၂၀၂၂ ကွန်တိန်နာသင်္ဘောကဏ္ဍ အမြတ် ၅၀၀ ဘီလျံအထိ ရရှိနိုင်ဟု ခန့်မှန်း
၂၀၂၂ တွင် ကွန်တိန်နာ သင်္ဘောလုပ်ငန်းကဏ္ဍသည် ၂ နှစ်တာ ထောက်ပံ့ရေးကွင်းဆက် အနာခံရခြင်းနှင့် စံချိန်တင် ပို့ဆောင်ခနှုန်းထားများကြောင့် လုပ်ငန်း လည်ပတ်မှု အသားတင် အမြတ် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလျံ ရရှိလိမ့်မည်ဖြစ်ကြောင်း သုတေသနကုမ္ပဏီ Drewry မှ ခန့်မှန်းထားသည်။
၂၀၂၁ တွင် ကွန်တိန်နာ သင်္ဘောလုပ်ငန်းကဏ္ဍသည် စံချိန်တင် အမေရိကန်ဒေါ်လာ ၁၉၀ ဘီလျံ အမြတ်ရခဲ့သည်ဟု Drewry က ခန့်မှန်းသည်။
၂၀၂၂ တွင် ကွန်တိန်နာ သင်္ဘောလိုင်းများ အမြတ်စံချိန်သစ်များ တင်ကြလိမ့်မည်။
ရင်းနှီးမြှုပ်နှံမှု လြပ်ငန်း Blue Alpha Capital ထူထောင်သူ John McCown က သင်္ဘောလိုင်ူများ၏ ပထမ ၃ လပတ် ရလဒ်များကို ကြည့်ပြီး စိတ်ထဲ သွက်သွက်ခါသွားသည်ဟု ပြောကြားသည်။
ကမ္ဘာ့သင်္ဘောလိုင်း ၁၁ ခုတို့က ၎င်းတို့၏ ရလဒ်များကို ထုတ်ပြန်ခဲ့ရာ အသားတင်အမြတ် အမေရိကန်ဒေါ်လာ ၅၉.၃ ဘီလျံ ရရှိခဲ့ကြသည်။ အသားတင်ဝင်ငွေ အမြင့်မားဆုံးစံချိန် ဆက်တိုက်တင်ခဲ့သည့် ဆဌမမြောက် ၃ လပတ် ဖြစ်သည်။
၂၀၂၂ ပထမ ၃ လပတ်တွင်ကွန်တိန်နာသင်္ဘောကဏ္ဍ ရရှိခဲ့သည် အမြတ်များသည် နည်းပညာ မဟာလုပ်ငန်းကြီးများဖြစ်သည့် FANG ထက် ၁၀၃% သာလွန်နေကြောင်း Blue Alpha Capital ၏ ဆန်းစစ်ချက်အရ သိရသည်။
FANG သည် Facebook, Amazon, Netflix, Google တို့ကို ဆိုလိုပါသည်။
McCown က ၂၀၂၂ မှာ ကွန်တိန်နာသင်္ဘောလိုင်းလုပ်ငန်းကဏ္ဍ အမြတ်ကို အမေရိကန်ဒေါ်လာ ၂၂၀.၅ ဘီလျံလို့ တွက်ချက်ခန့်မှန်းထားဆဲ ဖြစ်ပါတယ်၊
MyanmarLogisticsGuide