Containers

အာရှတွင်း ခရီးစဉ်များ PIL တိုးချဲ့ပြေးဆွဲ

အာရှတွင်း ခရီးစဉ်များ  PIL တိုးချဲ့ပြေးဆွဲ

 

ကွန်တိန်နာသင်္ဘောလိုင်း Pacific International Lines (PIL) အာရှတွင်း တိုးချဲ့ပြေးဆွဲမယ့် ခရီးစဉ်ကို အသိပေးကြေညာပါတယ်။

တရုတ်၊ ကိုရီးယား၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ အဓိကကျတဲ့ ဆိပ်ကမ်းများကို ဝန်ဆောင်မှု တိုက်ရိုက်ချိတ်ဆက်ပေးတဲ့ ခရီးစဉ် ဖြစ်ပါတယ်။

တရုတ်ထိုင်းဗီယက်နမ်  China Thailand Vietnam (CTV) ဝန်ဆောင်မှု အသစ်ကို ဇွန်လ ၂၉ ရက်မှာ တရုတ်နိုင်ငံ Tianjin Xingang မှာ စတင်ပါမယ်။ ပျမ်းမျှ 2000 TEU ရှိတဲ့ ကွန်တိန်နာသင်္ဘောအုပ်စုဖြင့် ပူးပေါင်းဆောင်ရွက်ပြီး ကွန်တိန်နာပို့ဆောင်ရေး ဝန်ဆောင်မှုများ ပေးအပ်ပါမယ်။

PIL ရဲ့ အာရှတွင်း ဝန်ဆောင်မှုများ Intra Asia Services ဖြင့် ကွန်ရက်ရဲ့ ခြံငုံထားတဲ့ ဆိပ်ကမ်းချိတ်ဆက်မှုများ တိုးချဲ့သွားမယ်လို့ PIL က ပြောကြားပါတယ်။

 

 CTV ဝန်ဆောင်မှု  အသစ်မှာ အကျုံးဝင်တဲ့ ဆိပ်ကမ်းအစီအစဉ်မှာ

 Xingang – Dalian – Incheon – Qingdao – Shanghai – Laem Chabang – Ho Chi Minh – Xingang

ဖြစ်ပါတယ်။

287529812_5249296788441871_6059507290922259664_n.jpg

 

 

Pacific International Lines (PIL) က စင်ကာပူနှင့် အင်ဒိုနီးရှား ပြေးဆွဲတဲ့ ခရီးစဉ် အသစ်  Singapore Surabaya Express (SSE) ဝန်ဆောင်မှုကို ဧပြီလ ၂၁ ရက်မှာ စတင်ခဲ့ပါတယ်။

PIL ရဲ့  1,800 TEU အရွယ်အစား ရှိတဲ့  Kota Naluri ကွန်တိန်နာသင်္ဘောဖြင့် ပြေးဆွဲပါတယ်။ အင်ဒိုနီးရှားမှာ Surabaya ဆိပ်ကမ်းတစ်ခုတည်းကိုသာ ချိတ်ဆက်ထားပါတယ်။

SSE ဝန်ဆောင်မှုရဲ့ ဆိပ်ကမ်းအစဉ်မှာ 

Singapore – Surabaya – Singapore

ဖြစ်ပါတယ်။

 YD Advertise with us 2

Pacific International Lines (PIL) က တရုတ် ဗီယက်နမ် အိန္ဒိယ China Vietnam India Service (CVI) ဝန်ဆောင်မှုကိုလည်း ပြေးဆွဲနေပါတယ်။

 အိန္ဒိယ အရှေ့ဘက်ကမ်းခြေမှ ဆိပ်ကမ်း နှစ်ခုကို ချိတ်ဆက်ပြေးဆွဲပါတယ်။

 CVI ဝန်ဆောင်မှုရဲ့ ဆိပ်ကမ်းအစဉ်မှာ

Ningbo (China) – Shanghai (China) – Ho Chi Minh (Vietnam) – Singapore – Chennai (India) – Visakhapatnam (India) – Port Kelang (Malaysia) – Ho Chi Minh (Vietnam) – Ningbo.

ဖြစ်ပါတယ်။

 

287197628_5249318338439716_152025584544304480_n.jpg

 

 

 

CVI ဝန်ဆောင်မှုကို ဧပြီလ ၂၄ ရက်မှာ တရုတ်နိုင်ငံ Ningbo မှ စတင်ပြေးဆွဲခဲ့ပါတယ်။

PIL က ကွန်တိန်နာသင်္ဘောအင်အား တိုးမြှင်ဖို့ တရုတ်နိုင်ငံ Jiangnan Shipyard (Group) သင်္ဘောကျင်းမှာ 14,000 TEU အရွယ်အစား ကွန်တိန်နာသင်္ဘော ၄ စီး မှာကြားထားပါတယ်။

 

Annotation_2022-06-18_112519.jpg

 

 ၂၀၂၄ ဒုတိယ ၃ လပတ်နှင့် ၂၀၂၅ ပထမ ၃လပတ်အတွင်း တည်ဆောက်ပြီးစီးပါမယ်။ PIL ရဲ့ ကွန်တိန်နာသင်္ဘောတွေထဲမှာ အရွယ်အစား အကြီးမားဆုံး ဖြစ်လာမယ့် ကွန်တိန်နာသင်္ဘော အသစ် ၄ စီး ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားချက်က PIL ရဲ့သင်္ဘောတွေထဲမှာ   LNG ဖြင့် မောင်းနှင်တဲ့ အဦးဆုံး သင်္ဘော ၄ စီး ဖြစ်ပါတယ်။

 #MyanmarLogisticsGuide 

Read times
Rate this item
(0 votes)