Containers

ကုန်သေတ္တာအခွံ ဌားရမ်းသည့် ပုံစံ ၃မျိုး

ကုန်သေတ္တာအခွံ ဌားရမ်းသည့် ပုံစံ ၃မျိုး ရှိပါတယ်။

၁။ Long-term lease

ဤဌားရမ်းသည့်ပုံစံတွင် သင်္ဘောလိုင်းသည် လိုအပ်သည့်သတ်မှတ် ကုန်သေတ္တာအလုံးရေကို အနည်းဆုံး ၁နှစ်မှ သည် ကုန်သေတ္တာသက်တမ်းတစ်ခုလုံးဌားယူသည့်ပုံစံဖြစ်ပါသည်။ ဌားရမ်းခသက်သာပါသည်။ သို့သော် လုပ်ငန်းမကောင်း၍ ကုန်သေတ္တာများ အသုံးမလိုဘဲ ပိုနေသော်လည်း၊ ဌားခ ကိုတော့ မူလသဘောတူ ထားသည့့်နူန်းအတိုင်း ပုံမှန်ပေးနေရပါမည်။ သို့သော်ဌားရမ်းသည့် ကာလမပြည့်မီ ပြန်အပ်လိုပါက လျော်ကြေးသဘောမျိုး ဒဏ်ကြေးပေး ၍ပြန်အပ်နိုင်ပါသည်။

 

၂။ Short-term (or trip) lease

သင်္ဘော လိုင်းအနေဖြင့် ကုန်သေတ္တာ လိုအပ်သည့်ဆိပ်ကမ်းတွင် လိုအပ်သလောက်သောကုန်သေတ္တာကိုသာ ကာလတို (သို့) လိုအပ်တဲ့ခရီးစဉ်တစ်ခေါက်အတွက်သာ ဌားရမ်းခြင်းဖြစ်ပါ သည်။ ဌားရမ်းခဟာ long-term lease ထက်၂ဆ ခန့်များတတ်ပါတယ်။ ဒါ့အပြင် သင်္ဘောလိုင်းအနေဖြင့် ကိုယ်လိုချင်တဲ့ ကုန်တ္တောအမျိုးအစား မရနိုင်တာကြုံရတတ်ပါတယ်။

 6Th floor 2

၃။ Master lease

ဤပုံစံမှာတော့ သင်္ဘောလိုင်းအနေဖြင့် ကုန်သေတ္တာ အနည်းဆုံးအလုံးရေဘယ်လောက်ဌားမယ်လို့ အာမခံရပြီး၊အလျော့ အတင်းလုပ်လို့ရအောင်သဘော တူညီချက်အချို့ကိုထည့်သွင်းထား ပါတယ်။ ဘယ်ဆိပ်ကမ်းတွေမှာနောက်ထပ် အပိုကုန်သေတ္တာ အနည်းဆုံးဘယ်လောက်ထပ်ယူမယ်၊ ဘယ်ဆိပ်ကမ်းတွေမှာတော့ မလိုအပ်တော့ ကုန်သေတ္တာတွေကို ပြန်အပ်မယ်လို့ သဘောတူညီချက်ထည့့်ထားကြ ပါတယ်။ ဌားတဲ့ကာလကတော့ ၁နှစ်မှ ၅နှစ်အထိ ဖြစ်ပါတယ်။ ကုန်သေတ္တာဌားခကတော့ ဌားယူလိုတဲ့ ဆိပ်ကမ်း နဲ့ ပြန်အပ်လိုတဲ့ဆိပ်ကမ်းပေါ်မူတည်ပြီး ပြောင်းလဲပါတယ်။

ဌားယူလိုတဲ့ ဆိပ်ကမ်းက ကုန်သေတ္တာအခွံပိုနေတဲ့၊ ပိုလေ့ရှိတဲ့ ဆိပ်ကမ်းဆိုပါက ဌားခသက်သာပြီး၊ ကုန်သေတ္တာရှားပါးတဲ့ဆိပ်ကမ်းမှာကုန်တ္တောအခွံယူမယ် ဆိုပါက ဌားခပိုယူပါတယ်။ ဒါပေမဲ့ လိုအပ်မှ ပေါက်ဈေးအတိုင်းဌားတဲ့ spot price ထက်တော့ သက်သာပါတယ်။ Long-term lease နဲ့နိူင်းယှဉ်ရင် ဈေးပိုကြီးပေမဲ့ သင်္ဘောလိုင်းအတွက်တော့ ပိုပြီး အလျော့အတင်း ပြောင်းလွယ်ပြင် လွယ် လုပ်လို့ရပါတယ်။

သင်္ဘောလိုင်းရဲ့ sale team တွေကိုလည်း ကုန်သေတ္တာအခွံတွေ လိုအပ်နေတဲ့ ဆိပ်ကမ်းကိုပို့မယ် ကုန်တွေကို ဦးစားပေးရှာပြီး booking လက်ခံဖို့ မှာကြားထားရန်လိုပါတယ်။

 

 

Source : Thant Zin

Myanmar Logistics Guide

Read times
Rate this item
(0 votes)