Containers

Wan Hai Lines က အာရှတွင်းခရီးစဉ်အသစ် CI7 ကို ပြေးဆွဲမည်

Wan Hai Lines က အာရှတွင်းခရီးစဉ်အသစ် CI7 ကို ပြေးဆွဲမည်

တရုတ်ပြည်တောင်ပိုင်းကမ်းရုိးတန်း၊ ဗီယက်နမ်နှင့် အိန္ဒိယအရှေ့ကမ်းရိုးတန်း ချိတ်ဆက်သည့် ရေကြောင်းခရီးလမ်းကို ပြေးဆွဲသည့် Wan Hai Lines က အိန္ဒိယတွင် ပို့ကုန်သွင်းကုန်ပမာဏ ပိုမိုများပြားလာသည်နှင့်အညီ 1,200 teu အရွယ်အစား ကွန်တိန်နာသင်္ဘော ၄ စီး ထပ်ဖြည့်ပြီး ခရီးစဉ်အသစ် CI7 ကို ပြေးဆွဲမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါသည်။ အိန္ဒိယ အရှေ့ကမ်းရိုးတန်းနှင့် အာရှတို့ကို ချိတ်ဆက်ပေးသည့် ခရီးစဉ်ကွန်ရက်အသစ် ဖြစ်သည်။

CI7 ခရီးစဉ်တွင်
Haiphong,
Zhanjiang,
Nansha,
Cat Lai,
Port Klang (North Port),
Chennai,
Visakhapatnam,
Port Klang (North Port)
ထို့နောက် Haiphong သို့ ပြန်သွားမည်။

အဦးဆုံးဝန်ဆောင်မှုကို မတ်လ ၂၇ ရက်တွင် Haiphong မှ စတင်မည်။

တရုတ်-အိန္ဒိယ အပြန်အလှန် ကုန်သွယ်ရေးသည် ၂၀၂၁ တွင် အမေရိကန်ဒေါ်လာ ၁၂၅ ၆၆ ဘီလျံ ရှိခဲ့ပါသည်။ အန္ဒိယက တရုတ်ထံမှ အမေရိကန်ဒေါ်လာ ၉၇.၅ ဘီလျံဖိုး တင်သွင်းခဲ့သည်။ တရုတ်ထံသို့ အမေရိကန်ဒေါ်လာ ၂၈.၂၄ ဘီလျံဖိုး တင်ပို့ခဲ့ပါသည်။


အိန္ဒိယကုန်သွယ်ရေးတွင် Emirates Shipping Line, RCL, PIL နှင့် CU Lines တို့လည်း ပြေးဆွဲလျက်ရှိသည်။

theloadstar.com

Read times
Rate this item
(0 votes)