Containers

ကွန်တိန်နာသင်္ဘောလိုင်းများ ၂၀၂၂ တွင် အမြတ် ဆက်လက်မြင့်မားနေဦးမည်ဟု ခန့်မှန်း

ကွန်တိန်နာသင်္ဘောလိုင်းများ ၂၀၂၂ တွင် အမြတ် ဆက်လက်မြင့်မားနေဦးမည်ဟု ခန့်မှန်း

 

ကွန်တိန်နာသင်္ဘောလိုင်း ကုမ္ပဏီများ ၂၀၂၂ ခုနှစ်မှာလည်း ယခင်နှစ်နည်းတူ အမြတ်ကြီးကြီးမားမား  ရရှိကြလိမ့်မယ်လို့ FitchRatings မှ တနင်္လာနေ့ (ဇွန်လ ၁၃ ရက်) မှ ထုတ်ပြန်တဲ့ Global Container Shipping Update မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၃ လတာအတွင်း ကွန်တိန်နာ တန်ဆာခများ ငြိမ်ကျသွားပေမဲ့ အမြင့်တန်းမှာ ငြိမ်နေတာ ဖြစ်နေတယ်။ ဆိပ်ကမ်းကျပ်စို့မှုများကြောင့် ကိုဗစ်အကြိုကာလ နှုန်းထားများဆီသို့ ပြန်မရောက်နိုင်ဘူးလို့ ဆိုပါတယ်။

ကုန်စည်ပို့ဆောင်သူများအဖို့ ပို့ဆောင်ခ မြင့်မားနေဦးမယ်။ ပစ္စည်းပေးသွင်း ကွင်းဆက်မှာလည်း စိန်ခေါ်မှုတွေ ဆက်ရှိနေဦးမယ်လို့ ဆိုပါတယ်။

ကွန်တိန်နာပို့ဆောင်ရေး လုပ်ငန်းကဏ္ဍမှာ ၂၀၂၂ ပထမ ၃ လပတ်အတွင်း အမြတ် ကန်ဒေါ်လာ ၅၉ ဘီလျံ ရရှိခဲ့ပါတယ်။ တန်ဆာခ နှုန်းထားများ မြင့်မြင့်မားမား ရရှိခဲ့လို့ စံချိန်သစ် တင်လိုက်နိုင်တာ ဖြစ်ပါတယ်။ 

တန်ဆာခနှုန်းထားများ ဆက်လက်မြင့်မားနေဆဲ ဖြစ်တာကြောင့် ၂၀၂၂ မှာလည်း စံချိန်တင်အမြတ်များကို ကွန်တိန်နာပို့ဆောင်ရေး လုပ်ငန်းကဏ္ဍမှာ ရရှိကြလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

တန်ဆာခ မြင့်မားနေပေမဲ့ ကုန်စည်ပို့ဆောင်မှုများ ဆက်လက်များပြားနေဆဲ ဖြစ်တာကြောင့် များများပို့ဆောင်နိုင်လေ အမြတ်များများ ထပ်ရလေ ဖြစ်နေတဲ့အတွက် များများပို့ဆောင်နိုင်ဖို့ ကွန်တိန်နာသင်္ဘောအသစ်များ မှာကြားကြပါတယ်။

လက်ရှိ ကမ္ဘာ့ကွန်တိန်နာသင်္ဘောများ ပို့ဆောင်ပေးနိုင်တဲ့ ပမာဏရဲ့  ၂၆% နှင့် ညီမျှတဲ့ ပမာဏအတွက် သင်္ဘောအသစ်များ မှာကြားထားပါတယ်။  ကပ်ရောဂါကာလအစမှာ ၁၀% မျှသာ ရှိခဲ့တယ်လို့ FitchRatings ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၃ မှာ ကွန်တိန်နာပို့ဆောင်ရေး လုပ်ငန်းကဏ္ဍ အကွေ့အချိုး ဖြစ်ပေါ်လိမ့်မယ်။ ကွန်တိန်နာသင်္ဘောများ ပို့ဆောင်နိုင်တဲ့ ပမာဏက ပို့ဆောင်ပေးရမယ့် ကွန်တိန်နာပမာဏထက် ကျော်လွန်ဖွယ် ရှိတယ်လို့ FitchRatings မှာ ဆိုထားပါတယ်။

 BCG 2

ကွန်တိန်နာသင်္ဘောလိုင်း ကုမ္ပဏီတွေက ရေကြောင်းပို့ဆောင်ရေးသက်သက်မျှ မဟုတ်တော့ဘဲ ကုန်းလမ်းကုန်စည်ပို့ဆောင်ရေး၊ လေကြောင်းကုန်စည်ပို့ဆောင်ရေးတို့ကို ချဲ့ထွင် လုပ်ကိုင်နေကြပြီး ကုန်စည်ပို့ဆောင်ရေးကို အစမှအဆုံးတိုင် ဝန်ဆောင်မှုများ ပေးအပ်နိုင်ဖို့ ကွနါရက်များ ဖြန့်ကျက်နေကြပါတယ်။ အိမ်တိုင်ရာရောက် လော့ဂျစ္စတစ် door-to-door logistics အထိ လုပ်ကိုင်ပြီး e-commerce နယ်ပယ် အွန်လိုင်းပစ္စည်းအမှာ ပို့ဆောင်ရေးကိုပါ လုပ်ကိုင်ကြမှာဖြစ်လို့ လုပ်ငန်းနယ်ပယ်ထဲမှာ ရပ်တည်နေတဲ့ ကုမ္ပဏီများကို ဝယ်ယူသိမ်းပိုက်ပြီး ဝန်ဆောင်မှုများ ပေးအပ်ကြလိမ့်မယ်လို့ Fitch က ရှုမြင်ပါတယ်။ ထိုသို့ နယ်ပယ်ချဲ့ထွင်ခြင်းဖြင့် 

ကွန်တိန်နာသင်္ဘောလိုင်း ကုမ္ပဏီများ ရေရှည် လုပ်ငန်းကြီးထွားမှု ရရှိနေကြမှာဖြစ်ပြီး လုပ်ငန်းကဏ္ဍ တည်ငြိမ်မှု ရရှိကြမှာ ဖြစ်ပါတယ်လို့ သုံးသပ်ထားပါတယ်။ 

 

 #MyanmarLogisticsGuide

Read times
Rate this item
(0 votes)