Containers

Ever Forward သောင်တင်နေဆဲ

Ever Forward သောင်တင်နေဆဲ

တိုင်ဝမ် ကွန်တိန်နာလိုင်းကြီး Evergreen ရဲ့ ကွန်တိန်နာသင်္ဘော 20,388 teu တင်ဆောင်ထားတဲ့ Ever Given က စူးအက်တူးမြောင်းမှာ သင်္ဘောဦးပိုင်း သောင်တင်ပြီး တူးမြောင်းကို ကန့်လန့်ခံနေခဲ့တဲ့ ကမ္ဘာကျော်ဖြစ်ရပ် ဖြစ်ပွားခဲ့တာ နှစ်ပတ်လည်ဖို့ ရက်ပိုင်းအလိုမှာ Evergreen ရဲ့ 12,118 teu တင်ဆောင်ထားတဲ့Ever Forward ကွန်တိန်နာသင်္ဘောက ဘောတီမိုးဆိပ်ကမ်းမှ အထွက်မှာ သောင်တင်ခဲ့ပြီး ယခုအထိ သောင်တင်နေဆဲ ဖြစ်ပါတယ်။

Ever-Forward-grounding-USCG-780x470.jpg

Ever Forward က ၂၀၂၂ မတ်လ ၁၃ ရက် တနင်္ဂနွေနေ့ ညဘက်မှာ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်ရှိ နော်ဖော့ Norfolk ဆိပ်ကမ်းသို့ သွားရန်အတွက် အမေရိကန်နိုင်ငံရှိ ဘော်တီမိုးဆိပ်ကမ်း Port of Baltimore မှ ထွက်ခွာခဲ့ရာမှာချက်စပီ‌ေဘး Chesapeake Bayထဲမှာ ‌ေသာင်တင်ခဲ့ပါတယ်။

 

 Annotation_2022-03-18_151947.jpg

သင်္ဘောပေါ်မှာ ရေကြောင်းပြက ထိန်းကျောင်းနေစဉ် သောင်တင်ခဲ့တာ ဖြစ်ပါတယ်။

ပင်မရေကြောင်းလမ်း အပြင် ဘေးဘက်မှာ သောင်တင်ခဲ့တာဖြစ်လို့ ရေကြောင်းသွားလာမှုများနှင့် လွတ်ကင်းတဲ့ နေရာဖြစ်ပါတယ်။ တွန်း/ဆွဲ ရေယာဉ်များက ထောက်ကူပေးနေပြီး ဒီရေအတက်မှာ ရုန်းထွက်ကြည့်ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

 

Annotation_2022-03-18_152057.jpg

 

ကုန်စည်လျော်ကြေးဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း WK Webster က "သင်္ဘောက ရေတိမ်ပိုင်းကို ရောက်သွားပြီး သောင်တင်တာ ဖြစ်မယ်။ ကြမ်းပြင်က ရွှံ့ထူထပ်ပါတယ်။ ဘော်တီမိုးဆိပ်ကမ်းမှ သင်္ဘောထွက်ခွာချိန် ရေစူးက ၁၃ မီတာလို့ သတင်းပို့ထားတယ်။ ချက်စပီ‌ေဘး ပျမ်းမျှအနက်က ခန့်မှန်းခြေအားဖြင့် ၆.၄ မီတာပဲရှိတယ်။ လွတ်ဖို့ အကြီးအကျယ် ကြိုးစားဖို့ လိုလိမ့်မယ်" လို့ သုံးသပ်ပါတယ်။

 

ပဲ့ပိုင်းနှင့် ဦးပိုင်း ရေစူး

Annotation_2022-03-18_152139.jpg

 

Annotation_2022-03-18_152218.jpg

 

VESSEL PARTICULARS
IMO Number : 9850551
Vessel Name : EVER FORWARD
Ship Type : Container Ship
Flag : Hong Kong
Gross Tonnage : 117340
Summer Deadweight (t) : 127076
Length Overall (m) : 334
Year Built : 2020 (2 years old)

 

ကမ်းခြေစောင့်တပ်မှ လာရောက် ကြည့်ရှုစစ်ဆေး

Annotation_2022-03-18_151314.jpg

 

Read times
Rate this item
(0 votes)