Containers

ကွန်တိန်နာလိုင်းများ သင်္ဘောခရီးစဉ် အချိန်ဇယား စိတ်ချရမှု ဆက်လက်ကျဆင်း

န်တိန်နာလိုင်းများ သင်္ဘောခရီးစဉ် အချိန်ဇယား စိတ်ချရမှု ဆက်လက်ကျဆင်း

ဒိန်းမတ်သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာမှုကုမ္ပဏီ Sea-Intelligence ၏ လတ်တလော ထုတ်ပြန်တဲ့အချက်အလက်များအရ ကွန်တိန်နာသင်္ဘောလိုင်းများရဲ့ သင်္ဘောခရီးစဉ် အချိန်ဇယားယုံကြည်စိတ်ချရမှုနှုန်း schedule reliability က ၂၀၁၉ ခုနှစ်တွင် ၇၈% မှ ၂၀၂၀ ခုနှစ်တွင် ၆၃.၉% သို့ ကျဆင်းသွားခဲ့ပါတယ်။ ၂၀၂၁ မှာတော့ ၃၅.၈% သို့ ထပ်မံကျဆင်းခဲ့ပါတယ်။ အနိမ့်ဆုံး ရာခိုင်နှုန်းသို့ ယုတ်လျော့သွားတာ ဖြစ်ပါတယ်။

သင်္ဘောဆိုက်ရောက်ချိန် နောက်ကျခြင်း ပျမ်းမျှအားဖြင့် ၂၀၁၆ တွင် ၃.၁၉ ရက် ရှိခဲ့ပြီး ၂၀၂၁ တွင် ၆.၈၆ ရက် ဖြစ်လာပါတယ်။ တစ်ပတ်နီးပါး နောက်ကျတာ ဖြစ်ပါတယ်။

Screenshot_2022-02-09_085521.png

 

Screenshot_2022-02-09_085555.png

Source: Sea-Intelligence.com, GLP Report, FY 2021 Analysis


ထိပ်တန်း ကွန်တိန်နာလိုင်း ၁၄ ခုမှာ Maersk က အစီအစဉ်အချိန်ဇယားယုံကြည်စိတ်ချရမှုနှုန်း အမြင့်မားဆုံးဖြစ်ပြီး ၄၆.၄% စိတ်ချရပါတယ်။ ဒုတိယနေရာမှာ ၄၁% နီးပါး စိတ်ချရတဲ့ Hamburg Süd ရှိနေပါတယ်။
MSC, Hapag-Lloyd, ZIM နှင့် CMA CGM ကွန်တိန်နာလိုင်း ၄ ခုက ၃၀~၄၀% စိတ်ချရပါတယ်။
PIL, COSCO, ONE, HMM, Wan Hai, OOCL နှင့် Yang Ming ကွန်တိန်နာလိုင်း ၇ ခုက ၂၀~၃၀% စိတ်ချရပါတယ်။
Evergreen ကွန်တိန်နာလိုင်းက ၂၀% အောက်မှာ ရောက်နေပါတယ်။

ထိပ်တန်း ကွန်တိန်နာ ၁၄ လိုင်းတို့ရဲ့ အစီအစဉ်အချိန်ဇယား ယုံကြည်စိတ်ချရမှုနှုန်း တစ်နှစ်ထက်တစ်နှစ် လျော့ကျခဲ့ပါတယ်။

 Screenshot_2022-02-09_083951.png

Source: Sea-Intelligence.com, GLP Report, FY 2021 Analysis

 

အစီအစဉ်အချိန်ဇယား ယုံကြည်စိတ်ချရမှု အရှိဆုံး ကွန်တိန်နာလိုင်းတွေက Streamlines, Geest Line နှင့် ICL တို့ဖြစ်ပြီး
Streamlines က ၉၈.၈% 
Geest Line က ၉၈.၆ % ၊
ICL က ၉၈% စိတ်ချရပါတယ်။

အစီအစဉ်အချိန်ဇယား ယုံကြည်စိတ်ချရမှု အနည်းဆုံး ကွန်တိန်နာသင်္ဘောလိုင်းက ARRC ဖြစ်ပြီး ၉.၉% စိတ်ချရပါတယ်။

 

Screenshot_2022-02-09_084030.png

 Source: Sea-Intelligence.com, GLP Report, FY 2021 Analysis

မဟာမိတ်ဖွဲ့ထားတဲ့ အုပ်စုအရ ကြည့်ရင် 2M alliance က ၃၃.၆% ဖြင့် စိတ်အချရဆုံး ဖြစ်ခဲ့ပါတယ်။
THE Alliance က ၁၅.၅% ၊ Ocean Alliance က ၈.၂% စိတ်ချရပါတယ်။
နှစ်ဖွဲ့စလုံး တစ်နှစ်ထက်တစ်နှစ် သိသိသာသာ ပိုဆိုးဝါးလာခဲ့ပါတယ်။

 

fig-3-498x420.png

 Source: Sea-Intelligence.com, GLP Report, FY 2021 Analysis

ခရီးစဉ်အရ ကြည့်ရင် အရှေ့/ အနောက် အဓိက ခရီးစဉ် ၆ ခုစလုံး ခရီးစဉ်အချိန်ဇယား ယုံကြည်စိတ်ချရမှု ပိုမိုဆိုးဝါးလာခဲ့ပါတယ်။
အာရှ- ဥရောပ၊ အာရှ-မြောက်အမေရိက အနောက်ကမ်းခြေ ကုန်သွယ်‌ရေကြောင်းခရီးစဉ်တွေ ၄၀% လျော့ကျသည်အထိ ပိုမိုဆိုးဝါးခဲ့ပါတယ်။

Screenshot_2022-02-09_084302.png

Screenshot_2022-02-09_084419.png

 Source: Sea-Intelligence.com, GLP Report, FY 2021 Analysis

၂၀၂၁ မှာ အာရှ-မြောက်အမေရိက အနောက်ကမ်းခြေ ကုန်သွယ်‌ေရ‌ေကြာင်းခရီးစဉ်တွေ ပျမ်းမျှအားဖြင့် နောက်ကျတဲ့ရက် ၁၂ ရက်ကျော်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
အာရှ-မြောက်ဥရောပ ကုန်သွယ်ရေကြောင်း ခရီးစဉ်မှာတော့ ပျမ်းမျှအားဖြင့် နောက်ကျတဲ့ရက် ၈ ရက်ကျော်တဲ့အထိ ရှိခဲ့ပါတယ်။


Source: container-news.com

Read times
Rate this item
(0 votes)