PIL က အလေးချိန် မှားယွင်းကြေညာပါက ကွန်တိန်နာတစ်လုံး ဒေါ်လာ၃၀,၀၀၀ ဒဏ်ကြေး ကောက်မည်။
Pacific International Lines (PIL)က ကုန်စည်အလေးချိန် ကြေညာချက် မှားယွင်းကြေညာလျှင် ကွန်တိန်နာတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ဒဏ်ကြေးကောက်ခံမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ ၂၀၂၂ ဖေဖော်ဝါရီလ ၁၅ ရက်မှစတင် ကောက်ခံမှာ ဖြစ်ပါတယ်။
Misdeclaration လို့ဆိုရာမှာ အခြားကိစ္စရပ်များအပြင် incorrect/partial declaration, late declaration, alteration, omission of such declaration စသည်တို့ အကျုံးဝင်ပါတယ်။
ကုန်စည်အလေးချိန်ကို မှားယွင်းကြေညာခြင်း misdeclaration ကြောင့် ရလဒ်အဖြစ် ကုန်စည် သယ်ဖို့ သုံးစွဲတဲ့ ကွန်တိန်နာ ရဲ့ ဘေးကင်းစွာဖြင့် သယ်ဆောင်ပေးနိုင်တဲ့ အများဆုံးဝန်အလေးချိန် maximum payload ထက် အလေးချိန်ကျော်လွန်နေရင် shipper နှင့်/သို့မဟုတ် consignee ကို PIL က ဒဏ်ကြေး အမေရိကန်ဒေါ်လာ သုံးသောင်း ကောက်ခံမှာ ဖြစ်ပါတယ်လို့ စင်ကာပူရှိ PIL ရုံးချုပ်က ထုတ်ပြန်ကြေညာပါတယ်။
ဒဏ်ကြေး ပေးရုံဖြင့် မပြီးသေးဘဲ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ကိစ္စရပ်အဝဝ ဖြစ်တဲ့ corrective measures, claims, fines, liabilities, losses, delays, damages, expenses စသည်တို့ကိုလည်း shipper နှင့်/သို့မဟုတ် consignee က တာဝန်ယူပြီး အကုန်အကျခံရမှာ ဖြစ်ပါတယ်။
သင်္ဘောသား၊ သင်္ဘောနှင့် ကုန်စည်တို့ မထိခိုက်အောင် ကာကွယ်တဲ့ ဆောင်ရွက်ချက် တိုးတက်ကောင်းမွန်အောင် စဉ်ဆက်မပြတ်ဆက်လက် စူးစိုက်လုပ်ကိုင်လျက်ရှိကြောင်းလည်း PIL က ပြောကြားပါတယ်။