Containers

ရုရှားမှ ကွန်တိန်နာအခွံ ၅၀,၀၀၀ ပြန်သယ်ထုတ်ရန် Maersk ကြိုးပမ်း

ရုရှားမှ ကွန်တိန်နာအခွံ ၅၀,၀၀၀ ပြန်သယ်ထုတ်ရန် Maersk ကြိုးပမ်း

ရုရှားနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိ‌ေနပေမဲ့ Maersk ကွန်တိန်နာသင်္ဘောလိုင်းမှ ကွန်တိန်နာသင်္ဘောများ ရုရှားဆိပ်ကမ်းများသို့ ကွန်တိန်နာများ ပို့ဆောင်ပေးနေဆဲ ဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားမကျူးကျော်ခင်မှာ လက်ခံထားတဲ့ ကွန်တိန်နာများဖြစ်ကြောင်း စီးအီးအို Soren Skou က မတ်လ ၁၅ ရက်မှာ ပြောကြားပါတယ်။ ရုရှားမှာ သောင်တင်နေတဲ့ ကွန်တိန်နာအလွတ် ၅၀,၀၀၀ ဝန်းကျင် ရှိနေတာကိုလည်း ပြန်သယ်ထုတ်နေကြောင်း ၎င်းက ပြောကြားပါတယ်။

ကုမ္ပဏီက ရုရှားသို့ ပို့ဆောင်ရန် ကွန်တိန်နာများနှင့် ရုရှားမှ သယ်ယူရန် ကွန်တိန်နာများ booking အသစ် ထပ်မံလက်ခံခြင်း ယာယီရပ်ဆိုင်းထားပါတယ်။
"ရုရှားမှာ ကျွန်တော်တို့ရဲ့ ကွန်တိန်နာအလွတ်တွေ ၅၀,၀၀၀ ဝန်းကျင် ရှိနေတယ်။ ကျွန်တော်တို့ ပိုင်တဲ့ ကွန်တိန်နာ အလွတ်တွေပါ" လို့ Soren Skou က ပြောကြားပါတယ်။

"အဲဒီကွန်တိန်နာတွေကို ကျွန်တော်တို့ လိုအပ်တယ်။ အဲဒီကွန်တိန်နာတွေကို ရုရှားမှာ ဆက်ထားဖို့ ကျွန်တော်တို့ စိတ်မချဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ရုရှားဆိပ်ကမ်းတချို့ကို သင်္ဘောတွေ စေလွှတ်နေဆဲ ဖြစ်ပါတယ်" လို့ သူက ရှင်းပြပါတယ်။


Maersk က ၎င်းပိုင်ဆိုင်တဲ့ ကွန်တိန်နာအလွတ်တွေကို ရထားဖြင့်လည်း ရုရှားအပြင်ဘက်သို့ သယ်ထုတ်နေပါတယ်လို့ Maersk မှ ပြောဆိုရေး တာဝန်ခံက ပြောကြားပါတယ်။

ယူကရိန်း ကျူးကျော်မှု မတိုင်ခင်က ရုရှားဆိပ်ကမ်းများမှာ သင်္ဘောများ ပြည့်ကျပ်နေလို့ ပေးပို့ခြင်း မပြုရသေးတဲ့ ကုန်စည်ပါကွန်တိန်နာတွေ Maersk မှာ ရှိနေပြီး လက်ရှိအလက်ရှိအခြေအနေအရ တချို့ကိုသာ ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ကုမ္ပဏီက ရုရှားမှာ ကုမ္ပဏီစုစုပေါင်းဝင်ငွေရဲ့ ၂.၅% ကို ဝင်ငွေရရှိခဲ့ပါတယ်။ ဘောလ်တစ်ပင်လယ်မှ St. Petersburg နှင့် Kaliningrad တိပ်ကမ်းများ၊ ပင်လယ်နက်မှ Novorossiisk ဆိပ်ကမ်း၊ ရုရှားအရှေ့ကမ်းခြေမှ Vladivostok နှင့် Vostochny ဆိပ်ကမ်းများသို့ ပြေးဆွဲပါတယ်။

Maersk က ရုရှားမှာ ၁၉၉၂ ကတည်းက လုပ်ကိုင်နေခဲ့တာဖြစ်ပြီး ပိုင်ဆိုင်မှုများကို ထုခွဲရောင်းချမယ်လို့ မတ်လဆန်းမှာ ပြောကြားခဒ့ပါတယ်။ ရုရှားမှ ဆိပ်ကမ်းတစ်ခုမှ အစုရှယ်ယာများကိုလည်း ရောင်းချမယ်လို့ ပြောကြားပါတယ်။

 

 

gcaptain.com

Read times
Rate this item
(1 Vote)