Containers

ကုန်သေတ္တာ စီမံခန့်ခွဲမှုအကြောင်း

 

သင်္ဘောလိုင်းပြေးဆွဲသူ (liner Operator) ၏အဓိကလိုအပ်ချက်မှာ ကုန်တင်ပို့လိုသူ ဖောက်သည်များလိုအပ်သည့် ကုန်သေတ္တာ အမျိုးအစားကို၊ လိုအပ်သည့်အချိန်တွင်၊ လိုအပ်သလောက် အသင့်ရရှိရေးဖြစ်ပါသည်။ ကုန်သေတ္တာအခွံ လိုအပ်နေသောဆိပ်ကမ်းတွင် ကုန်သေတ္တာ လုံလောက်မှုမရှိဖြစ်နေပြီး၊ မလိုအပ်သောနေရာတွင် ကုန်သေတ္တာ အခွံများစုပုံနေခြင်းသည်အကျိုးမရှိဘဲ ဆုံးရုံးမှုကို ဖြစ်စေပါတယ်။

ဒါကြောင့် လက်ဝယ်ရှိ ကုန်သေတ္တာ ထိန်းချုပ်မှု (container inventory control) နှင့် ကုန်သေတ္တာများကို ပိုသည့်နေရာမှ လိုအပ်သည့်နေရာသို့ ဖြန့်ဝေရန်စီမံခန့်ခွဲမှု(Physical Distribution Management) လုပ်ဖို့ လိုအပ်ပါတယ်။

ကုန်သေတ္တာ ထိန်းချုပ်မှုနှင့်စပ်လျဉ်း၍ Liner Operator တစ်ဦးသည် အရိုးရှင်းဆုံး ပုံစံ အနေဖြင့် ဆိပ်ကမ်း (၂ ) ခုအကြား၊ ပုံမှန်အချိန်ဇယားဖြင့် ပြေးဆွဲပါက ဆိပ်ကမ်း တစ်ခုစီတွင်၊ ကုန်သေတ္တာ လိုအပ်ချက်ဘယ်လောက်ရှိမလဲကို ကြိုတင်ခန့်မှန်းရန်လိုပါသည်။ ခန့်မှန်းချက်တွင် ရာသီအလို်က် ကုန်သေတ္တာ လိုအပ်ချက်အတက်/အကျ (Seasonal Demand Fluctuation) (ဥပမာ တရုတ်နှစ်သစ်ကူးကာလတွင်အရောင်းအဝယ်မလုပ်ကြသဖြင့် ထိုအချိန် မတိုင်မှီ ကုန်တင်ပို့/ တင်သွင်းမှုများတတ်ပါသည်) ကိုထည့်သွင်းစဉ်းစားရန်လိုပါသည်။ ကျပန်း လိုအပ်ချက်ပြောင်းလဲမှု(Random Demand Fluctuation)အတွက်လည်း ထည့်သွင်းလျာထားရန်လိုအပ်သလို ကုန်သေတ္တာ ပြတ်လပ်သွားမှာ မရှိစေရန်(Safety Stock) အတွက်ပါ ထည့်သွင်းလျာထားရန်လိုပါသည်။

Aston Martin 2

 

ကုန်သေတ္တာ ဝန်ဆောင်မှု့ သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/logistics-services/container-services.html

ကုန်သွယ်မှု လမ်းကြောင်းသည်ညီမျှ မှုမရှိဘဲ၊ လမ်းကြောင်း တစ်ခြမ်းက အားသာပါက (ဥပမာ စင်ကာပူ -ရန်ကုန် လမ်းကြောင်းတွင် သွင်းကုန် ကုန်သေတ္တာ များပြားသော်လည်း၊ ရန်ကုန်- စင်ကာပူအပြန် လမ်းကြောင်းတွင် ပို့ကုန် နည်းပါးသဖြင့် ) ပိုနေသောကုန်သေတ္တာ အခွံလွတ်များကို စင်ကာပူသို့ ုပြန်သယ်ပို့ရန်လိုအပ်ပါသည်။

ကုန်သေတ္တာ TEU ၂.၅သန်းကျော်ဟာ တစ်ကမ္ဘာလုံးက ကုန်သေတ္တာ Terminal တွေမှာ အခွံအဖြစ်သာ သိမ်းထားကြပါတယ်။ကုန်သေတ္တာတစ်လုံးရဲ့ပျမ်းမျှသက်တမ်း (၁၂ နှစ်) ၏ တစ်ဝက်လောက်ဟာ ကုန်စည်သယ်ဆောင်ရခြင်း မရှိဘဲ Terminal တွေမှာ သယ်မယ့်ကုန် စောင့်ဆိုင်းစဉ် ထားသိုထားတာ (သို့) ကုန်သေတ္တာ အခွံလိုအပ်တဲ့ဆိပ်ကမ်းကို ပြန်သယ်ပို့တာ နဲ့ဘဲ ကုန်ဆုံးသွား ကြပါတယ်။ကုန်သေတ္တာ Terminals တွေရဲ့ ကုန်သေတ္တာအနူတ်အသိမ်း (port throughput) ၏ ၂၀.၅% ဟာ ကုန်တ္တောအခွံတွေဖြစ်ပါတယ်။

ကုန်သေတ္တာ အခွံလွတ်များကို လိုအပ်သည့်နေရာသို့ ပြန်ပို့သည့် Physical Distribution Management နည်းလမ်း (၃)သွယ်ရှိပါသည်။

(၁) Imbalance movement

ကုန်သေတ္တာ အခွံပိုနေသော ဆိပ်ကမ်းမှ လိုနေသောဆိပ်ကမ်းသို့ ပို့ဆောင်ပေးခြင်း၊တစ်ကမ္ဘာလုံးတွင်ပင်လယ်ရေကြောင်းဖြင့် ကုန်သေတ္တာ အခွံများ ရွှေ့ပြောင်း သယ်ဆောင်မှုကုန်ကျ စားရိတ်မှာ တစ်နှစ်လျှင် ဒေါ်လာ ၂၀ ဘီလီယံ ဝန်းကျင် ရှိပါသည်။

တစ်ခါတစ်ရံ သင်္ဘော တစ်စီးလုံး၏ နေရာအပြည့် ကုန်သေတ္တာ အခွံများပြန်သယ်ရတာလည်းရှိပါတယ်။ ကုန်သေတ္တာ အခွံ ပြန်လည်သယ်ဆောင်ခ တစ်စိတ်တစ်ပိုင်း ပြန်ရစေရန်အတွက် သင်္ဘောလိုင်းတွေ အနေဖြင့် ကုန်တင် ပို့သူတွေထံမှ အပိုဆောင်းကြေး (Container Shortage Surcharge) ကောက်လေ့ရှိပါတယ်။ ၂၀၁၀ က COSCO လိုင်းက ရှန်ဟိုင်းမှ Los Angeles ဆိပ်ကမ်းသို့ပြေးဆွဲသည့်ခရီးစဉ်တွင် ပေ ၄၀ ကုန်သေတ္တာ တစ်လုံး ကို (Emergency Equipment Surcharge)အဖြစ် ဒေါ်လာ (၄၀၀) ကောက်ခံပါသည်။ အဆိုပါ ခရီးစဉ်အတွက် လက်ရှိ ကုန်သေတ္တာ သင်္ဘောခမှာ ပေ၄၀ တစ်လုံး ဒေါ်လာ 2150 ဝန်းကျင်သာရှိပါတယ်။

(၂) Cabotage

ကုန်သေတ္တာအခွံ ပိုတဲ့ဆိပ်ကမ်းမှ လိုနေတဲ့ဆိပ်ကမ်းကိုပို့ရမည့် ကုန်သေတ္တာ အခွံများကို အဲဒီဆိပ်ကမ်းကိုဘဲကုန်စည်ပို့ရန် အသုံးပြုလိုတဲ့အခြားသော Liner Operator ကိုရှာဖွေပြီး၊ အခမဲ့ အသုံးပြု ခွင့်ပေးခြင်း။

(၃) Leasing Pick-up / drop-off

ကုန်သေတ္တာ အခွံလိုအပ်သည့့်ဆိပ်ကမ်းတွင် အခွံကိုဌားယူပြီး၊မလိုအပ်တော့ဘဲ ပိုနေသည့်ဆိပ်ကမ်းတွင် အငှါးကုမ္ပဏီ သို့ပြန်အပ်ခြင်း။အဲ့ဒီလို လိုအပ်သလို ငှါးနိုင်ဖို့ Liner Operator အနေဖြင့် ကုန်သေတ္တာ အခွံငှါးစားသော ကုမ္ပဏီ နှင့် ကိုယ့်အတွက်သင့်တော်သော အစီအစဉ်များပြု လုပ်ရပါတယ်။

၂၀၀၆တွင်တစ်ကမ္ဘာလုံးရှိ ကုန်သေတ္တာ စုစုပေါင်းပမာဏ ၏ ထက်ဝက်ခန့်ကို ကုန်သေတ္တာ ဌားစားသည့် ကုမ္ပဏီများကပိုင်ဆိုင်ကြသော်လည်း၊ ၂၀၁၀ တွင် ၄၀% သာပိုင်ဆိုင်ကြပါတော့တယ်။ သို့သော် ယခုအခါ ကုန်သေတ္တာ သင်္ဘောလိုင်းများအနေဖြင့် မတည်ရင်းနှီးငွေ ရှာဖွေရန်အခက်အခဲ ရှိလာသောကြောင့် ကုန်သေတ္တာ အခွံရရှိရေးအတွက် ဌားရမ်းသည့် ကုမ္ပဏီများကိုတစ်ဖန်ပြန်လည် အားကိုးလာရပြန်ပါတယ်။

ဆိပ်ကမ်းလိပ်စာများ သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/ports.html

Read times
Rate this item
(1 Vote)