Containers

CMA CGM က ကွန်တိန်နာ ဆောလျင်စွာ ပြန်အပ်လျှင် ဆုကြေးပေးမက်လုံးအစီအစဉ် အမေရိကန်မှာ စတင်

CMA CGM က ကွန်တိန်နာ ဆောလျင်စွာ ပြန်အပ်လျှင် ဆုကြေးပေးမက်လုံးအစီအစဉ် အမေရိကန်မှာ စတင်

ပြင်သစ်နိုင်ငံ အခြေစိုက် ကွန်တိန်နာသင်္ဘောလိုင်းကြီး CMA CGM က ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာ သင်္ဘောလိုင်းဖြစ်ပြီး ကွန်တိန်နာ ဆောလျင်စွာ ပြန်လည်အပ်နှံပါက ဆုကြေးပေးသည့် အစီအစဉ်ကို အမေရိကန်နိုင်ငံမှာ စတင်ပါတယ်။
လော့အိန်ဂျယ်လိစ်ဆိပ်ကမ်း FMS ကွန်တိန်နာ ဆိပ်ခံနှင့် CMA CGM ကွန်တိန်နာ ပြန်လည်အပ်နှံရန်နေရာများ အားလုံးမှာ ကွန်တိန်နာ ဆောလျင်စွာ ပြန်လည်အပ်နှံရင် ဆုကြေးပေးအပ်မယ့် အစီအစဉ်ဖြစ်ပြီး အစီအစဉ်သက်တမ်းကာလမှာ ၂၀၂၂ ခုနှစ် မေလ ၁၇ ရက်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၅ ရက် အထိ ဖြစ်ပါတယ်။

မက်လုံးအစီအစဉ်က ကွန်တိန်နာလုံးရေ ၄၃,၀၀၀ ကို ရေကြောင်းကွန်တိန်နာ ပို့ဆောင်ရေးထဲသို့ ပြန်လည်ရောက်ရှိလာစေဖို့ ရည်ရွယ်ချက် ဖြစ်ပါတယ်။
ကွန်တိန်နာကို ရယူသွားချိန်မှစ၍ ၄ ရက်အတွင်း CMA CGM ကွန်တိန်နာ ပြန်လည်အပ်နှံရန်နေရာမှာ လာရောက်အပ်နှံပါက ကွန်တိန်နာ တစ်လုံးလျှင် ဆုကြေး $300 ရရှိမှာ ဖြစ်ပါတယ်။

Read times
Rate this item
(1 Vote)