Containers

ကုန်သေတ္တာသင်္ဘောလိုင်းတစ်ခု၏လုပ်ငန်းဆောင်တာများ

လိုင်နာသင်္ဘောလုပ်ငန်းကုမ္ပဏီတစ်ခု မူလလုပ်ငန်းဆောင်တာများမှာ

• ကုန်ပစ္စည်းတင်ပို့ခြင်းအတွက် ပုံမှန်ဝန်ဆောင်မှုကို ပံ့ပိုးပေးပြီး ကုန်စည်နှင့် ဆက်နွယ်သည့် သင်္ဘောတင်စာရွက်စာတမ်းများကို ဆောင်ရွက်ပေးသည်။


• ကုန်ပစ္စည်းတစ်ခုချင်းစီအပေါ်တွင် ကျသင့်ငွေကောက်ခံသည်။


• ကုန်သေတ္တာများကို သင်္ဘောပေါ်တင်ခြင်း/ သင်္ဘောပေါ်မှချခြင်းတို့ကို ဆောင်ရွက်ပေးသည်။


• အတိအကျသတ်မှတ်ထားသော အချိန်စာရင်းအတိုင်း သင်္ဘောလုပ်ငန်း ဝန်ဆောင်မှုကို ဆောင်ရွက်သည်။


• သင်္ဘောလုပ်ငန်းဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန် ရရှိနိုင်သမျှသော သင်္ဘောများပေါ်တွင် တင်ဆောင်နိုင်သည့် (ပမာဏ) စွမ်းရည်ကို အစီအစဉ် ရေးဆွဲပေးသည်။


• လိုအပ်ပါက သင်္ဘောအသစ်များ တည်ဆောက်ခြင်း၊ အခြားသင်္ဘောများကို ငှားရမ်းအသုံးပြုခြင်းဖြင့် ဝယ်လိုအားလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်သည်။

ကုန်သေတ္တာသင်္ဘောလုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်သေတ္တာသင်္ဘောများ အပြင် ခေတ်မီသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ၊ သင်္ဘော လုပ်ငန်းကိုယ်စားလှယ်များ၊ သင်္ဘောလုပ်ငန်းနယ်ပယ်တွင် ပါဝင်နေသော အခြား ပုဂ္ဂိုလ် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစသည့် ပိုမိုကျယ်ပြန့်သော ရင်းနှီးမြှုပ်နှံမှု များပါဝင်နေပါသည်။ သင်္ဘောလုပ်ငန်းကွန်ယက်တွင် သင်္ဘောပေါ်တွင် ကုန်သေတ္တာ ထားသည့်နေရာ (slot) ကိုမျှဝေ အသုံးပြုခြင်းနှင့် ဘက်စုံသယ်ယူ ပို့ဆောင်ရေး (multimodal transport) တွင်ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ အပြင် ဆိပ်ကမ်းများကို ဆက်စပ်ထားသည့် ပင်လယ်ရေလမ်းကြောင်းများ၊ သင်္ဘောလိုင်းများ မှပေးသည့် ဝန်ဆောင်မှုများကို ဖွဲ့စည်းပေါင်းစပ်ထားသည်။

ကုန်သေတ္တာသင်္ဘောလုပ်ငန်းဈေးကွက်တွင် ပါဝင်သောကုမ္ပဏီများနှင့် ကွန်ယက် တွင်ပူးပေါင်း ဆောင်ရွက်သူများသည် လုပ်ငန်းဆောင်ရွက်ရာတွင် အကျိုးစီးပွား တိုးတက်များပြားရန် (operational gains) အတွက် အရင်းအမြစ်များနှင့် ပုံသေ ပိုင်ဆိုင်မှုပစ္စည်းများကို မျှဝေအသုံးပြုကြသည်။ ကွန်ယက်ရှိ အရင်းအမြစ် များသည် ပြိုင်ဆိုင်မှုတွင် အသာစီးရရှိစေနိုင်သည့် အကျိုးကျေးဇူး (competitive advantage) ကို ပေးနိုင်သဖြင့် ပို၍တက်ကြွသော (aggressive) သင်္ဘောလိုင်းများသည် ကုန်ကျ စရိတ်တွင်အနည်းဆုံးဖြစ်စေရေးနှင့် ဝန်ဆောင်မှုတွင် အကောင်းဆုံး ဖြစ်စေရေးအတွက် ၎င်းတို့၏ကွန်ယက်ရှိ အရင်းအမြစ်များကို အပြည့်အဝအသုံးချ ကြသည်။

ထို့ကြောင့် ကုန်သေတ္တာ သင်္ဘောလုပ်ငန်း ကွန်ယက်သည် နှစ်ဦးနှစ်ဘက် အကောင်းဆုံး အကျိုးအမြတ် ရရှိစေနိုင်ရေးအတွက် နည်းဗျူဟာများ ဖော်ထုတ် ကျင့်သုံးကာ ဆက်စပ်လုပ်ငန်း ဆောင်ရွက်သူများဖြစ်သည့် ဘက်စုံသယ်ယူပို့ဆောင်ရေး လုပ်ငန်း ရှင်များ၊ ကုန်သေတ္တာ စီမံခန့်ခွဲမှုဝန်ဆောင်မှုပေးသူများ၊ ကုန်သေတ္တာဆိပ်ကမ်း လုပ်ငန်းဆောင်ရွက်သူများစသည့်တို့အကြား အရင်းအမြစ်များနှင့် ပုံသေပိုင်ဆိုင် သည့်ပစ္စည်းများကို မျှဝေအသုံးပြုသည့် ကွန်ယက်တစ်ခုဖြစ်ပါသည်။

Source : Shipping and logistics

Myanmar Logistics Guide

Read times
Rate this item
(0 votes)