲ့သည့် ၆ ပတ်က ၁ teu ကို အမေရိကန်ဒေါ်လာ ၁၃၁ ဖြစ်ပြီး ပြီးခဲ့သည့် ၃ ပတ်က ၁ teu ကို အမေရိကန်ဒေါ်လာ ၁၇၀ သို့ ခုန်တက်သွားသည်။ ထို့နောက် ၁ teu ကို အမေရိကန်ဒေါ်လာ ၇၂၈ သို့ ထပ်ခုန်တက်သွားပြီ ဖြစ်သည်။
ခရစ်စမတ်နှင့် နှစ်သစ်ကူးကာလတို့အတွက် ရောင်းကုန်များကို တရုတ်ပြည်မှ သယ်ယူမှု များပြားနေဦးမည် ဖြစ်ရာ FAK နှုန်းထား ပြန်ကျမည်မဟုတ်ဟု ခန့်မှန်းထားသည်။

Read times
Rate this item
(0 votes)