Containers

Evergreen ကွန်တိန်နာသင်္ဘော ၂၄ စီး ထပ်မံမှာကြား

Evergreen Marine Corporation က တရုတ်နိုင်ငံမှ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း CSSC Huangpu Wenchong Shipbuilding ထံမှာ ကွန်တိန်နာ သင်္ဘော ၂၄ စီး အမှာစာ ပေးပို့ထားပါတယ်။

တိုင်ဝမ်သင်္ဘောလိုင်းအော်ပရေတာက စက်တင်ဘာလ ၈ ရက်မှာ 3,000TEU ၁၁ စီး၊ 2,300TEU ၁၁စီးနဲ့ 1,800TEU feeder ၂စီးတို့ကို အမှာစာပေးပို့ထားကြောင်း ပြောကြားပါတယ်။

ကုန်ကျစရိတ်က သင်္ဘောတစ်စီးကို ကန်ဒေါ်လာ ၂၈ သန်းမှ ၅၁ သန်းထိ ဖြစ်ပြီး ကန်ထရိုက်စုစုပေါင်း တန်ဖိုးက ကန်ဒေါ်လာ ၉၅၈ သန်းမှ ၁,၂၁ ဘီလျံအထိ ဖြစ်ပါတယ်။

သင်္ဘောအသစ်တွေ မှာကြားခြင်းကို Evergreen လက်အောက်ခံ စင်ကာပူကော်ပိုရေးရှင်းတစ်ခု ဖြစ်တဲ့ Evergreen Marine (Asia) Pte Ltd အမည်ဖြင့် မှာထားတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ စတင်သက်ရောက်မယ့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေကြောင်းအဖွဲ့ International Maritime Organization ရဲ့ အသစ်ပြဋ္ဌာန်းတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု စည်းကမ်းတွေနဲ့အညီ လိုက်နာထားတဲ့ သင်္ဘောတွေ ဖြစ်ပါတယ်။

Evergreen က Samsung Heavy Industries (SHI) ထံမှာလည်း 15,000TEU ကွန်တိန်နာသင်္ဘော အစီး ၂၀ ကို ပြီးခဲ့တဲ့ မတ်လတုန်းက မှာထားပါသေးတယ်။ ဇွန်လမှာတော့ Hudong-Zhonghua Shipbuilding ထံမှာ 24,000TEU ကွန်တိန်နာသင်္ဘော နှစ်စီး မှာထားပါတယ်။ Jiangnan Shipyard မှာလည်း 24,000TEU ကွန်တိန်နာသင်္ဘော လေးစီး မှာထားပြီး ၂၀၂၂ ခုနှစ်မှာ ပြီးစီးမယ်။

ယခုနှစ်အကုန်မှာ Evergreen က 24,000TEU သုံးစီးကို SHI ထံမှ လည်းကောင်း၊ Hyundai Mipo Dockyard ထံမှ feeder ပြေးဆွဲဖို့ ကွန်တိန်နာသင်္ဘော တစ်စီးကိုလည်းကောင်း ရရှိဖို့ မျှော်လင့်ထားပါတယ်။

Evergreen ဟာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်း အော်ပရေတာ စာရင်းရဲ့ နံပါတ် (၇) နေရာမှာ ရောက်ရှိနေပြီး သယ်ပို့နိုင်စွမ်း 1.39 million TEU ရှိပါတယ်။ လုပ်ငန်းပိုင် သင်္ဘော ၁၁၆ စီးရှိပြီး ချာတာငှားပြီး သုံးစွဲနေတာ ၈၇ စီး ရှိပါတယ်။

container-news.com

Read times
Rate this item
(0 votes)