Containers

ONE ကွန်တိန်နာလိုင်းက ကွန်တိန်နာသင်္ဘော အကြီးစား ၁၀ စီး အသစ်မှာကြား

ONE ကွန်တိန်နာလိုင်းက ကွန်တိန်နာသင်္ဘော အကြီးစား ၁၀ စီး အသစ်မှာကြား

စင်ကာပူအခြေစိုက် ဂျပန်သင်္ဘောလိုင်း။ Ocean Network Express (ONE) က ကွန်တိန်နာ သင်္ဘောအကြီးစား ၁၀ စီး မှာကြားပါတယ်။ ၂၀၂၅ မှာ အပြီးအစီး တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။ 

သင်္ဘော ၅ စီး တည်ဆောက်ပေးဖို့ တောင်ကိုရီးယားမှ Hyundai Heavy Industries  သင်ဗဘာကျင်းတွင်လည်းကောင်း၊ ကျန် ၅ စီးကို ဂျပန်မှ Nihon Shipyard သင်္ဘောကျင်းတွင် လည်းကောင်း မှာကြားထားပါတယ်။

အရွယ်အစားက TEU ၁၃,၇၀၀ ကျော် ဖြစ်ပါတယ်။ 

Nihon Shipyard ကို ၂၀၂၁ ဇန်နဝါရီလမှာ ထူထောင်ခဲ့ပါတယ်။ ဂျပန်သင်္ဘောကျင်းလုပ်ငန်းများ ဖြစ်ကြတဲ့  Imabari Shipbuilding နှင့် Japan Marine United Corporation (JMU) တို့ရဲ့ ဖက်စပ်လုပ်ငန်း ဖြစ်ပါတယ်။

Ocean Network Express (ONE) ကို ၂၀၁၇ မှာ ထူထောင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး ကွန်တိန်နာသင်္ဘောလိုင်းများ ဖြစ်ကြတဲ့ 

 NYK Line, “K” Line နှင့် MOL တို့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်ကြတဲ့ ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်ပါတယ်။ ၂၀၁၈ ဧပြီလမှာ စတင်ပြေးဆွဲခဲ့ပြီး ကမ္ဘာ့ဆဌမအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း အဖြစ်ဖြင့် စတင်ခဲ့ပါတယ်။

 ယခုအခါ ကမ္ဘာသတ္တမအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်ပြီး ကွန်တိန်နာသင်္ဘော ၂၀၅ စီး ရှိပါတယ်။ တင်ဆောင်နိုင်တဲ့ TEU စုစုပေါင်းက ၁.၅ သန်း ဖြစ်ပါတယ်။ 

MyanmarLogisticsGuide

Source: gCaptain

Read times
Rate this item
(0 votes)