Drewry ရေကြောင်း အတိုင်ပင်ခံလုပ်ငန်းက ထုတ်ပြန်သည်မှာ အဓိကကျတဲ့ ကုန်သွယ်ရေကြောင်း ခရီးစဉ်တွေဖြစ်တဲ့
ပစိဖိတ်သမုဒ္ဒရာ ဖြတ်သန်းပြေးဆွဲသော ခရီးစဉ်များ၊ အာရှ-မြောက်ဥရောပ မြေထဲပင်လယ် ခရီးစဉ်များ၊ အတ္တလန်တိတ်သမုဒ္ဒရာ ဖြတ်သန်းပြေးဆွဲသော ခရီးစဉ်များတွင် ၃၂ နှင့် ၃၅ သီတင်းပတ်များ (ဩဂုတ်လ ၉ ရက်မှ စက်တင်ဘာလ ၅ ရက်အထိ)အတွင်း စုစုပေါင်း ခရီးစဉ် အစီအစဉ် ၄၉၆ ခု ရှိနေရာ၌ ၂၄ ခု မှာ ခရီးစဉ်ရုပ်သိမ်းကြောင်း ကြေညာသည်ဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၅ ရာခိုင်နှုန်းရှိသည်။
Drewry မှ ထုတ်ပြန်ပေးသော အပတ်စဉ်အရ ခရီးစဉ်ရုပ်သိမ်းမှု (blank sailing ) အခြေအနေကို တင်ပြထားပါသည်။
လာမည့် သီတင်းပတ် ၄ ပတ်တွင် Hapag-Lloyd, Ocean Network Express (ONE), Yang Ming နှင့် HMM တို့ပါဝင်သော မဟာမိတ်အဖွဲ့ Alliance သည် ခရီးစဉ် ဖျက်သိမ်းခြင်း ၁၁ ခု ကြေညာထားပြီး Maersk နှင့် MSC တို့ပါဝင်သော တူးအမ် မဟာမိတ်အဖွဲ့ 2M Alliance က ခရီးစဉ် ဖျက်သိမ်းခြင်း ၇ ခု နှင့် CMA CGM, COSCO နှင့် Evergreen တို့ ပါဝင်သော အိုးရှင်းမဟာမိတ်အဖွဲ့ Ocean Alliance က ခရီးစဉ် ဖျက်သိမ်းခြင်း ၆ ခုတို့ကို ကြေညာထားသည်။
Source: container-news.com