ကြေညာလွှာ မမှန်ကန်လျှင် ကုန်စည်ကွန်တိန်နာတစ်လုံး ဒေါ်လာ သုံးသောင်း ဒဏ်ရိုက်မည်ဟု Wan Hai Lines ကြေညာ
ကြေညာလွှာ မှန်ကန်ပြည့်စုံခြင်း မရှိသည့် ကုန်စည်ကွန်တိန်နာများကို အရေးယူမည်ဟု တိုင်ဝမ် ကွန်တိန်နာသင်္ဘောလိုင်း Wan Hai Lines (WHL) က ကြေညာထားပါသည်။
ကြေညာလွှာ မမှန်ကန်သည့် ကုန်စည်များအတွက် shippers ကို ကြီးမားသောဒဏ်ငွေရိုက်ခြင်းများ စတင်မည်ဟု အသိပေးကြေညာထားပါသည်။
ယခုအချိန်မှစ၍ ကုန်စည်ကြေငြာလွှာများနှင့် ပို့ဆောင်ရေးပုံစံ shipping form များ၊ ပူးတွဲပါရှိသော စာရွက်စာတမ်းများသည် မှန်ကန်တိကျမှု မရှိပါက Wan Hai Lines သည် သယ်ယူပို့ဆောင်နေစဉ် ကုန်စည်ပို့ဆောင်မှုကို ချက်ချင်းရပ်တန့်ရန် သို့မဟုတ် ရပ်ဆိုင်းရန် သို့မဟုတ် ကုန်စည်ပို့ဆောင်မှုဆိုင်ရာ ကန်ထရိုက်စာချုပ်ကို အချိန်မရွေး ရပ်စဲရန် လုပ်ပိုင်ခွင့်ရှိသည်” ဟု ယခုသီတင်းပတ်အတွင်း ကုမ္ပဏီမှ ဖောက်သည်များထံ ပေးပို့သော သတိပေးချက်တွင် ဖော်ပြထားပါသည်။
WHL က ဒဏ်ကြေးသတ်မှတ်ပုံမှာ အန္တရာယ်များသော ကုန်စည် hazardous cargo ဆိုပါက ကွန်တိန်နာ တစ်လုံးလျှင် $30,000 ဒဏ်ရိုက်မည်၊ သာမန် အန္တရာယ်မများသော ကုန်စည် standard non-hazardous ဆိုပါက ကွန်တိန်နာ တစ်လုံးလျှင် $20,000 ဒဏ်ရိုက်မည် ဖြစ်သည်။
အထက်ဖော်ပြပါ ဒဏ်ကြေးများအပြင် နောက်ဆက်တွဲ ဖြစ်ပေါ်သည့် ဒဏ်ကြေးများ၊ အပြစ်ဒဏ်များ၊ ရှေ့နေခများ၊ တရားစွဲဆိုမှုစရိတ်စကများ အပါအဝင်ဖြစ်သော်လည်း ၎င်းတို့သာဟု ကန့်သတ်မထားသော တာဝန်ယူရခြင်းများ အကုန်လုံး၏ ကုန်ကျစရိတ်များနှင့် ပျက်စီးဆုံးရှုံးမှုများ မှန်သမျှအတွက် shippers က တာဝန်ရှိကြောင်း ယူဆမည်ဖြစ်ပြီး shippers က အကုန်အကျခံရမည် ဟု WHL မှ ဆိုထားပါသည်။
gcaptain.com