အာရှတိုက်အတွင်း ကွန်တိန်နာ ပို့ဆောင်ရေး လိုအပ်ချက် မြင့်မားဟုဆို
အာရှပစိဖိတ်စီးပွားရေးတိုးတက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက် ခက်ဖြားမှုသည် ဇွန်လတွင် စတင်ခဲ့သည့် ဝန်ဆောင်မှုအသစ်များနှင့်အတူ အာရှတိုက်အတွင်း ကွန်တိန်နာဖြင့် ကုန်သွယ်ခြင်းအတွက် ကွန်တိန်နာပို့ဆောင်ရေးကို ခိုင်မာသော လိုအပ်မှုများကို ဖြစ်ပေါ်နေစေသည် လို့ Maersk မှ ထုတ်ပြန်တဲ့ စာတမ်းဖြူမှာ တင်ပြထားပါတယ်။
အာရှပစိဖိတ် ကုန်သွယ်မှုများ ကြီးထွားလာခြင်း၊ ဒေသတွင်း စားသုံးသူဈေးကွက် အကြီးအကျယ် ကြီးထွားလာခြင်းတို့ကြောင့် အာရှတွင်း ပြည်ပတင်ပို့မှုက ၂၀၁၉ ခုနှစ်ကတည်းက ၅၀% ချက်ချင်း ကြီးထွားလာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ကြီးထွားမှုမှာ ပြီးခဲ့တဲ့ ၃ နှစ်တာအတွင်း e-commerce က ၄ ဆ ကြီးထွားတာလည်း ပါဝင်ပါတယ်။ ဆက်လက်ကြီးထွားနေလိမ့်မယ်လို့ မှန်းဆထားပြီး ၂၀၂၅ မှာ အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံအထိ ရောက်ရှိသွားလိမ့်မယ်လို့ Maersk က တင်ပြထားပါတယ်။
တရုတ်ပြည်မှာ ကုန်ထုတ်လုပ်ရတာ ကုန်ကျစရိတ် မြင့်မားလာခြင်း၊ လော့ဒေါင်း မကြာမကာ ချထားခြင်းကြောင်း ကုန်ထုတ်လုပ်ငန်းများ ရပ်ထားရခြင်းနှင့် တောက်ပံ့ရေး ကွင်းဆက်များ ပြတ်တောက်ခြင်း တို့ကြောင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်ကုန်ကြတာကြောင့် အရှေ့တောင်အာရှနိုင်ငံများမှ ဆိပ်ကမ်းများသို့ ကုန်စည် အဝင်အထွက် စီးဆင်းမှုများ ပိုများလာနေပါတယ်။ ကွန်တိန်နာ ပို့ဆောင်ရေးက တရုတ်ပြည် တစ်နေရာတည်း ပုံကျနေခြင်းအစား အရှေ့တောင်အာရှနိုင်ငံများသို့ ခက်ဖြာနေပါတယ်။
ကွန်တိန်နာ ပို့ဆောင်ရေး လိုအပ်ချက် ခိုင်မာနေတာ ယခုနှစ် တတိယ ၃ လပတ်အထိ ဆက်ရှိနေမယ်လို့ ခန့်မှန်းထားပါတယ်။
အာရှတွင်း ကွန်တိန်နာ ပို့ဆောင်ရေး လိုအပ်ချက် မြင့်မားလာသည့်အလျောက် ကွန်တိန်နာသင်္ဘောလိုင်းများက အာရှတွင်း ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲလာကြပါတယ်။
Alphaliner ရဲ အချက်အလက်များအရ Zim က မြောက်ပိုင်း တရုတ်- ဩစတေးလျ အမြန်ဝန်ဆောင်မှု orth China-Australia Express service ခရီးစဉ်များမှာ ဗီယက်နမ် တောင်ပိုင်းကိုပါ ထည့်သွင်းလိုက်ပါတယ်။
MSC က ဝန်ဆောင်မှုအသစ်ကို ‘Pertiwi’ အမည်ဖြင့် စတင်ခဲ့ပါတယ်။ မြောက်ပိုင်းတရုတ်ပြည်၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ မာလာကာ ရေလက်ကြား၊ အင်ဒိုနီးရှားတို့ကို ပြေးဆွဲပေးတဲ့ ဝန်ဆောင်မှု အသစ် ဖြစ်ပါတယ်။
PIL က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ထိုင်းနှင့် ဗီယက်နမ်တို့ကြား နှစ်ပတ်တစ်ကြိမ် ပြေးဆွဲတဲ့ ဝန်ဆောင်မှုအသစ်ကို စတင်ခဲ့ပါတယ်။
ယခုနှစ် လက်ကျန် လများအတွင်းမှာ အာရှတွင်း ကုန်သွယ်မှုပမာဏ အားကောင်းလာရန် မျှော်မှန်းထားသဖြင့် ဒေသတွင်း ဆိပ်ကမ်းများ ပိတ်ဆို့မှုသည် စိုးရိမ်စရာအဖြစ် ရှိနေဆဲဖြစ်ပါတယ်လို့ ကွန်တိန်နာသင်္ဘောလိုင်းတစ်ခုမှ အဆင့်မြင့်အရာရှိတစ်ဦးက ဆိုပါတယ်။
“တရုတ်ပြည်ရဲ့ လက်ရှိဖြစ်ရပ်တွေဟာ အရှေ့တောင် အာရှနဲ့ ကမ္ဘာတဝှမ်းလုံးအထိ ပြန့်ကျဲသက်ရောက်နေပြီး ဆိပ်ကမ်းပိတ်ဆို့မှုက ပိုပြင်းထန်ဖွယ်ရှိပါတယ်။
"တရုတ်နိုင်ငံမှာ သင်္ဘောတွေ သွားလာဖို့မကောင်းတဲ့ မြူဆိုင်းတဲ့ရာသီကိုလည်း ရင်ဆိုင်နေရပြီး ဒီနှစ်နှောင်းပိုင်းမှာ တိုင်ဖွန်းမုန်တိုင်း ၂၆ မှ ၃၀ အထိ တိုင်ဖွန်းမုန်တိုင်း ၂၆ လုံးကနေ ၃၀ အထိ သင်္ဘောပို့ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်"
လို့ သူက ပြောကြားပါတယ်။
သူက ဆိုးချက်တွေ ပြောပြီးတဲ့နောက်မှာ ကောင်းချက် တစ်ခုကိုလည်း ပြောပြပါတယ်။
"ပြီးခဲ့သောနှစ်က ကွန်တိန်နာအသစ်တွေ ဈေးကွက်ထဲ ရောက်လာပြီးနောက် ကွန်တိန်နာ မရတဲ့ ပြဿနာ လျော့နည်းသွားပါတယ်"
#MyanmarLogisticsGuide