Containers

ကွန်တိန်နာအသစ် ဈေးကျ

ကွန်တိန်နာအသစ် ဈေးကျ

ကုန်သွယ်ရေးကြောင်း အတိုင်ပင်ခံလုပ်ငန်း Drewry မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ကွန်တိန်နာတွေ အများဆုံး ထုတ်လုပ်တဲ့ တရုတ်နိုင်ငံမှာ ၂၀၂၁ အတွင်း TEU (twenty-foot equivalent unit) ၇.၁၈ သန်း စံချိန်တင် ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ထက် ၁၃၀% ပိုများပါတယ်။
ကွန်တိန်နာအသစ်တွေ စံချိန်တင် ထုတ်လုပ်တဲ့နှစ်မှာ ကွန်တိန်နာအသစ် ဈေးနှုန်းကလည်း စံချိန်တင် မြင့်တက်ခဲ့ပြီး ပေ ၂၀ ကွန်တိန်နာ အသစ်တစ်လုံး အမေရိကန်ဒေါ်လာ ၄,၀၀၀ နီးပါး ကွန်တိန်နာစက်ရုံက ရရှိပါတယ်။

ယခုအခါ စက်ရုံများမှ ထုတ်လုပ်မှု လျော့ကျလာနေပြီး ကွန်တိန်နာအသစ်ဈေးနှုန်းလည်း လျော့ကျပါတယ်။


ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာအငှား လုပ်ငန်း Triton International နှင့် ကမ္ဘာ့ဒုတိယအကြီးဆုံး ကွန်တိန်နာအငှား လုပ်ငန်း တို့မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ပေ ၂၀ ကွန်တိန်နာအသစ်တစ်လုံး ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃,၄၀၀ ဖြစ်ပါတယ်။

 

new-box-prices-600x297.jpg

 

၂၀၂၁ မှာ စံချိန်တင် ထုတ်လုပ်ခဲ့တဲ့အတွက် ကွန်တိန်နာ မလုံလောက်တာ အထိုက်အလျောက် လျော့နည်းသွားပြီ ဖြစ်တယ်လို့ Triton က ဆိုပါတယ်။

Drewry မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ကွန်တိန်နာအသစ် ၂၀၂၁ တတိယ ၃လပတ်မှာ TEU ၂.၀၅ သန်း ထုတ်လုပ်ခဲ့ပြီး ၂၀၂၁ စတုတ္ထ ၃ လပတ်မှာ TEU ၁.၇၆ သန်း ထုတ်လုပ်ခဲ့ပါတယ်။

Drewry ရဲ့ ခန့်မှန်းချက်အရ ယခုနှစ်မှာ စုစုပေါင်း TEU ၄.၅ မှ ၄.၈ သန်းအထိ ထုတ်လုပ်ပါလိမ့်မယ်။

ကွန်တိန်နာ အသစ်နှင့် အဟောင်း နှစ်မျိုးစလုံး ငှားရမ်းခနှုန်းထားများ ဈေးကောင်းခဲ့ လို့
၂၀၂၁ စတုတ္ထ ၃လပတ် ၃လတာကာလအတွင်း Triton က ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၇.၄ သန်း ရရှိခဲ့ပြီး Textainer က ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၂.၉ သန်း ရရှိခဲ့ပါတယ်။

Triton က ၂၀၂၁ မှာ ကွန်တိန်နာအသစ် အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံဖိုး ဝယ်ယူခဲ့ပါတယ်။ ယခုနှစ်မှာတော့ ကွန်တိန်နာအသစ် အမေရိကန်ဒေါ်လာ ၄၁၅ သန်းဖိုး မှာကြားထားပြီး ဖြစ်ပါတယ်။

 

Read times
Rate this item
(1 Vote)